အဆိုေတာ္အစၥဏီအား အဓမၼျပဳက်င့္၍ ထိခိုက္ဒဏ္ရာရရွိေအာင္ ျပဳလုပ္ခဲ့မႈျဖင့္ တရားစြဲဆိုထားတဲ့ စူးရွထက္ ဒီေန့တာေမြတရားရံုးရဲ့ ရံုးခ်ိန္ကိုတက္ေရာက္ခဲ့ျပီး မီဒီယာမ်ားရဲ့ေမးခြန္းမ်ားကို ျပန္လည္ေျဖျကားျဖစ္ခဲ့ပါတယ္ …။

အဆိုပါအမွဳဟာတစ္နွစ္ေက်ာ္ျကာ ျကာျမင့္ခဲ့ေပမယ့္ ယခုထိေတာ့အဆံုးသတ္သြားျခင္းမရိွေသးပါဘူး …။

အဆိုေတာ္အစၥဏီဟည ေမာ္ဒယ္စူး႐ွထက္(ခ)မဇာျခည္ေဌးအား ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္၊ ဧၿပီလ ၁၂ ရက္၊ နံနက္ပိုင္းက ေနအိမ္ တြင္ အဓမၼျပဳက်င့္၍ ထိခိုက္ဒဏ္ရာရ႐ွိေအာင္ ျပဳလုပ္ခဲ့သည္ဟုဆိုကာ တိုင္းတန္းခဲ့သည့္အတြက္ တာေမြၿမိဳ႕နယ္တရားရုံး၌ အမႈ ရင္ဆိုင္ ေနရျခင္းျဖစ္သည္ ။

မီဒီယာတစ္ခ်ိဳ့တစ္ခုက ရံုးခ်ိန္းမတက္ေရာက္ျဖစ္ခဲ့တာနဲ့ ပတ္သက္ျပီး ေမးျမန္းခဲ့မွဳမွာေတာ့ စူးရွထက္က အခုလိုပဲေျဖျကားခဲ့ပါတယ္ …။

“႐ုံးခ်ိန္း ပ်က္တာ မဟုတ္ပါဘူး။ ေနာက္တစ္ခါ ႐ုံးခ်ိန္း မတက္ဘူးလား လို႔ ေမးတဲ့ မီဒီယာေတြကို တရား ဥပေဒ အတိုင္း ေဆာင္ရြက္ပါမယ္။ အစၥဏီ အမွဳကို ေက်ေအးေပးဖို႔ လံုး၀ ဆႏၵမရွိပါဘူး .. အဆံုး အထိ လိုက္ပါမယ္။ ေနျပည္ေတာ္ တရားလႊတ္ေတာ္ခ်ဳပ္ အထိ ႐ုံးေျပာင္း ေလွ်ာက္ထားတယ္” …။

အဝတ္စားဆင္ယင္မွဳနဲ့ပတ္သက္ျပီး မီဒီယာတစ္ခုက ေမးခြန္းထုတ္ခဲ့တဲ့အေပၚမွာေတာ့ စူးရွထက္က အခုလိုေျဖျကားထားပါတယ္ …။

“အမက ညီမကို ပြဲငွားတယ္ေလ ညီမ မဝတ္ေပးဖူးလို့ေျပာလို့ရမလား။ညီမက အဲ့လိုဝတ္မထမင္းစားရမွာေလ။နင္လံုလံုျခံဳျခံဳအိမ္ထဲမွာေနပါ ေနမယ္ဆိုရင္ ဘယ္သူကထမင္းလာေက်ြးမလဲ။ညီမ မိဘဘယ္သူလာေက်ြးမလဲ။ညီမအနုပညာလုပ္ေနတာေလ ။ညီမအခု ရံုးခ်ိန္းလာတယ္။ဒီလိုဝတ္လာတယ္ သူေနရာနဲ့သူ ဘာျဖစ္လို့လဲ”လို့ ေမးခြန္းထုတ္ခဲ့ပါတယ္။စူးရွထက္ရဲ့ အင္တာဗ်ဴးဗီဒီယိုဖိုင္ေလးကို ပရိတ္သတ္ေတြအတြက္ေဖာ္ျပေပးလိုက္ပါတယ္ေနာ္…

ဖိုးသူေတာ္(www.phothutaw.com)
Credit:Thutasone
Video:MC
#Unicode Version#
အဆိုတော်အစ္စဏီအား အဓမ္မပြုကျင့်၍ ထိခိုက်ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့မှုဖြင့် တရားစွဲဆိုထားတဲ့ စူးရှထက် ဒီနေ့တာမွေတရားရုံးရဲ့ ရုံးချိန်ကိုတက်ရောက်ခဲ့ပြီး မီဒီယာများရဲ့မေးခွန်းများကို ပြန်လည်ဖြေကြားဖြစ်ခဲ့ပါတယ် …။

အဆိုပါအမှုဟာတစ်နှစ်ကျော်ကြာ ကြာမြင့်ခဲ့ပေမယ့် ယခုထိတော့အဆုံးသတ်သွားခြင်းမရှိသေးပါဘူး …။

အဆိုတော်အစ္စဏီဟည မော်ဒယ်စူးရှထက်(ခ)မဇာခြည်ဌေးအား ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၂ ရက်၊ နံနက်ပိုင်းက နေအိမ် တွင် အဓမ္မပြုကျင့်၍ ထိခိုက်ဒဏ်ရာရရှိအောင် ပြုလုပ်ခဲ့သည်ဟုဆိုကာ တိုင်းတန်းခဲ့သည့်အတွက် တာမွေမြို့နယ်တရားရုံး၌ အမှု ရင်ဆိုင် နေရခြင်းဖြစ်သည် ။

မီဒီယာတစ်ချို့တစ်ခုက ရုံးချိန်းမတက်ရောက်ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့မှုမှာတော့ စူးရှထက်က အခုလိုပဲဖြေကြားခဲ့ပါတယ် …။

“ရုံးချိန်း ပျက်တာ မဟုတ်ပါဘူး။ နောက်တစ်ခါ ရုံးချိန်း မတက်ဘူးလား လို့ မေးတဲ့ မီဒီယာတွေကို တရား ဥပဒေ အတိုင်း ဆောင်ရွက်ပါမယ်။ အစ္စဏီ အမှုကို ကျေအေးပေးဖို့ လုံး၀ ဆန္ဒမရှိပါဘူး .. အဆုံး အထိ လိုက်ပါမယ်။ နေပြည်တော် တရားလွှတ်တော်ချုပ် အထိ ရုံးပြောင်း လျှောက်ထားတယ်” …။

အဝတ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး မီဒီယာတစ်ခုက မေးခွန်းထုတ်ခဲ့တဲ့အပေါ်မှာတော့ စူးရှထက်က အခုလိုဖြေကြားထားပါတယ် …။

“အမက ညီမကို ပွဲငှားတယ်လေ ညီမ မဝတ်ပေးဖူးလို့ပြောလို့ရမလား။ညီမက အဲ့လိုဝတ်မထမင်းစားရမှာလေ။နင်လုံလုံခြုံခြုံအိမ်ထဲမှာနေပါ နေမယ်ဆိုရင် ဘယ်သူကထမင်းလာကျွေးမလဲ။ညီမ မိဘဘယ်သူလာကျွေးမလဲ။ညီမအနုပညာလုပ်နေတာလေ ။ညီမအခု ရုံးချိန်းလာတယ်။ဒီလိုဝတ်လာတယ် သူနေရာနဲ့သူ ဘာဖြစ်လို့လဲ”လို့ မေးခွန်းထုတ်ခဲ့ပါတယ်။စူးရှထက်ရဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကို ပရိတ်သတ်တွေအတွက်ဖော်ပြပေးလိုက်ပါတယ်နော်…


ဖိုးသူတော်(www.phothutaw.com)
Credit:Thutasone

Video:MC
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top