ၾသရိႆ ျပည္နယ္ဆီ ဝင္ေရာက္လာႏိုင္တယ္ ဆိုင္ကလုန္းမုန္တိုင္းအတြက္ အိႏၵိယ ျပင္ဆင္ေနၿပီး ေရတပ္ကို တပ္လွန႔္ထား
ဘဂၤလားပင္လယ္ေအာ္အတြင္း ျဖစ္ေပၚေနတဲ့ အပူပိုင္း ဆိုင္ကလုန္းမုန္တိုင္း ဖန္နီဟာ ေလတိုက္ႏႈန္း တစ္နာရီကို ၁၂၇ မိုင္ ရွိေနၿပီး အိႏၵိယ၊ ၾသရိႆျပည္နယ္ဆီ ေသာၾကာေန႔မွာ ဝင္ေရာက္တိုက္ခတ္လာဖြယ္ရာ ရွိေနပါတယ္။
အလြန္႔္အလြန္ အားျပင္း ဖန္နီဆိုင္ကလုန္းမုန္တိုင္းဟာ အေရွ႕ဖက္ကမ္းေျခဆီ ဦးတည္လာေနတာေၾကာင့္ အိႏၵိယႏိုင္ငံအေနနဲ႔ ဗုဒၶဟူးေန႔မွာ အေရးေပၚအမႈထမ္းေတြ တပ္ျဖန႔္ခ်ထားၿပီး ေရတပ္ကိုလည္း အသင့္ရွိေနဖို႔ အမိန႔္ေပးထားပါတယ္။
မုန္တိုင္းဒဏ္ကို ရင္ဆိုင္ရဖြယ္ ရွိေနတာေၾကာင့္ ကမ္း႐ိုးတန္း ခ႐ိုင္ေတြက ေဒသခံ ေထာင္ေသာင္းမ်ားစြာကို ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းၾကဖို႔ အာဏာပိုင္ေတြက အမိန႔္ထုတ္ထားပါတယ္။
အိမ္နီးခ်င္း ကမ္း႐ိုးတန္းျပည္နယ္ေတြျဖစ္တဲ့ အင္ဒဟာပရာဒက္ရွ္နဲ႔ တမီလ္နာဒူးျပည္နယ္ေတြမွာလည္း သတိေပးခ်က္ေတြ ထုတ္ျပန္ထားပါတယ္။
ဘဂၤလားပင္လယ္ေအာ္ အေနာက္လယ္ပိုင္း ဧရိယာက ပင္လယ္ျပင္အေျခအေနဟာ သာမန္မရွိဘဲ ထူးထူးျခားျခား ျဖစ္ေနေၾကာင္း အိႏၵိယ အမ်ိဳးသား သဘာဝေဘးစီမံခန႔္ခြဲေရး အာဏာပိုင္႐ုံး NDMA က ထုတ္ျပန္ပါတယ္။
“တံငါသည္ေတြကို အဲဒီ ေရျပင္ဧရိယာဖက္ေတြဆီ မသြားဖို႔ အႀကံျပဳထားတယ္။”လို႔ NDMA ႐ုံးက တြစ္္တာမွာ ေရးသားပါတယ္။
အႏၲရာယ္ေဘး ခံရဖို႔မ်ားတဲ့ ကေလးေတြ၊ အမ်ိဳးသမီးေတြနဲ႔ သက္ႀကီး႐ြယ္အိုေတြကို ေ႐ြးထုတ္ၿပီး မုန္တိုင္းဒဏ္ခံ ခိုလႈံေရးစခန္းေတြဆီ ပို႔ေဆာင္ေပးဖို႔ ေဒသအာဏာပိုင္ေတြကို ၫႊန္ၾကားထားေၾကာင္း အထူးကယ္ဆယ္ေရး ေကာ္မရွင္နာ႐ုံးက ဆိုပါတယ္။
“အစားအစာေတြ၊ ေသာက္သုံးေရေတြ၊ လွ်ပ္စစ္မီး၊ က်န္းမာေရးေစာင့္ေရွာက္မႈနဲ႔ ေရဆိုးေရညစ္စနစ္ေတြအတြက္ ႀကိဳတင္ျပင္ဆင္ထားၿပီး ျဖစ္ပါတယ္။”လို႔ အဆိုပါ ေကာ္မရွင္နာ႐ုံးက ထုၾတ္ပန္ထားပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:mizzimaburmese
#Unicode Version#
ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်နေတဲ့ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း ဖန်နီဟာ လေတိုက်နှုန်း တစ်နာရီကို ၁၂၇ မိုင် ရှိနေပြီး အိန္ဒိယ၊ သြရိဿပြည်နယ်ဆီ သောကြာနေ့မှာ ဝင်ရောက်တိုက်ခတ်လာဖွယ်ရာ ရှိနေပါတယ်။
အလွန့်အလွန် အားပြင်း ဖန်နီဆိုင်ကလုန်းမုန်တိုင်းဟာ အရှေ့ဖက်ကမ်းခြေဆီ ဦးတည်လာနေတာကြောင့် အိန္ဒိယနိုင်ငံအနေနဲ့ ဗုဒ္ဓဟူးနေ့မှာ အရေးပေါ်အမှုထမ်းတွေ တပ်ဖြန့်ချထားပြီး ရေတပ်ကိုလည်း အသင့်ရှိနေဖို့ အမိန့်ပေးထားပါတယ်။
မုန်တိုင်းဒဏ်ကို ရင်ဆိုင်ရဖွယ် ရှိနေတာကြောင့် ကမ်းရိုးတန်း ခရိုင်တွေက ဒေသခံ ထောင်သောင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားပါတယ်။
အိမ်နီးချင်း ကမ်းရိုးတန်းပြည်နယ်တွေဖြစ်တဲ့ အင်ဒဟာပရာဒက်ရှ်နဲ့ တမီလ်နာဒူးပြည်နယ်တွေမှာလည်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားပင်လယ်အော် အနောက်လယ်ပိုင်း ဧရိယာက ပင်လယ်ပြင်အခြေအနေဟာ သာမန်မရှိဘဲ ထူးထူးခြားခြား ဖြစ်နေကြောင်း အိန္ဒိယ အမျိုးသား သဘာဝဘေးစီမံခန့်ခွဲရေး အာဏာပိုင်ရုံး NDMA က ထုတ်ပြန်ပါတယ်။
“တံငါသည်တွေကို အဲဒီ ရေပြင်ဧရိယာဖက်တွေဆီ မသွားဖို့ အကြံပြုထားတယ်။”လို့ NDMA ရုံးက တွစ်တာမှာ ရေးသားပါတယ်။
အန္တရာယ်ဘေး ခံရဖို့များတဲ့ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေကို ရွေးထုတ်ပြီး မုန်တိုင်းဒဏ်ခံ ခိုလှုံရေးစခန်းတွေဆီ ပို့ဆောင်ပေးဖို့ ဒေသအာဏာပိုင်တွေကို ညွှန်ကြားထားကြောင်း အထူးကယ်ဆယ်ရေး ကော်မရှင်နာရုံးက ဆိုပါတယ်။
“အစားအစာတွေ၊ သောက်သုံးရေတွေ၊ လျှပ်စစ်မီး၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ရေဆိုးရေညစ်စနစ်တွေအတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။”လို့ အဆိုပါ ကော်မရှင်နာရုံးက ထုြတ်ပန်ထားပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:mizzimaburmese