ရန္ကုန္တိုင္း၊ တိုက္ႀကီးၿမိဳ႕နယ္၊ အေဖ်ာက္ၿမိဳ႕မွာ ေမ ၇ ရက္ ညေန ၄ နာရီေက်ာ္ေလာက္က ေလျပင္းတိုက္ခတ္တာေၾကာင့္ ၿမိဳ႕ေပၚ ၄ ရပ္ကြက္နဲ႔ ေက်းရြာအုပ္စု ၃ အုပ္စုက အိမ္ေျခ ၃၄၀ ေက်ာ္ ပ်က္စီးဆုံး႐ႈံးသြားပါတယ္။
59754356_799833517083026_657169651721043968_n
ေလာေလာဆယ္ရရွိထားတဲ့ စာရင္းအရ  ေလျပင္းေၾကာင့္ ၿပိဳက်တဲ့ ေနအိမ္ ၂၂ လုံး၊ အမိုးလန္ပ်က္စီးသြားတဲ့အိမ္ ၃၂၆ လုံးနဲ႔ ဘုန္းႀကီးေက်ာင္း ၂ေက်ာင္းရွိၿပီး ဓာတ္တိုင္ ၆ တိုင္ က်ဳိးသြားတယ္လို႔ တိုက္ႀကီးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန ဒုဦးစီးအရာရွိ ဦးေအာင္ေက်ာ္ကေျပာပါတယ္။
59929252_2918290388309959_5263011898990788608_o
“ တန္ဖိုးေငြက်ပ္ ၃၃၅ သိန္းေက်ာ္ဖိုးေလာက္ရွိမယ္။ ေနာက္ထပ္ အပ်က္အစီးေတြ ရွိေသးတယ္ ေျပာလို႔ စာရင္းလိုက္ေကာက္ေနတယ္။ ၿပီးတာနဲ႔ လူကယ္ျပန္ကို တင္ျပသြားမယ္”
60078026_799833667083011_5744541654870654976_n
အေဖ်ာက္ၿမိဳ႕ ၃ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးဦးသန္းထြန္းက “က်ေနာ့္ရပ္ကြက္မွာ အမိုးလန္ ပ်က္စီးတဲ့အိမ္က ၃၅ လုံး၊ ၿပိဳက်သြားတာက ၂ လုံး၊ တျခားရပ္ကြက္ေတြလည္းျဖစ္တယ္။ ေလကေတာ္ေတာ္ျပင္းတယ္ တိုက္သြားတာ။ က်ေနာ္ရပ္ကြက္တင္ က်ပ္ သိန္း ၁၀၀ ေက်ာ္ဖိုးခန္႔ရွိမယ္ ပ်က္စီးသြားတာ”လို႔ေျပာပါတယ္။

ေလျပင္းတိုက္ခတ္ခဲ့လို႔ အေဖ်ာက္ၿမိဳ႕နားက ငါးလာေခ်ာင္းေက်းရြာအုပ္စု၊ အုန္းပင္ကြင္းေ က်းရြာအုပ္စုႏွင့္ ေရေပၚေသာင္ ေက်းရြာအုပ္စုေတြမွာလည္း ေနအိမ္ေတြ  အမိုးလန္ ၿပိဳက်ပ်က္စီးခဲ့ပါတယ္။

ေလေဘးသင့္ေက်းရြာေတြမွာ ေနထိုင္ၾကတဲ့  ေဒသခံ ေတြကေတာ့ လက္ရွိမွာ နီးစပ္ရာေနရာေတြကို သြားေရာက္ၿပီး  အဆင္ေျပသလို ေနထိုင္ေနၾကတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: ေမသြယ္DVB

#Unicode Version#
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့မှာ မေ ၇ ရက် ညနေ ၄ နာရီကျော်လောက်က လေပြင်းတိုက်ခတ်တာကြောင့် မြို့ပေါ် ၄ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၃ အုပ်စုက အိမ်ခြေ ၃၄၀ ကျော် ပျက်စီးဆုံးရှုံးသွားပါတယ်။

လောလောဆယ်ရရှိထားတဲ့ စာရင်းအရ  လေပြင်းကြောင့် ပြိုကျတဲ့ နေအိမ် ၂၂ လုံး၊ အမိုးလန်ပျက်စီးသွားတဲ့အိမ် ၃၂၆ လုံးနဲ့ ဘုန်းကြီးကျောင်း ၂ကျောင်းရှိပြီး ဓာတ်တိုင် ၆ တိုင် ကျိုးသွားတယ်လို့ တိုက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုဦးစီးအရာရှိ ဦးအောင်ကျော်ကပြောပါတယ်။

“ တန်ဖိုးငွေကျပ် ၃၃၅ သိန်းကျော်ဖိုးလောက်ရှိမယ်။ နောက်ထပ် အပျက်အစီးတွေ ရှိသေးတယ် ပြောလို့ စာရင်းလိုက်ကောက်နေတယ်။ ပြီးတာနဲ့ လူကယ်ပြန်ကို တင်ပြသွားမယ်”

အဖျောက်မြို့ ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးသန်းထွန်းက “ကျနော့်ရပ်ကွက်မှာ အမိုးလန် ပျက်စီးတဲ့အိမ်က ၃၅ လုံး၊ ပြိုကျသွားတာက ၂ လုံး၊ တခြားရပ်ကွက်တွေလည်းဖြစ်တယ်။ လေကတော်တော်ပြင်းတယ် တိုက်သွားတာ။ ကျနော်ရပ်ကွက်တင် ကျပ် သိန်း ၁၀၀ ကျော်ဖိုးခန့်ရှိမယ် ပျက်စီးသွားတာ”လို့ပြောပါတယ်။

လေပြင်းတိုက်ခတ်ခဲ့လို့ အဖျောက်မြို့နားက ငါးလာချောင်းကျေးရွာအုပ်စု၊ အုန်းပင်ကွင်းေ ကျးရွာအုပ်စုနှင့် ရေပေါ်သောင် ကျေးရွာအုပ်စုတွေမှာလည်း နေအိမ်တွေ  အမိုးလန် ပြိုကျပျက်စီးခဲ့ပါတယ်။

လေဘေးသင့်ကျေးရွာတွေမှာ နေထိုင်ကြတဲ့  ဒေသခံ တွေကတော့ လက်ရှိမှာ နီးစပ်ရာနေရာတွေကို သွားရောက်ပြီး  အဆင်ပြေသလို နေထိုင်နေကြတယ်လို့ သိရပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit: မေသွယ်DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top