ရြာေလးတစ္ရြာက လူငယ္ေလးတစ္ေယာက္ဟာ သူ႔ခ်စ္ႀကိဳက္ေနတဲ့ မိန္းကေလးနဲ႔ လက္ထပ္ၿပီး မၾကာခင္မွာ အေဝးတေနရာကို အလုပ္လုပ္ဖို႔ ထြက္သြားတယ္။

သူဟာ ဆင္းရဲလြန္းလို႔ မိန္းမကို ခ်မ္းခ်မ္းသာသာ ထားခ်င္လို႔ပါ။ သူက သူ႔အေပၚမွာ သစၥာရွိဖို႔ မိန္းမကို မွာၿပီး ထြက္ခြာသြားတယ္။

ရြာတစ္ရြာကို ေရာက္သြားၿပီး အသက္ႀကီးႀကီး လယ္သမားႀကီးတစ္ေယာက္ဆီမွာ အလုပ္ဝင္လုပ္လိုက္တယ္။

လယ္သမားႀကီးဟာ ႐ိုးသားၿပီး ပညာဉာဏ္ရွိပံုရတယ္။ လူငယ္ေလးက အဖိုးႀကီးနဲ႔ အလုပ္မဝင္ခင္မွာ သေဘာတူညီခ်က္တစ္ခု ယူလိုက္တယ္။

အဲဒါက သူကို ထမင္းေကၽြးဖို႔နဲ႔ သူ႔ရဲ႕လုပ္အားခေတြကို သိမ္းထားေပးဖို႔ရယ္၊ သူအလုပ္ထြက္တဲ့အခါ လုပ္အားခအားလံုးကို ျပန္ေပးဖို႔ပါ။ အဖိုးႀကီးကလည္း သေဘာတူတယ္။

လူငယ္ေလးဟာ အလုပ္ကို ႀကိဳးစားလုပ္တယ္။ အဖိုးႀကီးက သူ႔ကို အေတာ္ေလး သေဘာက်တယ္။

သူ အဲဒီမွာ အလုပ္လုပ္ေနတာ အႏွစ္ ၂၀ ၾကာသြားၿပီ။ သူ႔မိန္းမဆီကိုလည္း တစ္ေခါက္မွ ျပန္မေရာက္လို႔ အိမ္ျပန္ခ်င္စိတ္ေပၚလာတယ္။

ဒါနဲ႔ သူက အဖိုးႀကီးကို ေျပာတယ္။ သူအလုပ္ထြက္ေတာ့မွာမို႔ သူ႔လုပ္အားခေတြကို အားလံုး ျပန္ေပးပါလို႔။

အဖိုးျကီးက အိတ္ႀကီးတစ္လံုးကို လူငယ္ (အခုေတာ့ အသက္ ၄၀ ရွိၿပီေပါ့)ရဲ႕ ေရွ႕က စားပြဲေပၚမွာ တင္လိုက္ၿပီး ခုလို ေျပာလိုက္တယ္။

“ငါတို႔ သေဘာတူထားတဲ့အတိုင္း အႏွစ္ ၂၀ လုပ္ခဲ့တဲ့ မင္းရဲ႕ လုပ္အားခပိုက္ဆံေတြအားလံုး ဒီအိတ္ႀကီးထဲမွာ ရွိတယ္။

ငါ မင္းကို အၾကံ ၃ ခုေပးခ်င္တယ္။ အဲဒီအၾကံေတြကို ယူမယ္ဆိုရင္ မင္းရဲ႕ လုပ္အားခေတြကို ယူသြားလို႔ မရဘူး။

ဒါမွမဟုတ္ ငါေပးတဲ့ အၾကံေတြကို မယူခ်င္ဘူးဆိုရင္ ပိုက္ဆံေတြကို ယူၿပီး မင္းအိမ္ကို ျပန္လို႔ရၿပီ။ မင္းကို တစ္ရက္ စဥ္းစားခ်ိန္ေပးမယ္”

လူငယ္ဟာ တေနကုန္ စဥ္းစားတယ္။ အဖိုးႀကီးရဲ႕ အၾကံေတြကို ယူရမလား။ ပိုင္ဆံပဲ ယူလိုက္ရမလား။

ဒါေပမဲ့ အဖိုးႀကီးဟာ ပညာဉာဏ္နဲ႔ ျပည့္စံုသူမို႔ တန္ဖိုးရွိတဲ့ အၾကံေတြ ျဖစ္မယ္လို႔ ေတြးမိၿပီး သူေပးတဲ့ အၾကံ ၃ ခုကို ယူဖို႔ ဆံုးျဖတ္လိုက္တယ္။

ေနာက္တေန႔ မနက္မွာ သူက အဖိုးႀကီးကို အၾကံေပးတာကို ယူမယ္။ ပိုက္ဆံမယူေတာ့ဘူးလို႔ ေျပာျပလိုက္လို႔ အဖိုးႀကီးက သူ႔ကို ခုလို အၾကံ ၃ ခုေပးလိုက္တယ္။

၁။ ဘယ္ေတာ့မွ ျဖတ္လမ္းကို မလိုက္နဲ႔။ အသက္အႏၲရာယ္ရွိတယ္။

၂။ ဘယ္ေတာ့မွ မစပ္စုနဲ႔။ မေကာင္းဆိုးဝါးကို စပ္စုမိရင္ ေသတတ္တယ္။

၃။ စိတ္ဆိုးေနခ်ိန္မွာ ဘယ္ေတာ့မွ ဆံုးျဖတ္ခ်က္မခ်နဲ႔။ အဲလို လုပ္မိတဲ့အတြက္ ေနာင္တရခ်ိန္မွာ ေနာက္က်သြားၿပီ။

လူငယ္လည္း အဖိုးႀကီးကို ဦးခ်ကန္ေတာ့ၿပီး သူ႔ရြာကို အျမန္ခရီးႏွင္ပါေတာ့တယ္။

ႏွစ္ေပါင္း ၂၀ ၾကာၿပီဆိုေတာ့ သူ႔ရြာကို သြားတဲ့ လမ္းကို မမွတ္မိေတာ့ဘဲ လမ္းရွာမရ ျဖစ္ေနတယ္။

လူစိမ္းတစ္ေယာက္သူ႔အနားကို ေရာက္လာၿပီး ဘာျဖစ္ေနတာလဲလို႔ ေမးတယ္။ လူငယ္က ရြာကို ျပန္ဖို႔ လမ္းရွာမေတြ႕လို႔ပါလို႔ ေျပာတယ္။

ဟိုလူက ရြာကို အျမန္ေရာက္ခ်င္ရင္ ျဖတ္လမ္းရွိတယ္။ သူ႔နဲ႔ လိုက္ခဲ့လို႔ ေျပာတယ္။ သူလည္း လိုက္မလို႔ လုပ္ရင္း အဖိုးႀကီးရဲ႕ ပထမအၾကံကို သြားသတိရမိတယ္။

“ဘယ္ေတာ့မွ ျဖတ္လမ္းကို မလိုက္နဲ႔။ အသက္အႏၲရာယ္ရွိတယ္”

ဒါေၾကာင့္ သူဟာ မလိုက္ေတာ့ဘူးလို႔ ေျပာလိုက္တယ္။ အမွန္က ဟိုလူဟာ ဓါးျပဂိုဏ္းတစ္ခုက အဖြဲ႕သားပါ။

သူဟာ ခရီးသြားေတြကို လမ္းျပေပးမယ္လို႔ညာေျပာၿပီး သူ႔အဖြဲ႕သားေတြရွိတဲ့ ေနရာကို ေရာက္တဲ့အခါ ပစၥည္းယူ လူသတ္ေနက်ပါ။

လူငယ္လည္း ခရီးဆက္ရင္းညမိုးခ်ဳပ္လာလို႔ တည္းခိုခန္းတစ္ခုမွာ ဝင္တည္းလိုက္တယ္။ ခရီးပန္းလြန္းလို႔ အိပ္ေမာက်သြားတယ္။

ညသန္းေခါင္ယံအခ်ိန္မွာ တည္းခိုခန္းအျပင္ဖက္ကစူးစူးဝါးဝါး ေအာ္သံေတြ ၾကားရတယ္။ သူဟာ သူ႔အခန္းတံခါးကို ဖြင့္ၿပီး ၾကည့္မလို႔ ၾကံလိုက္တယ္။ ေနာက္ေတာ့ အဖိုးႀကီးရဲ႕ ဒုတိယအၾကံ ေခါင္းထဲ ေပၚလာတယ္။

– “ဘယ္ေတာ့မွ မစပ္စုနဲ႔။ မေကာင္းဆိုးဝါးကို စပ္စုမိရင္ ေသတတ္တယ္”

ဒါေၾကာင့္ သူဟာ တံခါးဖြင့္မၾကည့္ေတာ့ဘဲ အိပ္ယာထဲဝင္ ျပန္အိပ္လိုက္တယ္။ မနက္က်ေတာ့ တည္းခိုခန္းပိုင္ရွင္က သူ႔ကို ညက ေအာ္သံေတြေၾကာင့္ တံခါးဖြင့္မၾကည့္ဘူးလားလို႔ ေမးတယ္။

သူက မၾကည့္ဘူးလို႔ ျပန္ေျဖတယ္။ ပိုင္ရွင္က သူ႔ကို ခုလို ေျပာျပတယ္။

“ခင္ဗ်ားဟာ အသက္ရွင္လ်က္နဲ႔ ဒီတည္းခိုခန္းက ပထမဆံုးထြက္သြားရတဲ့သူပါ။

ခင္ဗ်ားအရင္က လာတည္းၾကသူေတြဟာ ညေရာက္လို႔ ေအာ္သံၾကားတာနဲ႔ အခန္းတံခါးဖြင့္ၾကည့္ၾကတဲ့အခါ မေကာင္းဆိုးဝါးတစ္ေကာင္က သူတို႔ကို ေတာထဲကို ကိုက္ခ်ီယူသြားၿပီး စားပစ္လိုက္တယ္”

ေနာက္ဆံုးေတာ့ လူငယ္ဟာ သူ႔အိမ္ကို ညပိုင္းမွာ ေရာက္သြားပါတယ္။ အိမ္တံခါးကို ေခါက္မလို႔ လုပ္ေနတုန္း မီးေရာင္ေအာင္မွာ

သူ႔မိန္းမကို လူတစ္ေယာက္နဲ႔ စားပြဲတစ္ခုမွာ ရင္းရင္းနီးနီး ထိုင္စကားေျပာေနတာကို ျပဳတင္းေပါက္ကေန ေတြ႕လိုက္တယ္။

သူဟာ ႐ုတ္တရက္ အရမ္းစိတ္ဆိုးသြားတယ္။ အိမ္ထဲဝင္ၿပီး သစၥာမရွိတဲ့ မိန္းမနဲ႔ အဲဒီလူကို ပါလာတဲ့ ဓါးနဲ႔ ခုတ္သတ္မလို႔ ၾကံရြယ္လိုက္တယ္။ ဒီအခါမွာလည္း အဖိုးႀကီးရဲ႕ တတိယအၾကံကို သြားသတိရလိုက္တယ္။

“စိတ္ဆိုးေနခ်ိန္မွာ ဘယ္ေတာ့မွ ဆံုးျဖတ္ခ်က္မခ်နဲ႔။ အဲလို လုပ္မိတဲ့အတြက္ ေနာင္တရခ်ိန္မွာ ေနာင္က်သြားၿပီ”

ဒါနဲ႔ ဓါးနဲ႔ ခုတ္ဖို႔ အၾကံကို လက္ေလွ်ာ့လိုက္ၿပီး အိမ္ေရွ႕တံခါးအျပင္ဖက္မွာ ေမာေမာနဲ႔ အိပ္ေပ်ာ္သြားတယ္။

မနက္မိုးလင္းေတာ့ သူ႔မိန္းမက အိမ္ေရွ႕တံခါးကို ဖြင့္လိုက္ေတာ့ အိပ္ေမာက်ေနတဲ့ သူ႔ေယာက္်ားကို ေတြ႕လိုက္တယ္။

မိန္းမဟာ သူ႔ကို ဖက္ၿပီး ငိုေနတယ္။ သူလည္း မိန္းမကို တြန္းပစ္မလို႔ လုပ္တယ္။ဒါေပမဲ့ မတြန္းျဖစ္ေတာ့ပဲ မိန္းမကို ျပန္ဖက္ရင္း ခုလို ေမးလိုက္တယ္။

“ညတုန္းက မင္းနဲ႔ စားပြဲမွာ ထိုင္စကားေျပာေနတာ ဘယ္သူလဲ”

“အဲဒါ ရွင့္သားေလ။ ရွင္ ရြာက ထြက္သြားတုန္းက ကၽြန္မမွာ ရွင္နဲ႔ရခဲ့တဲ့ ကိုယ္ဝန္က်န္ခဲ့တယ္။ ရွင့္သားက အခု အသက္ ၂၀ ရွိၿပီ။ အခု သူ႔အခန္းထဲမွာ အိပ္ေပ်ာ္ေနတယ္”

လူငယ္ (အခု လူႀကီး)ဟာ သူ႔ရဲ႕လုပ္အားခပိုက္ဆံေတြကို မယူဘဲ အဖိုးႀကီးရဲ႕ အၾကံ ၃ ခုကို ယူမိလိုက္တာ မွန္လိုက္ေလျခင္းလို႔ စိတ္ထဲက ေရရြတ္ေနလိုက္တယ္။

ပံုျပင္က မဆံုးေသးပါ။

လူငယ္ဟာ အဖိုးႀကီးကို ကန္ေတာ့ၿပီး ထြက္လာခါနီးမွာ အဖိုးႀကီးက ေပါင္မုန္႔ထုတ္ ၃ ထုတ္ကို ေပးလိုက္ပါတယ္။

အစိမ္းေရာင္စကၠဴနဲ႔ ပတ္ထားတဲ့ ေပါင္မုန္႔ ၂ ထုတ္ကို လမ္းမွာ စားဖို႔နဲ႔ အနီေရာင္စကၠဴနဲ႔ ပတ္ထားတဲ့ ေပါင္မုန္႔ကို သူ႔အိမ္ျပန္ေရာက္မွ မိန္းမနဲ႔ အတူစားဖို႔ မွာလိုက္ပါတယ္။

လူငယ္လည္း မိန္းမနဲ႔ အဆင္ေျပသြားၿပီမို႔ ေရမိုးခ်ိဳးၿပီး ဗိုက္ဆာလာတာနဲ႔ တစ္ခုခု စားခ်င္လာတယ္။ အဲဒီအခါက်မွ အဖိုးႀကီး ေပးလိုက္တဲ့ အနီေရာင္စကၠဴပတ္ထားတဲ့ ေပါင္မုန္႔ကို သတိရမိတယ္။

မိန္းမကို အတူလာစားဖို႔ ေခၚလိုက္ၿပီး ေပါင္မုန္႔ထုတ္ကို ဖြင့္ၾကည့္လိုက္ေတာ့ ေရႊဒဂၤါးျပားေတြကို ေတြ႕လိုက္ရတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဗန္းေမာ္သိန္းေဖ
# Unicode Version # ျဖင့္ ဖတ္ပါ #

ရွာလေးတစ်ရွာက လူငယ်လေးတစ်ယောက်ဟာ သူ့ချစ်ကြိုက်နေတဲ့ မိန်းကလေးနဲ့ လက်ထပ်ပြီး မကြာခင်မှာ အဝေးတနေရာကို အလုပ်လုပ်ဖို့ ထွက်သွားတယ်။

သူဟာ ဆင်းရဲလွန်းလို့ မိန်းမကို ချမ်းချမ်းသာသာ ထားချင်လို့ပါ။ သူက သူ့အပေါ်မှာ သစ္စာရှိဖို့ မိန်းမကို မှာပြီး ထွက်ခွာသွားတယ်။

ရွာတစ်ရွာကို ရောက်သွားပြီး အသက်ကြီးကြီး လယ်သမားကြီးတစ်ယောက်ဆီမှာ အလုပ်ဝင်လုပ်လိုက်တယ်။

လယ်သမားကြီးဟာ ရိုးသားပြီး ပညာဉာဏ်ရှိပုံရတယ်။ လူငယ်လေးက အဖိုးကြီးနဲ့ အလုပ်မဝင်ခင်မှာ သဘောတူညီချက်တစ်ခု ယူလိုက်တယ်။

အဲဒါက သူကို ထမင်းကျွေးဖို့နဲ့ သူ့ရဲ့လုပ်အားခတွေကို သိမ်းထားပေးဖို့ရယ်၊ သူအလုပ်ထွက်တဲ့အခါ လုပ်အားခအားလုံးကို ပြန်ပေးဖို့ပါ။ အဖိုးကြီးကလည်း သဘောတူတယ်။

လူငယ်လေးဟာ အလုပ်ကို ကြိုးစားလုပ်တယ်။ အဖိုးကြီးက သူ့ကို အတော်လေး သဘောကျတယ်။

သူ အဲဒီမှာ အလုပ်လုပ်နေတာ အနှစ် ၂၀ ကြာသွားပြီ။ သူ့မိန်းမဆီကိုလည်း တစ်ခေါက်မှ ပြန်မရောက်လို့ အိမ်ပြန်ချင်စိတ်ပေါ်လာတယ်။

ဒါနဲ့ သူက အဖိုးကြီးကို ပြောတယ်။ သူအလုပ်ထွက်တော့မှာမို့ သူ့လုပ်အားခတွေကို အားလုံး ပြန်ပေးပါလို့။

အဖိုးကြီးက အိတ်ကြီးတစ်လုံးကို လူငယ် (အခုတော့ အသက် ၄၀ ရှိပြီပေါ့)ရဲ့ ရှေ့က စားပွဲပေါ်မှာ တင်လိုက်ပြီး ခုလို ပြောလိုက်တယ်။

“ငါတို့ သဘောတူထားတဲ့အတိုင်း အနှစ် ၂၀ လုပ်ခဲ့တဲ့ မင်းရဲ့ လုပ်အားခပိုက်ဆံတွေအားလုံး ဒီအိတ်ကြီးထဲမှာ ရှိတယ်။

ငါ မင်းကို အကြံ ၃ ခုပေးချင်တယ်။ အဲဒီအကြံတွေကို ယူမယ်ဆိုရင် မင်းရဲ့ လုပ်အားခတွေကို ယူသွားလို့ မရဘူး။

ဒါမှမဟုတ် ငါပေးတဲ့ အကြံတွေကို မယူချင်ဘူးဆိုရင် ပိုက်ဆံတွေကို ယူပြီး မင်းအိမ်ကို ပြန်လို့ရပြီ။ မင်းကို တစ်ရက် စဉ်းစားချိန်ပေးမယ်”

လူငယ်ဟာ တနေကုန် စဉ်းစားတယ်။ အဖိုးကြီးရဲ့ အကြံတွေကို ယူရမလား။ ပိုင်ဆံပဲ ယူလိုက်ရမလား။

ဒါပေမဲ့ အဖိုးကြီးဟာ ပညာဉာဏ်နဲ့ ပြည့်စုံသူမို့ တန်ဖိုးရှိတဲ့ အကြံတွေ ဖြစ်မယ်လို့ တွေးမိပြီး သူပေးတဲ့ အကြံ ၃ ခုကို ယူဖို့ ဆုံးဖြတ်လိုက်တယ်။

နောက်တနေ့ မနက်မှာ သူက အဖိုးကြီးကို အကြံပေးတာကို ယူမယ်။ ပိုက်ဆံမယူတော့ဘူးလို့ ပြောပြလိုက်လို့ အဖိုးကြီးက သူ့ကို ခုလို အကြံ ၃ ခုပေးလိုက်တယ်။

၁။ ဘယ်တော့မှ ဖြတ်လမ်းကို မလိုက်နဲ့။ အသက်အန္တရာယ်ရှိတယ်။

၂။ ဘယ်တော့မှ မစပ်စုနဲ့။ မကောင်းဆိုးဝါးကို စပ်စုမိရင် သေတတ်တယ်။

၃။ စိတ်ဆိုးနေချိန်မှာ ဘယ်တော့မှ ဆုံးဖြတ်ချက်မချနဲ့။ အဲလို လုပ်မိတဲ့အတွက် နောင်တရချိန်မှာ နောက်ကျသွားပြီ။

လူငယ်လည်း အဖိုးကြီးကို ဦးချကန်တော့ပြီး သူ့ရွာကို အမြန်ခရီးနှင်ပါတော့တယ်။

နှစ်ပေါင်း ၂၀ ကြာပြီဆိုတော့ သူ့ရွာကို သွားတဲ့ လမ်းကို မမှတ်မိတော့ဘဲ လမ်းရှာမရ ဖြစ်နေတယ်။

လူစိမ်းတစ်ယောက်သူ့အနားကို ရောက်လာပြီး ဘာဖြစ်နေတာလဲလို့ မေးတယ်။ လူငယ်က ရွာကို ပြန်ဖို့ လမ်းရှာမတွေ့လို့ပါလို့ ပြောတယ်။

ဟိုလူက ရွာကို အမြန်ရောက်ချင်ရင် ဖြတ်လမ်းရှိတယ်။ သူ့နဲ့ လိုက်ခဲ့လို့ ပြောတယ်။ သူလည်း လိုက်မလို့ လုပ်ရင်း အဖိုးကြီးရဲ့ ပထမအကြံကို သွားသတိရမိတယ်။

“ဘယ်တော့မှ ဖြတ်လမ်းကို မလိုက်နဲ့။ အသက်အန္တရာယ်ရှိတယ်”

ဒါကြောင့် သူဟာ မလိုက်တော့ဘူးလို့ ပြောလိုက်တယ်။ အမှန်က ဟိုလူဟာ ဓါးပြဂိုဏ်းတစ်ခုက အဖွဲ့သားပါ။

သူဟာ ခရီးသွားတွေကို လမ်းပြပေးမယ်လို့ညာပြောပြီး သူ့အဖွဲ့သားတွေရှိတဲ့ နေရာကို ရောက်တဲ့အခါ ပစ္စည်းယူ လူသတ်နေကျပါ။

လူငယ်လည်း ခရီးဆက်ရင်းညမိုးချုပ်လာလို့ တည်းခိုခန်းတစ်ခုမှာ ဝင်တည်းလိုက်တယ်။ ခရီးပန်းလွန်းလို့ အိပ်မောကျသွားတယ်။

ညသန်းခေါင်ယံအချိန်မှာ တည်းခိုခန်းအပြင်ဖက်ကစူးစူးဝါးဝါး အော်သံတွေ ကြားရတယ်။ သူဟာ သူ့အခန်းတံခါးကို ဖွင့်ပြီး ကြည့်မလို့ ကြံလိုက်တယ်။ နောက်တော့ အဖိုးကြီးရဲ့ ဒုတိယအကြံ ခေါင်းထဲ ပေါ်လာတယ်။

– “ဘယ်တော့မှ မစပ်စုနဲ့။ မကောင်းဆိုးဝါးကို စပ်စုမိရင် သေတတ်တယ်”

ဒါကြောင့် သူဟာ တံခါးဖွင့်မကြည့်တော့ဘဲ အိပ်ယာထဲဝင် ပြန်အိပ်လိုက်တယ်။ မနက်ကျတော့ တည်းခိုခန်းပိုင်ရှင်က သူ့ကို ညက အော်သံတွေကြောင့် တံခါးဖွင့်မကြည့်ဘူးလားလို့ မေးတယ်။

သူက မကြည့်ဘူးလို့ ပြန်ဖြေတယ်။ ပိုင်ရှင်က သူ့ကို ခုလို ပြောပြတယ်။

“ခင်ဗျားဟာ အသက်ရှင်လျက်နဲ့ ဒီတည်းခိုခန်းက ပထမဆုံးထွက်သွားရတဲ့သူပါ။

ခင်ဗျားအရင်က လာတည်းကြသူတွေဟာ ညရောက်လို့ အော်သံကြားတာနဲ့ အခန်းတံခါးဖွင့်ကြည့်ကြတဲ့အခါ မကောင်းဆိုးဝါးတစ်ကောင်က သူတို့ကို တောထဲကို ကိုက်ချီယူသွားပြီး စားပစ်လိုက်တယ်”

နောက်ဆုံးတော့ လူငယ်ဟာ သူ့အိမ်ကို ညပိုင်းမှာ ရောက်သွားပါတယ်။ အိမ်တံခါးကို ခေါက်မလို့ လုပ်နေတုန်း မီးရောင်အောင်မှာ

သူ့မိန်းမကို လူတစ်ယောက်နဲ့ စားပွဲတစ်ခုမှာ ရင်းရင်းနီးနီး ထိုင်စကားပြောနေတာကို ပြုတင်းပေါက်ကနေ တွေ့လိုက်တယ်။

သူဟာ ရုတ်တရက် အရမ်းစိတ်ဆိုးသွားတယ်။ အိမ်ထဲဝင်ပြီး သစ္စာမရှိတဲ့ မိန်းမနဲ့ အဲဒီလူကို ပါလာတဲ့ ဓါးနဲ့ ခုတ်သတ်မလို့ ကြံရွယ်လိုက်တယ်။ ဒီအခါမှာလည်း အဖိုးကြီးရဲ့ တတိယအကြံကို သွားသတိရလိုက်တယ်။

“စိတ်ဆိုးနေချိန်မှာ ဘယ်တော့မှ ဆုံးဖြတ်ချက်မချနဲ့။ အဲလို လုပ်မိတဲ့အတွက် နောင်တရချိန်မှာ နောင်ကျသွားပြီ”

ဒါနဲ့ ဓါးနဲ့ ခုတ်ဖို့ အကြံကို လက်လျှော့လိုက်ပြီး အိမ်ရှေ့တံခါးအပြင်ဖက်မှာ မောမောနဲ့ အိပ်ပျော်သွားတယ်။

မနက်မိုးလင်းတော့ သူ့မိန်းမက အိမ်ရှေ့တံခါးကို ဖွင့်လိုက်တော့ အိပ်မောကျနေတဲ့ သူ့ယောက်ျားကို တွေ့လိုက်တယ်။

မိန်းမဟာ သူ့ကို ဖက်ပြီး ငိုနေတယ်။ သူလည်း မိန်းမကို တွန်းပစ်မလို့ လုပ်တယ်။ဒါပေမဲ့ မတွန်းဖြစ်တော့ပဲ မိန်းမကို ပြန်ဖက်ရင်း ခုလို မေးလိုက်တယ်။

“ညတုန်းက မင်းနဲ့ စားပွဲမှာ ထိုင်စကားပြောနေတာ ဘယ်သူလဲ”

“အဲဒါ ရှင့်သားလေ။ ရှင် ရွာက ထွက်သွားတုန်းက ကျွန်မမှာ ရှင်နဲ့ရခဲ့တဲ့ ကိုယ်ဝန်ကျန်ခဲ့တယ်။ ရှင့်သားက အခု အသက် ၂၀ ရှိပြီ။ အခု သူ့အခန်းထဲမှာ အိပ်ပျော်နေတယ်”

လူငယ် (အခု လူကြီး)ဟာ သူ့ရဲ့လုပ်အားခပိုက်ဆံတွေကို မယူဘဲ အဖိုးကြီးရဲ့ အကြံ ၃ ခုကို ယူမိလိုက်တာ မှန်လိုက်လေခြင်းလို့ စိတ်ထဲက ရေရွတ်နေလိုက်တယ်။

ပုံပြင်က မဆုံးသေးပါ။

လူငယ်ဟာ အဖိုးကြီးကို ကန်တော့ပြီး ထွက်လာခါနီးမှာ အဖိုးကြီးက ပေါင်မုန့်ထုတ် ၃ ထုတ်ကို ပေးလိုက်ပါတယ်။

အစိမ်းရောင်စက္ကူနဲ့ ပတ်ထားတဲ့ ပေါင်မုန့် ၂ ထုတ်ကို လမ်းမှာ စားဖို့နဲ့ အနီရောင်စက္ကူနဲ့ ပတ်ထားတဲ့ ပေါင်မုန့်ကို သူ့အိမ်ပြန်ရောက်မှ မိန်းမနဲ့ အတူစားဖို့ မှာလိုက်ပါတယ်။

လူငယ်လည်း မိန်းမနဲ့ အဆင်ပြေသွားပြီမို့ ရေမိုးချိုးပြီး ဗိုက်ဆာလာတာနဲ့ တစ်ခုခု စားချင်လာတယ်။ အဲဒီအခါကျမှ အဖိုးကြီး ပေးလိုက်တဲ့ အနီရောင်စက္ကူပတ်ထားတဲ့ ပေါင်မုန့်ကို သတိရမိတယ်။

မိန်းမကို အတူလာစားဖို့ ခေါ်လိုက်ပြီး ပေါင်မုန့်ထုတ်ကို ဖွင့်ကြည့်လိုက်တော့ ရွှေဒင်္ဂါးပြားတွေကို တွေ့လိုက်ရတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:ဗန်းမော်သိန်းဖေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top