တကယ္ေတာ႔ လူတိုင္းနီးပါး ဘဲဥစားဖူးၾကပါလိမ္႔မယ္။ ဘဲဥကုိ မ်ိဳးစံုကုိလုပ္စားခဲ႔ၾကဖူးပါတယ္။
ကြ်န္ေတာ္ကုိယ္တိုင္လည္း ဘဲဥၾကိဳက္တဲ႔အထဲပါတယ္ဗ်။ အျမဲတမ္းၾကီးလည္း မစားျဖစ္ေပမယ္႔ အေတာ္အသင္႔ေတာ႔ စားျဖစ္ပါတယ္။
အခုေျပာျပခ်င္တာက ဘဲဥဟာ အထဲမွာပါတဲ႔ အကာႏွင္႔ အႏွစ္ဘဲ စားလို႔ရတယ္လို႔၊ အကာႏွင္႔ အႏွစ္ကဘဲ အသံုး၀င္တယ္လို႔ ထင္ေနတယ္ဆိုရင္ေတာ႔ မွားေနပါျပီ။
ဘာလို႔လည္းဆုိေတာ႔ ဘဲဥရဲ႕ အခြံကလည္း တကယ္ကုိ အသံုး၀င္တဲ႔ က်န္းမာေရး ပစၥည္းေကာင္းတစ္ခုျဖစ္ေနလို႔ပါဘဲ။
ဟုတ္ႏိုင္ပါ႔မလား? ေပါက္ကရေတြပါကြာ။ ထင္ႏိုင္ပါတယ္။ ဒါေပမယ္႔တကယ္ကုိ အသံုး၀င္ပါတယ္။ တျဖည္းျဖည္းရွင္းျပပါ႔မယ္။
ဘဲဥ ခြံေတြဆိုတာ တကယ္ေတာ႔ စြန္႔ပစ္ပစၥည္းလို႔သေဘာထားခဲ႔ၾကတာ အရွင္းဆံုးေျပာရရင္ ဟိုးတုန္းကထဲက အခုထိပါဘဲ။

ဒါေပမယ္႔ ေလ႔လာသူေတြရဲ႕ေတြ႕ရွိခ်က္အသစ္တစ္ရပ္အရ ဘဲဥ ခြံေတြရဲ႕ ၉၀ ရာခိုင္ႏႈန္းေသာ အပိုင္းသာ တကယ္ကုိ သန္႔စင္တဲ႔ ကယ္လစီယမ္ဓာတ္ကုိေပးႏိုင္ပါတယ္ဆိုတာကုိ ထုတ္ေဖာ္ျပႏိုင္ခဲ႔ပါတယ္။
ကယ္လစီယမ္ဆိုတာဘာလည္း၊ အဲ႔ဒီဓာတ္ရေတာ႔ေကာဘာလုပ္လို႔ရမွာလည္း။
ဟုတ္ကဲ႔၊ ကယ္လစီယမ္ဓာတ္ဆိုတာကေတာ႔ လူခႏၶာကုိယ္မွာရွိတဲ႔အရိုးအဆစ္ေတြကုိ သန္မာေစႏိုင္တဲ႔ ဓာတ္ပါဘဲ။
ဒါေၾကာင္႔ ကယ္လစီယမ္ဓာတ္သာ ျပည္႔၀ေနမယ္ဆိုရင္ သင္႔အေနနဲ႔ အရိုးက်ိဳးတာေတြ၊ အရိုးကုိက္ခဲတာေတြ၊ ၾကြက္သားနာက်င္ကိုက္ခဲတာေတြကုိ အထိေရာက္ဆံုးကာကြယ္ေပးႏိုင္မွာျဖစ္ပါတယ္။
အဲ႔ဒီလို ဓာတ္ပါတယ္ဆိုတာေတာ႔ ဟုတ္ပါျပီ။ အဲ႔တာနဲ႔ဘဲ ဘဲဥအခြံေတြကုိ ဒီအတိုင္းမလႊတ္ပစ္ဘဲ ၀ါးစားလိုက္ရင္ရျပီလား။ ဒီလိုေတာ႔မဟုတ္ပါဘူး။
နည္းလမ္းရွိပါတယ္။အဆင္ေျပေျပႏွင္႔ အသံုးျပဳႏိုင္မယ္႔ နည္းလမ္းေလးေပါ႔။
ေအာက္မွာ ဓာတ္ပံုေလးေတြႏွင္႔ အဆင္႔ေလးေတြကုိတဆင္႔ခ်င္းစီ ရွင္းျပသြားပါ႔မယ္။
အဆင္႔ ၁
ဘဲဥခြံ ၁၂ လံုးကုိ ယူျပီး ေရစင္ေအာင္ေဆးေပးပါ။ တခုသတိထားရမွာက သူ႔ရဲ႕ အတြင္းက အႏွစ္ေတြ၊ အကာေတြပါမက်န္ေအာင္ေဆးပစ္ဖို႔ဘဲျဖစ္ပါတယ္။
အဆင္႔ ၂
အဲ႔ဒီေရေဆးျပီးသားအခြံေတြကုိ ဆူေနတဲ႔ ေရေႏြးထဲမွာ အကုန္လံုးျမဳပ္ေနေအာင္ထည္႔ျပီးေတာ႔ ၁၀ မိနစ္ၾကာေအာင္ ျပဳတ္ထားေပးပါ။
အခုလိုျပဳတ္ရတဲ႔အေၾကာင္းအရင္းကေတာ႔ အခြံမွာ ကပ္ေနတဲ႔ ဘတ္တီးရီးယားပိုးမႊားေတြ မရွိေတာ႔ေအာင္ဘဲျဖစ္ပါတယ္။

အဆင္႔ ၃
ျပီးရင္ေတာ႔ အခြံေတြကုိဆယ္ယူျပီးေတာ႔ ေရစင္ေအာင္ျပဳလုပ္ေပးပါ။ ျပီးရင္ေတာ႔ အပူခံႏိုင္တဲ႔ တစ္ခုခုထဲကုိထည္႔ျပီးေတာ႔ မီးဖိုေပၚမွာ ၁၅ မိနစ္ေလာက္ အပူခံေပးပါ။
အဆင္႔ ၄
အခြံေတြ တြန္႔ေကာက္ျပီဆိုရင္ေတာ႔ သူတို႔ကုိမီးဖိုေပၚကခ်ျပီး အေအးခံေပးထားပါ။
အဲ႔ဒီေနာက္မွာေတာ႔ အေအးခံထားတဲ႔ အခြံေတြကုိ ေမႊစက္ (Blender) ထဲထည္႔ျပီးဘဲျဖစ္ျဖစ္၊ Blender မရွိရင္ တခုခုႏွင္႔ဘဲျဖစ္ျဖစ္ အမႈန္႔ေလးေတြ ျဖစ္သြားသည္႔တိုင္ေအာင္ ၾကိတ္ေမႊေပးလိုက္ပါ။
အခုဆိုရင္ေတာ႔ သင္႔မွာ တကယ္ကုိ သန္႔စင္တဲ႔ ကယ္လစီယမ္ဓာတ္အျပည္႔ပါ၀င္ေသာ သဘာ၀ထုတ္ကုန္ကုိရရွိေနျပီျဖစ္ပါတယ္။
အဲ႔ဒီအမႈန္႕ေလးေတြကုိ သင္ေန႔စဥ္စားေသာက္မယ္႔ အစားအေသာက္ထဲ၊ ေဖ်ာ္ရည္ အေအးထဲထည္႔ျပီးေတာ႔ သံုးေဆာင္ႏိုင္ပါတယ္။
ပမာဏအေနႏွင္႔ကေတာ႔ လက္ဖက္ရည္ဇြန္းတစ္၀က္ကုိ ကယ္လစီယမ္ဓာတ္ ၄၀၀ မီလီဂရမ္ပါ၀င္ပါတယ္။
သင္႔အေနနဲ႔ လိုသလိုခ်ိန္ညွိျပီး ထည္႔သြင္းစားသံုးျခင္းျဖင္႔ သင္႔ရဲ႕ အရိုးေတြႏွင္႔ ၾကြက္သားေတြကုိ က်န္းမာေကာင္းမြန္ေအာင္ ျပဳလုပ္ႏိုင္ျပီဘဲ ျဖစ္ပါေတာ႔တယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:buzzy. com. mm
# Unicode Version # ျဖင့္ ဖတ္ပါ #
တကယ်တော့ လူတိုင်းနီးပါး ဘဲဥစားဖူးကြပါလိမ့်မယ်။ ဘဲဥကို မျိုးစုံကိုလုပ်စားခဲ့ကြဖူးပါတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ဘဲဥကြိုက်တဲ့အထဲပါတယ်ဗျ။ အမြဲတမ်းကြီးလည်း မစားဖြစ်ပေမယ့် အတော်အသင့်တော့ စားဖြစ်ပါတယ်။
အခုပြောပြချင်တာက ဘဲဥဟာ အထဲမှာပါတဲ့ အကာနှင့် အနှစ်ဘဲ စားလို့ရတယ်လို့၊ အကာနှင့် အနှစ်ကဘဲ အသုံးဝင်တယ်လို့ ထင်နေတယ်ဆိုရင်တော့ မှားနေပါပြီ။
ဘာလို့လည်းဆိုတော့ ဘဲဥရဲ့ အခွံကလည်း တကယ်ကို အသုံးဝင်တဲ့ ကျန်းမာရေး ပစ္စည်းကောင်းတစ်ခုဖြစ်နေလို့ပါဘဲ။
ဟုတ်နိုင်ပါ့မလား? ပေါက်ကရတွေပါကွာ။ ထင်နိုင်ပါတယ်။ ဒါပေမယ့်တကယ်ကို အသုံးဝင်ပါတယ်။ တဖြည်းဖြည်းရှင်းပြပါ့မယ်။
ဘဲဥ ခွံတွေဆိုတာ တကယ်တော့ စွန့်ပစ်ပစ္စည်းလို့သဘောထားခဲ့ကြတာ အရှင်းဆုံးပြောရရင် ဟိုးတုန်းကထဲက အခုထိပါဘဲ။
ဒါပေမယ့် လေ့လာသူတွေရဲ့တွေ့ရှိချက်အသစ်တစ်ရပ်အရ ဘဲဥ ခွံတွေရဲ့ ၉၀ ရာခိုင်နှုန်းသော အပိုင်းသာ တကယ်ကို သန့်စင်တဲ့ ကယ်လစီယမ်ဓာတ်ကိုပေးနိုင်ပါတယ်ဆိုတာကို ထုတ်ဖော်ပြနိုင်ခဲ့ပါတယ်။
ကယ်လစီယမ်ဆိုတာဘာလည်း၊ အဲ့ဒီဓာတ်ရတော့ကောဘာလုပ်လို့ရမှာလည်း။
ဟုတ်ကဲ့၊ ကယ်လစီယမ်ဓာတ်ဆိုတာကတော့ လူခန္ဓာကိုယ်မှာရှိတဲ့အရိုးအဆစ်တွေကို သန်မာစေနိုင်တဲ့ ဓာတ်ပါဘဲ။
ဒါကြောင့် ကယ်လစီယမ်ဓာတ်သာ ပြည့်ဝနေမယ်ဆိုရင် သင့်အနေနဲ့ အရိုးကျိုးတာတွေ၊ အရိုးကိုက်ခဲတာတွေ၊ ကြွက်သားနာကျင်ကိုက်ခဲတာတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
အဲ့ဒီလို ဓာတ်ပါတယ်ဆိုတာတော့ ဟုတ်ပါပြီ။ အဲ့တာနဲ့ဘဲ ဘဲဥအခွံတွေကို ဒီအတိုင်းမလွှတ်ပစ်ဘဲ ဝါးစားလိုက်ရင်ရပြီလား။ ဒီလိုတော့မဟုတ်ပါဘူး။
နည်းလမ်းရှိပါတယ်။အဆင်ပြေပြေနှင့် အသုံးပြုနိုင်မယ့် နည်းလမ်းလေးပေါ့။
အောက်မှာ ဓာတ်ပုံလေးတွေနှင့် အဆင့်လေးတွေကိုတဆင့်ချင်းစီ ရှင်းပြသွားပါ့မယ်။
အဆင့် ၁
ဘဲဥခွံ ၁၂ လုံးကို ယူပြီး ရေစင်အောင်ဆေးပေးပါ။ တခုသတိထားရမှာက သူ့ရဲ့ အတွင်းက အနှစ်တွေ၊ အကာတွေပါမကျန်အောင်ဆေးပစ်ဖို့ဘဲဖြစ်ပါတယ်။
အဆင့် ၂
အဲ့ဒီရေဆေးပြီးသားအခွံတွေကို ဆူနေတဲ့ ရေနွေးထဲမှာ အကုန်လုံးမြုပ်နေအောင်ထည့်ပြီးတော့ ၁၀ မိနစ်ကြာအောင် ပြုတ်ထားပေးပါ။
အခုလိုပြုတ်ရတဲ့အကြောင်းအရင်းကတော့ အခွံမှာ ကပ်နေတဲ့ ဘတ်တီးရီးယားပိုးမွှားတွေ မရှိတော့အောင်ဘဲဖြစ်ပါတယ်။
အဆင့် ၃
ပြီးရင်တော့ အခွံတွေကိုဆယ်ယူပြီးတော့ ရေစင်အောင်ပြုလုပ်ပေးပါ။ ပြီးရင်တော့ အပူခံနိုင်တဲ့ တစ်ခုခုထဲကိုထည့်ပြီးတော့ မီးဖိုပေါ်မှာ ၁၅ မိနစ်လောက် အပူခံပေးပါ။
အဆင့် ၄
အခွံတွေ တွန့်ကောက်ပြီဆိုရင်တော့ သူတို့ကိုမီးဖိုပေါ်ကချပြီး အအေးခံပေးထားပါ။
အဲ့ဒီနောက်မှာတော့ အအေးခံထားတဲ့ အခွံတွေကို မွှေစက် (Blender) ထဲထည့်ပြီးဘဲဖြစ်ဖြစ်၊ Blender မရှိရင် တခုခုနှင့်ဘဲဖြစ်ဖြစ် အမှုန့်လေးတွေ ဖြစ်သွားသည့်တိုင်အောင် ကြိတ်မွှေပေးလိုက်ပါ။
အခုဆိုရင်တော့ သင့်မှာ တကယ်ကို သန့်စင်တဲ့ ကယ်လစီယမ်ဓာတ်အပြည့်ပါဝင်သော သဘာဝထုတ်ကုန်ကိုရရှိနေပြီဖြစ်ပါတယ်။
အဲ့ဒီအမှုန့်လေးတွေကို သင်နေ့စဉ်စားသောက်မယ့် အစားအသောက်ထဲ၊ ဖျော်ရည် အအေးထဲထည့်ပြီးတော့ သုံးဆောင်နိုင်ပါတယ်။
ပမာဏအနေနှင့်ကတော့ လက်ဖက်ရည်ဇွန်းတစ်ဝက်ကို ကယ်လစီယမ်ဓာတ် ၄၀၀ မီလီဂရမ်ပါဝင်ပါတယ်။
သင့်အနေနဲ့ လိုသလိုချိန်ညှိပြီး ထည့်သွင်းစားသုံးခြင်းဖြင့် သင့်ရဲ့ အရိုးတွေနှင့် ကြွက်သားတွေကို ကျန်းမာကောင်းမွန်အောင် ပြုလုပ်နိုင်ပြီဘဲ ဖြစ်ပါတော့တယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:buzzy. com. mm