ျခေသၤ့ႀကီးတစ္ေကာင္ဆိုရင္ ဘယ္ေလာက္ကုန္က်မွာလဲ ဒကာႀကီးရဲ႕။ ပစၥည္းဖိုးေရာ လက္ခပါ အပါအဝင္ဆိုရင္ ျခေသၤ့႐ုပ္တစ္ေကာင္ကို ၄၀၀၀ိ/-ေက်ာ္ေလာက္ကုန္က်ပါမယ္။ ႏွစ္ေကာင္ဆိုေတာ့ ၈၀၀၀ိ/-ေက်ာ္ ၉၀၀၀ိ/-ေလာက္ ကုန္က်ပါမယ္ဘုရား။

ဒကာႀကီးရယ္ ဒီေလာက္အကုန္အက်ခံၿပီး ျပဳလုပ္ေပမယ့္ ျခေသၤ့ႏွစ္ေကာင္ေအာက္မွာ မိုး႐ြာ ေနပူလို႔မွ လူတစ္ေယာက္ ခိုလႈံလို႔ မရပါဘူး။ မလုပ္ခ်င္ပါနဲ႔ ဒကာႀကီးရာ။ သဘာဝျခေသၤ့ႀကီးေတြဆိုေတာ့ လူအမ်ား အလွၾကည့္ရတာေပါ့ဘုရား။ သဘာဝျခေသၤ့႐ုပ္ကို အလွၾကည့္ခ်င္တာျဖင့္ မႏၲေလးက ဘုရားႀကီးေျမာက္ဘက္မုခ္ကို သြားၾကည့္ႏိုင္ပါတယ္။ ဘုန္းႀကီး တို႔ ေက်ာင္းတိုက္မွာေတာ့ ဒီေလာက္တန္ဖိုးမ်ားၿပီး လူတစ္ေယာက္မွ် အရိပ္မခို မနားရတဲ့ ဒကာႀကီးရဲ႕ သဘာ၀ ျခေသၤ့ႏွစ္ေကာင္ကို မလုပ္ခ်င္ပါနဲ႔ ဒကာႀကီးရယ္။

ဒါျဖင့္ရင္ တပည့္ေတာ္တို႔ ဘာေဆာက္လုပ္လႉရမလဲဘုရား။ တပည့္ေတာ္တို႔ အလႉဒါနျပဳခ်င္လို႔ပါ။ သည္လိုဆိုရင္ မင္းကြန္းမွာ ေက်းလက္က်န္းမာေရးဌာန အေဆာက္အအုံေလးတစ္ခုရွိတယ္။ အဲဒီအေဆာက္အအုံကေလးကို ေက်း႐ြာ က စုၿပီးေတာ့ ဝါးထရံကာ၊ သက္ကယ္မိုးနဲ႔ ေဆာက္လုပ္ထားတယ္။ မၾကာမီ ျခစားျဖစ္ၿပီး ၿပိဳပ်က္ေတာ့မယ္။ စံခ်ိန္မွီ ေက်းလက္ က်န္းမာေရးေဆးခန္း အေဆာက္အဦးတစ္ခု ခိုင္ခိုင္ခံ့ခံ့ ေဆာက္လုပ္လႉဒါန္းရင္ အလြန္သင့္ျမတ္မယ္။ ေက်း႐ြာလူထု က်န္းမာေရးအတြက္ အထူးအက်ိဳးမ်ားမယ္ ဒကာႀကီး။

ဤတြင္ ဆရာေတာ္ႀကီး၏ ၫႊန္ျပဆုံးမခ်က္ကို ဝမ္းေျမာက္ဝမ္းသာ ႏွစ္သက္လက္ခံကာ ေက်ာင္းဒကာ ဇနီးေမာင္ႏွံသည္ အုတ္ပတ္ကား၊ သြပ္မိုး၊ သစ္မာတို႔ျဖင့္ ထိုေခတ္ ေငြက်ပ္ ၃၀၀၀၀ိ/-ေက်ာ္တန္ စံခ်ိန္မွီ ေက်းလက္ က်န္းမာေရး ေဆးေပး ဌာန အေဆာက္အအုံကို အခိုင္အခံ့ ေဆာက္လုပ္ လႉဒါန္းခဲ့ေပသည္။ အဆိုပါအလႉရွင္ ေက်ာင္းဒကာ ဇနီးေမာင္ႏွံကား မႏၲေလးၿမိဳ႕မွ ေက်ာင္းဒကာႀကီး ဦးဖိုးမွီႏွင့္ေဒၚေ႐ႊၫႊန႔္တို႔ျဖစ္သည္။ ဆရာေတာ္ႀကီးကား တိပိဋကဓရ ဆရာေတာ္ႀကီး ဦးဝိစိတၱသာရာဘိဝံသပင္ ျဖစ္ေပသည္။

လြန္ခဲ့ေသာ ၃၃ႏွစ္၊ ၁၃၃၃ ခုႏွစ္က မိုးကုတ္ၿမိဳ႕မွ ေက်ာင္းဒကာႀကီး ဦးဘရွင္းႏွင့္ သားသမီးတို႔က ဆရာေတာ္ႀကီး၏ ဓမၼနာဒေက်ာင္းတိုက္တြင္ သိန္းေက်ာ္တန္ ဓမၼာ႐ုံႀကီးကို ေဆာက္လုပ္လႉဒါန္းလိုေၾကာင္း ေလွ်ာက္ထားၾကသည္။ ထိုအခါဆရာေတာ္ႀကီးက ဓမၼနာဒေက်ာင္းတိုက္မွာ ဓမၼာ႐ုံရွိၿပီးျဖစ္ေနတယ္။ ေနာက္ထပ္ၿပီး ေဆာက္လုပ္ရင္ အေဟာသိကံ ျဖစ္ႏိုင္တယ္။ လူထုအတြက္ အက်ိဳးမ်ားမယ့္ တိုက္နယ္ေဆး႐ုံ တစ္ခုေဆာက္လုပ္ႏိုင္ရင္ ပိုအက်ိဳးထူးမယ္ ဟူ၍ မိန႔္ေတာ္မူသည္။

ဦးဘရွင္းႏွင့္သားသမီးတို႔လည္း ႏွစ္သက္ဝမ္းေျမာက္စြာပင္ ဆရာေတာ္ႀကီး၏ ဆႏၵအတိုင္း မင္းကြန္းတိုက္နယ္ေဆး႐ုံကို ေဆာက္လုပ္ လႉဒါန္းခဲ့ၾကသည္။ တိုက္နယ္ေဆး႐ုံႏွင့္တကြ ဆရာဝန္ေနရန္ အိမ္၊ အမႈထမ္းမ်ားေနရန္ ေနအိမ္မ်ား၊ ဂိလာနသံဃာေဆာင္၊ ကူးစက္ေရာဂါေဆာင္၊ လူနာရွင္ ဧည့္ရိပ္သာေဆာင္၊ ေသာက္ေရကန္စသည္တို႔ အပါအဝင္ အားလုံးအတြက္ က်ပ္ေငြငါးသိန္းေက်ာ္ တန္ဖိုးရွိေလသည္။ ထို႔ျပင္ တိုက္နယ္ေဆး႐ုံေထာက္ပံ့ေရး ရန္ပုံေငြကိုလည္း အၿမဲဖြင့္လွစ္ထားရန္ ဆရာေတာ္ႀကီးကပင္ ဦးေဆာင္ၫႊန္ျပေတာ္မူခဲ့သည္။

ဆရာေတာ္ႀကီး၏ သီလဂုဏ္ သမာဓိဂုဏ္ ပညာဂုဏ္ကို ၾကည္ညိဳလြန္းသျဖင့္ အနယ္နယ္အရပ္ရပ္မွ ဒကာဒကာမမ်ား သည္ ဆရာေတာ္ႀကီးကို ဝတၳဳပစၥည္းမ်ားျဖင့္ ေစတနာသဒၶါထက္သန္စြာ လႉဒါန္းပူေဇာ္ခဲ့ၾကသည္။ ဆရာေတာ္ႀကီးသည္ ယင္းတို႔ကို သာသနာေတာ္အတြက္ အက်ိဳးရွိမည့္ပုဂၢိဳလ္၊ အရပ္၊ ဌာနတို႔သို႔ တစ္ဖန္ျပန္လည္စြန႔္ႀကဲလႉဒါန္းခဲ့ေလသည္။ ထို႔ျပင္ လူထုအတြက္လည္း လူမႈေရးဆိုင္ရာ အလႉမ်ား အံ့ခ်ီးဖြယ္ ျပေတာ္မူခဲ့သည္။

ဆရာေတာ္ႀကီးသည္ မင္းကြန္း တိုက္နယ္အတြင္းရွိ လူငယ္လူ႐ြယ္တို႔ ပညာေရးအတြက္ လိုအပ္ေသာ မူလတန္း စာသင္ေက်ာင္းကို လည္း ေဆာက္လုပ္ လႉဒါန္းခဲ့သည္။ အုတ္နံရံကပ္ ႏွစ္ထပ္ အလယ္တန္းေက်ာင္းႀကီးကိုလည္း လႉဒါန္းခဲ့သည္။ ဆရာ ဆရာမမ်ားႏွင့္ ေက်ာင္းသူ ေက်ာင္းသားမ်ားအတြက္ ေသာက္ေရကန္ တည္ေဆာက္၍လည္း လႉဒါန္းခဲ့သည္။ ယခုအခါ မင္းကြန္းအလယ္တန္းေက်ာင္းသည္ ဆရာေတာ္ႀကီး၏ အကူအညီအေထာက္အပံ့ျဖင့္ တြဲဖက္ အထက္တန္းေက်ာင္းကိုပါ ဖြင့္လွစ္ႏိုင္ေနၿပီျဖစ္ပါသည္။

ဆရာေတာ္ႀကီးသည္ မိမိဇာတိျဖစ္ေသာ ျမင္းၿခံၿမိဳ႕နယ္၊ က်ည္းပင္႐ြာေက်ာင္းအနီး ေခ်ာင္း႐ိုးကိုလည္း သြားေရး လာေရး လြယ္ကူရန္ ေက်ာက္တံတား၊ ေက်ာက္လမ္းခင္းေပးခဲ့သည္။ သဲျဖဴဝ႐ြာႏွင့္ သေဘၤာဆိပ္အသြားတြင္ ေခ်ာင္း႐ိုးကိုျဖတ္၍ တံတားတစ္ခုလည္း ေဆာက္လုပ္ လႉဒါန္းခဲ့သည္။ သဲျဖဴဝႏွင့္က်ည္းပင္႐ြာရွိ ကေလးမ်ား စာသင္ရာ မူလတန္း ႏွစ္ထပ္ေက်ာင္းႏွစ္ေဆာင္ကိုလည္း ေဆာက္လုပ္လႉဒါန္းေတာ္မူခဲ့သည္။

ဆရာေတာ္ႀကီးသည္ မိမိအတြက္ မရွိလွ်င္မျဖစ္ေသာ ရဟန္းအသုံးအေဆာင္တို႔ကိုသာ သုံးေဆာင္ေတာ္မူသည္။ ႐ိုး႐ိုးပင္ ေနထိုင္စားေသာက္ ဘုန္းေပးေတာ္မူသည္။ ၁၃၁၈ခုႏွစ္၊ သဂၤါယနာေအာင္ပြဲႏွင့္ သာသနာ ၂၅၀၀-ျပည့္၊ ဗုဒၶဇယႏၲီပြဲေတာ္ က်င္းပခ်ိန္တြင္ ႏိုင္ငံေတာ္အစိုးရက ဆရာေတာ္ႀကီးအား မွန္လုံ႐ုရွကားႀကီးတစ္စီး အၿပီးအပိုင္ လႉဒါန္းသည္။ ဆရာေတာ္ႀကီးက လက္မခံေပ။

ဘုန္းႀကီးဟာ ေတာမွာေနတဲ့ ဘုန္းႀကီးပါ။ ဒီလို ကားမ်ိဳးစီးလို႔ မေလ်ာ္ပါဘူး။ အၿပီးအပိုင္ အလႉ မခံပါရေစနဲ႔။ အစိုးရ ေစတနာကိုငဲ့ၿပီး သဂၤါယနာေအာင္ပြဲၿပီး႐ုံအထိသာ အသုံးျပဳပါရေစဟူ၍ မိန႔္ေတာ္မူကာ ၅-ရက္မွ်သာ အသုံးျပဳ ေတာ္မူခဲ့သည္။ ထို႔ေနာက္ ႏိုင္ငံေတာ္အား ျပန္၍စြန႔္လႉ လိုက္ေလသည္။ ဆရာေတာ္ႀကီးသည္ သူကိုယ္တိုင္ ၿခိဳးၿခံစြာ က်င့္သုံးေနထိုင္ေသာ္လည္း ဆင္းရဲႏြမ္းပါးေသာ ရဟန္းရွင္လူမ်ားကိုမူ တတ္စြမ္းသမွ် ေပးလႉေလ့ ရွိေပသည္။

လြန္ခဲ့ေသာ ၃၇-ႏွစ္၊ ၁၃၃၉-ခုႏွစ္၊ တန္ခူးလက မႏၲေလးေတာင္ျပင္တြင္ မီးအႀကီးအက်ယ္ေလာင္ကြၽမ္းခဲ့သည္။ ဘုန္းေတာ္ႀကီးေက်ာင္း အေတာ္မ်ားမ်ား မီးထဲပါသြားသည္။ မီးေဘးသင့္ သံဃာေတာ္မ်ားအတိ ဒုကၡေရာက္ခဲ့ၾကသည္။ ထိုအခါ ဆရာေတာ္ႀကီးသည္ စုစုေပါင္း သံဃာေတာ္ ၂၅၀ေက်ာ္အတြက္ မိမိ၌ ရွိသမွ်ေသာ သကၤန္း၊ ထီး၊ ဖိနပ္၊ ေစာင္၊ မ်က္ႏွာသုပ္ပဝါ၊ ဆပ္ျပာ၊ ဆန္၊ ဆီ၊ ဆား၊ ပဲတို႔ကို အခ်ိဳးက် ခြဲေဝ၍ လႉဒါန္းခဲ့သည္။ စုစုေပါင္းတန္ဖိုးက်ပ္ ၆၀၀၀၀ိ/- ေက်ာ္ခန႔္ ရွိေလသည္။

လြန္ခဲ့ေသာ ၃၄-ႏွစ္၊ ၁၉၈၁-ခုႏွစ္ ေမလတြင္ မႏၲေလး၌ မီးအႀကီးအက်ယ္ေလာင္ကြၽမ္းစဥ္ ဘုန္းေတာ္ႀကီးေက်ာင္း ေက်ာင္းတိုက္ေပါင္း ၁၅တိုက္၊ ေက်ာင္းေပါင္း ၆၂-ေက်ာင္း မီးေဘးသင့္ခဲ့သည္။

သံဃာေတာ္ေပါင္း အပါး ၄၀၀-ခန႔္အထိ အတိဒုကၡေရာက္ရွာသည္။ ထိုအခါေမတၱာရွင္ ဆရာေတာ္ႀကီးသည္ မီးေဘးသင့္ သံဃာေတာ္မ်ားအား ပလာတာ ဆြမ္းကပ္ၿပီးလွ်င္ သံဃာေစ့ သကၤန္းဒြိစုံ၊ ထီး(သို႔)ဖိနပ္၊ ဆြမ္းဆန္စသည္တို႔ကို အခ်ိဳးက်ခြဲေဝ၍ လႉဒါန္းခဲ့ျပန္သည္။ စုစုေပါင္း တန္ဖိုးက်ပ္ ၉၀၀၀၀ိ/-ေက်ာ္ခန႔္ရွိေပသည္။

တိပိဋကဓရ ဆရာေတာ္ဘုရားႀကီး ဦးဝိစိတၱသာရာဘိဝံသသည္ သာသနာေရးအတြက္ သာမက လူမူေရးအတြက္ပါ အလႉဒါနမ်ား ျပဳခဲ့သည္။ မေရမတြက္ႏိုင္ေလာက္ေအာင္ မ်ားျပားလွသည္။ ယခုတင္ျပခ်က္မွာ လူမူေရး အလႉမ်ား အနက္ အခ်ိဳ႕တဝက္သာလွ်င္ျဖစ္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mmcelesmedia
# Unicode Version # ျဖင့္ ဖတ္ပါ #


ခြင်္သေ့ကြီးတစ်ကောင်ဆိုရင် ဘယ်လောက်ကုန်ကျမှာလဲ ဒကာကြီးရဲ့။ ပစ္စည်းဖိုးရော လက်ခပါ အပါအဝင်ဆိုရင် ခြင်္သေ့ရုပ်တစ်ကောင်ကို ၄၀၀၀ိ/-ကျော်လောက်ကုန်ကျပါမယ်။ နှစ်ကောင်ဆိုတော့ ၈၀၀၀ိ/-ကျော် ၉၀၀၀ိ/-လောက် ကုန်ကျပါမယ်ဘုရား။

ဒကာကြီးရယ် ဒီလောက်အကုန်အကျခံပြီး ပြုလုပ်ပေမယ့် ခြင်္သေ့နှစ်ကောင်အောက်မှာ မိုးရွာ နေပူလို့မှ လူတစ်ယောက် ခိုလှုံလို့ မရပါဘူး။ မလုပ်ချင်ပါနဲ့ ဒကာကြီးရာ။ သဘာဝခြင်္သေ့ကြီးတွေဆိုတော့ လူအများ အလှကြည့်ရတာပေါ့ဘုရား။ သဘာဝခြင်္သေ့ရုပ်ကို အလှကြည့်ချင်တာဖြင့် မန္တလေးက ဘုရားကြီးမြောက်ဘက်မုခ်ကို သွားကြည့်နိုင်ပါတယ်။ ဘုန်းကြီး တို့ ကျောင်းတိုက်မှာတော့ ဒီလောက်တန်ဖိုးများပြီး လူတစ်ယောက်မျှ အရိပ်မခို မနားရတဲ့ ဒကာကြီးရဲ့ သဘာ၀ ခြင်္သေ့နှစ်ကောင်ကို မလုပ်ချင်ပါနဲ့ ဒကာကြီးရယ်။

ဒါဖြင့်ရင် တပည့်တော်တို့ ဘာဆောက်လုပ်လှူရမလဲဘုရား။ တပည့်တော်တို့ အလှူဒါနပြုချင်လို့ပါ။ သည်လိုဆိုရင် မင်းကွန်းမှာ ကျေးလက်ကျန်းမာရေးဌာန အဆောက်အအုံလေးတစ်ခုရှိတယ်။ အဲဒီအဆောက်အအုံကလေးကို ကျေးရွာ က စုပြီးတော့ ဝါးထရံကာ၊ သက်ကယ်မိုးနဲ့ ဆောက်လုပ်ထားတယ်။ မကြာမီ ခြစားဖြစ်ပြီး ပြိုပျက်တော့မယ်။ စံချိန်မှီ ကျေးလက် ကျန်းမာရေးဆေးခန်း အဆောက်အဦးတစ်ခု ခိုင်ခိုင်ခံ့ခံ့ ဆောက်လုပ်လှူဒါန်းရင် အလွန်သင့်မြတ်မယ်။ ကျေးရွာလူထု ကျန်းမာရေးအတွက် အထူးအကျိုးများမယ် ဒကာကြီး။

ဤတွင် ဆရာတော်ကြီး၏ ညွှန်ပြဆုံးမချက်ကို ဝမ်းမြောက်ဝမ်းသာ နှစ်သက်လက်ခံကာ ကျောင်းဒကာ ဇနီးမောင်နှံသည် အုတ်ပတ်ကား၊ သွပ်မိုး၊ သစ်မာတို့ဖြင့် ထိုခေတ် ငွေကျပ် ၃၀၀၀၀ိ/-ကျော်တန် စံချိန်မှီ ကျေးလက် ကျန်းမာရေး ဆေးပေး ဌာန အဆောက်အအုံကို အခိုင်အခံ့ ဆောက်လုပ် လှူဒါန်းခဲ့ပေသည်။ အဆိုပါအလှူရှင် ကျောင်းဒကာ ဇနီးမောင်နှံကား မန္တလေးမြို့မှ ကျောင်းဒကာကြီး ဦးဖိုးမှီနှင့်ဒေါ်ရွှေညွှန့်တို့ဖြစ်သည်။ ဆရာတော်ကြီးကား တိပိဋကဓရ ဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသပင် ဖြစ်ပေသည်။

လွန်ခဲ့သော ၃၃နှစ်၊ ၁၃၃၃ ခုနှစ်က မိုးကုတ်မြို့မှ ကျောင်းဒကာကြီး ဦးဘရှင်းနှင့် သားသမီးတို့က ဆရာတော်ကြီး၏ ဓမ္မနာဒကျောင်းတိုက်တွင် သိန်းကျော်တန် ဓမ္မာရုံကြီးကို ဆောက်လုပ်လှူဒါန်းလိုကြောင်း လျှောက်ထားကြသည်။ ထိုအခါဆရာတော်ကြီးက ဓမ္မနာဒကျောင်းတိုက်မှာ ဓမ္မာရုံရှိပြီးဖြစ်နေတယ်။ နောက်ထပ်ပြီး ဆောက်လုပ်ရင် အဟောသိကံ ဖြစ်နိုင်တယ်။ လူထုအတွက် အကျိုးများမယ့် တိုက်နယ်ဆေးရုံ တစ်ခုဆောက်လုပ်နိုင်ရင် ပိုအကျိုးထူးမယ် ဟူ၍ မိန့်တော်မူသည်။

ဦးဘရှင်းနှင့်သားသမီးတို့လည်း နှစ်သက်ဝမ်းမြောက်စွာပင် ဆရာတော်ကြီး၏ ဆန္ဒအတိုင်း မင်းကွန်းတိုက်နယ်ဆေးရုံကို ဆောက်လုပ် လှူဒါန်းခဲ့ကြသည်။ တိုက်နယ်ဆေးရုံနှင့်တကွ ဆရာဝန်နေရန် အိမ်၊ အမှုထမ်းများနေရန် နေအိမ်များ၊ ဂိလာနသံဃာဆောင်၊ ကူးစက်ရောဂါဆောင်၊ လူနာရှင် ဧည့်ရိပ်သာဆောင်၊ သောက်ရေကန်စသည်တို့ အပါအဝင် အားလုံးအတွက် ကျပ်ငွေငါးသိန်းကျော် တန်ဖိုးရှိလေသည်။ ထို့ပြင် တိုက်နယ်ဆေးရုံထောက်ပံ့ရေး ရန်ပုံငွေကိုလည်း အမြဲဖွင့်လှစ်ထားရန် ဆရာတော်ကြီးကပင် ဦးဆောင်ညွှန်ပြတော်မူခဲ့သည်။

ဆရာတော်ကြီး၏ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်ကို ကြည်ညိုလွန်းသဖြင့် အနယ်နယ်အရပ်ရပ်မှ ဒကာဒကာမများ သည် ဆရာတော်ကြီးကို ဝတ္ထုပစ္စည်းများဖြင့် စေတနာသဒ္ဓါထက်သန်စွာ လှူဒါန်းပူဇော်ခဲ့ကြသည်။ ဆရာတော်ကြီးသည် ယင်းတို့ကို သာသနာတော်အတွက် အကျိုးရှိမည့်ပုဂ္ဂိုလ်၊ အရပ်၊ ဌာနတို့သို့ တစ်ဖန်ပြန်လည်စွန့်ကြဲလှူဒါန်းခဲ့လေသည်။ ထို့ပြင် လူထုအတွက်လည်း လူမှုရေးဆိုင်ရာ အလှူများ အံ့ချီးဖွယ် ပြတော်မူခဲ့သည်။

ဆရာတော်ကြီးသည် မင်းကွန်း တိုက်နယ်အတွင်းရှိ လူငယ်လူရွယ်တို့ ပညာရေးအတွက် လိုအပ်သော မူလတန်း စာသင်ကျောင်းကို လည်း ဆောက်လုပ် လှူဒါန်းခဲ့သည်။ အုတ်နံရံကပ် နှစ်ထပ် အလယ်တန်းကျောင်းကြီးကိုလည်း လှူဒါန်းခဲ့သည်။ ဆရာ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများအတွက် သောက်ရေကန် တည်ဆောက်၍လည်း လှူဒါန်းခဲ့သည်။ ယခုအခါ မင်းကွန်းအလယ်တန်းကျောင်းသည် ဆရာတော်ကြီး၏ အကူအညီအထောက်အပံ့ဖြင့် တွဲဖက် အထက်တန်းကျောင်းကိုပါ ဖွင့်လှစ်နိုင်နေပြီဖြစ်ပါသည်။

ဆရာတော်ကြီးသည် မိမိဇာတိဖြစ်သော မြင်းခြံမြို့နယ်၊ ကျည်းပင်ရွာကျောင်းအနီး ချောင်းရိုးကိုလည်း သွားရေး လာရေး လွယ်ကူရန် ကျောက်တံတား၊ ကျောက်လမ်းခင်းပေးခဲ့သည်။ သဲဖြူဝရွာနှင့် သင်္ဘောဆိပ်အသွားတွင် ချောင်းရိုးကိုဖြတ်၍ တံတားတစ်ခုလည်း ဆောက်လုပ် လှူဒါန်းခဲ့သည်။ သဲဖြူဝနှင့်ကျည်းပင်ရွာရှိ ကလေးများ စာသင်ရာ မူလတန်း နှစ်ထပ်ကျောင်းနှစ်ဆောင်ကိုလည်း ဆောက်လုပ်လှူဒါန်းတော်မူခဲ့သည်။

ဆရာတော်ကြီးသည် မိမိအတွက် မရှိလျှင်မဖြစ်သော ရဟန်းအသုံးအဆောင်တို့ကိုသာ သုံးဆောင်တော်မူသည်။ ရိုးရိုးပင် နေထိုင်စားသောက် ဘုန်းပေးတော်မူသည်။ ၁၃၁၈ခုနှစ်၊ သင်္ဂါယနာအောင်ပွဲနှင့် သာသနာ ၂၅၀၀-ပြည့်၊ ဗုဒ္ဓဇယန္တီပွဲတော် ကျင်းပချိန်တွင် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား မှန်လုံရုရှကားကြီးတစ်စီး အပြီးအပိုင် လှူဒါန်းသည်။ ဆရာတော်ကြီးက လက်မခံပေ။

ဘုန်းကြီးဟာ တောမှာနေတဲ့ ဘုန်းကြီးပါ။ ဒီလို ကားမျိုးစီးလို့ မလျော်ပါဘူး။ အပြီးအပိုင် အလှူ မခံပါရစေနဲ့။ အစိုးရ စေတနာကိုငဲ့ပြီး သင်္ဂါယနာအောင်ပွဲပြီးရုံအထိသာ အသုံးပြုပါရစေဟူ၍ မိန့်တော်မူကာ ၅-ရက်မျှသာ အသုံးပြု တော်မူခဲ့သည်။ ထို့နောက် နိုင်ငံတော်အား ပြန်၍စွန့်လှူ လိုက်လေသည်။ ဆရာတော်ကြီးသည် သူကိုယ်တိုင် ခြိုးခြံစွာ ကျင့်သုံးနေထိုင်သော်လည်း ဆင်းရဲနွမ်းပါးသော ရဟန်းရှင်လူများကိုမူ တတ်စွမ်းသမျှ ပေးလှူလေ့ ရှိပေသည်။

လွန်ခဲ့သော ၃၇-နှစ်၊ ၁၃၃၉-ခုနှစ်၊ တန်ခူးလက မန္တလေးတောင်ပြင်တွင် မီးအကြီးအကျယ်လောင်ကျွမ်းခဲ့သည်။ ဘုန်းတော်ကြီးကျောင်း အတော်များများ မီးထဲပါသွားသည်။ မီးဘေးသင့် သံဃာတော်များအတိ ဒုက္ခရောက်ခဲ့ကြသည်။ ထိုအခါ ဆရာတော်ကြီးသည် စုစုပေါင်း သံဃာတော် ၂၅၀ကျော်အတွက် မိမိ၌ ရှိသမျှသော သင်္ကန်း၊ ထီး၊ ဖိနပ်၊ စောင်၊ မျက်နှာသုပ်ပဝါ၊ ဆပ်ပြာ၊ ဆန်၊ ဆီ၊ ဆား၊ ပဲတို့ကို အချိုးကျ ခွဲဝေ၍ လှူဒါန်းခဲ့သည်။ စုစုပေါင်းတန်ဖိုးကျပ် ၆၀၀၀၀ိ/- ကျော်ခန့် ရှိလေသည်။

လွန်ခဲ့သော ၃၄-နှစ်၊ ၁၉၈၁-ခုနှစ် မေလတွင် မန္တလေး၌ မီးအကြီးအကျယ်လောင်ကျွမ်းစဉ် ဘုန်းတော်ကြီးကျောင်း ကျောင်းတိုက်ပေါင်း ၁၅တိုက်၊ ကျောင်းပေါင်း ၆၂-ကျောင်း မီးဘေးသင့်ခဲ့သည်။

သံဃာတော်ပေါင်း အပါး ၄၀၀-ခန့်အထိ အတိဒုက္ခရောက်ရှာသည်။ ထိုအခါမေတ္တာရှင် ဆရာတော်ကြီးသည် မီးဘေးသင့် သံဃာတော်များအား ပလာတာ ဆွမ်းကပ်ပြီးလျှင် သံဃာစေ့ သင်္ကန်းဒွိစုံ၊ ထီး(သို့)ဖိနပ်၊ ဆွမ်းဆန်စသည်တို့ကို အချိုးကျခွဲဝေ၍ လှူဒါန်းခဲ့ပြန်သည်။ စုစုပေါင်း တန်ဖိုးကျပ် ၉၀၀၀၀ိ/-ကျော်ခန့်ရှိပေသည်။

တိပိဋကဓရ ဆရာတော်ဘုရားကြီး ဦးဝိစိတ္တသာရာဘိဝံသသည် သာသနာရေးအတွက် သာမက လူမူရေးအတွက်ပါ အလှူဒါနများ ပြုခဲ့သည်။ မရေမတွက်နိုင်လောက်အောင် များပြားလှသည်။ ယခုတင်ပြချက်မှာ လူမူရေး အလှူများ အနက် အချို့တဝက်သာလျှင်ဖြစ်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mmcelesmedia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top