သာေကတၿမိဳ႕ နယ္ ၃/ ရန္ေျပရပ္ကြက္ အုပ္ခ်ဳပ္ ေရးမွဴးမွာ အားကစားကြင္းအတြင္း အုတ္တံတုိင္းၿဖိဳဖ်က္သည့္ကိစၥတြင္ တာဝန္ႏွင့္လုပ္ပိုင္ခြင့္ကို ေက်ာ္လြန္ လုပ္ေဆာင္ခဲ့ဟုဆုိကာ တာဝန္မွ ယာယီရပ္စဲလုိက္ေၾကာင္း သိရသည္။ ရပ္၊ ေက်းအုပ္ခ်ဳပ္ေရးမွဴး ဥပေဒပုဒ္မ ၁၅ (ခ)၊ အပိုဒ္(၅) အရ တာဝန္ႏွင့္လုပ္ပိုင္ခြင့္ကို ေက်ာ္လြန္လုပ္ေဆာင္ခဲ့ဟုဆုိကာ ၃/ ရန္ေျပရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးဝင္းႀကိဳင္ကို တာဝန္မွယာယီရပ္စဲ လိုက္ျခင္းျဖစ္သည္ဟု ေမ ၃ ရက္ တြင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး႐ုံးက အေၾကာင္းျပန္ေၾကာင္း ၃/ရန္ေျပ ရပ္ကြက္ ရာအိမ္မွဴး ေဒၚေအးေအး ေမာ္က ေျပာသည္။

” ဧၿပီ ၃ ရက္က တရားပြဲ လုပ္တယ္။ အုတ္တံတုိင္းက အက္ ေနတယ္။ သီတဂူတရားပြဲက လူ အရမ္းမ်ားတယ္ေလ။ အုတ္တံ တုိင္းၿပိဳက်ရင္ လူထိခုိက္မယ္ဆုိၿပီး ေတာ့ အိမ္ရွင္ကိုလည္း အေၾကာင္း ၾကားတယ္။ ဖ်က္လိုက္တယ္ေပါ့။ တစ္ေသြးတည္း တစ္သားတည္း ဆုိေတာ့ အကုန္လုံးက သေဘာတူ တယ္။ သူ႕တစ္ေယာက္တည္း ဖ်က္ တာမဟုတ္ဘူး”ဟု ¤င္းက ဒီမုိက ေရစီတူေဒးသို႔ ေမ ၂ ရက္တြင္ ေျပာသည္။ ၃/ ရန္ေျပရပ္ကြက္ အုပ္ခ်ဳပ္ ေရးမွဴး ဦးဝင္းႀကိဳင္ကုိ ေမ ၁ ရက္ (အလုပ္သမားေန႕)၊ ညေနပိုင္းတြင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး႐ုံးမွ တာဝန္ မွ ယာယီရပ္စဲေၾကာင္းကို အေၾကာင္း ၾကားစာေပးပုိ႕ခဲ့ျခင္းျဖစ္သည္။ ယင္းသုိ႔ ရပ္စဲလုိက္ျခင္းအေပၚ ေမ ၁ ရက္၊ ည ၇ နာရီမွ စတင္ ကာ ည ၁၂ နာရီခန္႔အထိ ယင္း ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး႐ုံးေရွ႕၌ ရပ္ကြက္ေနျပည္သူမ်ား စုေဝး ေရာက္ရွိကာ ကန္႔ကြက္ခဲ့ၾက ေၾကာင္း ၎ကေျပာသည္။

” ျပည္သူလူထုက ဦးဝင္း ႀကိဳင္ကို election နဲ႕ ေရြးထားတဲ့ အုပ္ခ်ဳပ္ေရးမွဴး ျဖစ္တဲ့အတြက္ ဒီလုိမ်ိဳးကို လက္မခံဘူးေပါ့။ လက္မခံတဲ့အတြက္ စုေဝးေရာက္ရွိ လာတယ္ေပါ့။ ဘာလုိ႕ေရာက္လာလဲ ေမးေတာ့ ဦးဝင္းႀကိဳင္ကို တာဝန္က ရပ္စဲလုိက္တာကို သူတို႕လက္မခံ ႏိုင္ဘူး။ ေျပာၾကတယ္ေပါ့။ ဦးဝင္း ႀကိဳင္ကို ေထာက္ခံၾကတယ္ေပါ့ ” ဟု ၎ကေျပာသည္။ ရပ္ကြက္ေနျပည္သူ ၈ဝဝ ေက်ာ္က ဦးဝင္းႀကိဳင္ကုိ ေထာက္ ခံၿပီး တာဝန္မွရပ္စဲျခင္းကို လက္မခံ ဟု လက္မွတ္ေရးထုိးခဲ့ေၾကာင္း သိရသည္။

” ၿငိမ္းစုစီတင္ထားတယ္။ ျပန္ခန္႕အပ္ေပးဖုိ႕ ဆႏၵထုတ္ေဖာ္ သြားဖုိ႔ရွိတယ္။ သူက လူထုအတြက္ အရမ္းကိုေကာင္းတဲ့ အုပ္ခ်ဳပ္ေရး မွဴးျဖစ္တဲ့အတြက္ အတတ္ႏိုင္ဆုံး ကာကြယ္ရမွာေပါ့”ဟု ၎က ေျပာ သည္။ ဆႏၵထုတ္ေဖာ္မႈကို ေမ ၄ ရက္ ညေန ၃ နာရီတြင္ျပဳလုပ္သြား မည္ျဖစ္ေၾကာင္း ၎ကဆက္လက္ ေျပာသည္။ လက္ရွိတြင္ ၿပီးခဲ့သည့္ ရပ္ ကြက္အုပ္ခ်ဳပ္ေရးမွဴး ေရြးေကာက္ ပြဲ၌ ဒုတိယရထားသည့္ ဦးသိန္းဇံကို ယာယီ အုပ္ခ်ဳပ္ေရးမွဴးအျဖစ္ ခန္႕ အပ္ထားေၾကာင္း သိရသည္။

ရပ္ကြက္အုပ္ခ်ဳပ္ ေရးမွဴး တာဝန္မွ ယာယီရပ္စဲခံရသည့္ ဦးဝင္းႀကိဳင္က ” အားကစားကြင္း က်ဴးေက်ာ္ထားတဲ့ အုတ္တံတုိင္းကို ဖ်က္တဲ့ကိစၥေပါ့။ မတ္ ၂၅ ရက္က ရပ္ကြက္က ကြၽန္ေတာ့္ကိုေတာင္း ဆုိတယ္။ တရားပြဲရွိတယ္ဆုိေတာ့ အႏၲရာယ္မ်ားတယ္ဆုိၿပီး ေတာင္း ဆုိတယ္။ ကြၽန္ေတာ္က ျပည္သူ႕ ေရြးထားတဲ့လူေတြ။ ျပည္သူ႕က ေတာင္းဆုိရင္ေတာ့ ၾကည့္ရမွာေပါ့။ ကြၽန္ေတာ္က ေျပာလုိက္တာကို ဒီ ဟာက ဖ်က္လုိက္တာေပါ့။ ဒီဟာ တစ္ခုပဲရွိတယ္။ အဲ့ကိစၥနဲ႕ပဲ တုိင္ တာေတြ ျဖစ္တာေပါ့ ” ဟု ဒီမုိက ေရစီတူေဒး၏ ေမးျမန္းမႈကို ေမ ၂ ရက္တြင္ ေျဖၾကားသည္။ ၿပီးခဲ့သည့္ ဧၿပီ ၃ ရက္၊ ည ပိုင္းက ၃/ရန္ေျပ ရပ္ကြက္အတြင္း အလက(၃၉)ေက်ာင္းႏွင့္ အ လက (၆) ေက်ာင္းၾကားရွိ အားက စားကြင္းအတြင္း အုတ္တံတိုင္းကို ၿဖိဳဖ်က္ျခင္းႏွင့္ ပတ္သက္ၿပီး သက္ ဆုိင္ရာ ယင္းေက်ာင္းႏွစ္ေက်ာင္းမွ တုိင္ၾကားထားမႈမ်ားရွိေၾကာင္း ၎ကေျပာသည္။

အုတ္တံတုိင္းၿဖိဳဖ်က္ရသည့္ အေၾကာင္းရင္းႏွင့္ ပတ္သက္ၿပီး အခ်က္ကိုးခ်က္ပါသည့္ အစီရင္ခံစာကို ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္ ဦး ၿဖိဳးမင္းသိန္းႏွင့္ သက္ဆုိင္ရာမ်ား ထံသို႕ ၿပီးခဲ့သည့္ ဧၿပီ ၃ဝ ရက္က ေပးပုိ႕ထားေၾကာင္း ဦးဝင္းႀကိဳင္က ေျပာသည္။ ယင္းႏွင့္ပတ္သက္ၿပီး သာေက တၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးစိုး လင္းထုိက္ထံသို႕ ဆက္သြယ္ေမး ျမန္းေသာ္လည္း ဖုန္းကိုင္ခဲ့ျခင္းမရွိ ေပ။

ဖိုးသူေတာ္(www.phothutaw.com)
Credit: Yangon Media Group

#Unicode Version#
သာကေတမြို့ နယ် ၃/ ရန်ပြေရပ်ကွက် အုပ်ချုပ် ရေးမှူးမှာ အားကစားကွင်းအတွင်း အုတ်တံတိုင်းဖြိုဖျက်သည့်ကိစ္စတွင် တာဝန်နှင့်လုပ်ပိုင်ခွင့်ကို ကျော်လွန် လုပ်ဆောင်ခဲ့ဟုဆိုကာ တာဝန်မှ ယာယီရပ်စဲလိုက်ကြောင်း သိရသည်။ ရပ်၊ ကျေးအုပ်ချုပ်ရေးမှူး ဥပဒေပုဒ်မ ၁၅ (ခ)၊ အပိုဒ်(၅) အရ တာဝန်နှင့်လုပ်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်ခဲ့ဟုဆိုကာ ၃/ ရန်ပြေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းကြိုင်ကို တာဝန်မှယာယီရပ်စဲ လိုက်ခြင်းဖြစ်သည်ဟု မေ ၃ ရက် တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက အကြောင်းပြန်ကြောင်း ၃/ရန်ပြေ ရပ်ကွက် ရာအိမ်မှူး ဒေါ်အေးအေး မော်က ပြောသည်။

” ဧပြီ ၃ ရက်က တရားပွဲ လုပ်တယ်။ အုတ်တံတိုင်းက အက် နေတယ်။ သီတဂူတရားပွဲက လူ အရမ်းများတယ်လေ။ အုတ်တံ တိုင်းပြိုကျရင် လူထိခိုက်မယ်ဆိုပြီး တော့ အိမ်ရှင်ကိုလည်း အကြောင်း ကြားတယ်။ ဖျက်လိုက်တယ်ပေါ့။ တစ်သွေးတည်း တစ်သားတည်း ဆိုတော့ အကုန်လုံးက သဘောတူ တယ်။ သူ့တစ်ယောက်တည်း ဖျက် တာမဟုတ်ဘူး”ဟု ¤င်းက ဒီမိုက ရေစီတူဒေးသို့ မေ ၂ ရက်တွင် ပြောသည်။ ၃/ ရန်ပြေရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးဝင်းကြိုင်ကို မေ ၁ ရက် (အလုပ်သမားနေ့)၊ ညနေပိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန် မှ ယာယီရပ်စဲကြောင်းကို အကြောင်း ကြားစာပေးပို့ခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ရပ်စဲလိုက်ခြင်းအပေါ် မေ ၁ ရက်၊ ည ၇ နာရီမှ စတင် ကာ ည ၁၂ နာရီခန့်အထိ ယင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ရပ်ကွက်နေပြည်သူများ စုဝေး ရောက်ရှိကာ ကန့်ကွက်ခဲ့ကြ ကြောင်း ၎င်းကပြောသည်။

” ပြည်သူလူထုက ဦးဝင်း ကြိုင်ကို election နဲ့ ရွေးထားတဲ့ အုပ်ချုပ်ရေးမှူး ဖြစ်တဲ့အတွက် ဒီလိုမျိုးကို လက်မခံဘူးပေါ့။ လက်မခံတဲ့အတွက် စုဝေးရောက်ရှိ လာတယ်ပေါ့။ ဘာလို့ရောက်လာလဲ မေးတော့ ဦးဝင်းကြိုင်ကို တာဝန်က ရပ်စဲလိုက်တာကို သူတို့လက်မခံ နိုင်ဘူး။ ပြောကြတယ်ပေါ့။ ဦးဝင်း ကြိုင်ကို ထောက်ခံကြတယ်ပေါ့ ” ဟု ၎င်းကပြောသည်။ ရပ်ကွက်နေပြည်သူ ၈ဝဝ ကျော်က ဦးဝင်းကြိုင်ကို ထောက် ခံပြီး တာဝန်မှရပ်စဲခြင်းကို လက်မခံ ဟု လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

” ငြိမ်းစုစီတင်ထားတယ်။ ပြန်ခန့်အပ်ပေးဖို့ ဆန္ဒထုတ်ဖော် သွားဖို့ရှိတယ်။ သူက လူထုအတွက် အရမ်းကိုကောင်းတဲ့ အုပ်ချုပ်ရေး မှူးဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး ကာကွယ်ရမှာပေါ့”ဟု ၎င်းက ပြော သည်။ ဆန္ဒထုတ်ဖော်မှုကို မေ ၄ ရက် ညနေ ၃ နာရီတွင်ပြုလုပ်သွား မည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောသည်။ လက်ရှိတွင် ပြီးခဲ့သည့် ရပ် ကွက်အုပ်ချုပ်ရေးမှူး ရွေးကောက် ပွဲ၌ ဒုတိယရထားသည့် ဦးသိန်းဇံကို ယာယီ အုပ်ချုပ်ရေးမှူးအဖြစ် ခန့် အပ်ထားကြောင်း သိရသည်။

ရပ်ကွက်အုပ်ချုပ် ရေးမှူး တာဝန်မှ ယာယီရပ်စဲခံရသည့် ဦးဝင်းကြိုင်က ” အားကစားကွင်း ကျူးကျော်ထားတဲ့ အုတ်တံတိုင်းကို ဖျက်တဲ့ကိစ္စပေါ့။ မတ် ၂၅ ရက်က ရပ်ကွက်က ကျွန်တော့်ကိုတောင်း ဆိုတယ်။ တရားပွဲရှိတယ်ဆိုတော့ အန္တရာယ်များတယ်ဆိုပြီး တောင်း ဆိုတယ်။ ကျွန်တော်က ပြည်သူ့ ရွေးထားတဲ့လူတွေ။ ပြည်သူ့က တောင်းဆိုရင်တော့ ကြည့်ရမှာပေါ့။ ကျွန်တော်က ပြောလိုက်တာကို ဒီ ဟာက ဖျက်လိုက်တာပေါ့။ ဒီဟာ တစ်ခုပဲရှိတယ်။ အဲ့ကိစ္စနဲ့ပဲ တိုင် တာတွေ ဖြစ်တာပေါ့ ” ဟု ဒီမိုက ရေစီတူဒေး၏ မေးမြန်းမှုကို မေ ၂ ရက်တွင် ဖြေကြားသည်။ ပြီးခဲ့သည့် ဧပြီ ၃ ရက်၊ ည ပိုင်းက ၃/ရန်ပြေ ရပ်ကွက်အတွင်း အလက(၃၉)ကျောင်းနှင့် အ လက (၆) ကျောင်းကြားရှိ အားက စားကွင်းအတွင်း အုတ်တံတိုင်းကို ဖြိုဖျက်ခြင်းနှင့် ပတ်သက်ပြီး သက် ဆိုင်ရာ ယင်းကျောင်းနှစ်ကျောင်းမှ တိုင်ကြားထားမှုများရှိကြောင်း ၎င်းကပြောသည်။

အုတ်တံတိုင်းဖြိုဖျက်ရသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး အချက်ကိုးချက်ပါသည့် အစီရင်ခံစာကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦး ဖြိုးမင်းသိန်းနှင့် သက်ဆိုင်ရာများ ထံသို့ ပြီးခဲ့သည့် ဧပြီ ၃ဝ ရက်က ပေးပို့ထားကြောင်း ဦးဝင်းကြိုင်က ပြောသည်။ ယင်းနှင့်ပတ်သက်ပြီး သာကေ တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုး လင်းထိုက်ထံသို့ ဆက်သွယ်မေး မြန်းသော်လည်း ဖုန်းကိုင်ခဲ့ခြင်းမရှိ ပေ။


ဖိုးသူတော်(www.phothutaw.com)
Credit: Yangon Media Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top