လူတိုင္းကေတာ့ အခ်စ္ခံခ်င္ၿပီး ဂ႐ုစိုက္ခံခ်င္ၾကတဲ့ သူေတြခ်ည္းပါပဲ။ သမီးရည္းစား ဆက္ဆံေရးမွာဆို ပိုလို႔ေတာင္ လိုလားၾကပါတယ္။ ဒါေပမဲ့ Relationship တစ္ခုမွာ တစ္ေယာက္ကိုတစ္ေယာက္ ခ်စ္ေန႐ံုနဲ႔ မၿပီးပါဘူး။ တစ္ေယာက္ကိုတစ္ေယာက္ နားလည္မႈေပးရမယ္၊ ကိုယ္ခ်င္းစာစိတ္ ေမြးရမယ္၊ တစ္ေယာက္က အႏိုင္လိုခ်င္တဲ့အခါ အျခားတစ္ေယာက္က အေလ်ာ့ေပးတတ္ရပါတယ္။

တစ္ဖက္လူက အေလ်ာ့ေပးတိုင္းလည္း ကိုယ္ကခ်ည္း အႏိုင္ယူခ်င္လို႔မရပါဘူး။ မေလ်ာ့မတင္း ေစာင္းႀကိဳးညင္း ဆိုတဲ့စကားအတိုင္း သူ တင္းတဲ့အခါ ကိုယ္ကေလ်ာ့၊ ကိုယ္ တင္းတဲ့အခါ သူကေလ်ာ့မယ္ဆိုရင္ ႀကိဳးမျပတ္ေတာ့ပါဘူး။

စာဖတ္သူေရာ ကိုယ္ခ်စ္တဲ့ ခ်စ္သူေလးနဲ႔ သက္ဆံုးတိုင္ ေရႊလက္တြဲသြားခ်င္ပါသလား။ ခ်စ္ရတဲ့ ကိုယ့္ရဲ႕ ခ်စ္သူနဲ႔ ေပ်ာ္ရႊင္ၾကည္ႏူးဖြယ္ေကာင္းၿပီး ေရ႐ွည္တည္တံ့ခိုင္ၿမဲတဲ့ Relationship တစ္ခု တည္ေဆာက္ခ်င္တယ္ဆိုရင္ အခုေဖာ္ျပေပးမယ့္ အေျခခံအခ်က္ေလးေတြကို သိထားဖို႔ လိုမယ္ေနာ္။

႐ိုးသားမႈ ႐ွိပါ

သမီးရည္းစား ဆက္ဆံေရးမွ မဟုတ္ပါဘူး။ သူငယ္ခ်င္း မိတ္ေဆြ အေပါင္းအသင္းေတြနဲ႔ ေပါင္းသင္းဆက္ဆံတဲ့အခါမွာလည္း ႐ိုးသားမႈ႐ွိရပါမယ္။ ကိုယ့္ခ်စ္သူနဲ႔က တစ္ဘဝလံုး လက္တြဲသြားရမွာ ျဖစ္တဲ့အတြက္ ႐ိုးသားမႈက ပိုလို႔ေတာင္ အေရးႀကီးပါတယ္။

ခ်ဳပ္ျခယ္မႈ မျပဳလုပ္ပါနဲ႔

လူတိုင္းက လြတ္လပ္မႈကို ျမတ္ႏိုးၾကပါတယ္။ အထူးသျဖင့္ ေယာက်ာ္းေလးေတြက ေနရထိုင္ရတာ က်ဥ္းၾကပ္လာရင္၊ ကိုယ့္ကို ခ်ဳပ္ျခယ္လြန္းလို႔ ပိတ္ေလွာင္ခံေနရတယ္လို႔ ခံစားလာရၿပီဆိုရင္ အဲ့ဒီ Relationship က ဘယ္လိုမွ အေျခအေနေကာင္းႏိုင္မွာ မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ ေလ်ာ့သင့္တဲ့ေနရာမွာ ေလ်ာ့၊ ခ်ဳပ္သင့္တဲ့ေနရာမွာ ပညာသားပါပါနဲ႔ ခ်ဳပ္တတ္ရပါမယ္။

ပြင့္လင္းမႈ ႐ွိပါ

ကိုယ္က ခ်စ္လို႔ တစ္ဘဝလံုးစာအတြက္ ရည္ရြယ္ထားတယ္ဆိုရင္ တစ္ေယာက္နဲ႔တစ္ေယာက္ လွ်ိဳ႕ဝွက္ခ်က္ေတြ မထားဘဲ ပြင့္လင္းမႈ ႐ွိရပါမယ္။ အခက္အခဲ ႀကံဳလာတဲ့အခါ တစ္ေယာက္တည္း မရင္ဆိုင္ဘဲ တစ္ေယာက္နဲ႔ တစ္ေယာက္ တိုင္တိုင္ပင္ပင္ ညွိညွိႏႈိင္းႏႈိင္းေလးနဲ႔ ရင္ဆိုင္ ေျဖ႐ွင္းမယ္ဆိုရင္ သံေယာဇဥ္ႀကိဳးေတြ ပိုလို႔ေတာင္ ခိုင္မာလာပါလိမ့္မယ္။

အေကာင္းျမင္စိတ္႐ွိပါ

တစ္ဖက္သား ျပဳလုပ္တဲ့ အျပဳအမူတိုင္းကို ကိုယ့္ဘက္က ေက်နပ္တင္းတိမ္ေရာင့္ရဲမႈ မ႐ွိဘဲ အဆိုးျမင္စိတ္နဲ႔ ေဝဖန္မႈ မျပဳလုပ္သင့္ပါဘူး။ ဥပမာ ကိုယ့္ကို လာႀကိဳတဲ့အခ်ိန္ေနာက္က်ေနမယ္ဆိုရင္ ေရာက္ေရာက္ခ်င္းမွာ ေဆာက္နဲ႔ထြင္းသလို “ဘာလုပ္ေနလို႔ အခုမွလာတာလဲ၊ ဘာလို႔ ေနာက္က်ေနတာလဲ” စတဲ့ အေမာဆို႔ေစမယ့္ စကားလံုးေတြနဲ႔ ေဝဖန္ျပစ္တင္ေနမယ့္အစား အက်ိဳးသင့္ အေၾကာင္းသင့္ ေမးျမန္းၾကည့္ပါ။

လူတိုင္းက သူ႔အခက္အခဲနဲ႔ သူ ႐ွိတတ္ၾကပါတယ္။ သင္ မသိေသးတဲ့ အိမ္တြင္းေရး ျပႆနာေတြ ဒါမွမဟုတ္ အလုပ္မွာ ျပႆနာတစ္ခုခု ႀကံဳလာရတာတို႔ လမ္းမွာ မေတာ္တဆမႈ တစ္ခုခု ႀကံဳလာရတာမ်ိဳးလည္း ျဖစ္ေနႏိုင္ပါတယ္။

မိမိ ကိုယ္ကို အခ်ိန္ေပးပါ

ခ်စ္သူတစ္ေယာက္ရလာၿပီဆိုတာနဲ႔ ကိုယ့္ရဲ႕ ႐ွိသမွ်အခ်ိန္အကုန္လံုးကို သူ႔တစ္ေယာက္တည္းကိုပဲ ပံုေအာေပးထားတာမ်ိဳး မျဖစ္ပါေစနဲ႔။ တစ္ဖက္သူက သူ႔ကို တြယ္ကပ္လိုက္တာ ဆိုတဲ့ အျမင္မ်ိဳး ထင္ျမင္သြားေအာင္ မျပဳလုပ္မိဖို႔ အေရးႀကီးပါတယ္။ ကိုယ့္ အားလပ္ခ်ိန္ေလးမွာ သူငယ္ခ်င္းေတြနဲ႔ ေ႐ွာ့ပင္ထြက္တာ၊ မုန္႔ထြက္စားတာ၊ ဒါမွမဟုတ္ ကိုယ့္ဘာသာ အိမ္မွာ နားနားေနေန ေနရင္း အသားအေရလွေအာင္ မ်က္ႏွာေပါင္းတင္ေနတာမ်ိဳး၊ ဗဟုသုတ တိုးပြားေအာင္ စာဖတ္ေနတာမ်ိဳး ျပဳလုပ္ေပးလိုက္ပါ။ သူမ်ားကို မခ်စ္ခင္ ကိုယ့္ကိုယ္ကို အရင္ ခ်စ္တတ္ေအာင္ ႀကိဳးစားလိုက္ပါ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Mystyle

#Unicode Version#
လူတိုင်းကတော့ အချစ်ခံချင်ပြီး ဂရုစိုက်ခံချင်ကြတဲ့ သူတွေချည်းပါပဲ။ သမီးရည်းစား ဆက်ဆံရေးမှာဆို ပိုလို့တောင် လိုလားကြပါတယ်။ ဒါပေမဲ့ Relationship တစ်ခုမှာ တစ်ယောက်ကိုတစ်ယောက် ချစ်နေရုံနဲ့ မပြီးပါဘူး။ တစ်ယောက်ကိုတစ်ယောက် နားလည်မှုပေးရမယ်၊ ကိုယ်ချင်းစာစိတ် မွေးရမယ်၊ တစ်ယောက်က အနိုင်လိုချင်တဲ့အခါ အခြားတစ်ယောက်က အလျော့ပေးတတ်ရပါတယ်။

တစ်ဖက်လူက အလျော့ပေးတိုင်းလည်း ကိုယ်ကချည်း အနိုင်ယူချင်လို့မရပါဘူး။ မလျော့မတင်း စောင်းကြိုးညင်း ဆိုတဲ့စကားအတိုင်း သူ တင်းတဲ့အခါ ကိုယ်ကလျော့၊ ကိုယ် တင်းတဲ့အခါ သူကလျော့မယ်ဆိုရင် ကြိုးမပြတ်တော့ပါဘူး။

စာဖတ်သူရော ကိုယ်ချစ်တဲ့ ချစ်သူလေးနဲ့ သက်ဆုံးတိုင် ရွှေလက်တွဲသွားချင်ပါသလား။ ချစ်ရတဲ့ ကိုယ့်ရဲ့ ချစ်သူနဲ့ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ Relationship တစ်ခု တည်ဆောက်ချင်တယ်ဆိုရင် အခုဖော်ပြပေးမယ့် အခြေခံအချက်လေးတွေကို သိထားဖို့ လိုမယ်နော်။

ရိုးသားမှု ရှိပါ

သမီးရည်းစား ဆက်ဆံရေးမှ မဟုတ်ပါဘူး။ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါမှာလည်း ရိုးသားမှုရှိရပါမယ်။ ကိုယ့်ချစ်သူနဲ့က တစ်ဘဝလုံး လက်တွဲသွားရမှာ ဖြစ်တဲ့အတွက် ရိုးသားမှုက ပိုလို့တောင် အရေးကြီးပါတယ်။

ချုပ်ခြယ်မှု မပြုလုပ်ပါနဲ့

လူတိုင်းက လွတ်လပ်မှုကို မြတ်နိုးကြပါတယ်။ အထူးသဖြင့် ယောကျာ်းလေးတွေက နေရထိုင်ရတာ ကျဉ်းကြပ်လာရင်၊ ကိုယ့်ကို ချုပ်ခြယ်လွန်းလို့ ပိတ်လှောင်ခံနေရတယ်လို့ ခံစားလာရပြီဆိုရင် အဲ့ဒီ Relationship က ဘယ်လိုမှ အခြေအနေကောင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် လျော့သင့်တဲ့နေရာမှာ လျော့၊ ချုပ်သင့်တဲ့နေရာမှာ ပညာသားပါပါနဲ့ ချုပ်တတ်ရပါမယ်။

ပွင့်လင်းမှု ရှိပါ

ကိုယ်က ချစ်လို့ တစ်ဘဝလုံးစာအတွက် ရည်ရွယ်ထားတယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် လျှို့ဝှက်ချက်တွေ မထားဘဲ ပွင့်လင်းမှု ရှိရပါမယ်။ အခက်အခဲ ကြုံလာတဲ့အခါ တစ်ယောက်တည်း မရင်ဆိုင်ဘဲ တစ်ယောက်နဲ့ တစ်ယောက် တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းလေးနဲ့ ရင်ဆိုင် ဖြေရှင်းမယ်ဆိုရင် သံယောဇဉ်ကြိုးတွေ ပိုလို့တောင် ခိုင်မာလာပါလိမ့်မယ်။

အကောင်းမြင်စိတ်ရှိပါ

တစ်ဖက်သား ပြုလုပ်တဲ့ အပြုအမူတိုင်းကို ကိုယ့်ဘက်က ကျေနပ်တင်းတိမ်ရောင့်ရဲမှု မရှိဘဲ အဆိုးမြင်စိတ်နဲ့ ဝေဖန်မှု မပြုလုပ်သင့်ပါဘူး။ ဥပမာ ကိုယ့်ကို လာကြိုတဲ့အချိန်နောက်ကျနေမယ်ဆိုရင် ရောက်ရောက်ချင်းမှာ ဆောက်နဲ့ထွင်းသလို “ဘာလုပ်နေလို့ အခုမှလာတာလဲ၊ ဘာလို့ နောက်ကျနေတာလဲ” စတဲ့ အမောဆို့စေမယ့် စကားလုံးတွေနဲ့ ဝေဖန်ပြစ်တင်နေမယ့်အစား အကျိုးသင့် အကြောင်းသင့် မေးမြန်းကြည့်ပါ။

လူတိုင်းက သူ့အခက်အခဲနဲ့ သူ ရှိတတ်ကြပါတယ်။ သင် မသိသေးတဲ့ အိမ်တွင်းရေး ပြဿနာတွေ ဒါမှမဟုတ် အလုပ်မှာ ပြဿနာတစ်ခုခု ကြုံလာရတာတို့ လမ်းမှာ မတော်တဆမှု တစ်ခုခု ကြုံလာရတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။

မိမိ ကိုယ်ကို အချိန်ပေးပါ

ချစ်သူတစ်ယောက်ရလာပြီဆိုတာနဲ့ ကိုယ့်ရဲ့ ရှိသမျှအချိန်အကုန်လုံးကို သူ့တစ်ယောက်တည်းကိုပဲ ပုံအောပေးထားတာမျိုး မဖြစ်ပါစေနဲ့။ တစ်ဖက်သူက သူ့ကို တွယ်ကပ်လိုက်တာ ဆိုတဲ့ အမြင်မျိုး ထင်မြင်သွားအောင် မပြုလုပ်မိဖို့ အရေးကြီးပါတယ်။ ကိုယ့် အားလပ်ချိန်လေးမှာ သူငယ်ချင်းတွေနဲ့ ရှော့ပင်ထွက်တာ၊ မုန့်ထွက်စားတာ၊ ဒါမှမဟုတ် ကိုယ့်ဘာသာ အိမ်မှာ နားနားနေနေ နေရင်း အသားအရေလှအောင် မျက်နှာပေါင်းတင်နေတာမျိုး၊ ဗဟုသုတ တိုးပွားအောင် စာဖတ်နေတာမျိုး ပြုလုပ်ပေးလိုက်ပါ။ သူများကို မချစ်ခင် ကိုယ့်ကိုယ်ကို အရင် ချစ်တတ်အောင် ကြိုးစားလိုက်ပါ။


ဖိုးသူတော်(www.phothutaw.com)
Credit:Mystyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top