(၁ ) ေ႐ႊနန္းေတာ္ေက်ာင္းေဆာင္

( ၂ ) မႏၲေလးေတာင္

( ၃ ) ဦးပိန္တံတား တို႔ျဖစ္ပါတယ္

( ၁ ) ေ႐ႊနန္းေတာ္ေက်ာင္းေဆာင္

ေ႐ႊနန္းေတာ္ေက်ာင္းဟာ ဗိသုကာ လက္ရာမ်ားႏွင့္ ေတာ္ဝင္မ်ိဳးႏြယ္ေတြရဲ႕ ဓေလ့ထုံးတမ္းေတြကို ေလ့လာႏိုင္တဲ့ ေနရာျဖစ္ၿပီး ( ၁၉ ) ရာစု ျမန္မာ့ အႏုပညာဗိသုကာလက္ရာ မ်ား၏ စံျပဳရာေက်ာင္းျဖစ္ျခင္း၊ ေရွ႕ခတ္ အႏုပညာလက္ရာ အႏုစိတ္မ်ား၊ ပန္းခ်ီ ပန္းပုအႏုပညာ ဗိသုကာလက္ရာ မ်ားကို အနီးကပ္ ေလ့လာႏိုင္ျခင္း၊ ေ႐ႊေက်ာင္းႀကီးသည္ ေရွ႕ေခတ္ ျမန္မာလူမ်ိဳးမ်ားရဲ႕ အႏုပညာ လက္ရာမ်ားေၾကာင့္ ျမန္မာ လူမ်ိဳးမ်ားအတြက္ ဂုဏ္ယူဖြယ္ တစ္ခုအျဖစ္ ျမင္ေတြ႕ႏိုင္ပါသည္ ။

( ၂ )မႏၲေလးေတာင္
Image result for မႏၲေလးေတာင္
(မႏၲေလးဆိုသည္မွာ ျပန႔္ျပဴးသာယာေသာ နယ္ေျမဟု အဓိပၸာယ္ရသည္ )

မႏၲေလးေတာင္သည္ မႏၲေလးၿမိဳ႕ရဲ႕ ေျမာက္ဘက္တြင္တည္ရွိၿပီး ပင္လယ္ေရမ်က္ႏွာျပင္ ၂၃၀ မီတာျမင့္သည္။ မႏၲေလးေတာင္သည္ မႏၲေလးတစ္ၿမိဳ႕လုံးကို အုပ္မိုးထားသလိုပင္ ေတာင္ေပၚမွေန၍ က်ဳံးႏွင့္ နန္းၿမိဳ႕႐ိုး၊ သုဓမၼာဇရပ္တန္း ေက်ာက္ေတာ္ႀကီးဘုရား၊ ေက်ာက္စာအခ်ပ္ေပါင္း ၇၂၉ခ်ပ္ ကမာၻအႀကီးဆုံးစာအုပ္ႀကီး တည္ရွိရာ စႏၵာမုနိဘုရားႏွင့္ ကုသိုလ္ေတာ္ဘုရား၊ ဧရာဝတီျမစ္ႏွင့္ အေနာက္ဘက္ကမ္းရွိ မင္းကြန္းပုထိုးေတာ္ႀကီး၊ အေရွ႕ဘက္ရွိ ရွမ္း႐ိုးမေတာင္တန္းႀကီးႏွင့္တကြၿမိဳ႕၏ ရွဴခင္းကို ၾကည့္ရွဴႏိုင္သည္။ ေတာင္ေပၚတြင္လဲ ဆုေတာင္းျပည့္ဘုရားေလးလဲ တည္ရွိသည္။ မႏၲေလးေတာင္ေပၚသို႔ ေလွကားမ်ားႏွင့္ေသာ္လည္းေကာင္း၊ ကားမ်ားႏွင့္ ေသာ္လည္းေကာင္းတတ္ေရာက္ႏိုင္ၿပီး ကားရပ္နားေသာေနရာမွ တစ္ဆင့္ ဓာတ္ေလွကား၊ စက္ေလွကားမ်ားလည္း တပ္ဆင္ေပးထား၍ ခရီးသြားမ်ားအတြက္ အဆင္ေျပေစသည္ ။

မႏၲေလးေတာင္ ေပၚမွ ေနဝင္ဆည္းဆာအလွကို ၾကည့္ရွဴခံစားရန္ ညေနေနဝင္ခ်ိန္တြင္ ပိုမိုလာေရာက္ လည္ပတ္ေလ့ရွိၾကသည္ ။ ေႁမြႀကီးႏွစ္ေကာင္ ဘုရားကိုလည္း ဖူးေမွ်ာ္ႏိုင္သည္။ ေႁမြႏွစ္ေကာင္သည္ မၾကာခဏ ဆုေတာင္းျပည့္ဘုရားကို လာေရာက္ ဖူးေျမာ္ၾကရာ ၎တို႔ေသေသာအခါ ႐ုပ္တုမ်ား ထုလုပ္ကာ ဘုရားတည္ထားခဲ့သည္ဟုလည္း သိရပါသည္ ။

(၃) ဦးပိန္တံတား

ပုဂံမင္းလက္ထက္တြင္ အမရပူရ ၿမိဳ႕စာေရးဦးပိန္က တည္ေဆာက္ခဲ့ၿပီး ဦးပိန္ရဲ႕ နာမည္ကို အစြဲျပဳ၍ ဦးပိန္တံတားဟူ၍ အမည္တြင္ခဲ့ပါတယ္ ။

သကၠရာဇ္ ၁၂၁၁- ခုႏွစ္ ( ခရစ္ႏွစ္ – ၁၈၄၉ ) တြင္ စတင္တည္ေဆာက္ခဲ့ၿပီး ၁၂၁၃-ခုႏွစ္ ( ခရစ္ႏွစ္-၁၈၅၁ ) တြင္ၿပီးစီးခဲ့သည္ ။ ဦးပိန္တံတားကို အင္းဝေခတ္ နန္းေတာ္ေဟာင္းဖ်က္သိမ္းရာမွ ရရွိေသာ ကြၽန္းသစ္သားတိုင္ေပါင္း ၁၀၈၆ တိုင္ျဖင့္ တည္ေဆာက္ထားတာ ျဖစ္ပါတယ္ တံတား အရွည္မွာ ၃၉၆၇ ေပရွိရာ ကမာၻေပၚတြင္ သစ္သားျဖင့္ တည္ေဆာက္ထားေသာ တံတာမ်ားအနက္ ဦးပိန္တံတား သည္ အရွည္ဆုံးျဖစ္ပါတယ္ ။

 ဖိုးသူေတာ္(www.phothutaw.com)
Credit:latmat

#Unicode Version#

၁ ) ရွှေနန်းတော်ကျောင်းဆောင်

( ၂ ) မန္တလေးတောင်

( ၃ ) ဦးပိန်တံတား တို့ဖြစ်ပါတယ်

( ၁ ) ရွှေနန်းတော်ကျောင်းဆောင်

ရွှေနန်းတော်ကျောင်းဟာ ဗိသုကာ လက်ရာများနှင့် တော်ဝင်မျိုးနွယ်တွေရဲ့ ဓလေ့ထုံးတမ်းတွေကို လေ့လာနိုင်တဲ့ နေရာဖြစ်ပြီး ( ၁၉ ) ရာစု မြန်မာ့ အနုပညာဗိသုကာလက်ရာ များ၏ စံပြုရာကျောင်းဖြစ်ခြင်း၊ ရှေ့ခတ် အနုပညာလက်ရာ အနုစိတ်များ၊ ပန်းချီ ပန်းပုအနုပညာ ဗိသုကာလက်ရာ များကို အနီးကပ် လေ့လာနိုင်ခြင်း၊ ရွှေကျောင်းကြီးသည် ရှေ့ခေတ် မြန်မာလူမျိုးများရဲ့ အနုပညာ လက်ရာများကြောင့် မြန်မာ လူမျိုးများအတွက် ဂုဏ်ယူဖွယ် တစ်ခုအဖြစ် မြင်တွေ့နိုင်ပါသည် ။

( ၂ )မန္တလေးတောင်

(မန္တလေးဆိုသည်မှာ ပြန့်ပြူးသာယာသော နယ်မြေဟု အဓိပ္ပာယ်ရသည် )

မန္တလေးတောင်သည် မန္တလေးမြို့ရဲ့ မြောက်ဘက်တွင်တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင် ၂၃၀ မီတာမြင့်သည်။ မန္တလေးတောင်သည် မန္တလေးတစ်မြို့လုံးကို အုပ်မိုးထားသလိုပင် တောင်ပေါ်မှနေ၍ ကျုံးနှင့် နန်းမြို့ရိုး၊ သုဓမ္မာဇရပ်တန်း ကျောက်တော်ကြီးဘုရား၊ ကျောက်စာအချပ်ပေါင်း ၇၂၉ချပ် ကမ္ဘာအကြီးဆုံးစာအုပ်ကြီး တည်ရှိရာ စန္ဒာမုနိဘုရားနှင့် ကုသိုလ်တော်ဘုရား၊ ဧရာဝတီမြစ်နှင့် အနောက်ဘက်ကမ်းရှိ မင်းကွန်းပုထိုးတော်ကြီး၊ အရှေ့ဘက်ရှိ ရှမ်းရိုးမတောင်တန်းကြီးနှင့်တကွမြို့၏ ရှူခင်းကို ကြည့်ရှူနိုင်သည်။ တောင်ပေါ်တွင်လဲ ဆုတောင်းပြည့်ဘုရားလေးလဲ တည်ရှိသည်။ မန္တလေးတောင်ပေါ်သို့ လှေကားများနှင့်သော်လည်းကောင်း၊ ကားများနှင့် သော်လည်းကောင်းတတ်ရောက်နိုင်ပြီး ကားရပ်နားသောနေရာမှ တစ်ဆင့် ဓာတ်လှေကား၊ စက်လှေကားများလည်း တပ်ဆင်ပေးထား၍ ခရီးသွားများအတွက် အဆင်ပြေစေသည် ။

မန္တလေးတောင် ပေါ်မှ နေဝင်ဆည်းဆာအလှကို ကြည့်ရှူခံစားရန် ညနေနေဝင်ချိန်တွင် ပိုမိုလာရောက် လည်ပတ်လေ့ရှိကြသည် ။ မြွေကြီးနှစ်ကောင် ဘုရားကိုလည်း ဖူးမျှော်နိုင်သည်။ မြွေနှစ်ကောင်သည် မကြာခဏ ဆုတောင်းပြည့်ဘုရားကို လာရောက် ဖူးမြော်ကြရာ ၎င်းတို့သေသောအခါ ရုပ်တုများ ထုလုပ်ကာ ဘုရားတည်ထားခဲ့သည်ဟုလည်း သိရပါသည် ။

(၃) ဦးပိန်တံတား

ပုဂံမင်းလက်ထက်တွင် အမရပူရ မြို့စာရေးဦးပိန်က တည်ဆောက်ခဲ့ပြီး ဦးပိန်ရဲ့ နာမည်ကို အစွဲပြု၍ ဦးပိန်တံတားဟူ၍ အမည်တွင်ခဲ့ပါတယ် ။

သက္ကရာဇ် ၁၂၁၁- ခုနှစ် ( ခရစ်နှစ် – ၁၈၄၉ ) တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၂၁၃-ခုနှစ် ( ခရစ်နှစ်-၁၈၅၁ ) တွင်ပြီးစီးခဲ့သည် ။ ဦးပိန်တံတားကို အင်းဝခေတ် နန်းတော်ဟောင်းဖျက်သိမ်းရာမှ ရရှိသော ကျွန်းသစ်သားတိုင်ပေါင်း ၁၀၈၆ တိုင်ဖြင့် တည်ဆောက်ထားတာ ဖြစ်ပါတယ် တံတား အရှည်မှာ ၃၉၆၇ ပေရှိရာ ကမ္ဘာပေါ်တွင် သစ်သားဖြင့် တည်ဆောက်ထားသော တံတာများအနက် ဦးပိန်တံတား သည် အရှည်ဆုံးဖြစ်ပါတယ် ။

 ဖိုးသူတော်(www.phothutaw.com)
Credit:latmat
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top