က်ဴးးေက်ာ္မ်ားကိုလိႈင္သာယာရွိ ေျမဧကသံုးရာတြင္ အစားထိုးေနရာခ်ထားေပးရန္ စီစဥ္ေန

စမတ္ကတ္ရရွိထားေသာ လိႈင္သာယာမွ က်ဴးေက်ာ္မ်ားကို ယင္းၿမိဳ႕နယ္အတြင္း ဧကသံုးရာခန္႔ရွိသည့္ ေျမကြက္လပ္တစ္ခုတြင္ အစားထိုးေနရာခ်ထားေပးရန္ စီစဥ္ေနေၾကာင္း လိႈင္သာယာၿမိဳ႕နယ္၊ မဲဆႏၵ နယ္အမွတ္(၂)မွ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမတ္မင္းသူက ေျပာသည္။

လိႈင္သာယာၿမိဳ႕နယ္ရွိ ေျမဧက သံုးရာတြင္ က်ဴးေက်ာ္မ်ားကို ေနရာခ်ေပးရန္အတြက္ လိႈင္သာယာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ေျပာၾကားခဲ့ၿပီး အေသးစိတ္အခ်က္အလက္မ်ားကို ထပ္မံေဆြးေႏြးရန္ လိုအပ္ေသးေၾကာင္း ၎က ဆိုသည္။တိုင္းအစိုးရအဖြဲ႔က က်ဴးေက်ာ္ေတြကို ေျမေနရာခ်ေပးဖို႔ စီစဥ္ေနတုန္းပါ။

ၿပီးခဲ့တဲ့ရက္ပိုင္းက ဝန္ႀကီးခ်ဳပ္နဲ႔ေတြ႔တဲ့ အခ်ိန္မွာ ဒီလိုမ်ိဳးေဆာင္႐ြက္ဖို႔ေျပာတယ္။ ေဆာင္႐ြက္တဲ့ေနရာမွာ အေသးစိတ္ေတြ ေဆြးေႏြးဖို႔ လိုပါေသးတယ္။ ဘယ္ေနရာေပၚမွာ က်ဴးေက်ာ္ေတြကို ဘယ္လိုပံုစံမ်ိဳးထားမလဲ၊ ေဆာက္မလဲေဆြးေႏြးဖို႔ ရွိပါေသးတယ္”ဟု ဦးျမတ္မင္းသူက ေျပာသည္။

ယင္းသို႔ ေနရာခ်ထားေပးရာတြင္ က်ဴးေက်ာ္ စမတ္ကတ္ရရွိထားသူမ်ား၊ အမွန္တကယ္ ေနထိုင္ရန္ အခက္အခဲရွိ သူမ်ားႏွင့္ မီးေဘးသင့္ျပည္သူမ်ားကို ဦးစားေပး ေနရာခ်ထားရန္ စီစဥ္ထားေၾကာင္း ၎က ဆိုသည္။ရန္ကုန္တိုင္းေဒသႀကီး အစိုးရအေန ႏွင့္ ရန္ကုန္ရွိ က်ဴးေက်ာ္မ်ားေနထိုင္ရန္ အိမ္ရာမ်ားကို တြံေတး-လိႈင္သာယာကား လမ္းအေနာက္ဘက္ျခမ္းရွိ ေျမဧကေပါင္း ၂၈၀၀ တြင္ ေဆာက္လုပ္ရန္ စီစဥ္ထားေသာ္လည္း လက္ရွိအခ်ိန္အထိ အေကာင္အထည္ေဖာ္တည္ေဆာက္ႏိုင္ျခင္း မရွိေသးေၾကာင္း လိႈင္သာယာၿမိဳ႕နယ္တြင္းရွိ က်ဴးေက်ာ္စမတ္ကတ္ရရွိသူမ်ားက ေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း လိႈင္သာယာႏွင့္ ဒဂံုၿမိဳ႕သစ္ဆိပ္ကမ္းၿမိဳ႕နယ္တို႔တြင္ က်ဴးေက်ာ္ေနထိုင္သူအမ်ား ဆံုးရွိကာ ေကာက္ယူရရွိထားသည့္ စာရင္းမ်ားအရ လိႈင္သာယာတြင္ က်ဴးေက်ာ္အိမ္ေထာင္စုေပါင္း ၃၀၀၀၀ ေက်ာ္ရွိၿပီး လူဦးေရ တစ္သိန္းေက်ာ္ေနထိုင္လ်က္ရွိေၾကာင္း က်ဴးစာရင္း ေကာက္ယူေရးအဖြဲ႔ထံမွ သိရသည္။က်ဴးေက်ာ္စာရင္းေကာက္ယူမႈကို ၂၀၁၆ ခုႏွစ္ စက္တင္ဘာလမွ စတင္ေကာက္ယူခဲ့ၿပီး ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လတြင္ ၿပီးစီးခဲ့ကာ ရန္ကုန္တိုင္းရွိၿမိဳ႕နယ္ ၃၇ ၿမိဳ႕နယ္မွ က်ဴးေက်ာ္ အိမ္ေထာင္စုေပါင္း တစ္သိန္းေျခာက္ေသာင္းေက်ာ္ကို စမတ္ကတ္ထုတ္ ေပးခဲ့ေၾကာင္း က်ဴးစာရင္းေကာက္ယူေရးအဖြဲ႔ထံမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:TheVoiceNews

#Unicode Version# ျဖင့္ဖတ္ပါ ။

ကျူးးကျော်များကိုလှိုင်သာယာရှိ မြေဧကသုံးရာတွင် အစားထိုးနေရာချထားပေးရန် စီစဉ်နေ

စမတ်ကတ်ရရှိထားသော လှိုင်သာယာမှ ကျူးကျော်များကို ယင်းမြို့နယ်အတွင်း ဧကသုံးရာခန့်ရှိသည့် မြေကွက်လပ်တစ်ခုတွင် အစားထိုးနေရာချထားပေးရန် စီစဉ်နေကြောင်း လှိုင်သာယာမြို့နယ်၊ မဲဆန္ဒ နယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။

လှိုင်သာယာမြို့နယ်ရှိ မြေဧက သုံးရာတွင် ကျူးကျော်များကို နေရာချပေးရန်အတွက် လှိုင်သာယာ လွှတ်တော်ကိုယ်စားလှယ်များကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပြီး အသေးစိတ်အချက်အလက်များကို ထပ်မံဆွေးနွေးရန် လိုအပ်သေးကြောင်း ၎င်းက ဆိုသည်။တိုင်းအစိုးရအဖွဲ့က ကျူးကျော်တွေကို မြေနေရာချပေးဖို့ စီစဉ်နေတုန်းပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက ဝန်ကြီးချုပ်နဲ့တွေ့တဲ့ အချိန်မှာ ဒီလိုမျိုးဆောင်ရွက်ဖို့ပြောတယ်။ ဆောင်ရွက်တဲ့နေရာမှာ အသေးစိတ်တွေ ဆွေးနွေးဖို့ လိုပါသေးတယ်။ ဘယ်နေရာပေါ်မှာ ကျူးကျော်တွေကို ဘယ်လိုပုံစံမျိုးထားမလဲ၊ ဆောက်မလဲဆွေးနွေးဖို့ ရှိပါသေးတယ်”ဟု ဦးမြတ်မင်းသူက ပြောသည်။

ယင်းသို့ နေရာချထားပေးရာတွင် ကျူးကျော် စမတ်ကတ်ရရှိထားသူများ၊ အမှန်တကယ် နေထိုင်ရန် အခက်အခဲရှိ သူများနှင့် မီးဘေးသင့်ပြည်သူများကို ဦးစားပေး နေရာချထားရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေ နှင့် ရန်ကုန်ရှိ ကျူးကျော်များနေထိုင်ရန် အိမ်ရာများကို တွံတေး-လှိုင်သာယာကား လမ်းအနောက်ဘက်ခြမ်းရှိ မြေဧကပေါင်း ၂၈၀၀ တွင် ဆောက်လုပ်ရန် စီစဉ်ထားသော်လည်း လက်ရှိအချိန်အထိ အကောင်အထည်ဖော်တည်ဆောက်နိုင်ခြင်း မရှိသေးကြောင်း လှိုင်သာယာမြို့နယ်တွင်းရှိ ကျူးကျော်စမတ်ကတ်ရရှိသူများက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လှိုင်သာယာနှင့် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တို့တွင် ကျူးကျော်နေထိုင်သူအများ ဆုံးရှိကာ ကောက်ယူရရှိထားသည့် စာရင်းများအရ လှိုင်သာယာတွင် ကျူးကျော်အိမ်ထောင်စုပေါင်း ၃၀၀၀၀ ကျော်ရှိပြီး လူဦးရေ တစ်သိန်းကျော်နေထိုင်လျက်ရှိကြောင်း ကျူးစာရင်း ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။ကျူးကျော်စာရင်းကောက်ယူမှုကို ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ စတင်ကောက်ယူခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် ပြီးစီးခဲ့ကာ ရန်ကုန်တိုင်းရှိမြို့နယ် ၃၇ မြို့နယ်မှ ကျူးကျော် အိမ်ထောင်စုပေါင်း တစ်သိန်းခြောက်သောင်းကျော်ကို စမတ်ကတ်ထုတ် ပေးခဲ့ကြောင်း ကျူးစာရင်းကောက်ယူရေးအဖွဲ့ထံမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:TheVoiceNews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top