MRTV 4 ရုပ္သံလိုင္းမွာ ည(၈)နာရီေက်ာ္ဆိုတာနဲ့ ပရိသတ္ေတြ ေစာင့္ေမွ်ာ္ျကည့္ရႈခဲ့ရတဲ့ “ကၽြန္မက မေဟသီ” ဇာတ္လမ္းတြဲထဲက အဓိက ပဲ့ကိုင္ရွင္ မိန္းမေခ်ာ လို့ေခၚတဲ့ သရုပ္ေဆာင္ သံသာမိုးသိမ့္က သူမရဲ့ ေျပာင္ေျမာက္လွတဲ့ သရုပ္ေဆာင္စြမ္းရည္ေျကာင့္ ပရိသတ္ေတြရဲ့ အားေပးခ်စ္ခင္မႈကို အခိုင္အမာ ရရိွထားသူေလး တစ္ဦးျဖစ္ပါတယ္။ “ကၽြန္မက မေဟသီ” ဇာတ္လမ္းတြဲ ရိုက္ကူးျပီးတဲ့ေနာက္မွာေတာ့ သံသာမိုးသိမ့္က တျခားေသာ အနုပညာလုပ္ငန္းေတြကို ဆက္တိုက္ဆိုသလို လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။

သံသာမိုးသိမ့္က လက္ရိွမွာ ဇာတ္လမ္းတြဲေတြကိုလဲ ရိုက္ကူးေနသလို ဖိတ္ျကားခံရတဲ့ ပြဲအခမ္းအနားေတြကိုလဲ တက္ေရာက္ေပးေနတာပဲ ျဖစ္ပါတယ္။ သံသာမိုးသိမ့္က ဒီတစ္ေခါက္မွာေတာ့ သူမရဲ့ အလွပံုရိပ္ေလးေတြကို မွ်ေဝရင္း “မမကို ခ်စ္ပါ” လို့ ခ်စ္စနိုးေလး ေတာင္းဆိုခဲ့ပါတယ္။



သံသာမိုးသိမ့္က လက္ရိွမွာ “အခ်စ္ဖြဲ့ေလညွင္း” ဇာတ္လမ္းတြဲမွာ ေက်ာ္ထက္ေဇာ္၊ ခန့္သီရိေဇာ္၊ မိုက္မိုက္၊ ဇင္ခ်ိဳခိုင္ဦး၊ ညီထြဋ္ေခါင္၊ ရန္ေက်ာ္၊ ခင္သဇင္၊ သိဂႌထြန္းတို့ အတူတူ ရိုက္ကူး သရုပ္ေဆာင္ေနတာပဲ ျဖစ္ပါတယ္။

“အခ်စ္ဖြဲ့ေလညွင္း” ဇာတ္လမ္းတြဲမွာေတာ့ သံသာမိုးသိမ့္က ေမပ်ိဳျဖဴ ဆိုတဲ့ မိန္းကေလး တစ္ေယာက္ေနရာကေန သရုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။ “ကၽြန္မက မေဟသီ” ဇာတ္လမ္းတြဲျပီးေတာ့ သံသာမိုးသိမ့္ကို လြမ္းေနျကတဲ့ ပရိသတ္ေတြအတြက္ သတင္းေကာင္းပါပဲေနာ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit: burmese.asia
#Unicode Version# ျဖင့္ဖတ္ပါ ။

MRTV 4 ရုပ်သံလိုင်းမှာ ည(၈)နာရီကျော်ဆိုတာနဲ့ ပရိသတ်တွေ စောင့်မျှော်ကြည့်ရှုခဲ့ရတဲ့ “ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲထဲက အဓိက ပဲ့ကိုင်ရှင် မိန်းမချော လို့ခေါ်တဲ့ သရုပ်ဆောင် သံသာမိုးသိမ့်က သူမရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာ ရရှိထားသူလေး တစ်ဦးဖြစ်ပါတယ်။ “ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲ ရိုက်ကူးပြီးတဲ့နောက်မှာတော့ သံသာမိုးသိမ့်က တခြားသော အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

သံသာမိုးသိမ့်က လက်ရှိမှာ ဇာတ်လမ်းတွဲတွေကိုလဲ ရိုက်ကူးနေသလို ဖိတ်ကြားခံရတဲ့ ပွဲအခမ်းအနားတွေကိုလဲ တက်ရောက်ပေးနေတာပဲ ဖြစ်ပါတယ်။ သံသာမိုးသိမ့်က ဒီတစ်ခေါက်မှာတော့ သူမရဲ့ အလှပုံရိပ်လေးတွေကို မျှဝေရင်း “မမကို ချစ်ပါ” လို့ ချစ်စနိုးလေး တောင်းဆိုခဲ့ပါတယ်။

သံသာမိုးသိမ့်က လက်ရှိမှာ “အချစ်ဖွဲ့လေညှင်း” ဇာတ်လမ်းတွဲမှာ ကျော်ထက်ဇော်၊ ခန့်သီရိဇော်၊ မိုက်မိုက်၊ ဇင်ချိုခိုင်ဦး၊ ညီထွဋ်ခေါင်၊ ရန်ကျော်၊ ခင်သဇင်၊ သိင်္ဂီထွန်းတို့ အတူတူ ရိုက်ကူး သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

“အချစ်ဖွဲ့လေညှင်း” ဇာတ်လမ်းတွဲမှာတော့ သံသာမိုးသိမ့်က မေပျိုဖြူ ဆိုတဲ့ မိန်းကလေး တစ်ယောက်နေရာကနေ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ “ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲပြီးတော့ သံသာမိုးသိမ့်ကို လွမ်းနေကြတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းပါပဲနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top