


Credit:burmese.asia

#Unicode Version# ဖြင့်ဖတ်ပါ ။

မကြာသေးမီကမှ အဆိုတော်ချမ်းချမ်းရဲ့ အလှအပနဲ့ပတ်သက်ပြီး ကိုရီးယားသရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ Rain နဲ့ သူ့ရဲ့ဇနီးဖြစ်သူ ကင်ထယ်ဟီး တို့က ချီးကျူးခဲ့ကြတာ ပရိသတ်တွေအားလုံးသိပြီး ဖြစ်မှာပါ ။ ချမ်းချမ်း ခန္ဓာကိုယ်ပိန်ပိန်ပါးပါးနဲ့ အနောက်တိုင်းဆန်တဲ့ ရုပ်ရည်ကြောင့် မြန်မာလူမျိုးတွေ အမြင်မှာ မလှဘူးလို့ထင်ရပေမယ့် နိုင်ငံခြားသား တွေရဲ့အမြင်မှာတော့ အရမ်းလှပြီး စွဲဆောင်မှုရှိတဲ့ ပုံဖြစ်ကြောင်းကို တချို့ပရိသတ်တွေက သိပေမယ့် မသိသေးတဲ့ ပရိသတ်တွေလည်းရှိနေပါသေးတယ် ။ ချမ်းချမ်းနဲ့ပတ်သက်ပြီး MRTV-4 က အစီစဉ်တင်ဆက်သူ ဇင်အောင်က သူ့ရဲ့အမြင်လေးတွေကို ပရိသတ်ကို မျှဝေပးခဲ့ပါတယ် …။

ဇင်အောင်က ချမ်းချမ်း ကို သူ ဒီအလုပ်စဝင်ကတည်းက သိခဲ့တာဖြစ်ပြီး ချမ်းချမ်း model စလုပ်တော့ model တယောက်အနေနဲ့ သိပ်သဘောကျခဲ့တာလို့သိရပါတယ် ။ မြန်မာ မျက်စိနဲ့ ကြည့်ရင် သူ ကိုယ်တိုင်လည်းအဲ့ဒီ့တုန်းက လှတယ်ကိုမထင်တာလို့ ဇင်အောင်က ပြောပြခဲ့ပါတယ်

“ သူ ကျွန်တော့်ဘေးမှာ အမှတ်မထင် သီချင်းညီးတော့ ကောင်းလိုက်တဲ့ အသံ ….. သူအဆိုတော် အဖြစ် အရမ်းအောင်မြင် လာပြီးတဲ့ အချိန်မှာလည်း စိတ်ဓါတ်ကမပြောင်းလဲ…မိဘ ကို လုပ်ကျွေးတဲ့သမီးအလိမ္မာ ….. အိမ်ထောင်ရေးမှာလည်း တာဝန်ကျေတဲ့သူ ……….မိခင် ဖြစ်တော့လည်း လစ်ဟင်းတဲ့သူမဟုတ် ..နောက် သူက အရမ်းပွင့်လင်းဟန်မဆောင်တတ် ဒဲ့သမားး အဲ့ဒီမှာ ….တရာဖိုး၃ ကျပ် package သုံးသူတွေနဲ့ စတွေ့တာဘဲ ..လူတွေကိုလည်းနားလည်ပါတယ့်… သဘာဝတရားဘဲလေ… ဒါပေမယ့်လေ ..တခါတလေ … ကိုယ့်ရဲ့သိမ်ငယ်လူရာမဝင်မှုတွေကို … …မခံစားနိုင်တဲ့အဆုံး …. ဒီလိုရုန်းကန်ကြိုးစားနေတဲ့ သူတွေအပေါ်မှာ လာဖြေသိမ့်နေသလိုဘဲ..ကိုယ့်နဲ့သူ ကိုယ်ချင်းစာရင်းး …. သုံးသပ်ကြည့်ပါလား ..အသိတရားလေးဝင်သွားရင် အကုသိုလ်နည်းတာပေါ့..ချမ်းချမ်း က … သိပ်တော်တဲ့သူတစ်ယောက်ပါ …. ပရိတ်သတ်ကိုအရမ်းချစ်ပါတယ်ပြောပြီးး ကိုယ့်ကျင့်သိက္ခာမထိန်းတဲ့သူတွေနဲ့ ဘဲ တန်တယ် …..တချို့တွေက “ ဆိုတဲ့စာသးနဲ့အတူချမ်းချမ်းပေါ် သူ့ရဲ့ထင်မြင်ချက်လေးကို ရေးသားခဲ့တာဖြစ်ပါတယ်

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top