ၾကြားတာမဟုတ္ဘူး ….အခ်ိဳ႕ဘဝေတြအတြက္စိတ္မေကာင္းပီး ကိုယ့္လုပ္ရပ္အတြက္ ပီတိျဖစ္လို႔ပါ။

ေန႔ခင္း ၁၁း၃၀ ေလာက္ ကိုယ္တေယာက္ထဲခရီးကအျပန္ ေနပူက်ဲက်ဲကားလမ္းမေပၚမွာ ဖိနပ္မပါ ေထာ့နင္းေထာ့နင္းနဲ႕အသက္၂၀ ဝန္းက်င္ေလာက္ရွိမဲ႕မိခင္တေယာက္ ၃နွစ္သားအရြယ္ကေလး လက္ဆြဲသြားေနတာေတြ႔ေတာ့ ……

ကားျပန္ေကြ႕ပီးဒီေလာက္ေနပူပူ ဖိနပ္ဘာလို႔ မပါလဲေမးေတာ့ဖိနပ္ျပတ္သြားလို႔တဲ႕ ….ေျခေထာက္ပူလြန္းေတာ့ သူ႔မ်က္နွာက မဲ႕ရွံဳ႕ေနတာဘဲ လမ္းေလ်ွာက္လာတဲ႔ခရီးေမးျကည့္ေတာ့ ျမစ္ငယ္တံတားကေန ဆိုေတာ့ မိုင္ ၃၅ေလာက္ရွိတယ္ ….

အဲ႕ဒါနဲ႕ ကိုယ့္ဖိနပ္ခ်ြတ္ေပးျပီး ကားေပၚတင္ေခၚလာခဲ႔လိုက္တယ္။ကားေပၚမွာ ေခ်ြးနံ႔ေတာ့ ေတာ္ေတာ္ခံလိုက္ရတယ္။ကားထဲကေရဗူး ေရေသာက္တာ တဗူးလံုးကုန္သြားတယ္။

အဲ႔ဒါနဲ႕ကားဂိတ္ထိေခၚလာျပီး ထမင္းဆိုင္ ထမင္းေက်ြးတာ ဆာလြန္းေနတဲ႔ပံုစံနဲ႔ တုန္ေနတာ ၄ ပုဂံေတာင္ကုန္တယ္။ မႏၲေလးကို အလုပ္သြားရွာတာ ကေလးေပါက္စပါလို႔ အလုပ္မရလို႔ျပန္လာတာတဲ႕။

ကားခမပါလို႕မႏၲေလးကေန မေကြးကို ေရာက္သေလာက္ေျခလ်ွင္ေလ်ွာက္မွာဆိုေတာ့ ကူမဲ မေကြးကားကလည္း ထြက္သြားျပီ မရွိေတာ့ဘူး ဆိုေတာ့ ကူမဲ မိတၳီလာ ကားကိုအပ္ ကားသမားကို ကားခ ၃၀၀၀ ေပးပီး …..

မိတၳီလာေရာက္ရင္ မေကြးကားရွာတင္ေပးလိုက္ပါလို႔ အကူအညီေတာင္းပီး ဒုကၡသည္ သားအမိကို ၁၅၀၀၀ိ နဲ႕ လမ္းစားဘို႔ ေခါက္ဆြဲေျကာ္ ငံုးဥျပဳတ္ နာနတ္သီးနဲ႕ ေရ ၄ဗူး ထည့္ေပးလိုက္တယ္။

တတ္နိုင္သေလာက္ လမ္းမွာဒုကၡေရာက္ေနသူေတြ ကူညီဘူးပါတယ္ …..အစစ အရာရာေတာ့ကိုယ္ထိလက္ေရာက္ ဒီေန႔လိုေတာ့ မလုပ္ခဲ႕ဘူးေသးဘူး။

ကိုယ့္ကိုယ္ကိုယ္ဒီလိုလုပ္ေပးလိုက္တဲ႔အတြက္ စိတ္မေကာင္းတာေကာပီတိျဖစ္တာေကာ နွစ္မ်ိဳး ခံစားေနရတယ္။ ဒီအလွဳေျကာင့္ လူတိုင္းလူတိုင္း ေနပူပူဖိနပ္မပါျခင္း အစာဆာေလာင္ျခင္းကင္းေဝးပါေစလို႔ဘဲ ဆုေတာင္းမိပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Daw Khaing

#Unicode Version#
ကြွားတာမဟုတ်ဘူး ….အချို့ဘဝတွေအတွက်စိတ်မကောင်းပီး ကိုယ့်လုပ်ရပ်အတွက် ပီတိဖြစ်လို့ပါ။

နေ့ခင်း ၁၁း၃၀ လောက် ကိုယ်တယောက်ထဲခရီးကအပြန် နေပူကျဲကျဲကားလမ်းမပေါ်မှာ ဖိနပ်မပါ ထော့နင်းထော့နင်းနဲ့အသက်၂၀ ဝန်းကျင်လောက်ရှိမဲ့မိခင်တယောက် ၃နှစ်သားအရွယ်ကလေး လက်ဆွဲသွားနေတာတွေ့တော့ ……

ကားပြန်ကွေ့ပီးဒီလောက်နေပူပူ ဖိနပ်ဘာလို့ မပါလဲမေးတော့ဖိနပ်ပြတ်သွားလို့တဲ့ ….ခြေထောက်ပူလွန်းတော့ သူ့မျက်နှာက မဲ့ရှုံ့နေတာဘဲ လမ်းလျှောက်လာတဲ့ခရီးမေးကြည့်တော့ မြစ်ငယ်တံတားကနေ ဆိုတော့ မိုင် ၃၅လောက်ရှိတယ် ….

အဲ့ဒါနဲ့ ကိုယ့်ဖိနပ်ချွတ်ပေးပြီး ကားပေါ်တင်ခေါ်လာခဲ့လိုက်တယ်။ကားပေါ်မှာ ချွေးနံ့တော့ တော်တော်ခံလိုက်ရတယ်။ကားထဲကရေဗူး ရေသောက်တာ တဗူးလုံးကုန်သွားတယ်။

အဲ့ဒါနဲ့ကားဂိတ်ထိခေါ်လာပြီး ထမင်းဆိုင် ထမင်းကျွေးတာ ဆာလွန်းနေတဲ့ပုံစံနဲ့ တုန်နေတာ ၄ ပုဂံတောင်ကုန်တယ်။ မန္တလေးကို အလုပ်သွားရှာတာ ကလေးပေါက်စပါလို့ အလုပ်မရလို့ပြန်လာတာတဲ့။

ကားခမပါလို့မန္တလေးကနေ မကွေးကို ရောက်သလောက်ခြေလျှင်လျှောက်မှာဆိုတော့ ကူမဲ မကွေးကားကလည်း ထွက်သွားပြီ မရှိတော့ဘူး ဆိုတော့ ကူမဲ မိတ္ထီလာ ကားကိုအပ် ကားသမားကို ကားခ ၃၀၀၀ ပေးပီး …..

မိတ္ထီလာရောက်ရင် မကွေးကားရှာတင်ပေးလိုက်ပါလို့ အကူအညီတောင်းပီး ဒုက္ခသည် သားအမိကို ၁၅၀၀ဝိ နဲ့ လမ်းစားဘို့ ခေါက်ဆွဲကြော် ငုံးဥပြုတ် နာနတ်သီးနဲ့ ရေ ၄ဗူး ထည့်ပေးလိုက်တယ်။

တတ်နိုင်သလောက် လမ်းမှာဒုက္ခရောက်နေသူတွေ ကူညီဘူးပါတယ် …..အစစ အရာရာတော့ကိုယ်ထိလက်ရောက် ဒီနေ့လိုတော့ မလုပ်ခဲ့ဘူးသေးဘူး။

ကိုယ့်ကိုယ်ကိုယ်ဒီလိုလုပ်ပေးလိုက်တဲ့အတွက် စိတ်မကောင်းတာကောပီတိဖြစ်တာကော နှစ်မျိုး ခံစားနေရတယ်။ ဒီအလှုကြောင့် လူတိုင်းလူတိုင်း နေပူပူဖိနပ်မပါခြင်း အစာဆာလောင်ခြင်းကင်းဝေးပါစေလို့ဘဲ ဆုတောင်းမိပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:Daw Khaing


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top