ရန္ကုန္မွာရွိတဲ့ မီးပိြဳင့္ေတြကို အလိုအေလ်ာက္စနစ္နဲ႔ စမ္းသပ္ေတာ့မွာ ျဖစ္လို႔ ယာဥ္ေမာင္းႏွင္သူေတြ ဂ႐ုျပဳၾကဖို႔ ရန္ကုန္တိုင္းသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႔က ေၾကညာပါတယ္။

မီးပိြဳင့္ ၁၅၁ ခုကို ေမ ၈ နဲ႔ ၉ ရက္တို႔မွာ စတင္ စမ္းသပ္မွာျဖစ္ၿပီး အဲဒီ မီးပိြဳင့္ေတြကို ျဖတ္သန္းေမာင္းႏွင္မယ့္ ေမာ္ေတာ္ယာဥ္ေတြ ဂ႐ုစိုက္ျဖတ္သန္းၾကဖို႔ သတိေပးထားတာပါ။

ယာဥ္ထိန္းရဲတပ္ဖြဲ႔ အရာရွိတေယာက္က “မီးပိြဳင့္အားလံုးက ၁၅၄ ခုရွိတယ္။ အခုစမ္းမွာက ဦးဝိစာရ၊ ဦးေထာင္ဘိုနဲ႔ ဆရာစံပိြဳင့္ေတြ မပါေတာ့ ၁၅၁ ခုေပါ့။ အဲဒါကို အရင္ကဆိုရင္ ယာဥ္ထိန္းေတြက ခလုတ္နဲ႔ ထိန္းခဲ့တာက အခုေတာ့ ကြန္ထ႐ိုးစင္တာမွာ ထည့္ထားတဲ့ အလိုအေလ်ာက္စနစ္နဲ႔စမ္းမွာ။ ၿပီးေတာ့ ကြန္ထ႐ိုးစင္တာက လုပ္ေဆာင္ႏိုင္တဲ့ စနစ္ေတြကို စမ္းသပ္မွာ” လို႔ ေျပာပါတယ္။

ဒါေပမယ့္ ယာဥ္ထိန္းရဲေတြကေတာ့ အသင့္အေနအထားနဲ႔ ရွိေနမယ္လို႔လည္း သူက ေျပာပါတယ္။

စမ္းသပ္လည္ပတ္မယ့္ အခ်ိန္ေတြကေတာ့ မနက္ ၇ နာရီကေန ၁၀ နာရီအထိ၊ ညေန ၃ နာရီကေန ၇ နာရီအခ်ိန္အထိ ျဖစ္ပါတယ္။

ရန္ကုန္မွာရွိတဲ့ မီးပိြဳင့္ေတြကို က်ပ္သိန္းေပါင္း ၂ ေသာင္းနဲ႔ အသစ္ျပန္တည္ေဆာက္ထားၿပီး အဲဒီမီးပြြိဳင့္ေတြအားလံုးကို ခ်ိတ္ဆက္ ထိန္းခ်ဳပ္ႏိုင္မယ့္ ဗဟိုထိန္းခ်ဳပ္ေရးစင္တာကို ဒဂံုၿမိဳ႕နယ္၊ ျပည္သူ႔ရင္ျပင္ထဲမွာ တည္ေဆာက္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  dvb

#Unicode Version#  ျဖင့္ဖတ္ပါ ။

ရန်ကုန်မှာရှိတဲ့ မီးပွိုင့်တွေကို အလိုအလျောက်စနစ်နဲ့ စမ်းသပ်တော့မှာ ဖြစ်လို့ ယာဉ်မောင်းနှင်သူတွေ ဂရုပြုကြဖို့ ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ကြေညာပါတယ်။

မီးပွိုင့် ၁၅၁ ခုကို မေ ၈ နဲ့ ၉ ရက်တို့မှာ စတင် စမ်းသပ်မှာဖြစ်ပြီး အဲဒီ မီးပွိုင့်တွေကို ဖြတ်သန်းမောင်းနှင်မယ့် မော်တော်ယာဉ်တွေ ဂရုစိုက်ဖြတ်သန်းကြဖို့ သတိပေးထားတာပါ။

ယာဉ်ထိန်းရဲတပ်ဖွဲ့ အရာရှိတယောက်က “မီးပွိုင့်အားလုံးက ၁၅၄ ခုရှိတယ်။ အခုစမ်းမှာက ဦးဝိစာရ၊ ဦးထောင်ဘိုနဲ့ ဆရာစံပွိုင့်တွေ မပါတော့ ၁၅၁ ခုပေါ့။ အဲဒါကို အရင်ကဆိုရင် ယာဉ်ထိန်းတွေက ခလုတ်နဲ့ ထိန်းခဲ့တာက အခုတော့ ကွန်ထရိုးစင်တာမှာ ထည့်ထားတဲ့ အလိုအလျောက်စနစ်နဲ့စမ်းမှာ။ ပြီးတော့ ကွန်ထရိုးစင်တာက လုပ်ဆောင်နိုင်တဲ့ စနစ်တွေကို စမ်းသပ်မှာ” လို့ ပြောပါတယ်။

ဒါပေမယ့် ယာဉ်ထိန်းရဲတွေကတော့ အသင့်အနေအထားနဲ့ ရှိနေမယ်လို့လည်း သူက ပြောပါတယ်။

စမ်းသပ်လည်ပတ်မယ့် အချိန်တွေကတော့ မနက် ၇ နာရီကနေ ၁၀ နာရီအထိ၊ ညနေ ၃ နာရီကနေ ၇ နာရီအချိန်အထိ ဖြစ်ပါတယ်။

ရန်ကုန်မှာရှိတဲ့ မီးပွိုင့်တွေကို ကျပ်သိန်းပေါင်း ၂ သောင်းနဲ့ အသစ်ပြန်တည်ဆောက်ထားပြီး အဲဒီမီးပွိုင့်တွေအားလုံးကို ချိတ်ဆက် ထိန်းချုပ်နိုင်မယ့် ဗဟိုထိန်းချုပ်ရေးစင်တာကို ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်ထဲမှာ တည်ဆောက်ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top