ဖေ့ဘွတ်ကြောင့် မိသားစုပြိုကွဲပြီး အသက်ပါပေးလိုက်ရတဲ့သူငယ်ချင်းတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်
တကယ်ရှိတယ်
သူ့မိန်းမ Fb သုံးရင်းနဲ့ ယောက်ျားလေးတယောက်နဲ့စပြီး ခင်ပါတယ်….. အစကတော့ ရိုးရိုးသားသားပါ….” မင်္ဂလာပါ နေကောင်းလား ” စသည်ဖြင့်ပေါ့…..
Fbကို လွှဲမှားစွာ အသုံးပြုခဲ့တဲ့ ….သူတို့ကြောင့် ကြားထဲက အပြစ်မရှိတဲ့ကလေးတစ်ယောက် ပဲလှော်ကြားးဆားညပ် မြေစာပင် ဖြစ်ခဲ့ရပီလေ…..
# Unicode Version # ဖြင့် ဖတ်ပါ #
တကယ်ရှိတယ်
သူတို့မိသားစုဘဝထဲကို ဝင်ရောက်ဖျက်စီး သွားတဲ့အရာတခုက Fbမှာပါတဲ့ messenger လေးတခု ဆိုရင် မမှားပါဘူးး။
ဒီနေ့ခေတ် Online အသုံးပြုသူ တချို့ဟာ Fbဆိုတဲ့ ဆိတ်ကွယ်ရာ အရပ်ကနေ အိမ်ထောင်ရှိ တာ မရှိတာ နားမလည်ကြပဲ
ဒု သ န သော ဆိုတဲ့ အပြစ်ကို လူမသိ သူမသိ တချို့တွေ ကျူ းလွန် နေကြခြင်း ဖြစ်ပါတယ်။
ကျနော့် သူငယ်ချင်းးအကြောင်းးဆက်ရအောင်…..
သူ့နာမည် ကျော်မြင့် သူတို့မိသားစုက ဝန်ထမ်းတွေပါ….သမီးလေးတစ်ယောက် ရှိပါတယ်…..ဖြစ်ပုံက ဒီလိုပါ….
သူ့မိန်းမ Fb သုံးရင်းနဲ့ ယောကျ်ားလေးတယောက်နဲ့စပြီး ခင်ပါတယ်….. အစကတော့ ရိုးရိုးသားသားပါ….” မင်္ဂလာပါ နေကောင်းလား ” စသည်ဖြင့်ပေါ့…..
ကျနော့်သူငယ်ချင်းကလည်း သူတို့ ရိုးရိုးသားပဲဆိုတော့ ဒီအတိုင်းပဲထားလိုက်တယ် …..ဘာမှလည်းးထွေထွေထူးထူး ပြောမနေတော့ဘူး။
နောက်ပိုင်းကြတော့…..တနေ့ထက်တနေ့ အဲဒီလူနဲ့ အမြဲတမ်း စကားတွေ ပြောနေကြတာ သူတွေ့လာတယ်…..
တခါတလေ Free call တွေ ခေါ်ရင် သူ့မိန်းမက နောက်ဖေးကို သွားပီးပြောတာများတယ်….
အဲဒီ အချိန်ထိ ကျနော့်သူငယ်ချင်း ဘာမှမပြောသေးဘူး။နားလည်ပေးလိုက်တယ်။
သူ့မိန်မးက ခလေးကို ကျောင်းကြိုရမယ့်ဝတ္တရားတွေလည်း ပျက်လာတယ်…. ဖုန်းနဲ့မျက်နှာလည်း မခွာတော့ဘူးးဖြစ်လာတယ်….
တခါတော့ သူ့မိန်းမ ထမင်းချက်နေတုန်း ဖုန်းကို ယူကြည့်မိလိုက်တော့ သူတို့ ပို့ထားတဲ့ စာတွေကို တွေ့လိုက်ရတော့ ကျနော့် သူငယ်ချင်း သူ့မိန်းမကို သွားပီးးဆူတယ် ပြောတယ်။
သူ့မိန်းမက ဘာပြန်ပြောလဲဆိုတော့ ဘာဖြစ်လဲတဲ့ လိုင်းမှာဆိုတော့ တကယ်မဟုတ်ဘူးတဲ့ ….အပျော် စနေကြတာတဲ့…..
ကျနော့်သူငယ်ချင်းးနားလည်ပေးလိုက်တယ်….ဒါပေမယ့် သူ့စိတ်ထဲမှာတော့ ဘဝင်မကျဘူး…..
အပျော်ပဲ ဖြစ်ဖြစ် စတာပဲ ဖြစ်ဖြစ် ကိုယ့်မိန်းမ တခြားသူနဲ့ အဲလို ပြောထားတာတော့ ဘယ်သူက ဘဝင်ကျမှာတုန်းးဟုတ်ဘူးလား…..
နောက်ပိုင်းးသူ့မိန်းမက Fbက ကောင်နဲ့ချိန်းတွေ့တဲ့ အကြောင်းးသူ သိလာတယ်….သူ့မိန်းမကို သူရှင်းပြတယ် မိန်းမရယ်တဲ့မိန်းမမှားတာကို သူ ခွင့်လွှတ်တယ်တဲ့ …..
နောက် ဆက်ပြီးးမမှားပါနဲ့တော့ကွာ တဲ့ ….ကိုတို့မှာသမီးလေးလဲ ရှိတယ်လို့သူ ပြောတယ်…ဒါပေမယ့် ပြောလို့မရပါဘူးး။
သူ့မိန်းမ ရှေ့ဆက်တိုးတယ်လေ…..
တနေ့ကျသူ အလုပ်သွားနေတုန်း Fbက ကောင်နဲ့ ခိုးရာလိုက်ပြေးသွားတယ်….
ကျနော့်သူငယ်ချင်းးသူ့သမီးလေးကိုဖက်ပြီးအရမ်းငိုတယ်လေ သမီးးးးးသမီးးအမေ မရှိတော့ဘူး တဲ့ ခလေးက ဘာမှ မသိဘူးပေါ့….
ဒါနဲ့ သူ့မိဘဆီကို အကျိုးအကြောင်းပြောပြ ခလေးကို ထာခဲ့ လိုက်တယ်…..
အဲ့ဒီအချိန်ကနေ စပြီးးကျနော့် သူငယ်ချင်း အလုပ်လည်းးမသွားတော့ဘူး။အရက်တွေချည်းဖိသောက်တော့တာပါပဲ….
ကြာတော့ အလုပ်ကလည်းးထုတ်ခံလိုက်ရတယ်။သူ့မိန်းမ ကိစ္စနဲ့ပဲ နေ့စဉ် ရက်ဆက် အရက်တွေသောက်
ဒီလိုနေရင်းးတစ်လလောက်ရှိတော့ အရက်ကြောင့်ပဲ သူ လူ့လောကကြီးထဲကနေထွက်ခွာ သွားခဲ့ရတယ်….
Fbကို လွဲှမှားစွာ အသုံးပြုခဲ့တဲ့ ….သူတို့ကြောင့် ကြားထဲက အပြစ်မရှိတဲ့ကလေးတစ်ယောက် ပဲလှော်ကြားးဆားညပ် မြေစာပင် ဖြစ်ခဲ့ရပီလေ…..
ဒါ့ကြောင့် Fb သုံးတဲ့သူတချို့ကိုကျနော် ပြောလိုက်ပါရစေ…..Fb ကို လွဲမှားစွာ အသုံးမပြုမိပါစေနဲ့ လို့ပြောလိုက်ပါရစေ…
ဖိုးသူတော် (www.phothutaw.com)
Credit:တောင်ပံနီ လူလေး