ထုိင္း-ျမန္မာနယ္စပ္အေျခစိုက္ ABSDF ျမန္မာႏို္င္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ား ဒီမုိကရက္တစ္တပ္ဦးရဲ႕ လက္ရွိ ဗဟုိဦးေဆာင္ေကာ္မတီဝင္ ျဖစ္သူ ဦးေက်ာ္ကိုဟာ ေမလ ၁၇-ရက္ ညပုိင္းက ႏွလုံးရပ္ၿပီး ထိုင္းနယ္စပ္ မဲေဆာက္ၿမဳိ႕မွာ ကြယ္လြန္သြားခဲ့ပါတယ္။

လူခ်စ္လူခင္မ်ားတဲ့ ဦးေက်ာ္ကိုအတြက္ သူ႔ရဲ႕လုပ္ေဖၚကိုင္ဖက္ေတြက စိတ္မေကာင္းစြားနဲ႔ ႏွေျမာတသ က်န္ရစ္ခဲ့ၾကပါတယ္။ ကိုဉာဏ္ဝင္းေအာင္က စုစည္း တင္ျပထားတာပါ။

ABSDF (ေက်ာင္းသားတပ္မေတာ္)မွာ အရင္က တပ္ရင္းမႉး တဦးအျဖစ္ တာဝန္ထမ္းခဲ့သလို၊ ABSDF ရဲ႕ အေထြေထြ အတြင္းေရးမႉး၊ ဒုဥကၠ႒ စတဲ့ တာဝန္ေတြ ထမ္းေဆာင္ခဲ့ဖူးတဲ့ ကိုေက်ာ္ကိုကိုဝင္း(ေခၚ) ကိုေက်ာ္ကိုဟာ ေမလ ၁၇-ရက္ ညေနပုိင္း မဲေဆာက္ၿမဳိ႕မွာ ေဘာလုံးကန္ရင္း အေမာေဖါက္ၿပီး ႏွလုံးရပ္ေသဆုံးသြားရတာ ျဖစ္တယ္လို႔ ကိုေက်ာ္ကို မကြယ္လြန္ခ်ိန္ေလးမွာ သူနဲ႔အတူ ေဘာလုံးကန္ခဲ့တဲ့ AAPPB ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း တြဲဖက္အတြင္းေရးမႉး ကိုဘုိၾကည္က အျဖစ္အပ်က္ေတြကို ခုလိုေျပာျပပါတယ္။

“ဒီေန႔ညေန ၆ နာရီကေန ၇ နာရီ က်ေနာ္တို႔ ေဘာလံုးတူတူကန္ေနတာပါ။ ကန္ေနရင္းနဲ႔ ၇ နာရီေက်ာ္ေလာက္ေပါ့… အဲ့လို ပဲြၿပီးခါနီးအခ်ိန္မွာပဲ သူေဘာလံုးကန္ၿပီးေတာ့ ပစ္လဲသြားပါတယ္။ ပစ္လဲသြားၿပီးကတည္းကေန ျပန္ၿပီးေတာ့ သတိျပန္မလည္လာေတာ့ဘူး။

က်ေနာ္တို႔ အဲ့ကေနၿပီးေတာ့ ေဆး႐ံု အေရးေပၚကို ပို႔ပါတယ္။ ပို႔ၿပီးတဲ့အခါက်ေတာ့ ေဆး႐ံုမွာလည္း စက္နဲ႔ ဒီႏွလံုးကို ျပန္ႏိုးတာေတြရွိတယ္။ ဒါမဲ့ သူ ဘယ္လိုမွ အဆင္မေျပေတာ့ပါဘူး။

ျပန္ၿပီးေတာ့ သတိလည္လာတာမ်ိဳး မရွိေတာ့ဘူး။ သူက ေအးေဆးတယ္၊ တည္ၿငိမ္တယ္။ ျပႆနာေတြကို ေအးေအးေဆးေဆး တည္တည္ၿငိမ္ၿငိမ္နဲ႔ ေျဖရွင္းတတ္တယ္။ ၿပီးတဲ့အခါက်ေတာ့ ေတာ္ေတာ္ေလးလည္း ႀကိဳးစားတယ္။

နယ္စပ္မွာေတာ့ လူေတာ္ေတာ္မ်ားမ်ားက သူ႔ရဲ႕ ေအးေဆးတဲ့၊ တည္ၿငိမ္တဲ့၊ ႀကိဳးစားတဲ့ ကိစၥေတြကို ေတာ္ေတာ္မ်ားမ်ားက သေဘာလည္းက်ၾကပါတယ္။ က်ေနာ္လည္း သေဘာက်ပါတယ္။ ေလးလည္း ေလးစားပါတယ္။ က်ေနာ္တို႔ အတြက္ ႀကီးမားတဲ့ ဆံုး႐ံႈးမႈႀကီး တခုပါ။”

ျမန္မာႏုိင္ငံမွာ စစ္အာဏာရွင္စနစ္ႀကီးစိုးခဲ့တဲ့ ၁၉၈၈ ခုႏွစ္ကာလေနာက္ပိုင္း ABSDF ေက်ာင္းသားတပ္မေတာ္ရဲ႕ အခန္းက႑ ႀကီးမားခဲ့ တာပါ။ ကိုေက်ာ္ကိုဟာ ABSDF မွာ တာဝန္ေတြအမ်ဳိးမ်ဳိး ထမ္းေဆာင္ခဲ့သူ၊ လူခ်စ္လူခင္မ်ားသူတဦး ျဖစ္တယ္လို႔ ABSDF ဥကၠ႒ေဟာင္း ဦးမုိးသီးဇြန္က ေျပာပါတယ္။

“သတိရစရာအေၾကာင္းေတြကေတာ့ ၈၈ မွာ သူက အငယ္ဆံုးဗဟိုေကာ္မတီ ျဖစ္လာတယ္။ အသက္အငယ္ဆံုးနဲ႔ ABSDF ရဲ႕ ဒုဥကၠ႒ ထိ သူျဖစ္တယ္။ သူ႔ကို ရဲေဘာ္ေတြ ခ်စ္ၾကတယ္။ ထူးျခားတဲ့ အခ်က္ေတြကေတာ့ သူက လက္႐ံုးရည္ေရာ၊ ႏွလံုးရည္ေရာ ျပည့္စံုတယ္လို႔ က်ေနာ္ေတာ့ အဲ့လိုပဲ ျမင္တယ္။

သူက တပ္မွဴးလုပ္ခဲ့တယ္။ သူက တကယ္ေတာ့ စစ္ေရးဘက္မွာ တအားသန္ၿပီး တာဝန္ယူခဲ့ရတဲ့ ရဲေဘာ္တေယာက္။ တခါ က်ေနာ္တို႔ ႏိုင္ငံေရး လိုအပ္ခ်က္ေတြ ျဖစ္လာေတာ့ သူ႔ကို ႏိုင္ငံေရးဘက္ ျပန္ေရႊ႕ေတာ့လည္း ေလ့လာေရးအားေကာင္းတယ္။ ခ်က္ခ်င္းပဲ သူ႔ရဲ႕ ေျပာင္ေျမာက္တဲ့ အရည္အခ်င္းေတြကို ျပလာတယ္။

အခု က်ေနာ္တို႔ဆီမွာ လူေကာင္းေတြ သိပ္ရွားေနတဲ့ အခ်ိန္မွာ သူ႔လို လူတေယာက္ ဆံုး႐ံႈးရတဲ့အတြက္ က်ေနာ္တို႔ အရမ္းဝမ္းနည္း ထိခိုက္မႈ ျဖစ္တယ္။ ေနာက္တခုက ပိုဆိုးတာက သူက ဒီေနာက္တပတ္ေလာက္ဆိုရင္ အေမရိကားလာဖို႔ရွိတယ္။ အမွတ္မထင္ေလး ရက္ပိုင္းေလး အတြင္းမွာပဲ ခုလို ေရတိမ္နစ္သြားတာေပါ့ဗ်ာ ဆံုးပါးသြားေတာ့။ ဒါက က်ေနာ္တို႔အတြက္ေရာ person အရ ဆံုး႐ံႈးမႈ ထိခိုက္ခံစားရတယ္။ ေနာက္ အဖဲြ႔အစည္းအတြက္လည္း ဆံုး႐ံႈးမႈနစ္နာမႈ တခုပဲလို႔ ျမင္တယ္။”

ထိုင္းနယ္စပ္က ေတာ္လွန္ေရးကာလ ႀကဳိးပမ္းခဲ့ၾကတဲ့ ABSDF ရဲေဘာ္ေတြထဲမွာ ကိုေက်ာ္ကိုဟာ အဖြဲ႔အစည္းနဲ႔ ေတာ္လွန္ေရးအေပၚ အေလးနက္ထားသူ၊ ကိုယ္က်ဳိးငဲ့သူအျဖစ္ သူႀကဳံဆုံဖူးေၾကာင္း ABSDF ဥကၠ႒ေဟာင္း ေဒါက္တာ ႏိုင္ေအာင္က ေျပာပါတယ္။

“သူက ရဲေဘာ္ေကာင္းလည္း ျဖစ္ပါတယ္။ ေနာက္ၿပီးေတာ့ ေခါင္းေဆာင္ေကာင္းလည္း ျဖစ္ပါတယ္။ ေတာ္လွန္ေရးကိုလည္း တကယ္ပဲ ေလးေလးနက္နက္ ခိုင္ခိုင္မာမာ ယံုၾကည္တယ္။ အဖဲြ႔အစည္းအတြက္လည္း အၿမဲတမ္း ကာကြယ္ေစာက္ေရွာက္တဲ့သူ တေယာက္လည္း ျဖစ္ပါတယ္။ ဒါၿပီးေတာ့ သူက တကယ္ကိုပဲ ႐ိုး႐ိုးသားသား အေနကုတ္တုတ္နဲ႔ ေနတဲ့သူ ျဖစ္တယ္။

သူနဲ႔ သူ႔မိသားစုအတြက္ဆိုရင္ ဘယ္ေတာ့မွ ဘာမွေတာင္းဆိုတတ္တဲ့ သူမ်ိဳးမဟုတ္ဘူး။ ေနာက္ သူမ်ားအတြက္ကိုပဲ ဘာလုပ္ေပးရမလဲဆိုတာ အၿမဲတမ္း စဥ္းစားေနတဲ့ သူျဖစ္ပါတယ္ခင္ဗ်။ က်ေနာ္တို႔အေနနဲ႔ေတာ့ တကယ္ကို ေကာင္းမြန္တဲ့ ရဲေဘာ္ေကာင္း တေယာက္ဆံုး႐ံႈးသြားတယ္လို႔ ထင္ပါတယ္။

တကယ့္ကိုပဲ ေဆးလိပ္မေသာက္၊ အရက္မေသာက္၊ ကြမ္းမစား၊ က်န္းမာေရးလည္း အင္မတန္ လိုက္စားတဲ့သူေပါ့ေနာ္။ အဲ့ဒါကိုမွ ႐ုတ္တရက္ ေသမင္းက ဒီလိုႀကီး ၾကားျဖတ္ေခၚသြားတဲ့ အတြက္ အလြန္ကိုပဲ စိတ္မေကာင္းျဖစ္ရပါတယ္။”

မြန္ျပည္နယ္ မုဒုံၿမဳိ႕ဇာတိျဖစ္တဲ့ ကိုေက်ာ္ကုိဟာ၊ ၁၉၈၈ ခုႏွစ္ စက္တင္ဘာလ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ထုိင္းျမန္မာနယ္စပ္ကို ေတာခုိလာတဲ့ ေက်ာင္းသားတဦးျဖစ္ၿပီး ABSDF တပ္ဖြဲ႔ကို ဝင္ေရာက္ခဲ့တာပါ။ သူကြယ္လြန္ခ်ိန္မွာ အသက္(၅၀)ေက်ာ္ ရွိၿပီျဖစ္ၿပီး ဇနီးနဲ႔ သမီးတေယာက္ က်န္ရစ္ခဲ့ပါတယ္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:tawthu

#Unicode Version#

ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ လက်ရှိ ဗဟိုဦးဆောင်ကော်မတီဝင် ဖြစ်သူ ဦးကျော်ကိုဟာ မေလ ၁၇-ရက် ညပိုင်းက နှလုံးရပ်ပြီး ထိုင်းနယ်စပ် မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

လူချစ်လူခင်များတဲ့ ဦးကျော်ကိုအတွက် သူ့ရဲ့လုပ်ဖေါ်ကိုင်ဖက်တွေက စိတ်မကောင်းစွားနဲ့ နှမြောတသ ကျန်ရစ်ခဲ့ကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားတာပါ။

ABSDF (ကျောင်းသားတပ်မတော်)မှာ အရင်က တပ်ရင်းမှူး တဦးအဖြစ် တာဝန်ထမ်းခဲ့သလို၊ ABSDF ရဲ့ အထွေထွေ အတွင်းရေးမှူး၊ ဒုဥက္ကဋ္ဌ စတဲ့ တာဝန်တွေ ထမ်းဆောင်ခဲ့ဖူးတဲ့ ကိုကျော်ကိုကိုဝင်း(ခေါ်) ကိုကျော်ကိုဟာ မေလ ၁၇-ရက် ညနေပိုင်း မဲဆောက်မြို့မှာ ဘောလုံးကန်ရင်း အမောဖေါက်ပြီး နှလုံးရပ်သေဆုံးသွားရတာ ဖြစ်တယ်လို့ ကိုကျော်ကို မကွယ်လွန်ချိန်လေးမှာ သူနဲ့အတူ ဘောလုံးကန်ခဲ့တဲ့ AAPPB နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က အဖြစ်အပျက်တွေကို ခုလိုပြောပြပါတယ်။

“ဒီနေ့ညနေ ၆ နာရီကနေ ၇ နာရီ ကျနော်တို့ ဘောလုံးတူတူကန်နေတာပါ။ ကန်နေရင်းနဲ့ ၇ နာရီကျော်လောက်ပေါ့… အဲ့လို ပွဲပြီးခါနီးအချိန်မှာပဲ သူဘောလုံးကန်ပြီးတော့ ပစ်လဲသွားပါတယ်။ ပစ်လဲသွားပြီးကတည်းကနေ ပြန်ပြီးတော့ သတိပြန်မလည်လာတော့ဘူး။

ကျနော်တို့ အဲ့ကနေပြီးတော့ ဆေးရုံ အရေးပေါ်ကို ပို့ပါတယ်။ ပို့ပြီးတဲ့အခါကျတော့ ဆေးရုံမှာလည်း စက်နဲ့ ဒီနှလုံးကို ပြန်နိုးတာတွေရှိတယ်။ ဒါမဲ့ သူ ဘယ်လိုမှ အဆင်မပြေတော့ပါဘူး။

ပြန်ပြီးတော့ သတိလည်လာတာမျိုး မရှိတော့ဘူး။ သူက အေးဆေးတယ်၊ တည်ငြိမ်တယ်။ ပြဿနာတွေကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းတတ်တယ်။ ပြီးတဲ့အခါကျတော့ တော်တော်လေးလည်း ကြိုးစားတယ်။

နယ်စပ်မှာတော့ လူတော်တော်များများက သူ့ရဲ့ အေးဆေးတဲ့၊ တည်ငြိမ်တဲ့၊ ကြိုးစားတဲ့ ကိစ္စတွေကို တော်တော်များများက သဘောလည်းကျကြပါတယ်။ ကျနော်လည်း သဘောကျပါတယ်။ လေးလည်း လေးစားပါတယ်။ ကျနော်တို့ အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး တခုပါ။”

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကြီးစိုးခဲ့တဲ့ ၁၉၈၈ ခုနှစ်ကာလနောက်ပိုင်း ABSDF ကျောင်းသားတပ်မတော်ရဲ့ အခန်းကဏ္ဍ ကြီးမားခဲ့ တာပါ။ ကိုကျော်ကိုဟာ ABSDF မှာ တာဝန်တွေအမျိုးမျိုး ထမ်းဆောင်ခဲ့သူ၊ လူချစ်လူခင်များသူတဦး ဖြစ်တယ်လို့ ABSDF ဥက္ကဋ္ဌဟောင်း ဦးမိုးသီးဇွန်က ပြောပါတယ်။

“သတိရစရာအကြောင်းတွေကတော့ ၈၈ မှာ သူက အငယ်ဆုံးဗဟိုကော်မတီ ဖြစ်လာတယ်။ အသက်အငယ်ဆုံးနဲ့ ABSDF ရဲ့ ဒုဥက္ကဋ္ဌ ထိ သူဖြစ်တယ်။ သူ့ကို ရဲဘော်တွေ ချစ်ကြတယ်။ ထူးခြားတဲ့ အချက်တွေကတော့ သူက လက်ရုံးရည်ရော၊ နှလုံးရည်ရော ပြည့်စုံတယ်လို့ ကျနော်တော့ အဲ့လိုပဲ မြင်တယ်။

သူက တပ်မှူးလုပ်ခဲ့တယ်။ သူက တကယ်တော့ စစ်ရေးဘက်မှာ တအားသန်ပြီး တာဝန်ယူခဲ့ရတဲ့ ရဲဘော်တယောက်။ တခါ ကျနော်တို့ နိုင်ငံရေး လိုအပ်ချက်တွေ ဖြစ်လာတော့ သူ့ကို နိုင်ငံရေးဘက် ပြန်ရွှေ့တော့လည်း လေ့လာရေးအားကောင်းတယ်။ ချက်ချင်းပဲ သူ့ရဲ့ ပြောင်မြောက်တဲ့ အရည်အချင်းတွေကို ပြလာတယ်။

အခု ကျနော်တို့ဆီမှာ လူကောင်းတွေ သိပ်ရှားနေတဲ့ အချိန်မှာ သူ့လို လူတယောက် ဆုံးရှုံးရတဲ့အတွက် ကျနော်တို့ အရမ်းဝမ်းနည်း ထိခိုက်မှု ဖြစ်တယ်။ နောက်တခုက ပိုဆိုးတာက သူက ဒီနောက်တပတ်လောက်ဆိုရင် အမေရိကားလာဖို့ရှိတယ်။ အမှတ်မထင်လေး ရက်ပိုင်းလေး အတွင်းမှာပဲ ခုလို ရေတိမ်နစ်သွားတာပေါ့ဗျာ ဆုံးပါးသွားတော့။ ဒါက ကျနော်တို့အတွက်ရော person အရ ဆုံးရှုံးမှု ထိခိုက်ခံစားရတယ်။ နောက် အဖွဲ့အစည်းအတွက်လည်း ဆုံးရှုံးမှုနစ်နာမှု တခုပဲလို့ မြင်တယ်။”

ထိုင်းနယ်စပ်က တော်လှန်ရေးကာလ ကြိုးပမ်းခဲ့ကြတဲ့ ABSDF ရဲဘော်တွေထဲမှာ ကိုကျော်ကိုဟာ အဖွဲ့အစည်းနဲ့ တော်လှန်ရေးအပေါ် အလေးနက်ထားသူ၊ ကိုယ်ကျိုးငဲ့သူအဖြစ် သူကြုံဆုံဖူးကြောင်း ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာ နိုင်အောင်က ပြောပါတယ်။

“သူက ရဲဘော်ကောင်းလည်း ဖြစ်ပါတယ်။ နောက်ပြီးတော့ ခေါင်းဆောင်ကောင်းလည်း ဖြစ်ပါတယ်။ တော်လှန်ရေးကိုလည်း တကယ်ပဲ လေးလေးနက်နက် ခိုင်ခိုင်မာမာ ယုံကြည်တယ်။ အဖွဲ့အစည်းအတွက်လည်း အမြဲတမ်း ကာကွယ်စောက်ရှောက်တဲ့သူ တယောက်လည်း ဖြစ်ပါတယ်။ ဒါပြီးတော့ သူက တကယ်ကိုပဲ ရိုးရိုးသားသား အနေကုတ်တုတ်နဲ့ နေတဲ့သူ ဖြစ်တယ်။

သူနဲ့ သူ့မိသားစုအတွက်ဆိုရင် ဘယ်တော့မှ ဘာမှတောင်းဆိုတတ်တဲ့ သူမျိုးမဟုတ်ဘူး။ နောက် သူများအတွက်ကိုပဲ ဘာလုပ်ပေးရမလဲဆိုတာ အမြဲတမ်း စဉ်းစားနေတဲ့ သူဖြစ်ပါတယ်ခင်ဗျ။ ကျနော်တို့အနေနဲ့တော့ တကယ်ကို ကောင်းမွန်တဲ့ ရဲဘော်ကောင်း တယောက်ဆုံးရှုံးသွားတယ်လို့ ထင်ပါတယ်။

တကယ့်ကိုပဲ ဆေးလိပ်မသောက်၊ အရက်မသောက်၊ ကွမ်းမစား၊ ကျန်းမာရေးလည်း အင်မတန် လိုက်စားတဲ့သူပေါ့နော်။ အဲ့ဒါကိုမှ ရုတ်တရက် သေမင်းက ဒီလိုကြီး ကြားဖြတ်ခေါ်သွားတဲ့ အတွက် အလွန်ကိုပဲ စိတ်မကောင်းဖြစ်ရပါတယ်။”

မွန်ပြည်နယ် မုဒုံမြို့ဇာတိဖြစ်တဲ့ ကိုကျော်ကိုဟာ၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းမြန်မာနယ်စပ်ကို တောခိုလာတဲ့ ကျောင်းသားတဦးဖြစ်ပြီး ABSDF တပ်ဖွဲ့ကို ဝင်ရောက်ခဲ့တာပါ။ သူကွယ်လွန်ချိန်မှာ အသက်(၅၀)ကျော် ရှိပြီဖြစ်ပြီး ဇနီးနဲ့ သမီးတယောက် ကျန်ရစ်ခဲ့ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:tawthu


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top