နာမည္ၾကီးေက်ာင္းေတြမွာ နယ္ေက်ာ္ေက်ာင္းအပ္လို႔ သတ္မွတ္ေက်ာင္းသားထက္ မ်ားေနတာကို လံုးဝလက္ခံမွာ မဟုတ္ဘူးလို႔ အေျခခံပညာဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးကိုေလးဝင္းက ေျပာပါတယ္။

တစ္နွစ္ထက္တစ္နွစ္ေက်ာင္းသားဦးေရ မ်ားျပားလာျခင္းေၾကာင့္ ေက်ာင္းအပ္နႈန္းျမင့္မားလာမႈေတြရွိတဲ့အတြက္ ေက်ာင္းသားမ်ားကို သက္ဆိုင္ရာနယ္ေျမေတြမွာ ေက်ာင္းအပ္နွံၾကရန္ တင္းတင္းၾကပ္ၾကပ္ေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။

“ အမ်ားအားျဖင့္ ျပႆနာ ရွိေနတာက ျမိဳ႕ၾကီးေတြက နာမည္ၾကီးေက်ာင္းေတြမွာ ရွိတတ္တယ္၊ အထူးသျဖင့္ ရန္ကုန္မွာေပါ႔ေနာ္။ နာမည္ၾကီးေက်ာင္းေတြမွာ မိဘေတြက သူတို႔သားသမီးေတြကို နယ္ေက်ာ္ျပီးေက်ာင္းအပ္ဖို႔ နည္းမ်ိဳးစံုနဲ႔ ၾကိဳးစားၾကတယ္။ အဲဒီလိုမ်ိဳးေတြၾကိဳးစားၾကလို႔ထိန္းခ်ဳပ္ရတဲ့ သေဘာမ်ိဳးျဖစ္တယ္၊ ဒီလိုေတြမျဖစ္ေအာင္လည္း သက္ဆိုင္ရာ အဖြဲ႔အစည္းအေတြအလိုက္ စစ္ေဆးေဆာင္ရြက္ေနတယ္” လို႔ အေျခခံပညာဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးကိုေလးဝင္းက Duwun ကိုေမလ (၂၇)ရက္ေန႔က ေျပာပါတယ္။

သတ္မွတ္နယ္ေျမအတြင္း ေက်ာင္းအပ္ၾကဖို႔ ျပီးခဲ့တဲ႔နွစ္ေတြကတည္းက သတ္မွတ္ခဲ့ေပမဲ့ လိုက္နာမႈ အားနည္းခဲ့တယ္လို႔ သိရပါတယ္။ ေက်ာင္းတစ္ေက်ာင္းမွာ ရွိသင္႔တဲ့ သတ္မွတ္ေက်ာင္းသားဦးေရအထိသာ လက္ခံမွာျဖစ္ျပီး နာမည္ၾကီးေက်ာင္းေတြမွာ နယ္ေက်ာ္ေက်ာင္းအပ္လို႔ သတ္မွတ္ေက်ာင္းသားထက္ မ်ားေနတာကို လံုးဝလက္ခံမွာ မဟုတ္ဘူးလို႔ ဦးကိုေလးဝင္းက ေျပာပါတယ္။

ပညာေရးဝန္ၾကီးဌာနအေနနဲ႔ စာသင္နွစ္အစျဖစ္တဲ႔ ေက်ားင္အပ္ကာလေတြမွာ သက္ဆိုင္ရာသတ္မွတ္ခ်က္ေတြကို ထုတ္ျပန္ေၾကညာလ်ွက္ရွိျပီး အဆိုပါ ထုတ္ျပန္ခ်က္မွာလည္း နယ္ေျမေက်ာ္လြန္ျပီး ေက်ာင္းအပ္နွံျခင္းမျပဳၾကရန္ ပါဝင္ပါတယ္။ ၂၀၁၉-၂၀၂၀ ပညာသင္နွစ္အတြက္ ေမလ(၂၅)ရက္ေန႔ စတင္ကာ ေက်ာင္းအပ္လက္ခံေနျပီျဖစ္ပါတယ္။

အခုလိုေက်ာင္းအပ္ကာလမွာ ပညာေရးဝန္ၾကီးဌာရဲ႕ထုတ္ျပန္ခ်က္မွာ ပါရွိတဲ့ အခ်က္ေတြနဲ႔ မကိုက္ညီပါက ပညာေရးဝန္ၾကီးဌာန ဒုတိယအျမဲတမ္းအတြင္းဝန္ (သို႔မဟုတ္) dpsoffice@moe.edu.mm ကို email ေပးပို႔ တိုင္ၾကားနိုင္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #

နာမည်ကြီးကျောင်းတွေမှာ နယ်ကျော်ကျောင်းအပ်လို့ သတ်မှတ်ကျောင်းသားထက် များနေတာကို လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။

တစ်နှစ်ထက်တစ်နှစ်ကျောင်းသားဦးရေ များပြားလာခြင်းကြောင့် ကျောင်းအပ်နှုန်းမြင့်မားလာမှုတွေရှိတဲ့အတွက် ကျောင်းသားများကို သက်ဆိုင်ရာနယ်မြေတွေမှာ ကျောင်းအပ်နှံကြရန် တင်းတင်းကြပ်ကြပ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“ အများအားဖြင့် ပြဿနာ ရှိနေတာက မြို့ကြီးတွေက နာမည်ကြီးကျောင်းတွေမှာ ရှိတတ်တယ်၊ အထူးသဖြင့် ရန်ကုန်မှာပေါ့နော်။ နာမည်ကြီးကျောင်းတွေမှာ မိဘတွေက သူတို့သားသမီးတွေကို နယ်ကျော်ပြီးကျောင်းအပ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားကြတယ်။ အဲဒီလိုမျိုးတွေကြိုးစားကြလို့ထိန်းချုပ်ရတဲ့ သဘောမျိုးဖြစ်တယ်၊ ဒီလိုတွေမဖြစ်အောင်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းအတွေအလိုက် စစ်ဆေးဆောင်ရွက်နေတယ်” လို့ အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက Duwun ကိုမေလ (၂၇)ရက်နေ့က ပြောပါတယ်။

သတ်မှတ်နယ်မြေအတွင်း ကျောင်းအပ်ကြဖို့ ပြီးခဲ့တဲ့နှစ်တွေကတည်းက သတ်မှတ်ခဲ့ပေမဲ့ လိုက်နာမှု အားနည်းခဲ့တယ်လို့ သိရပါတယ်။ ကျောင်းတစ်ကျောင်းမှာ ရှိသင့်တဲ့ သတ်မှတ်ကျောင်းသားဦးရေအထိသာ လက်ခံမှာဖြစ်ပြီး နာမည်ကြီးကျောင်းတွေမှာ နယ်ကျော်ကျောင်းအပ်လို့ သတ်မှတ်ကျောင်းသားထက် များနေတာကို လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ ဦးကိုလေးဝင်းက ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ စာသင်နှစ်အစဖြစ်တဲ့ ကျေားင်အပ်ကာလတွေမှာ သက်ဆိုင်ရာသတ်မှတ်ချက်တွေကို ထုတ်ပြန်ကြေညာလျှက်ရှိပြီး အဆိုပါ ထုတ်ပြန်ချက်မှာလည်း နယ်မြေကျော်လွန်ပြီး ကျောင်းအပ်နှံခြင်းမပြုကြရန် ပါဝင်ပါတယ်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် မေလ(၂၅)ရက်နေ့ စတင်ကာ ကျောင်းအပ်လက်ခံနေပြီဖြစ်ပါတယ်။

အခုလိုကျောင်းအပ်ကာလမှာ ပညာရေးဝန်ကြီးဌာရဲ့ထုတ်ပြန်ချက်မှာ ပါရှိတဲ့ အချက်တွေနဲ့ မကိုက်ညီပါက ပညာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် (သို့မဟုတ်) dpsoffice@moe.edu.mm ကို email ပေးပို့ တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top