



Credit:padonmar

#Unicode Version# ဖြင့်ဖတ်ပါ ။

ဖြိုးငွေစိုးကတော့ ဟာသဇာတ်ရုပ်တွေမှာ ပရိသတ်ကို ရယ်မော်ပျော်ရွှင်စေတဲ့ ဟာသ မင်းသား တစ်ယောက်ဆိုတာ ပရိသတ်ကြီး သိမယ်ထင်ပါတယ်နော် ။ တခြားဇာတ်ရုပ် တွေ ထက် ပရိသတ်ကို အတင်းကြီးလုပ်ယူတာမျိုးမဟုတ်တဲ့ သဘာ၀ ကျကျ သရုပ်ဆောင်မှု တွေနဲ့ရယ်မော်ပျော်ရွှင်စေတဲ့ ဟာသဇာတ်ရုပ်တွေကြောင့် ပရိသတ်ချစ်ခင် အားပေးမှုကို ရရှိထားတဲ့ မင်းသားတစ်လက်ဆိုလည်း မမှားပါဘူးနော် ။

ဖြိုးငွေစိုးဟာ လတ်လောအနုပညာအဖြစ် ဧည့်သည် ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကို ရွှေထူး ရွှေမှုန်ရတီ နဲ့ နေခြည်ဦးတို့နဲ့အတူ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဧည်သည့်ရုပ်ရှင်ဇာတ်ကားကို စတင်ရိုက်ကူးချိန် ရိုက်ကွင်းပေါ်က ရွှေထူးနဲ့ပတ်သက်တဲ့ စိတ်ခံစားချက်တစ်ချို့နဲ့ ပတ်သက်ပြီးအခုလိုပဲပြောပြခဲ့ပါတယ်။

“ဒီကောင်တော့ စောက်ချိုးတော့ပြေပုံမရဘူး။ငါနဲ့တော့ တွေ့ပြီလို့ စိတ်ကထင်လိုက်တာအဲ့လို။ တစ်ကယ့်တကယ်ကျတော့ ဒီကောင်ကအဲ့လိုမဟုတ်ရှာဖူးဗျ။ကျနော်တို့ ငယ်ငယ်ကပုံစံမျိုးလေ နေတာကတော့ ကိုယ့်ပါကိုယ်နေတာပဲ ။ဒါပေမယ့် အများအမြင်မှာ တခါတလေ ကိုယ့်ကအချိုးမပြေသလိုမျိုးဖြစ်သွားတတ်တယ်။

ဒါပေမယ့် ကိုယ့်စိတ်အခံထဲမှာကျ အဲ့လိုမဟုတ်ပါဘူး။သူနေတာထိုင်တာ ပြောတာဆိုတာ အားလုံးကိုလည်း respect ရှိတယ်။နောက် သူကဒီရုပ်ရှင်ရိုက်တဲ့ကိစ္စအပေါ်မှာလည်း တလေးတစားရှိတယ်။အဲ့ဒါတော့ ကျနော်ချစ်တယ်။ကျန်တာတော့ မသိဖူး”လို့ ပြောပြခဲ့တာဖြစ်ပါတယ်။သရုပ်ဆောင် ဖြိုးငွေစိုးရဲ့ Interview ဗီဒီယိုအပြည့်စုံကိုပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်…

ဖိုးသူတော် (www.phothutaw.com)
Credit:padonmar
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top