Peter Jacobsson လို႔ အမည္ရတဲ့ အမ်ိဳးသားဟာ သူ႔ရဲ႕ လိင္အဂၤါကို ေသနတ္နဲ႔ ပစ္မိလို႔ ေဆး႐ုံကို အေျပးသြားခဲ့ရတယ္လို႔ သိရပါတယ္။ အသက္ ၃၂ႏွစ္ ရွိၿပီျဖစ္တဲ့ အဲဒီအမ်ိဳးသားဟာ အေမရိကန္ႏိုင္ငံ၊ နီဘတ္စ္စကာ ျပည္နယ္၊ လင္ကြန္းၿမိဳ႕မွာ ေနထိုင္သူ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ပစ္ခတ္မိခဲ့တာ ျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ ေဒသေဆး႐ုံမွာ ေဆးကုသမႈကို ခံယူေနတယ္လို႔ ေဒသခံသတင္းဌာနေတြက ေျပာပါတယ္။ ကံေကာင္းစြာနဲ႔ပဲ အသက္အႏၲရာယ္ရွိေလာက္တဲ့ အထိ မျဖစ္ခဲ့ေပမယ့္ ရဲဌာနနဲ႔ အျခားဌာနေတြက တရားစြဲဆိုျခင္းကို ခံထားရပါတယ္။

လင္ကြန္းရဲဌာနရဲ႕ တာဝန္ရွိသူ Luke Bonkiewicz ကေတာ့ ပစ္ခတ္မႈဟာ ဗုဒၶဟူးေန႔ ည ၈ နာရီေက်ာ္ေက်ာ္ခန႔္မွာ ျဖစ္ပြားခဲ့တာ ျဖစ္ၿပီး Peter Jacobsson ကိုယ္တိုင္က ရဲေတြကို အေၾကာင္းၾကားခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။ ရဲေတြအေနနဲ႔ကေတာ့ Peter Jacobsson ဟာ ေသနတ္ကို ေဘာင္းဘီမွာ ပါတဲ့ အိတ္ကပ္မွာ ထည့္ထားတာ ျဖစ္တယ္လို႔ ယူဆၿပီး မေတာ္တဆ ပစ္မိတာ ျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။

Peter Jacobsson ကို တရားမဝင္ လက္နက္ကိုင္ေဆာင္မႈနဲ႔ ေသနတ္ပစ္ခတ္မႈ၊ နာက်င္ေစမႈ စတာေတြအတြက္ တရားစြဲဆိုထားတယ္လို႔ သိရပါတယ္။

အေမရိကန္ႏိုင္ငံမွာ မေတာ္တဆ ေသနတ္ပစ္ခတ္မႈေတြ ျဖစ္ပြား မႈ ျမင့္တက္ေနၿပီး ၂၀၁၉ ခုႏွစ္၊ မတ္လအတြင္းမွာလည္း အင္ဒီယားနားျပည္နယ္မွာ ေနထိုင္တဲ့ အသက္ ၄၆ ႏွစ္အ႐ြယ္ အမ်ိဳးသားတဦးက သူ႔ရဲ႕ လိင္အဂၤါကို ေသနတ္နဲ႔ ပစ္ခတ္မိတဲ့အတြက္ ေဆး႐ုံတက္ရေသးတယ္လို႔ ရဲေတြက ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:irrawaddy
# Unicode Version # ျဖင့္ ဖတ္ပါ #


Peter Jacobsson လို့ အမည်ရတဲ့ အမျိုးသားဟာ သူ့ရဲ့ လိင်အင်္ဂါကို သေနတ်နဲ့ ပစ်မိလို့ ဆေးရုံကို အပြေးသွားခဲ့ရတယ်လို့ သိရပါတယ်။ အသက် ၃၂နှစ် ရှိပြီဖြစ်တဲ့ အဲဒီအမျိုးသားဟာ အမေရိကန်နိုင်ငံ၊ နီဘတ်စ်စကာ ပြည်နယ်၊ လင်ကွန်းမြို့မှာ နေထိုင်သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပစ်ခတ်မိခဲ့တာ ဖြစ်ပြီး အခုအချိန်မှာတော့ ဒေသဆေးရုံမှာ ဆေးကုသမှုကို ခံယူနေတယ်လို့ ဒေသခံသတင်းဌာနတွေက ပြောပါတယ်။ ကံကောင်းစွာနဲ့ပဲ အသက်အန္တရာယ်ရှိလောက်တဲ့ အထိ မဖြစ်ခဲ့ပေမယ့် ရဲဌာနနဲ့ အခြားဌာနတွေက တရားစွဲဆိုခြင်းကို ခံထားရပါတယ်။

လင်ကွန်းရဲဌာနရဲ့ တာဝန်ရှိသူ Luke Bonkiewicz ကတော့ ပစ်ခတ်မှုဟာ ဗုဒ္ဓဟူးနေ့ ည ၈ နာရီကျော်ကျော်ခန့်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး Peter Jacobsson ကိုယ်တိုင်က ရဲတွေကို အကြောင်းကြားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရဲတွေအနေနဲ့ကတော့ Peter Jacobsson ဟာ သေနတ်ကို ဘောင်းဘီမှာ ပါတဲ့ အိတ်ကပ်မှာ ထည့်ထားတာ ဖြစ်တယ်လို့ ယူဆပြီး မတော်တဆ ပစ်မိတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Peter Jacobsson ကို တရားမဝင် လက်နက်ကိုင်ဆောင်မှုနဲ့ သေနတ်ပစ်ခတ်မှု၊ နာကျင်စေမှု စတာတွေအတွက် တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံမှာ မတော်တဆ သေနတ်ပစ်ခတ်မှုတွေ ဖြစ်ပွား မှု မြင့်တက်နေပြီး ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းမှာလည်း အင်ဒီယားနားပြည်နယ်မှာ နေထိုင်တဲ့ အသက် ၄၆ နှစ်အရွယ် အမျိုးသားတဦးက သူ့ရဲ့ လိင်အင်္ဂါကို သေနတ်နဲ့ ပစ်ခတ်မိတဲ့အတွက် ဆေးရုံတက်ရသေးတယ်လို့ ရဲတွေက ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top