အမႈစစ္ေဆးမႈမွာ ၾကာျမင့္လ်က္ရွိတဲ့ အဆိုေတာ္ အစၥဏီရဲ႕ အမႈကေတာ့ မၾကာခင္မွာ ေအးခ်မ္းသြားလိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း တရားလိုျဖစ္သူ စူးရွထက္ရဲ႕ေရွ႕ေန ဦးေရာဘတ္စန္းေအာင္က ေျပာပါတယ္။

“အခုေတာ့ ၾကားခံပုဂၢိဳလ္တေယာက္ကေန ေျပလည္ရာေျပလည္ေၾကာင္း လာၿပီးေတာ့ ညႇိႏႈိင္းေနတာေတြေတာ့ ရွိပါတယ္။ ေျပလည္သြားႏိုင္ပါတယ္။ ဒီ ၁ ရက္ ၂ ရက္ကပဲ လာသြားပါတယ္။ အခုေတာ့ မေဖာ္ေသးပါဘူး။ ေအးခ်မ္းသြားမယ္လို႔ ယုံၾကည္ပါတယ္” လို႔ တရားလိုေရွ႕ေန ဦးေရာဘတ္စန္းေအာင္က ေျပာပါတယ္။

အဆိုပါ အမႈအတြက္ ႏွစ္ဦးႏွစ္ဖက္ၾကားထဲမွာရွိတဲ့ ပုဂၢိဳလ္တဦးက လာေရာက္ညႇိႏႈိင္းမႈမ်ား ျပဳလုပ္ခဲ့တာေၾကာင့္ အဆင္ေျပသြားဖို႔ရွိတယ္လို႔ ဆိုပါတယ္။

အမႈစတင္ျဖစ္ပြားခဲ့ၿပီး မၾကာခင္အခ်ိန္ကလည္း ညႇိႏႈိင္းမႈမ်ားရွိခဲ့တယ္ဆိုတဲ့ သတင္းစကားမ်ားနဲ႔ပတ္သက္ၿပီးေတာ့လည္း ဦးေရာဘတ္စန္းေအာင္က “အရင္ကသတင္းစကားေတြက တရားမဝင္ပါဘူး။ အခုကေတာ့ ကိုယ္တိုင္ စကားေျပာခဲ့ရတာဆိုေတာ့ တရားဝင္ပါတယ္။ အဆင္ေျပသြားႏိုင္မယ့္ အေျခအေနမွာ ရွိပါတယ္။ အဲဒီဘက္ကေန စူးရွထက္အေပၚ တိုင္စာေတြ အမ်ိဳးမ်ိဳး တင္တာတို႔ တရား႐ုံးေတြမွာ ရာဇသတ္ပုဒ္မ ၄၆၅ နဲ႔ ဦးတိုက္ေလွ်ာက္ထားတာတို႔ေတြက အရာလည္းမထင္ဘဲနဲ႔ အမႈကို ျပင္းထန္ ေပါက္ကြဲေစတယ္။ တရား႐ုံးေတြကလည္း လက္မခံပါဘူး”လို႔ ေျပာပါတယ္။

မုဒိမ္းမႈအပါအဝင္ ပုဒ္မ ၃ ခုျဖင့္ ေမာ္ဒယ္ စူးရွထက္မွ အဆိုေတာ္ အစၥဏီကို လြန္ခဲ့တဲ့ ၁ ႏွစ္ေက်ာ္ ကာလက တရား စြဲဆိုခဲ့ၿပီး ယခုအခ်ိန္မွာေတာ့ တရား႐ုံးအေျပာင္းအေ႐ြ႕ ေလွ်ာက္ထားမႈ ကိစၥမ်ားေၾကာင့္ အမႈစစ္ေဆးမႈမ်ား ရပ္ဆိုင္းေနၿပီး မၾကာခင္မွာေတာ့ ျပန္လည္စစ္ေဆးေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။

အမႈရင္ဆိုင္ေနစဥ္အတြင္း တရားလိုျဖစ္သူ ေမာ္ဒယ္စူးရွထက္ရဲ႕ ဝတ္စားဆင္ယင္မႈမ်ားနဲ႔ ပတ္သက္ၿပီး ေဝဖန္ ေနၾကတဲ့အေပၚ ေရွ႕ေနတေယာက္အေနနဲ႔ ဘယ္လိုျမင္မိလဲဆိုတာကိုလည္း အခုလို ေျပာပါတယ္။

“အဲဒါ လူ႔အခြင့္အေရးပါ။ အမ်ိဳးသမီး တေယာက္မွာ လြတ္လပ္စြာ ဝတ္စားဆင္ယင္ပိုင္ခြင့္ ရွိပါတယ္။ မိန္းမေတြ ဘယ္လို ဝတ္ရမယ္။ ဘယ္လို မဝတ္ရဘူးဆိုတဲ့ ဥပေဒျပ႒ာန္းခ်က္ မရွိဘူး။ ဟိုလို ဝတ္လို႔ ဒီလိုဝတ္လို႔ဆိုၿပီး မုဒိမ္းက်င့္ခြင့္ကို ဘယ္ဥပေဒက ျပ႒ာန္းထားလဲ။ ျပည့္တန္ဆာမကိုေတာင္ မုဒိမ္းက်င့္ခြင့္မေပးဘူး။ အမ်ိဳးသမီး အခြင့္အေရး ဆိုတာလည္း ရွိေနပါတယ္။ ရပ္ေက်ာ္႐ြာေက်ာ္ ဝတ္စားဆင္ယင္ၿပီးေတာ့ အခမ္းအနား တက္တဲ့သူနဲ႔ေတာ့ မႏႈိင္းနဲ႔ေပါ့” လို႔ ဦးေရာဘတ္စန္းေအာင္က ေျပာပါတယ္။

အခုခ်ိန္မွာေတာ့ တရားလိုျဖစ္သူ စူးရွထက္ႏွင့္ မႈခင္းဆရာဝန္တို႔ကိုသာ စစ္ေဆးၿပီးတဲ့ အေနအထား ရွိေနၿပီး ဆက္လက္စစ္ေဆးဖို႔အတြက္ သက္ေသမ်ားစြာ က်န္ရွိေနေသးတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:irrawaddy
# Unicode Version # ျဖင့္ ဖတ္ပါ #


အမှုစစ်ဆေးမှုမှာ ကြာမြင့်လျက်ရှိတဲ့ အဆိုတော် အစ္စဏီရဲ့ အမှုကတော့ မကြာခင်မှာ အေးချမ်းသွားလိမ့်မယ်လို့ ယုံကြည်ကြောင်း တရားလိုဖြစ်သူ စူးရှထက်ရဲ့ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

“အခုတော့ ကြားခံပုဂ္ဂိုလ်တယောက်ကနေ ပြေလည်ရာပြေလည်ကြောင်း လာပြီးတော့ ညှိနှိုင်းနေတာတွေတော့ ရှိပါတယ်။ ပြေလည်သွားနိုင်ပါတယ်။ ဒီ ၁ ရက် ၂ ရက်ကပဲ လာသွားပါတယ်။ အခုတော့ မဖော်သေးပါဘူး။ အေးချမ်းသွားမယ်လို့ ယုံကြည်ပါတယ်” လို့ တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

အဆိုပါ အမှုအတွက် နှစ်ဦးနှစ်ဖက်ကြားထဲမှာရှိတဲ့ ပုဂ္ဂိုလ်တဦးက လာရောက်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့တာကြောင့် အဆင်ပြေသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

အမှုစတင်ဖြစ်ပွားခဲ့ပြီး မကြာခင်အချိန်ကလည်း ညှိနှိုင်းမှုများရှိခဲ့တယ်ဆိုတဲ့ သတင်းစကားများနဲ့ပတ်သက်ပြီးတော့လည်း ဦးရောဘတ်စန်းအောင်က “အရင်ကသတင်းစကားတွေက တရားမဝင်ပါဘူး။ အခုကတော့ ကိုယ်တိုင် စကားပြောခဲ့ရတာဆိုတော့ တရားဝင်ပါတယ်။ အဆင်ပြေသွားနိုင်မယ့် အခြေအနေမှာ ရှိပါတယ်။ အဲဒီဘက်ကနေ စူးရှထက်အပေါ် တိုင်စာတွေ အမျိုးမျိုး တင်တာတို့ တရားရုံးတွေမှာ ရာဇသတ်ပုဒ်မ ၄၆၅ နဲ့ ဦးတိုက်လျှောက်ထားတာတို့တွေက အရာလည်းမထင်ဘဲနဲ့ အမှုကို ပြင်းထန် ပေါက်ကွဲစေတယ်။ တရားရုံးတွေကလည်း လက်မခံပါဘူး”လို့ ပြောပါတယ်။

မုဒိမ်းမှုအပါအဝင် ပုဒ်မ ၃ ခုဖြင့် မော်ဒယ် စူးရှထက်မှ အဆိုတော် အစ္စဏီကို လွန်ခဲ့တဲ့ ၁ နှစ်ကျော် ကာလက တရား စွဲဆိုခဲ့ပြီး ယခုအချိန်မှာတော့ တရားရုံးအပြောင်းအရွေ့ လျှောက်ထားမှု ကိစ္စများကြောင့် အမှုစစ်ဆေးမှုများ ရပ်ဆိုင်းနေပြီး မကြာခင်မှာတော့ ပြန်လည်စစ်ဆေးတော့မှာဖြစ်တယ်လို့ သိရပါတယ်။

အမှုရင်ဆိုင်နေစဉ်အတွင်း တရားလိုဖြစ်သူ မော်ဒယ်စူးရှထက်ရဲ့ ဝတ်စားဆင်ယင်မှုများနဲ့ ပတ်သက်ပြီး ဝေဖန် နေကြတဲ့အပေါ် ရှေ့နေတယောက်အနေနဲ့ ဘယ်လိုမြင်မိလဲဆိုတာကိုလည်း အခုလို ပြောပါတယ်။

“အဲဒါ လူ့အခွင့်အရေးပါ။ အမျိုးသမီး တယောက်မှာ လွတ်လပ်စွာ ဝတ်စားဆင်ယင်ပိုင်ခွင့် ရှိပါတယ်။ မိန်းမတွေ ဘယ်လို ဝတ်ရမယ်။ ဘယ်လို မဝတ်ရဘူးဆိုတဲ့ ဥပဒေပြဋ္ဌာန်းချက် မရှိဘူး။ ဟိုလို ဝတ်လို့ ဒီလိုဝတ်လို့ဆိုပြီး မုဒိမ်းကျင့်ခွင့်ကို ဘယ်ဥပဒေက ပြဋ္ဌာန်းထားလဲ။ ပြည့်တန်ဆာမကိုတောင် မုဒိမ်းကျင့်ခွင့်မပေးဘူး။ အမျိုးသမီး အခွင့်အရေး ဆိုတာလည်း ရှိနေပါတယ်။ ရပ်ကျော်ရွာကျော် ဝတ်စားဆင်ယင်ပြီးတော့ အခမ်းအနား တက်တဲ့သူနဲ့တော့ မနှိုင်းနဲ့ပေါ့” လို့ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

အခုချိန်မှာတော့ တရားလိုဖြစ်သူ စူးရှထက်နှင့် မှုခင်းဆရာဝန်တို့ကိုသာ စစ်ဆေးပြီးတဲ့ အနေအထား ရှိနေပြီး ဆက်လက်စစ်ဆေးဖို့အတွက် သက်သေများစွာ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top