ျပီးခဲ့တဲ့ ရက္ပိုင္းတုန္းကေတာ့ ဝါရင့္သရုပ္ေဆာင္ၾကီး ဦးေစာႏိုင္ (ရွမ္းျပည္) တေယာက္ ကြယ္လြန္သြားခဲ့ျပီး အႏုပညာရွင္ေတြ ရုပ္ရွင္အစည္းအရံုးကလူေတြ စ်ာပနာအခမ္းအနားကို မတက္ေရာက္တာနဲ႔ ပတ္သက္ျပီး ေဝဖန္မႈေတြ ေတာ္ေတာ္မ်ားမ်ားကို ခံေနရတာ ျဖစ္ပါတယ္။ အႏုပညာအသိုင္းအဝိုင္းက လူတေယာက္ ကြယ္လြန္သြားေပမယ့္လည္း အႏုပညာေလာကနဲ႔ ကင္းကြာေနတာေၾကာင့္ ဦးေစာႏုိင္တေယာ္ကကေတာ့ ဥေပကၡာျပဳခံခ့ဲရတာ ျဖစ္ပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ျပီး လူေတာ္ေတာ္မ်ားမ်ားကလည္း ရုပ္ရွင္အစည္းအရံုးကို ရႈံခ်ခဲ့ၾကပါတယ္။ ဒီလိုအျဖစ္အပ်က္ေတြနဲ႔ ပတ္သက္ျပီး ရုပ္ရွင္ကားေတ္ာေတာ္မ်ားမ်ားမွာ ပါဝင္သရုပ္ေဆာင္ရတဲ့ ဇာတ္ပို႔ ဦးေဇာ္ဦးကေတာ့ သူ႔အျမင္ကိုေျပာၾကားသြား ခဲ့ပါတယ္။

သရုပ္ေဆာင္ ေဇာ္ဦးကေတာ့ Mc နဲ႔ အင္တာဗ်ဴးတြင္ အႏုပညာရွင္ေတြ မသြားႏိုင္ဘူးလို႔ ေဝဖန္ႏိုင္ၾကတဲ့ အေပၚမွာေတာ့ “ဒါကေတာ့ တဖက္ထဲ ျမင္လို႔ေတာ့မရပါဘူး။ အားလံုးကေတာ့ အလုပ္ကိုယ္ဆီန႔ဲ အလုပ္ဆိုတာကလည္း ကိုယ္ဆီတေယာက္ထဲ လုပ္ရတဲ့ အလုပ္ေတြ မဟုတ္ဘူး။ အဖြဲ႔နဲ႔ လုပ္ရတာေတြ ၾကီးပဲ။ အဖြဲ႔နဲ႔ဆိုေတာ့ အဖြဲ႔ကို ပစ္ျပီးေတာ့လည္း လာလို႔ မရပါဘုူး။ သိေတာ့သိတယ္။ ဒါေပမယ့္လည္းသြားလို႔ မရတဲ့အခ်ိန္ေတြ ရွိတယ္။ အခ်ိန္ဟာေရႊထက္ ရွားပါတယ္။ တိုက္ေနတဲ့အခါက်ေတာ့ စိတ္ေရာက္ေပမယ့္ လူမေရာက္တာေလးေတြ ရွိပါတယ္။ အဲ့ေတာ့ ကိုယ္ခ်င္းစာေပးလို႔ ရပါတယ္”

ဦးေစာႏိုင္ (ရွမ္းျပည္) ခ်ိဳ႔ခ်ိဳ႔တဲ့တဲ့နဲ႔ ကြယ္လြန္သြားခဲ့ရတဲ့ အေပၚမွာ “ရင္ထဲမွာ မေကာင္းဘူးဗ်ာ။ တခါတခါက်ရင္ေလ စိတ္ထဲမွာ ေျပာခ်င္တာေတြ ရွိေပမယ့္ ေျပာမထြက္ေတာ့ဘူး။ ဘယ္အရာမဆို အိုမင္းသြားရင္ ေဟာင္းႏြမ္းသြားရင္ မသံုးၾကေတာ့တာ အမွန္ပဲ။ ပစၥည္းကအစေပါ့။ ဒါမ်ိဳးေတြကို ကိုယ္ကေနျပီးေတာ့ခံစားေနလို႔ မရဘူး။ အလိုလို အုိပယ္အေနနဲ႔ ေရာက္သြားတာ ရွိပါတယ္။ ကိုယ္က အားစိုက္ေနမွ တေနရာကို ေျခခ်ခြင့္ရွိမယ္။ ေနရာေတြကလည္း အျပိဳင္အဆိုင္လုေနၾကတဲ့ အေနအထားမ်ိဳး ျဖစ္ေနပါတယ္”

ေအာင္ျမင္မႈေတြ ရွိခဲ့ေပမယ့္လည္း ဘဝရဲ့ ေနဝင္ခ်ိန္ေတြက ခက္ခဲၾကတယ္ဆိုတဲ့ အေပၚမွာေတာ့ “ပိုပိုလ်ံလ်ံရႏိုင္တဲ့ ဝင္ေငြ၊ ရရကုန္ကုန္ ရေနတဲ့ ဝင္ေငြ၊ မစို႔မပို႔ရေနတဲ့ ဝင္ေငြဆိုတာ ရွိပါတယ္။ အမ်ားၾကီးရတဲ့သူအဖို႔ကေတာ့ လိမၼာတယ္ဆိုရင္ စုေဆာင္းမိပါတယ္။ ဘဝေနဝင္ခ်ိန္ သက္ၾကီးပိုင္းကာလမွာ စုေဆာင္းမိထားတာရွိတယ္။ က်ေနာ္တိ႔ုလို ဇာတ္ပို႔ေတြကေတာ့ ရရကုန္ကုန္အဆင့္ေပါ့။ မလုပ္ရရင္ မရိုက္ရရင္ မဝင္ဘူး။ အဲ့ေတာ့ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ကိုယ့္လုပ္ငန္းေတြကို တဖက္က ထူေထာင္ထားရင္ေတာ့ မမွားဘူးလို႔ ထင္ပါတယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Nanmalgyi
#Unicode Version#
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကတော့ ဝါရင့်သရုပ်ဆောင်ကြီး ဦးစောနိုင် (ရှမ်းပြည်) တယောက် ကွယ်လွန်သွားခဲ့ပြီး အနုပညာရှင်တွေ ရုပ်ရှင်အစည်းအရုံးကလူတွေ ဈာပနာအခမ်းအနားကို မတက်ရောက်တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ တော်တော်များများကို ခံနေရတာ ဖြစ်ပါတယ်။ အနုပညာအသိုင်းအဝိုင်းက လူတယောက် ကွယ်လွန်သွားပေမယ့်လည်း အနုပညာလောကနဲ့ ကင်းကွာနေတာကြောင့် ဦးစောနိုင်တယော်ကကတော့ ဥပေက္ခာပြုခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လူတော်တော်များများကလည်း ရုပ်ရှင်အစည်းအရုံးကို ရှုံချခဲ့ကြပါတယ်။ ဒီလိုအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ရုပ်ရှင်ကားတေ်ာတော်များများမှာ ပါဝင်သရုပ်ဆောင်ရတဲ့ ဇာတ်ပို့ ဦးဇော်ဦးကတော့ သူ့အမြင်ကိုပြောကြားသွား ခဲ့ပါတယ်။

သရုပ်ဆောင် ဇော်ဦးကတော့ Mc နဲ့ အင်တာဗျူးတွင် အနုပညာရှင်တွေ မသွားနိုင်ဘူးလို့ ဝေဖန်နိုင်ကြတဲ့ အပေါ်မှာတော့ “ဒါကတော့ တဖက်ထဲ မြင်လို့တော့မရပါဘူး။ အားလုံးကတော့ အလုပ်ကိုယ်ဆီနဲ့ အလုပ်ဆိုတာကလည်း ကိုယ်ဆီတယောက်ထဲ လုပ်ရတဲ့ အလုပ်တွေ မဟုတ်ဘူး။ အဖွဲ့နဲ့ လုပ်ရတာတွေ ကြီးပဲ။ အဖွဲ့နဲ့ဆိုတော့ အဖွဲ့ကို ပစ်ပြီးတော့လည်း လာလို့ မရပါဘုူး။ သိတော့သိတယ်။ ဒါပေမယ့်လည်းသွားလို့ မရတဲ့အချိန်တွေ ရှိတယ်။ အချိန်ဟာရွှေထက် ရှားပါတယ်။ တိုက်နေတဲ့အခါကျတော့ စိတ်ရောက်ပေမယ့် လူမရောက်တာလေးတွေ ရှိပါတယ်။ အဲ့တော့ ကိုယ်ချင်းစာပေးလို့ ရပါတယ်”

ဦးစောနိုင် (ရှမ်းပြည်) ချို့ချို့တဲ့တဲ့နဲ့ ကွယ်လွန်သွားခဲ့ရတဲ့ အပေါ်မှာ “ရင်ထဲမှာ မကောင်းဘူးဗျာ။ တခါတခါကျရင်လေ စိတ်ထဲမှာ ပြောချင်တာတွေ ရှိပေမယ့် ပြောမထွက်တော့ဘူး။ ဘယ်အရာမဆို အိုမင်းသွားရင် ဟောင်းနွမ်းသွားရင် မသုံးကြတော့တာ အမှန်ပဲ။ ပစ္စည်းကအစပေါ့။ ဒါမျိုးတွေကို ကိုယ်ကနေပြီးတော့ခံစားနေလို့ မရဘူး။ အလိုလို အိုပယ်အနေနဲ့ ရောက်သွားတာ ရှိပါတယ်။ ကိုယ်က အားစိုက်နေမှ တနေရာကို ခြေချခွင့်ရှိမယ်။ နေရာတွေကလည်း အပြိုင်အဆိုင်လုနေကြတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်”

အောင်မြင်မှုတွေ ရှိခဲ့ပေမယ့်လည်း ဘဝရဲ့ နေဝင်ချိန်တွေက ခက်ခဲကြတယ်ဆိုတဲ့ အပေါ်မှာတော့ “ပိုပိုလျံလျံရနိုင်တဲ့ ဝင်ငွေ၊ ရရကုန်ကုန် ရနေတဲ့ ဝင်ငွေ၊ မစို့မပို့ရနေတဲ့ ဝင်ငွေဆိုတာ ရှိပါတယ်။ အများကြီးရတဲ့သူအဖို့ကတော့ လိမ္မာတယ်ဆိုရင် စုဆောင်းမိပါတယ်။ ဘဝနေဝင်ချိန် သက်ကြီးပိုင်းကာလမှာ စုဆောင်းမိထားတာရှိတယ်။ ကျနော်တိ့ုလို ဇာတ်ပို့တွေကတော့ ရရကုန်ကုန်အဆင့်ပေါ့။ မလုပ်ရရင် မရိုက်ရရင် မဝင်ဘူး။ အဲ့တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်လုပ်ငန်းတွေကို တဖက်က ထူထောင်ထားရင်တော့ မမှားဘူးလို့ ထင်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top