20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

လက္ရွိအခ်ိန္မွာ တီလားပီးယား (Tilapia) ငါးမ်ဳိးဟာ ကမာၻေပၚမွာ ဝယ္ယူရအလြယ္ဆုံးနဲ႔ ေစ်းခ်ဳိသေလာက္ ကင္စားရင္ အရသာရွိတဲ့ ငါးအျဖစ္ ေျပာခ်င္လြန္းလို႔တုိ႔ ပတ္ဝန္းက်င္မွာ ၾကဳံေတြ႕ေနရမွာပါ။ ဒီငါးေတြဟာ ဟိုးေရွးေရွးထဲက ကမာၻေျမေပၚမွာ ရွင္သန္ခဲ့ၾကၿပီး လူၾကိဳက္မ်ားတဲ့ ပင္လယ္စာလည္း ျဖစ္ပါတယ္။ တီလားပီးယားငါးေတြကို အာဖရိကမွာ စတင္ေတြ႕ရွိစားသုံးခဲ့ၾကေပမယ့္ ေနာက္ပုိင္းမွာ အပူပုိင္းရာသီဥတုရွိတဲ့ အင္ဒို၊ ဖိလစ္ပုိင္၊ ထိုင္းနဲ႔ မေလးတုိ႔လို ႏုိင္ငံေတြမွာ အၾကီးအက်ယ္ေမြးျမဴစားသုံးလာခဲ့ၾကပါတယ္။

ဖိလစ္ပုိင္မွာ ေမြးျမဴတဲ့ တီးလားပီးယားေတြကို ႏုိင္ငံအတြင္းမွာသာ စားေသာက္ေလ့ရွိၿပီး အလည္လာတဲ့ ႏုိင္ငံျခားသားေတြကလည္း ဒါကို အျဖဴေရာင္အသားဆုိၿပီး ႏွစ္သက္ၾကပါတယ္။ တစ္ခ်ဳိ႕ႏုိင္ငံေတြက နာမည္ႀကီး စားဖိုမွဴးေတြကေတာ့ ဒီငါးရဲ႕ ႏူးညံ့တဲ့ အသားအရသာေၾကာင့္ ဟင္းပြဲအျဖစ္ ဖန္တီးလိုၾကတယ္။

ေျပာခ်င္လြန္းလို႔ တုိ႔ ငယ္ငယ္တည္းက သိခဲ့တာက ငါးစားရင္ က်န္းမာတယ္လို႔ ျဖစ္ၿပီး တီလားပီးယားလဲ အတူတူျဖစ္သင့္ေပမယ့္ အခုေနာက္ဆုံးထြက္ေပၚလာတဲ့ သုေတသနရလဒ္ကေတာ့ ေျပာင္းျပန္ျဖစ္ေနပါတယ္။ စားလို႔ရတဲ့ ငါးတုိင္းဟာ က်န္းမာေရးအတြက္ ေကာင္းမြန္တာ မဟုတ္ပါဘူး။ တီလားပီးယား ေတြကိုလည္း မွန္ကန္စြာ ႀကီးျပင္းလာတဲ့ ငါးဆုိရင္ အက်ဳိးရွိႏုိင္ေပမယ့္ မဟုတ္ရင္ေတာ့ အႏၱရာယ္ေပးႏုိင္တယ္လို႔ ဆုိပါတယ္။

အေစာပုိင္းမွာေတာ့ ကၽြမ္းက်င္သူေတြကပါ ေမြးျမဴေရးကန္ထဲကေန ထြက္လာတဲ့ တီလားပီးယားေတြက ပုံမွန္သဘာဝအတုိင္းဖမ္းမိတဲ့ အေကာင္ေတြထက္ က်န္းမာေရးနဲ႔ညီညြတ္တယ္လို႔ ယူဆခဲ့ၾကပါတယ္။ ဒါေပမယ့္ SF Globe ရဲ႕ရွာေဖြေတြ႕ရွိခ်က္အရေတာ့ ေမြးျမဴေရးကန္ထဲက တီလားပီးယားေတြဟာ ေရညွိ၊ ေျပာင္းဖူးေစ့နဲ႔ ပဲလုံး တုိ႔လို က်န္းမာေရးကို အေထာက္အကူမျပဳတဲ့ အစားအစာမ်ားျဖင့္သာ ႀကီးျပင္းလာရၿပီး လူသားေတြရဲ႕ က်န္းမာေရးအတြက္ လုိအပ္တဲ့ အုိမီဂါသရီး ဖက္တီးအက္စစ္ ပါဝင္မႈလည္း အလြန္နည္းပါးေလ့ရွိတယ္လို႔ ဆုိပါတယ္။ ပုိဆုိးတာက ကင္ဆာေရာဂါကို ျဖစ္ပြားေစႏုိင္တဲ့ ကာဆီႏုိဂ်င္ဓါတ္ကို သဘာဝအတုိင္းၾကီးျပင္းတဲ့ ေနရာမွ ငါးေတြထက္ ဆယ္ဆပိုမိုပါဝင္တယ္ ဆုိတာပါပဲ။

ဝိတ္ေဖာရက္စ္ က်န္းမာေရးဌာနမွ ပေရာ္ဖက္ဆာ ေဒါက္တာဖလြိဳက္ခ်ီလ္တန္ကေတာ့ ဒီတီလားပီးယား ေတြဟာ ငါးနဲ႔တူၿပီး ငါးအရသာပဲ ထြက္လိမ့္မယ္၊ ဒါေပမယ့္ ငါးကေပးတဲ့ က်န္းမာေရးေကာင္းက်ဳိးေတာ့ ရမွာ မဟုတ္ဘူးလို႔ ဆုိပါတယ္။ အခုခ်ိန္မွာ သဘာဝအတုိင္း ဖမ္းဆီးရမိတဲ့ တီလားပီးယားေတြကို စားသုံးျခင္းက က်န္းမာေရးအတြက္ ပိုစိတ္ခ်ရမွာျဖစ္ေပမယ့္ ေမြးျမဴေရးကန္ထဲက မဟုတ္တဲ့ အေကာင္ကို ရွာရတာလည္း တစ္ေန႔တစ္ျခား ပိုပိုခက္လာၿပီပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Nanmalgyi

#Unicode Version#
လက်ရှိအချိန်မှာ တီလားပီးယား (Tilapia) ငါးမျိုးဟာ ကမ္ဘာပေါ်မှာ ဝယ်ယူရအလွယ်ဆုံးနဲ့ ဈေးချိုသလောက် ကင်စားရင် အရသာရှိတဲ့ ငါးအဖြစ် ပြောချင်လွန်းလို့တို့ ပတ်ဝန်းကျင်မှာ ကြုံတွေ့နေရမှာပါ။ ဒီငါးတွေဟာ ဟိုးရှေးရှေးထဲက ကမ္ဘာမြေပေါ်မှာ ရှင်သန်ခဲ့ကြပြီး လူကြိုက်များတဲ့ ပင်လယ်စာလည်း ဖြစ်ပါတယ်။ တီလားပီးယားငါးတွေကို အာဖရိကမှာ စတင်တွေ့ရှိစားသုံးခဲ့ကြပေမယ့် နောက်ပိုင်းမှာ အပူပိုင်းရာသီဥတုရှိတဲ့ အင်ဒို၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ မလေးတို့လို နိုင်ငံတွေမှာ အကြီးအကျယ်မွေးမြူစားသုံးလာခဲ့ကြပါတယ်။

ဖိလစ်ပိုင်မှာ မွေးမြူတဲ့ တီးလားပီးယားတွေကို နိုင်ငံအတွင်းမှာသာ စားသောက်လေ့ရှိပြီး အလည်လာတဲ့ နိုင်ငံခြားသားတွေကလည်း ဒါကို အဖြူရောင်အသားဆိုပြီး နှစ်သက်ကြပါတယ်။ တစ်ချို့နိုင်ငံတွေက နာမည်ကြီး စားဖိုမှူးတွေကတော့ ဒီငါးရဲ့ နူးညံ့တဲ့ အသားအရသာကြောင့် ဟင်းပွဲအဖြစ် ဖန်တီးလိုကြတယ်။

ပြောချင်လွန်းလို့ တို့ ငယ်ငယ်တည်းက သိခဲ့တာက ငါးစားရင် ကျန်းမာတယ်လို့ ဖြစ်ပြီး တီလားပီးယားလဲ အတူတူဖြစ်သင့်ပေမယ့် အခုနောက်ဆုံးထွက်ပေါ်လာတဲ့ သုတေသနရလဒ်ကတော့ ပြောင်းပြန်ဖြစ်နေပါတယ်။ စားလို့ရတဲ့ ငါးတိုင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်တာ မဟုတ်ပါဘူး။ တီလားပီးယား တွေကိုလည်း မှန်ကန်စွာ ကြီးပြင်းလာတဲ့ ငါးဆိုရင် အကျိုးရှိနိုင်ပေမယ့် မဟုတ်ရင်တော့ အန္တရာယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

အစောပိုင်းမှာတော့ ကျွမ်းကျင်သူတွေကပါ မွေးမြူရေးကန်ထဲကနေ ထွက်လာတဲ့ တီလားပီးယားတွေက ပုံမှန်သဘာဝအတိုင်းဖမ်းမိတဲ့ အကောင်တွေထက် ကျန်းမာရေးနဲ့ညီညွတ်တယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် SF Globe ရဲ့ရှာဖွေတွေ့ရှိချက်အရတော့ မွေးမြူရေးကန်ထဲက တီလားပီးယားတွေဟာ ရေညှိ၊ ပြောင်းဖူးစေ့နဲ့ ပဲလုံး တို့လို ကျန်းမာရေးကို အထောက်အကူမပြုတဲ့ အစားအစာများဖြင့်သာ ကြီးပြင်းလာရပြီး လူသားတွေရဲ့ ကျန်းမာရေးအတွက် လိုအပ်တဲ့ အိုမီဂါသရီး ဖက်တီးအက်စစ် ပါဝင်မှုလည်း အလွန်နည်းပါးလေ့ရှိတယ်လို့ ဆိုပါတယ်။ ပိုဆိုးတာက ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်တဲ့ ကာဆီနိုဂျင်ဓါတ်ကို သဘာဝအတိုင်းကြီးပြင်းတဲ့ နေရာမှ ငါးတွေထက် ဆယ်ဆပိုမိုပါဝင်တယ် ဆိုတာပါပဲ။

ဝိတ်ဖောရက်စ် ကျန်းမာရေးဌာနမှ ပရော်ဖက်ဆာ ဒေါက်တာဖလွိုက်ချီလ်တန်ကတော့ ဒီတီလားပီးယား တွေဟာ ငါးနဲ့တူပြီး ငါးအရသာပဲ ထွက်လိမ့်မယ်၊ ဒါပေမယ့် ငါးကပေးတဲ့ ကျန်းမာရေးကောင်းကျိုးတော့ ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အခုချိန်မှာ သဘာဝအတိုင်း ဖမ်းဆီးရမိတဲ့ တီလားပီးယားတွေကို စားသုံးခြင်းက ကျန်းမာရေးအတွက် ပိုစိတ်ချရမှာဖြစ်ပေမယ့် မွေးမြူရေးကန်ထဲက မဟုတ်တဲ့ အကောင်ကို ရှာရတာလည်း တစ်နေ့တစ်ခြား ပိုပိုခက်လာပြီပဲ ဖြစ်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top