အခုတေလာ အြန္လိုင္းေပၚမွာ ေခတ္စားၿပီး လူစိတ္ဝင္စားတဲ့ သတင္းတစ္ခု႐ိွပါတယ္။ အဲ့ဒါကေတာ့ ျမန္မာႏိုင္ငံရဲ႕ သမၼတေဟာင္းတစ္ေယာက္ ျဖစ္တဲ့ ဦးသိန္းစိန္တစ္ေယာက္ ႐ုတ္တရက္ စကၤာပူမွာ ကြယ္လြန္သြားတယ္ဆိုတဲ့ သတင္းပဲျဖစ္ပါတယ္။ ဦးသိန္းစိန္ကြယ္လြန္တဲ့သတင္း အြန္လိုင္းေပၚမွာ ပ်ံ႕ႏွံ႔လာစဥ္ကလည္း ထံုးစံအတုိင္း သေဘာထားအမ်ိဳးမ်ိဳးကြဲလြဲခဲ့ၾကပါတယ္။ အခုက်ေနာ္တို႔ေျပာခ်င္လြန္းလို႔ကပရိသတ္ေတြကို ေဖာ္ျပေပးခ်င္တဲ့အေၾကာင္းအရာကေတာ့ အၿငိမ္းစားသမၼတေဟာင္းဦးသိန္းစိန္ကြယ္လြန္တဲ့သတင္းမွန္မမွန္ပဲျဖစ္ပါတယ္။

လူဆိုတာ ေမြးတစ္ေန႔ ေသတစ္ေန႔ဆိုေပမယ့္လို႔ က်ေနာ္တို႔လူေတြဟာ တခ်ိဳ႕ေနရာေတြမွာ တစ္ဖက္စြန္းကို ေရာက္လြန္းၾကပါတယ္။ လူတစ္ေယာက္ရဲ႕ နာေရးသတင္းကို အတုလုပ္ၿပီး လူအမ်ားအျမင္မွားေအာင္ ျပဳလုပ္တာမ်ိဳးကေတာ့ မေကာင္းဘူးထင္ပါတယ္။ အခု ဦးသိန္းစိန္ရဲ႕နာေရးသတင္းဟာ အမွန္မဟုတ္ေၾကာင္းကို ဦးသိန္းစိန္နဲ႔နီးစပ္ရာ သတင္းရပ္ကြက္တခ်ိဳ႕ကေနၿပီး အတည္ျပဳေပးခဲ့ပါတယ္။ ကြယ္လြန္တဲ့သတင္းအမွန္မဟုတ္ေၾကာင္း သတင္းကို “ႏိုင္ငံေတာ္ သမၼတႀကီး(ၿငိမ္း) ဦးသိန္းစိန္ က်န္းမာလ်က္ရွိ

ႏိုင္ငံေတာ္သမၼတႀကီး(ၿငိမ္း) ဦးသိန္းစိန္ ကြယ္လြန္သည္ဟု လိမ္လည္လွည့္ဖ်ားၿပီး ေကာလဟာလ သတင္းလႊင့္သူမ်ားေၾကာင့္ သမၼတႀကီးအား ခ်စ္ခင္ေလးစားသူမ်ား စိုးရိမ္ပူပန္လ်က္ရွိၾကေၾကာင္း သိရွိရပါသျဖင့္ ဘဘႀကီး၏ တပည့္ျဖစ္သူ ဦးေအာင္ပိုင္မင္း (ကြီးပိုင္) အား ဆက္သြယ္ေမးျမန္းခဲ့ပါသည္။၁။ ႏိုင္ငံေတာ္သမၼတႀကီး(ၿငိမ္း)သည္ ျပင္ဦးလြင္ၿမိဳ႕တြင္ ေခတၱ သြားေရာက္ေနထိုင္လ်က္ရွိပါေၾကာင္း၊၂။ ရက္ပိုင္းအတြင္း ပါေမာကၡခ်ဳပ္ ဆရာေတာ္ႀကီးထံ ဒုလႅဘ ရဟန္းျပဳရန္ ရွိပါေၾကာင္း၊၃။ ဘဘႀကီး၏ က်န္းမာေရးအေျခအေနမွာ အသက္အရြယ္အရ ခါးနာတတ္ျခင္း၊ ဒူးနာတတ္ျခင္းမွအပ မည္သည့္ေရာဂါမွ် ခံစားေနရျခင္းမရွိဘဲ က်န္းမာရႊင္လန္းလ်က္ရွိပါေၾကာင္းကိုယေန႔ (၁၉.၅.၂၀၁၉) ညေနခင္း ျခံထဲလမ္းဆင္းေလွ်ာက္ေနသည့္ပံုမ်ားျဖင့္ ေပးပို႔ အတည္ျပဳလာပါသည္။အေျခအျမစ္မရွိ ယုတ္ညံ့ေသာစိတ္ျဖင့္ သတင္းအမွား ေကာလဟာလမ်ား ျဖန္႔ခ်ိမႈေၾကာင့္ စိတ္အေႏွာင့္အယွက္ မျဖစ္ၾကေစရန္ တင္ျပအပ္ပါသည္။”ဆိုၿပီး We Loe U Thein Sein ဆိုၿပီး Hastag ခံကာပိုစ့္ေတြတင္ထားတာေတြ႔ရပါတယ္။

ဦးသိန္းစိန္ကြယ္လြန္တဲ့သတင္းဟာ မဟုတ္မမွန္လုပ္ႀကံထားတဲ့ သတင္းအတုသာျဖစ္ေၾကာင္းကို ေျပာခ်င္လြန္းလို႔မိတ္ေဆြေတြသိေအာင္ အသိေပးလိုက္ရပါတယ္။. အြန္လိုင္းေပၚက ေန႔စဥ္နဲ႔အမွ် ေပၚေပါက္ေနတဲ့ သတင္းအတုေတြအေပၚမွာ မိတ္ေဆြတို႔ရဲ႕အျမင္ေလးေတြကိုလည္း ျပန္လည္ေဝမွ်ေပးသြားၾကပါဦးခင္ဗ်ာ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေျပာခ်င္လြန္းလို့

#Unicode Version#
အခုတလော အွန်လိုင်းပေါ်မှာ ခေတ်စားပြီး လူစိတ်ဝင်စားတဲ့ သတင်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ မြန်မာနိုင်ငံရဲ့ သမ္မတဟောင်းတစ်ယောက် ဖြစ်တဲ့ ဦးသိန်းစိန်တစ်ယောက် ရုတ်တရက် စင်္ကာပူမှာ ကွယ်လွန်သွားတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ ဦးသိန်းစိန်ကွယ်လွန်တဲ့သတင်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာစဉ်ကလည်း ထုံးစံအတိုင်း သဘောထားအမျိုးမျိုးကွဲလွဲခဲ့ကြပါတယ်။ အခုကျနော်တို့ပြောချင်လွန်းလို့ကပရိသတ်တွေကို ဖော်ပြပေးချင်တဲ့အကြောင်းအရာကတော့ အငြိမ်းစားသမ္မတဟောင်းဦးသိန်းစိန်ကွယ်လွန်တဲ့သတင်းမှန်မမှန်ပဲဖြစ်ပါတယ်။

လူဆိုတာ မွေးတစ်နေ့ သေတစ်နေ့ဆိုပေမယ့်လို့ ကျနော်တို့လူတွေဟာ တချို့နေရာတွေမှာ တစ်ဖက်စွန်းကို ရောက်လွန်းကြပါတယ်။ လူတစ်ယောက်ရဲ့ နာရေးသတင်းကို အတုလုပ်ပြီး လူအများအမြင်မှားအောင် ပြုလုပ်တာမျိုးကတော့ မကောင်းဘူးထင်ပါတယ်။ အခု ဦးသိန်းစိန်ရဲ့နာရေးသတင်းဟာ အမှန်မဟုတ်ကြောင်းကို ဦးသိန်းစိန်နဲ့နီးစပ်ရာ သတင်းရပ်ကွက်တချို့ကနေပြီး အတည်ပြုပေးခဲ့ပါတယ်။ ကွယ်လွန်တဲ့သတင်းအမှန်မဟုတ်ကြောင်း သတင်းကို “နိုင်ငံတော် သမ္မတကြီး(ငြိမ်း) ဦးသိန်းစိန် ကျန်းမာလျက်ရှိ

နိုင်ငံတော်သမ္မတကြီး(ငြိမ်း) ဦးသိန်းစိန် ကွယ်လွန်သည်ဟု လိမ်လည်လှည့်ဖျားပြီး ကောလဟာလ သတင်းလွှင့်သူများကြောင့် သမ္မတကြီးအား ချစ်ခင်လေးစားသူများ စိုးရိမ်ပူပန်လျက်ရှိကြကြောင်း သိရှိရပါသဖြင့် ဘဘကြီး၏ တပည့်ဖြစ်သူ ဦးအောင်ပိုင်မင်း (ကွီးပိုင်) အား ဆက်သွယ်မေးမြန်းခဲ့ပါသည်။၁။ နိုင်ငံတော်သမ္မတကြီး(ငြိမ်း)သည် ပြင်ဦးလွင်မြို့တွင် ခေတ္တ သွားရောက်နေထိုင်လျက်ရှိပါကြောင်း၊၂။ ရက်ပိုင်းအတွင်း ပါမောက္ခချုပ် ဆရာတော်ကြီးထံ ဒုလ္လဘ ရဟန်းပြုရန် ရှိပါကြောင်း၊၃။ ဘဘကြီး၏ ကျန်းမာရေးအခြေအနေမှာ အသက်အရွယ်အရ ခါးနာတတ်ခြင်း၊ ဒူးနာတတ်ခြင်းမှအပ မည်သည့်ရောဂါမျှ ခံစားနေရခြင်းမရှိဘဲ ကျန်းမာရွှင်လန်းလျက်ရှိပါကြောင်းကိုယနေ့ (၁၉.၅.၂၀၁၉) ညနေခင်း ခြံထဲလမ်းဆင်းလျှောက်နေသည့်ပုံများဖြင့် ပေးပို့ အတည်ပြုလာပါသည်။အခြေအမြစ်မရှိ ယုတ်ညံ့သောစိတ်ဖြင့် သတင်းအမှား ကောလဟာလများ ဖြန့်ချိမှုကြောင့် စိတ်အနှောင့်အယှက် မဖြစ်ကြစေရန် တင်ပြအပ်ပါသည်။”ဆိုပြီး We Loe U Thein Sein ဆိုပြီး Hastag ခံကာပိုစ့်တွေတင်ထားတာတွေ့ရပါတယ်။

ဦးသိန်းစိန်ကွယ်လွန်တဲ့သတင်းဟာ မဟုတ်မမှန်လုပ်ကြံထားတဲ့ သတင်းအတုသာဖြစ်ကြောင်းကို ပြောချင်လွန်းလို့မိတ်ဆွေတွေသိအောင် အသိပေးလိုက်ရပါတယ်။. အွန်လိုင်းပေါ်က နေ့စဉ်နဲ့အမျှ ပေါ်ပေါက်နေတဲ့ သတင်းအတုတွေအပေါ်မှာ မိတ်ဆွေတို့ရဲ့အမြင်လေးတွေကိုလည်း ပြန်လည်ဝေမျှပေးသွားကြပါဦးခင်ဗျာ။


ဖိုးသူတော်(www.phothutaw.com)
Credit:ပြောချင်လွန်းလို့
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top