May 6,2019
Credit:SAW
#Unicode Version# ဖြင့်ဖတ်ပါ ။
စိတ်ကြွဆေး ရောင်းနေသူ သူနာပြုဆရာမအား ဖမ်းဆီးနိုင်ခဲ့ပြီးနောက် နိုင်ငံတဝန်း အစိုးရဝန်ထမ်းများ အား စစ်ဆေးမှုများ လုပ်မည်ဟုရဲတပ်ဖွဲ့ထုတ်ပြန်
May 6,2019
ထိုင်းနိုင်ငံမှာ ရာဘ စိတ်ကြွဆေးတွေ သန်းနဲ့ ချီ ဖမ်းဆီးမိတဲ့ သတင်းတွေထက် အံ့သြတုံလှုပ်ဖွယ် သတင်းကတော ပကျော့ခီရီခန် ခရိုင် ဆေးရုံက အရေးပေါ်လူနာဆောင် သူနာပြုဆရာမ တစ်ဦးဟာ ဆေးရုံမှာ စိတ်ကြွဆေး ထုတ်တွေဖွတ်ထားပြီး ကိုယ်တိုင် သယ်ရောင်းနေတာကို ရဲတပ်ဖွဲ့က ဖေါ်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။
သူမရဲ့ အမျိုးသား ဟာလည်း ထောင်ကျဘူးသူ မူးယစ်ဂိုဏ်းဝင်တစ်ဦးဖြစ်နေပါတယ်၊ သူမ ပိုင်ဆိုင်တဲ့ ဘတ်ငွေ ၁၀ သန်းခန့် တန်ဘိုးရှိတဲ့ ငွေနဲ့ ပိုင်ဆိုင်ပစ္စည်းတွေကို နိုင်ငံပိုင် အဖြစ်သိမ်းလိုက်ပါပြီ။
နောက်ပိုင်း နိုင်ငံတဝန်းဌာနဆိုင်ရာ ဝန်ထမ်းတွေအားလုံးကို မင်္သကာရင် အလုပ်ဌာနတွေကို ဝင်ရောက်၇ှာဖွေစစ်ဆေးတော့မှာဖြစ်ကြောင်း မူးယစ် နိမ်နင်းရေး တပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
အစိုးရဝန်ထမ်း မည်သူပင်ဖြစ်စေ ပိုင်ဆိုင်မှုတွေ ဟာ ပုံမှန်မဟုတ်ဘူး ဆိုရင် လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်တော့မှာဖြစ်ကြောင်းသိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:SAW