20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ပိဳင္ပြဲလာ ပရိတ္သတ္ထုသည္ မ်က္ေတာင္ခတ္ရမွန္း မသိေအာင္ ေငးစိုက္အာ႐ံုျပဳေနၾကသည္။ ေရျပင္ဝယ္ ေရလိႈင္းမ်ား ေဖြးခနဲ ေဖြးခနဲ ထသြားသည္။ စိမ္းလဲ့လဲ့ေရျပင္၊ ျပာလဲ့လဲ့ေရျပင္ေအာက္ဝယ္ အျဖဴ ေရာင္အစင္းမ်ားကို အထင္းသား ျမင္ေနရသည္။ ျမန္မာအဖြဲ႕ လူနည္းစု ကေလးမွာ ရင္တမမ ေငးစိုက္ၾကည့္ေနၾကသည္။

ပြဲၾကည့္ပရိတ္သတ္အဖို႔ကား တကယ့္ပြဲၾကီးပြဲေကာင္းပင္ ျဖစ္ေပေတာ့ သည္။ ယခင္တစ္ရက္က သူတို႔သည္ ပြဲၾကီးပြဲေကာင္းတစ္ရပ္ ၾကည့္႐ႈ ခဲ့ရျပီးျဖစ္သည္။ ယခုလည္း ထပ္မံၾကည့္ေနၾကရျပန္ရာ သူတို႔အဖို႔ သည္းေျခၾကိဳက္ပြဲပင္တည္း။ တာလႊတ္သည္ကပင္ သူတို႔ႏွစ္ဦးသည္ အျပိဳင္ျဖစ္ေနခဲ့သည္။ ေရလိႈင္းမ်ား ေဖြးခနဲ ေဖြးခနဲ ထလာတိုင္း ေခါင္း ကို ငဲ့ကာ၊ ေစာင္းကာျဖင့္ ေ႐ွ႕သို႔ လႊားခနဲ လႊားခနဲ ေရာက္ေနၾကသည္။ ၁၉၆၁ခုႏွစ္၊ ဒုတိယအၾကိမ္ေျမာက္ အေ႐ွ႕ေတာင္အာ႐ွကြ်န္းဆြယ္ အားကစားျပိဳင္ပြဲ ေရကူးျပိဳင္ပြဲမ်ား ျမန္မာျပည္တြင္ ျပဳလုပ္ခဲ့စဥ္က ျမန္မာ ေရကူးအဖြဲ႕သည္ ျပိဳင္စံ႐ွားေအာင္ ေ႐ႊတံဆိပ္ဆုမ်ား ရယူခဲ့ၾကသည္။

ျမန္မာတို႔ ႏိုင္ငံအလိုက္ ဆုတံဆိပ္ အမ်ားဆံုးရကာ ဗိုလ္စြဲႏိုင္ေအာင္ ျမန္မာေရကူးအဖြဲ႕သည္ ေ႐ႊတံဆိပ္၊ ေငြတံဆိပ္ အမ်ားဆံုး ရယူေပးခဲ့ ၾကသည္။ ၁၉၆၅ခုႏွစ္တြင္ တတိယအၾကိမ္ေျမာက္ အေ႐ွ႕ေတာင္အာ႐ွကြ်န္းဆြယ္အားကစားျပိဳင္ပြဲ ေရကူးျပိဳင္ပြဲကို မေလး႐ွားႏိုင္ငံ၊ ကြာလာလမ္ပူျမိဳ႕ေတာ္၌ ျပဳလုပ္ခဲ့ရာ ပြဲစဥ္အမ်ားအျပား ျပီးဆံုးသြားေလျပီ။ ျမန္မာေရကူးအဖြဲ႕သည္ ေ႐ႊတံဆိပ္တစ္ခုမွ် မရ ေသးေခ်။ ျမန္မာေရကူးအဖြဲ႕တြင္ ေရကူးဘုရင္ တင္ေမာင္နီတစ္ဦးသာ ေငြတံဆိပ္ ရေသးသည္။ တင္ေမာင္နီသည္ ပထမပြဲစဥ္၌ အၾကိတ္ အနယ္ ယွဥ္ျပိဳင္ရင္း သူတစ္ခ်ိန္က ေ႐ႊတံဆိပ္ရယူကာ စံခ်ိန္တင္ထား ေသာ ပြဲစဥ္တြင္ ယခု ေငြတံဆိပ္သာရျပီး အေရးနိမ့္ေနသည္။

၁၉၆၅ခုႏွစ္ တတိယကြ်န္းဆြယ္ ေရကူးျပိဳင္ပြဲ ျပဳလုပ္ရာ ကြာလာလမ္ပူ ႐ိွ ေရကူးကန္ဝယ္ ေရကူးဝါသနာ႐ွင္ ပရိတ္သတ္ျပည့္လွ်ံေနေလသည္။ ေရကူးကန္ဝယ္ ေန႔စဥ္ရက္ဆက္ ေ႐ႊတံဆိပ္ရယူေနသူတို႔မွာ စင္ကာပူ မွ ေရကူးေမာင္မယ္မ်ားပင္ ျဖစ္ၾကသည္။ ေရကူးကန္ဝယ္ ေ႐ႊတံဆိပ္ ဆုေပးရတိုင္း စင္ကာပူအမ်ိဳးသားသီခ်င္းကိုသာ တီးမႈတ္နားဆင္ေနရ ကာ စင္ကာပူအလံကိုသာ အျမဲအေလးျပဳေနၾကရသည္။ ၁၉၆၁ခုႏွစ္ က “ကမာ႓မေၾက” သီခ်င္းသံ တညံညံျဖစ္ကာ ျပည္ေထာင္စုျမန္မာႏိုင္ငံ အလံသည္ ျပိဳင္ပြဲဝင္ႏိုင္ငံမ်ား၏ အစဥ္အေလးျပဳျခင္းကို ခံခဲ့ရေသာ္ လည္း ယခုမူ ျပည္ေထာင္စုအလံကို အလယ္၌ လႊင့္မထူရေသး။ ကမာ႓မေၾကသီခ်င္း တီးမႈတ္သံကို မၾကားရေသးေခ်။

ေနပူ႐ွိန္ေအာက္ဝယ္ ျပာလဲ့လဲ့ေရျပင္သည္ ေရလိႈင္းမ်ား ဖြာထြက္လာ တိုင္း ေငြျခည္ဖ်န္းလိုက္သကဲ့သို႔ တဖိတ္ဖိတ္ အေရာင္ေတာက္လာ သည္။ ယခင္ရက္က မီတာ၄၀၀ အလြတ္ကူးျပိဳင္ပြဲ ျပဳလုပ္ခဲ့ရာ တင္ေမာင္နီသည္ အၾကိတ္အနယ္ ယွဥ္ျပိဳင္ရင္း ပြတ္ကာသီကာျဖင့္ ႐ံႈးနိမ့္သြားရသည္။ ထိုျပိဳင္ပြဲစဥ္၌ စင္ကာပူမွ တန္သြန္ဟန္း ေ႐ႊတံဆိပ္ ရကာ ဗိုလ္စြဲသြားသည္။ ယခုလည္း မီတာ၁၅၀၀အတြက္ အလြတ္ကူး ျပိဳင္ပြဲ၌ တင္ေမာင္နီႏွင့္ တန္သြန္ဟန္းတို႔ ထိပ္တိုက္ေတြ႕ၾကျပန္သည္။ အၾကိတ္အနယ္ ယွဥ္ျပိဳင္ေနၾကေလျပီ။

ပရိတ္သတ္ထု၏ အာ႐ံုသည္ သူတို႔ႏွစ္ဦးအေပၚ၌သာ ေရာက္ေနခဲ့ေလ သည္။ ယခင္ရက္က သူတို႔ႏွစ္ဦးသား အၾကိတ္အနယ္ယွဥ္ျပိဳင္ကာ အႏိုင္ၾကဲခဲ့ၾကပံုကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ခဲ့ၾကျပီးျဖစ္သည္။ ယခု လည္း ေရျပင္ေပၚဝယ္ သူတို႔ႏွစ္ဦးသာ ႐ိွေနသည္ဟု ထင္ရေလာက္ ေအာင္ က်န္လူမ်ားကို ျဖတ္ခ်န္ရစ္ကာ ထိပ္ဆံုး၌ ႏွစ္ဦးသား အၾကိတ္ အနယ္ ယွဥ္ျပိဳင္ေနၾကသည္။

တင္ေမာင္နီသည္ ေ႐ွ႕ဆံုးမွ ေတာက္ေလွ်ာက္ဦးေဆာင္ကာ ကူးေန သည္။ ေရလိႈင္းမ်ား ဖြားခနဲျဖစ္လာတိုင္း သူတို႔သည္ ေ႐ွ႕သို႔ . . . ေ႐ွ႕ သို႔သာ တစ္လ်ားခ်င္း ကူးခတ္ေရာက္ေနခဲ့ၾကသည္။ တခ်ီတခ်ီ၌ တင္ေမာင္နီကို ျမန္မာအဖြဲ႕က ေအာ္ဟစ္အားေပးသံမ်ား ထြက္လာ ေသာ္လည္း ဝိုးတိုးဝါးတားသာျဖစ္သည္။ စင္ကာပူတို႔မွာ လူခံမ်ားျဖစ္၍ သူတို႔၏ အားေပးသံမ်ားကသာ ပို၍ ညံေနေလသည္။ ပရိတ္သတ္ သည္ ေရျပင္ကို ေငးစိုက္ၾကည့္လိုက္၊ ေအာ္ဟစ္အားေပးလိုက္ျဖင့္ အေျဖအတိအက်မထြက္ေသးေသာ ပုစၧာကို တြက္ေနသကဲ့သို႔ ျဖစ္ေန ၾကသည္။

မီတာ၈၀၀ေက်ာ္လာၾကေပျပီ။ ႏွစ္ဦးစလံုး အၾကိတ္အနယ္ ယွဥ္ျပိဳင္ရ ဆဲပင္ျဖစ္သည္။ အတိတ္က ျမန္မာတို႔ ေရထဲမွ ရယူခဲ့ၾကေသာ ေ႐ႊတံဆိပ္အတြက္ ယခုျပိဳင္ပြဲသည္ ေနာက္ဆံုးေမွ်ာ္လင့္ခ်က္ပင္ ျဖစ္ေတာ့သည္။ ေရကူးသမားႏွစ္ဦးစလံုးသည္ ေမာရပန္းရမွန္းကို မသိၾကသလိုပင္ တစ္ဦးကို တစ္ဦးက ျဖတ္ခ်န္ထားႏိုင္ေအာင္သာ အားစိုက္ျပီး သဲသဲမဲမဲ ကူးခတ္ေနၾကသည္။ မီတာ၁၀၀၀ေက်ာ္လာ ေသာအခါ တင္ေမာင္နီသည္ ေ႐ွ႕သို႔ တစတစ တက္လာကာ ပိုေက်ာ လာသည္။ တန္သြန္ဟန္းသည္ အားကုန္ကူးကာ ဖိ၍ လိုက္သည္။ ေရလိႈင္းမ်ား ၾကက္ခြပ္သကဲ့သို႔ပင္။ ေရလိႈင္းမ်ားသည္ ေပၚလိုက္၊ က်န္ရစ္ပ်က္ျပယ္သြားလိုက္ျဖင့္ မီတာ၁၂၀၀သို႔ ေရာက္လာခဲ့သည္။

တင္ေမာင္နီမွာ ပိုသြက္လာသည္ဟု ထင္ရေတာ့သည္။ လက္တံသည္ ေ႐ွ႕သို႔ပို၍ ကူူးခတ္လာႏိုင္သည္။ သူ၏ လႈပ္႐ွားမႈမွာ အ႐ွိန္ရလာေသာ မီးသေဘၤာသည္ အေသာ့ကေလး ခုတ္ေမာင္းသြားသကဲ့သို႔ ျဖစ္ေန သည္။ သူသည္ တန္သြန္ဟန္းကို တစတစ အျပတ္ျဖတ္ ခ်န္ထားခဲ့ ေလျပီ။ အေျဖအတိအက်မထြက္ေသးေသာ ပုစၧာသည္ ေနာက္ဆံုး အေျဖထြက္လာရန္ ေသခ်ာေနေပေတာ့သည္။ စင္ကာပူလူစုသည္ သူတို႔ အားတက္ေအာင္၊ လိုက္မီေအာင္ အျပီးသတ္ ေအာ္ဟစ္အားေပး ေနၾကသည္။

အသံမပြင့္တပြင့္သာ ထြက္ခဲ့သည့္ လူနည္းစု ျမန္မာအဖြဲ႕၏ အသံမွာ အားပါးတရ က်ယ္ေလာင္ျမည္ဟည္းလာေတာ့သည္။ တစ္ခုတည္း ေသာ ေ႐ႊတံဆိပ္၊ တိုင္းျပည္၏အလံ မားမားမတ္မတ္ လႊင့္ထူႏိုင္မႈ၊ အမ်ိဳးသားသီခ်င္းသံနားဆင္လိုမႈ၊ ထိုထိုေသာ ဆႏၵတို႔သည္ ျမန္မာအဖြဲ႕ ဝင္ လူနည္းစုတို႔၏ ရင္ဝယ္ ျဖစ္ေပၚေနခဲ့ၾကသည္။ သို႔ျဖစ္၍လည္း သူ တို႔၏ ေအာ္ဟစ္သံသည္ ရင္ထဲမွလာေသာ အသံျဖစ္ျပီး က်ယ္ေလာင္ ျမည္ဟည္းျခင္းပင္ျဖစ္သည္။ ျမန္မာအဖြဲ႕ဝင္အခ်ိဳ႕သည္ ေျခေထာက္ ၾကြကာ၊ ၾကြကာျဖင့္ ျမန္ျမန္ပန္းဝင္ႏိုင္ေအာင္ ဆုေတာင္းေနၾကသည္။ တစတစႏွင့္ မီတာ၁၃၀၀ေက်ာ္လာခဲ့ျပီ။

တင္ေမာင္နီသည္ ႏွာတစ္ဖ်ား၊ ကိုယ္တစ္လံုးအသာမွွ တစ္လ်ား၊ ႏွစ္လ်ား၊ သံုးလ်ားစသည္ျဖင့္ျဖတ္ကာ ထိပ္ဆံုးမွ ကူးခတ္ေနေတာ့ သည္။ မီတာ၁၄၀၀ေက်ာ္လာခဲ့ေလျပီ။ တင္ေမာင္နီကား အ႐ွိန္မပ်က္။ သူ၏ ႏႈန္းထားအတိုင္း ကူးခတ္ျမဲ ကူးလာသည္။ တန္ဟန္သြန္းက လည္း ပို၍ ၾကိဳးစားကာ အတင္းလိုက္သည္။ ပန္းဝင္ရန္ မီတာ၅၀သာ လိုေတာ့၏။ ေရျပင္ေပၚဝယ္ ေရလိႈင္းႏွင့္အတူ သ႑ာန္ႏွစ္ခုသည္ တဝုန္းဝုန္းျဖင့္ လႈပ္႐ွားေနၾကသည္။ ကုန္းေပၚမွ ေအာ္ဟစ္သံမ်ားကား ပို၍ပင္ လွ်ံထြက္ေနေတာ့သည္။

ျမန္မာအဖြဲ႕သည္ ဝမ္းသာအားရ ခုန္ေပါက္ေနေခ်ျပီ။ ပန္းဝင္လာသူ တင္ေမာင္နီကို အားရပါးရ လက္ဆြဲႏႈတ္ဆက္သူက ဆက္ၾကသည္။ ေအာ္ဟစ္သူက ေအာ္ေနသည္။ မီတာ၁၅၀၀အလြတ္ကူးျပိဳင္ပြဲ၌ ပန္းဝင္ျပီးခဲ့ေလျပီ။ ထိပ္ဆံုးမွ ကူးလာသူ တင္ေမာင္နီပင္ ဗိုလ္စြဲကာ ေ႐ႊတံဆိပ္ရသြားေလေတာ့သည္။ ျမန္မာတို႔အဖို႔ တစ္ခုတည္းေသာ ေ႐ႊတံဆိပ္ပင္ ျဖစ္ေပေတာ့သည္။ တင္ေမာင္နီသည္ သူယခင္ရက္က ပြတ္ကာသီကာျဖင့္ ႐ံႈးခဲ့ရေသာ ႐ံႈးေၾကြးကို ျပန္ဆပ္ကာ တိုင္းျပည္၏ ဂုဏ္ကို ျမွင့္တင္ခဲ့ေလသည္။ ျပည္ေထာင္စုအလံသည္ တိုင္ထိပ္သို႔ တေ႐ြ႕ေ႐ြ႕ လြင့္တက္လာသည္။ “ကမာ႓မေၾက” တီးမႈတ္သံသည္ ေရကူးကန္ပတ္ဝန္းက်င္၌ လႊမ္းမိုးေလေတာ့သည္။

“ေရလႊာသင္ျဖဴး . . . ငါးပ်ံျမဴးအံ့”

ဤေၾကြးေက်ာ္သံမွာ ေရကူးေလာက၏ ေၾကြးေၾကာ္သံပင္ျဖစ္သည္။ ျမန္မာ့အားကစားေလာကဝယ္ သူ႔အမ်ိဳးအစားႏွင့္သူ တစ္ေယာက္ေတာ့ ထြန္းထြန္းေပါက္ေပါက္ ႐ိွတတ္ေပသည္။ စစ္မျဖစ္မီက ျမန္မာ့အေလး မေလာကတြင္ “ေဇာ္ဝိတ္” ၏ အမည္သည္ လွ်မ္းလွ်မ္းေတာက္ ျဖစ္ခဲ့သည္။ ျမန္မာ့ေဘာလံုးေလာကတြင္ “ဗဟာဒူး” ၏ အမည္သည္ လွ်မ္းလွ်မ္းေတာက္ ျဖစ္လာခဲ့သည္။ ထို႔အတူပင္ ျမန္မာ့ေရကူး ေလာကဝယ္ တင္ေမာင္နီသည္ တစ္ေခတ္တစ္ေယာက္ထြန္းဆိုရေသာ သူမ်ိဳးပင္ျဖစ္သည္။ ပုဂံေခတ္က ေညာင္ဦးဖီးသည္ ေရကူးဗိုလ္အျဖစ္ ေက်ာ္ၾကားခဲ့သည္။ ထိုေခတ္တြင္ တင္ေမာင္နီသည္ ေရလႊာျပင္၌ ျပိဳင္စံ႐ွား ေညာင္ဦးဖီးလက္သစ္ဟု တင္စားခ်င္စရာျဖစ္သည္။

တင္ေမာင္နီ၏ အမည္သည္ ျမန္မာျပည္တြင္သာမက အာ႐ွတလႊား၌ ေက်ာ္ၾကားပ်ံ႕ႏွံ႔ခဲ့ေလသည္။ ျမန္မာေရကူးသမားေလာကတြင္ ေအာင္ျမင္မႈအ႐ိွဆံုးမွာ တင္ေမာင္နီျဖစ္သည္။ မည္သည့္ေရကူးသမား မွ် တင္ေမာင္နီ၏ ေအာင္ျမင္မႈမ်ိဳးကို ယေန႔ထိ မရဖူးၾကေသးေခ်။ တင္ေမာင္နီသည္ တကၠသိုလ္ေရကူးခ်န္ပီယံ၊ အေ႐ွ႕ေတာင္အာ႐ွ ေရကူးခ်န္ပီယံ၊ အာ႐ွေရကူးခ်န္ပီယံ၊ ႏိုင္ငံတကာေရကူးခ်န္ပီယံစသည့္ ေရလႊာျပင္ ေအာင္လံတံခြန္မ်ားကို ဆက္တိုက္ရယူႏိုင္ခဲ့သူျဖစ္သည္။

ေရျပင္ႏွင့္ တင္ေမာင္နီသည္ မကြဲမျပား တသားတည္းျဖစ္သည္ဟု ဆိုရ ေလာက္သည္။ ေရကို သူမစြန္႔ခြာႏိုင္ပါေခ်။ သူ၏ သံေယာဇဥ္ေႏွာင္ ၾကိဳးမ်ားကို ေရထဲ၌ ေက်ာက္ဆူးၾကိဳးခ်ထားသကဲ့သို႔ ေရျပင္၌သာ ရစ္ပတ္ေႏွာင္ဖြဲ႕ထားေလသည္။ သူ၏ လုပ္ငန္းသည္လည္း ေရႏွင့္ ပတ္သက္ေသာ ေရတပ္လုပ္ငန္း၊ သူဝါသနာထံုသည္မွာလည္း ေရဝယ္ လႈပ္႐ွားရသည့္ ေရကူးျခင္းပင္ ျဖစ္ေပေတာ့သည္။

အနာဂတ္ေရကူးခ်န္ပီယံ တင္ေမာင္နီကို ၁၉၃၈ခုႏွစ္၊ ေမလ၅ရက္ေန႔ တြင္ ဗန္းေမာ္ျမိဳ႕၌ ဦးထြန္းရင္၊ ေဒၚေစာတင္တို႔က ေမြးဖြားခဲ့သည္။ အ႐ြယ္ေရာက္ေသာ္ ဗဟိုအစိုးရအထက္တန္းေက်ာင္းတြင္ ပညာသင္ ၾကားခဲ့သည္။ အသက္ငါးႏွစ္၊ ေျခာက္ႏွစ္ကပင္ ေရကူးတတ္ေျမာက္ခဲ့ သည္။ ေရကူးျခင္းကို မိဘမ်ားကလည္း မပိတ္ပင္၊ မတားဆီးခဲ့ေခ်။ သူတို႔တြင္ ညီအစ္ကိုေမာင္ႏွမ ငါးေယာက္႐ိွရာ တင္ေမာင္နီသည္ ဒုတိယအငယ္ဆံုးျဖစ္သည္။ သူ႔အထက္တြင္ အစ္ကိုတစ္ေယာက္၊ အစ္မႏွစ္ေယာက္႐ိွျပီး သူ႔ေအာက္မွာ ညီမျဖစ္သည္။

ငယ္႐ြယ္စဥ္ကပင္ ေရမွာေမြ႕သူျဖစ္သည့္အတိုင္း ေရမကူးရလွ်င္ မေန ႏိုင္သူပင္ျဖစ္သည္။ ဧရာဝတီျမစ္ေရျပင္သည္ တင္ေမာင္နီကို အျမဲ တေစ ၾကိဳဆိုေနခဲ့သည္။ ျမစ္ဧရာသည္ တင္ေမာင္နီကို ေရေလာက၌ ယဥ္ပါးေစေလသည္။ တင္ေမာင္နီ၏ ဘဝတြင္ ေရျပင္ကိုမွီ၍ ေက်ာ္ၾကားမႈမ်ား၊ ေအာင္ျမင္မႈမ်ား တစထက္တစ ရလာေလသည္။ ျမစ္ဧရာတေလွ်ာက္ လက္ပစ္ကူးခတ္ခဲ့သူ တင္ေမာင္နီအား ေနာင္တေန႔တြင္ ေက်ာ္ၾကားလာမည့္ ေရကူးသမားတစ္ေယာက္ျဖစ္ေစ ရန္ ေရျပင္သည္ သူ႔အား ျပဳစုပ်ိဳးေထာင္ခဲ့ေလသည္။

ေန႔စဥ္ႏွင့္အမွ်ဆိုသလို ေရကူးဝတ္မပ်က္ခဲ့ေသာ တင္ေမာင္နီသည္ ၁၉၅၆ခုႏွစ္ ကိုးတန္းေက်ာင္းသားဘဝ၌ သီတင္းကြ်တ္ ေလွျပိဳင္ပြဲႏွင့္ အတူ ဗန္းေမာ္ျမိဳ႕တြင္ ျပဳလုပ္ေသာ ေရကူးျပိဳင္ပြဲဝယ္ စတင္ယွဥ္ျပိဳင္ခဲ့ ရာ ပထမဆုတံဆိပ္ရခဲ့သည္။ ယခင္ကမူ ေရျပင္ဝယ္ အေပါင္းအသင္း မ်ားႏွင့္အတူ အေပ်ာ္ကူးခတ္ခဲ့သည္။ တစ္ေယာက္တည္း အေဖာ္မပါ ဘဲလည္း မပ်င္းမရိ ကူးခတ္ခဲ့သည္။ ယခုမူ ယွဥ္ျပိဳင္ရျခင္းဆိုေသာ အဆင့္အမ်ိဳးအစား၌ စတင္ျပိဳင္ဆိုင္ရျခင္းပင္ျဖစ္သည္။ ပြဲဦးထြက္ ယွဥ္ျပိဳင္ရေသာ ျပိဳင္ပြဲတြင္ပင္ ေရသေႏၶပါလာသူ တင္ေမာင္နီသည္ ေအာင္ပြဲဆင္၍ သူ၏ ေရကူးဝါသနာဗီဇသည္ ပိုမိုခိုင္ျမဲ အားသန္ေလ ေတာ့သည္။

၁၉၅၇ခုႏွစ္တြင္ ဗန္းေမာ္အစိုးရအထက္တန္းေက်ာင္းမွ မက္ထရစ္ (ေခၚ) တကၠသိုလ္ဝင္တန္း ေအာင္ျမင္ခဲ့သည္။ ၁၉၅၈ခုႏွစ္တြင္ ရန္ကုန္တကၠသိုလ္သို႔ ပညာဆက္လက္သင္ၾကားရန္ သူေရာက္လာခဲ့ သည္။ တကၠသိုလ္ေက်ာင္းသားဘဝသို႔ ေျပာင္းလဲလာခဲ့ေသာ္လည္း သူ၏ဝါသနာဗီဇသည္ ေပ်ာက္ကြယ္မသြားခဲ့ေခ်။ သူသည္ တစ္ေန႔ ေသာအခါဝယ္ ျမန္မာ့ေရကူးခ်န္ပီယံသာမက ႏိုင္ငံတကာအဆင့္မီသူ အျဖစ္သို႔ပါ ေရာက္ရမည္ဟု စိတ္ထဲဝယ္ စြဲျမဲကာ သႏၷိ႒ာန္ခ်ထားသူ ျဖစ္သည္။ သူ၏ ယံုၾကည္ခ်က္အတြက္ သူသည္ ပို၍ပို၍ ေရကူးလာ သည္။

တင္ေမာင္နီ တကၠသိုလ္ေရာက္ျပီးေနာက္ ေျပာင္းလဲသည္မွာ ယခင္က ကဲ့သို႔ မဟုတ္ဘဲ စနစ္တက် ေရကူးႏိုင္ျခင္းပင္ ျဖစ္ေပေတာ့သည္။ ပင္ ကိုအေျခခံ ျပည့္ဝသူျဖစ္သည့္အတိုင္း စနစ္တက် ေရကူးႏိုင္ေသာအခါ ဝယ္ သူ၏ စြမ္းရည္သည္ ပိုမိုေပၚထြက္လာေတာ့သည္။ ၁၉၅၈ခုႏွစ္ တြင္ ေရကူးကလပ္ေပါင္းစံု ေရကူးျပိဳင္ပြဲျပဳလုပ္ရာ တင္ေမာင္နီသည္ တကၠသိုလ္ကလပ္မွ စတင္ပါဝင္ ယွဥ္ျပိဳင္ခဲ့သည္။ ထိုႏွစ္အမ်ိဳးသား တံခြန္စိုက္ေရကူးျပိဳင္ပြဲ၌မူ အခ်ိန္ေနာက္က်ေန၍ ပါဝင္ယွဥ္ျပိဳင္ႏိုင္ျခင္း မ႐ိွခဲ့ေခ်။ ထိုႏွစ္ကလပ္ေပါင္းစံု ကလပ္အလိုက္ျပိဳင္ပြဲတြင္ တင္ေမာင္နီ သည္ ျပိဳင္သမွ် ဗိုလ္စြဲကာ တကၠသိုလ္ကလပ္၌လည္း ဗိုလ္စြဲခဲ့သည္။

တင္ေမာင္နီသည္ အလြတ္ေရကူးျခင္း၌ ပို၍သန္သူျဖစ္သည္။ သို႔ေသာ္ လိပ္ျပာကူး၌လည္း ကြ်မ္းက်င္သူျဖစ္သည္။ ရင္ေပါင္ကူးတြင္လည္း အဆင့္မီေအာင္ ကူးႏိုင္ခဲ့သည္။ ၁၉၅၈ – ၅၉ ပတ္ဝန္းက်င္က နည္းမ်ိဳး စံု ကူးခတ္ခဲ့သည္။ ၁၉၆၀ျပည့္ႏွစ္ေနာက္ပိုင္းတြင္ အလြတ္ကူးနည္း တစ္မ်ိဳးသာ ကူးေတာ့သည္။ အထူးသျဖင့္ တာေဝးေရကူးျခင္း၌ ပို၍ သန္သူျဖစ္သည္။ ၁၉၅၉ခုႏွစ္၊ ျမန္မာျပည္အမ်ိဳးသားတံခြန္စိုက္ ေရကူး ျပိဳင္ပြဲတြင္ စတင္ပါဝင္ယွဥ္ျပိဳင္ခဲ့ရာ မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀အလြတ္ကူး အားလံုး၌ ဗိုလ္စြဲခဲ့သည္။ သူျပိဳင္သည့္ ျပိဳင္ပြဲအားလံုးတြင္ပင္ ဗိုလ္စြဲခဲ့ သည္။

၁၉၅၉ခုႏွစ္ကစ၍ တင္ေမာင္နီသည္ ျမန္မာျပည္ခ်န္ပီယံ ေရကူးသမား ျဖစ္လာခဲ့သည္။ ၁၉၅၉ခုႏွစ္၊ ဒီဇင္ဘာလတြင္ ပထမအၾကိမ္ေျမာက္ အေ႐ွ႕ေတာင္အာ႐ွကြ်န္းဆြယ္အားကစားျပိဳင္ပြဲကို ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ျမိဳ႕ေတာ္၌ ျပဳလုပ္ခဲ့ရာ ေရကူးျပိဳင္ပြဲမ်ားတြင္ တင္ေမာင္နီ အစြမ္းျပႏိုင္ခဲ့သည္။ ပထမကြ်န္းဆြယ္ ေရကူးျပိဳင္ပြဲတြင္ ျမန္မာေရကူး အဖြဲ႕သည္ ေအာင္ျမင္မႈမ်ား ရခဲ့သည္။ တင္ေမာင္နီတစ္ဦးတည္း မီတာ ၁၀၀ႏွင့္ ၂၀၀အလြတ္ကူးပြဲမ်ား၌ ေ႐ႊတံဆိပ္ႏွစ္ခု ဆြတ္ခူးရ႐ိွခဲ့ျပီး မီတာ(၁၀၀ × ၄) လြန္းပ်ံအလြတ္ကူးျပိဳင္ပြဲအတြက္ ေငြတံဆိပ္လည္း ရခဲ့သည္။

ဗန္းေမာ္ေရကူးဗိုလ္ဘဝမွ တကၠသိုလ္ေရကူးခ်န္ပီယံ၊ ထိုမွတဆင့္ ျမန္မာျပည္ခ်န္ပီယံ၊ သူ၏ ေအာင္ျမင္မႈခရီးသည္ အ႐ွိန္ျပင္းစြာျဖင့္ ေ႐ွ႕သို႔လွမ္းတက္လာခဲ့ရာ အေ႐ွ႕ေတာင္အာ႐ွကြ်န္းဆြယ္ခ်န္ပီယံ ျဖစ္လာခဲ့သည္။ ၁၉၆၀ျပည့္ႏွစ္ ေရာမတြင္ ၁၇ၾကိမ္ေျမာက္ ကမာ႓႕အိုလံပစ္အားကစားျပိဳင္ပြဲ ျပဳလုပ္ခဲ့ရာ တင္ေမာင္နီသည္ ကမာ႓႕ အိုလံပစ္ ေရကူးျပိဳင္ပြဲ၌ ပါဝင္ယွဥ္ျပိဳင္ရန္ သြားေရာက္ခဲ့ရသည္။ ကမာ႓ ႏွင့္ခ်ီ၍ ျပိဳင္ရေသာ ေရကူးျပိဳင္ပြဲတြင္ ပထမအၾကိမ္ ျပိဳင္ရျပီး ရာသီဥတု ကြာျခားလွေသာ ဥေရာပေျမေပၚဝယ္ စမ္းသပ္ျပိဳင္ရျခင္းလည္းျဖစ္ သည္။ ေရာမကမာ႓႕အိုလံပစ္ေရကူးျပိဳင္ပြဲတြင္ သူအားသန္လွေသာ မီတာ၁၅၀၀အလြတ္ကူးျဖစ္သည့္ တာေဝးျပိဳင္ပြဲတစ္မ်ိဳး၌သာ ပါဝင္ယွဥ္ ျပိဳင္ခဲ့ေလသည္။ ထိုစဥ္က အေမရိကန္၊ ဂ်ပန္စေသာ ကမာ႓႕ထိပ္သီး ႏိုင္ငံမ်ားမွ ေရကူးခ်န္ပီယံအေက်ာ္အေမာ္မ်ား ပါဝင္ယွဥ္ျပိဳင္ခဲ့သည္။ လူေ႐ြးပြဲတြင္ တင္ေမာင္နီသည္ ပဥၥမသာရ၍ အေရးနိမ့္ခဲ့ရသည္။

၁၉၆၁ခုႏွစ္၊ ေမလက အစၥေရးႏိုင္ငံ၊ တဲလ္အဲဗစ္ျမိဳ႕ေတာ္၌ ႏိုင္ငံတကာ အားကစားျပိဲဳင္ပြဲျပဳလုပ္ခဲ့ရာ ေရကူးျပိဳင္ပြဲလည္း ပါဝင္သည္။ ထိုျပိဳင္ပြဲ သို႔ တင္ေမာင္နီသြားေရာက္ယွဥ္ျပိဳင္ခဲ့ရာ ေရာမအိုလံပစ္၌ အေရးနိမ့္ခဲ့ရ မႈကို ေခ်ဖ်က္ေအာင္ႏိုင္ ခဲ့ေလသည္။ အေမရိကန္၊ ျပင္သစ္၊ ယူဂိုဆလပ္၊ ၾသစၾတီးယားစေသာ ႏိုင္ငံမ်ားမွ ထိပ္သီးေရကူးခ်န္ပီယံ မ်ား လာေရာက္ယွဥ္ျပိဳင္ခဲ့ၾကသည္။ ယင္းျပိဳင္ပြဲတြင္ တင္ေမာင္နီသည္ ေ႐ႊတံဆိပ္တစ္ခု၊ ေငြတံဆိပ္ႏွစ္ခုရကာ ႏိုင္ငံတကာေရကူးခ်န္ပီယံျဖစ္ လာခဲ့ေလသည္။

အစၥေရးႏိုင္ငံတကာေရကူးျပိဳင္ပြဲ မီတာ၂၀၀အလြတ္ကူးျပိဳင္ပြဲတြင္ တင္ေမာင္နီသည္ ၂မိနစ္၊ ၁၃ ဒႆမ ၆စကၠန္႔ျဖင့္ ဒုတိယ ေငြတံဆိပ္ ဆုရခဲ့သည္။ ေရာမကမာ႓႕အိုလံပစ္ မီတာ၂၀၀အလြတ္ကူးျပိဳင္ပြဲတြင္ ဗိုလ္စြဲခဲ့သူ အေမရိကန္မွ ဂ်က္ဖ္ဖာရဲလ္သည္ အစၥေရးျပိဳင္ပြဲ၌ စတုတၳ သာရသြားသည္။ မီတာ၄၀၀အလြတ္ကူးျပိဳင္ပြဲတြင္လည္း ၄မိနစ္၊ ၄၆ စကၠန္႔ျဖင့္ တင္ေမာင္နီသည္ ဒုတိယ ေငြတံဆိပ္ဆုရခဲ့သည္။ မီတာ ၁၅၀၀အလြတ္ကူးျပိဳင္ပြဲတြင္ တင္ေမာင္နီသည္ ၁၉မိနစ္၊ ၂၇ ဒႆမ ၉ စကၠန္႔ျဖင့္ ဗိုလ္စြဲကာ ေ႐ႊတံဆိပ္ဆြတ္ခူးခဲ့သည္။ သူရည္မွန္းထားခဲ့ ေသာ ႏိုင္ငံတကာေရကူးခ်န္ပီယံအဆင့္ကိုလည္း ေရာက္ခဲ့ေလသည္။

၁၉၆၁ခုႏွစ္၊ ဒီဇင္ဘာတြင္ ရန္ကုန္၌ ဒုတိယအၾကိမ္ေျမာက္ အေ႐ွ႕ေတာင္အာ႐ွကြ်န္းဆြယ္အားကစားျပိဳင္ပြဲျပဳလုပ္သည္။ ေရကူး ျပိဳင္ပြဲ၌ ျမန္မာေရကူးေမာင္မယ္မ်ားသည္ ေ႐ႊတံဆိပ္အမ်ားဆံုး ဆြတ္ခူး ရ႐ိွခဲ့ေလသည္။ ထိုအထဲတြင္ ေရကူး၌ တင္ေမာင္နီသည္ ေ႐ႊတံဆိပ္ အမ်ားဆံုးရခဲ့ျပီး ေၾကးတံဆိပ္ဆုလည္း ရယူခဲ့ေသးသည္။ အမ်ိဳးသား မီတာ၂၀၀အလြတ္ကူးျပိဳင္ပြဲတြင္ တင္ေမာင္နီသည္ ၂မိနစ္၊ ၁၃ ဒႆမ ၉စကၠန္႔ျဖင့္ ဗိုလ္စြဲသည္သာမက ကြ်န္းဆြယ္စံခ်ိန္သစ္ပါ တင္သြားခဲ့ သည္။ မီတာ၄၀၀အလြတ္ကူးျပိဳင္ပြဲတြင္ တင္ေမာင္နီပင္ ေ႐ႊတံဆိပ္ရ ကာ မီတာ၁၅၀၀ျပိဳင္ပြဲ၌လည္း ၁၈မိနစ္၊ ၄၇ ဒႆမ ၁စကၠန္႔ျဖင့္ တင္ေမာင္နီပင္ ဗိုလ္စြဲေ႐ႊတံဆိပ္ရခဲ့သည္။ သူ၏ စံခ်ိန္မွာ ကြ်န္းဆြယ္ စံခ်ိန္ျဖစ္သြားသည္။ မီတာ၁၀၀လိပ္ျပာကူးျပိဳင္ပြဲတြင္ တင္ေမာင္နီသည္ တတိယ ေၾကးတံဆိပ္ရ႐ိွခဲ့ျပီး လက္ဆင့္ကမ္းျပိဳင္ပြဲမ်ား၌ ျမန္မာအဖြဲ႕ ေ႐ႊတံဆိပ္မ်ားရရာ တင္ေမာင္နီပါဝင္ခဲ့ေလသည္။

၁၉၆၂ခုႏွစ္၊ ၾသဂုတ္လတြင္ အင္ဒိုနီး႐ွားျပည္၊ ဂ်ကာတာျမိဳ႕ေတာ္၌ စတုတၳအၾကိမ္ေျမာက္ အာ႐ွအိုလံပစ္အားကစားျပိဳင္ပြဲ၊ ေရကူးျပိဳင္ပြဲ အတြက္ ဂ်ပန္ေရကူးအဖြဲ႕သည္ စနစ္တက်ျပင္ဆင္ထားခဲ့သည္။ ထို႔အတူ ဖိလစ္ပိုင္၊ အင္ဒိုနီး႐ွားေရကူးအဖြဲ႕မ်ားသည္လည္း စနစ္တက် ျပင္ဆင္ထားခဲ့ၾကသည္။ ဂ်ပန္ေရကူးသမားမ်ားသည္ ကမာ႓႕အဆင့္မီ သူမ်ားျဖစ္ျပီး ဖိလစ္ပိုင္တို႔သည္ အာ႐ွထိပ္သီးအဆင့္၌ ေရာက္ေနသူမ်ားျဖစ္သည္။ ဂ်ကာတာအာ႐ွအိုလံပစ္ ေရကူးျပိဳင္ပြဲ ျပဳလုပ္ေနစဥ္ တင္ေမာင္နီသည္ ဝမ္းေလွ်ာေနခဲ့သည္။ ထိုသို႔ အင္အား ကုန္ခန္းေနသည့္ၾကားထဲမွ ယွဥ္ျပိဳင္ခဲ့ရေသာ္လည္း သူ႔ရည္မွန္းခ်က္ အားခဲထားေသာ အာ႐ွခ်န္ပီယံေ႐ႊတံဆိပ္ဆုမ်ားကို ဇြဲ၊ လံု႔လျပည့္ဝမႈတို႔ ေၾကာင့္ ရယူႏိုင္ခဲ့ေလသည္။

ဂ်ကာတာအာ႐ွအိုလံပစ္ ေရကူးျပိဳင္ပြဲမ်ားတြင္ မီတာ၂၀၀ အလြတ္ကူးပြဲ ၌ တင္ေမာင္နီသည္ တတိယေၾကးတံဆိပ္ဆုရသြားသည္။ မီတာ၄၀၀ အလြတ္ကူးျပိဳင္ပြဲတြင္ ဂ်ပန္၊ ဖိလစ္ပိုင္၊ အင္ဒိုနီး႐ွားတို႔ကို အႏိုင္ယူကာ ေ႐ႊတံဆိပ္ရခဲ့ေလသည္။ မီတာ၁၅၀၀ကူးပြဲတြင္လည္း ကမာ႓႕အဆင့္မီ ဂ်ပန္တို႔ကို အႏိုင္ယူကာ ေ႐ႊတံဆိပ္ထပ္ဆင့္ရယူခဲ့ျပန္သည္။ တင္ေမာင္နီသည္ ယခုကဲ့သို႔ ေအာင္ပြဲဆင္လိုက္၍ ဂ်ပန္ေရကူးအဖြဲ႕ အတြင္း၌ ျပႆနာမ်ားစြာျဖစ္သြားရသည္။ ေနာက္ဆံုးတြင္ ဂ်ပန္တို႔ သည္ တင္ေမာင္နီ၏ စြမ္းရည္ကို ဝန္ခံခ်ီးက်ဴးခဲ့ရေလသည္။ အာ႐ွ ေရကူးေလာကတြင္ တင္ေမာင္နီ၏ အမည္သည္ ပ်ံ႕ႏွံ႔ေက်ာ္ၾကားခဲ့ေလ ေတာ့သည္။

၁၉၆၄ခုႏွစ္၊ ေအာက္တိုဘာလတြင္ ၁၈ၾကိမ္ေျမာက္ ကမာ႓႕အိုလံပစ္ အားကစားျပိဳင္ပြဲကို ဂ်ပန္ျပည္၊ တိုက်ိဳျမိဳ႕ေတာ္၌ ျပဳလုပ္ခဲ့ရာ တင္ေမာင္နီ သြားေရာက္ယွဥ္ျပိဳင္ခဲ့သည္။ ေရကူးျပိဳင္ပြဲအတြက္ ေလ့က်င့္မႈအခက္အခဲ႐ိွျခင္း၊ ရာသီဥတုအလြန္အမင္းေအးျမျခင္းတို႔ ေၾကာင့္ ဤတစ္ခ်ီတြင္ တင္ေမာင္နီ အေရးနိမ့္ခဲ့ရေလသည္။ တိုက်ိဳတြင္ တင္ေမာင္မီသည္ မီတာ၄၀၀ႏွင့္ ၁၅၀၀ျပိဳင္ပြဲမ်ား၌ ပါဝင္ ယွဥ္ျပိဳင္ခဲ့သည္။ မီတာ၄၀၀ အလြတ္ကူးပြဲတြင္ လူေ႐ြးပြဲ၌ ၄မိနစ္၊ ၄၀ ဒႆမ ၉စကၠန္႔ျဖင့္ ဆ႒မသာ ရခဲ့သည္။ အေမရိကန္၊ ကေနဒါ၊ အီတလီ၊ ဆိုဗီယက္၊ ကိုလံဘီယာတို႔ကို ႐ံႈးျပီး ေဟာင္ေကာင္ထက္ အသာရခဲ့သည္။ မီတာ၁၅၀၀ လူေ႐ြးပြဲတြင္ တင္ေမာင္နီသည္ ၁၈မိနစ္ ၉ ဒႆမ ၅စကၠန္႔ျဖင့္ စတုတၳရခဲ့သည္။ အေမရိကန္၊ ဂ်ပန္၊ ကေနဒါ တို႔ကို ႐ံႈးျပီး ေျမာက္႐ိုဒီး႐ွား၊ ယူဂိုဆလားဗီးယား၊ ပီ႐ူးတို႔ကိုႏိုင္ကာ အသာရခဲ့သည္။ တင္ေမာင္နီ၏ ယခုစံခ်ိန္မွာ လြန္စြာပင္ ေကာင္းလွ ေပသည္။ သို႔ေသာ္ တိုက်ိဳသို႔မသြားမီ ေလ့က်င့္ရာ၌ ၁၇မိနစ္သာသာျဖင့္ ကူးႏိုင္ခဲ့ရာ တိုက်ိဳတြင္ ရာသီဥတု ဆိုးဝါးမႈေၾကာင့္ မူလရထားေသာ စံခ်ိန္ကို ျပန္မရခဲ့ေခ်။

၁၉၆၅ခုႏွစ္၊ တတိယအၾကိမ္ေျမာက္ အေ႐ွ႕ေတာင္အာ႐ွကြ်န္းဆြယ္ အားကစားျပိဳင္ပြဲကို မေလး႐ွားျပည္၊ ကြာလာလမ္ပူ၌ ျပဳလုပ္ခဲ့ရာ ျမန္မာ ေရကူးအဖြဲ႕သည္ စင္ကာပူေရကူးအဖြဲ႕ကို အ႐ံႈးေပးခဲ့ရေလေတာ့သည္။ သို႔ေသာ္လည္း စင္ကာပူအဖြဲ႕မွ ေ႐ႊတံဆိပ္ေလးခုရသြားသူ တန္သြန္ဟန္းကို တင္ေမာင္နီသည္ အႏိုင္ယူကာ ျမန္မာအတြက္ တစ္ခု တည္းေသာ ေ႐ႊတံဆိပ္ရခဲ့သည္။ မီတာ၄၀၀ျပိဳင္ပြဲတြင္ တန္သြန္ဟန္း သည္ ၄မိနစ္၊ ၃၃ ဒႆမ ၄စကၠန္႔ျဖင့္ ဗိုလ္စြဲသြားျပီး တင္ေမာင္နီသည္ ၄မိနစ္၊ ၃၃ဒႆမ ၇စကၠန္႔ျဖင့္ ဒုတိယေငြတံဆိပ္သာ ရခဲ့သည္။ ယင္း ႐ံႈးေၾကြးကို မီတာ၁၅၀၀ျပိဳင္ပြဲ၌ အျပတ္အႏိုင္ယူကာ ေခ်ဖ်က္ခဲ့သည္။ ထိုျပိဳင္ပြဲတြင္ ၁၈မိနစ္၊ ၁၇ ဒႆမ ၆စကၠန္႔ျဖင့္ တင္ေမာင္နီ ဗိုလ္စြဲကာ တန္သြန္ဟန္းသည္ ၁၈မိနစ္၊ ၅၄ ဒႆမ ၆စကၠန္႔ျဖင့္ ဒုတိယရသြား သည္။ တင္ေမာင္နီစံခ်ိန္သည္ ကြ်န္းဆြယ္စံခ်ိန္သစ္ ပင္ျဖစ္ခဲ့သည္။

၁၉၆၅ခုႏွစ္ တတိယကြ်န္းဆြယ္ျပိဳင္ပြဲျပီးသည္ႏွင့္ ေရကူးသမားအျဖစ္ ေရကူးခ်န္ပီယံဘဝတို႔မွ တင္ေမာင္နီ အနားယူသြားေလေတာ့သည္။ ၁၉၆၁ခုႏွစ္တြင္ ရန္ကုန္တကၠသိုလ္ ဥပစာသိပၸံ အထက္တန္းမွထြက္ျပီး ေရတပ္သို႔ဝင္ကာ တပ္မေတာ္တာဝန္ကို ထမ္း႐ြက္ခဲ့သည္။ ၁၉၆၃ ခုႏွစ္တြင္ ေရတပ္တြင္ ဒုဗိုလ္အျဖစ္ ခန္႔အပ္ခံရျပီးေနာက္ ဗိုလ္အျဖစ္ ဆက္လက္တာဝန္ယူခဲ့သည္။ တင္ေမာင္နီကို ေရကူးေအာင္ျမင္မႈမ်ားရ ေအာင္ ဖန္တီးေပးခဲ့သူမ်ားအနက္ အဓိကမွာ ဆစ္ဒနီသြင္ႏွင့္ ဂ်ပန္ နည္းျပဆရာ မတ္ဆုဒါတို႔ျဖစ္ၾကသည္။ သူတို႔ႏွစ္ဦး၏ စနစ္တက် သင္ၾကားျပသ ျပဳစုပ်ိဳးေထာင္ ေပးမႈေၾကာင့္ အရည္အေသြးအေျခခံ႐ိွျပီး ျဖစ္ေသာ တင္ေမာင္နီသည္ ပို၍ အေရာင္ထြက္ကာ အစြမ္းျပႏိုင္ခဲ့သည္။

တစ္ခ်ိန္တစ္ခါက ေရလႊာျပင္ဝယ္ ေအာင္ပြဲမ်ား ထပ္ဆင့္ရယူခဲ့ေသာ တင္ေမာင္နီသည္ သာမန္ေလ့က်င့္မႈအျဖစ္သာ ေရျပင္၌ ကူးခတ္ခဲ့ေန ေပေတာ့သည္။ ေရျပင္ႏွင့္ တင္ေမာင္နီတို႔သည္ အစဥ္အျမဲဒြန္တြဲေန သကဲ့သို႔ သူ၏ ေအာင္ျမင္မႈမ်ားသည္လည္း ေရျပင္ဝယ္ တေဖြးေဖြး ေတာက္ပက်န္ရစ္ေလမည္သာျဖစ္ေတာ့သည္။

(တင္ေမာင္နီသည္ ၁၉၇၄ခုႏွစ္၊ ဧျပီ၂ရက္ အသက္(၃၅)ႏွစ္အ႐ြယ္တြင္ ကြယ္လြန္ခဲ့သည္။)

“တင္ေမာင္နီရ႐ိွခဲ့ေသာ ေအာင္ျမင္မႈမ်ား”

၁၉၅၉ကြ်န္းဆြယ္ (မီတာ၁၀၀ အလြတ္ကူး)

၁၉၅၉ကြ်န္းဆြယ္ (မီတာ၂၀၀ အလြတ္ကူး)

၁၉၆၁ကြ်န္းဆြယ္ (မီတာ၂၀၀ အလြတ္ကူး)

၁၉၆၁ကြ်န္းဆြယ္ (မီတာ၄၀၀ အလြတ္ကူး)

၁၉၆၁ကြ်န္းဆြယ္ (မီတာ၁၅၀၀ အလြတ္ကူး)

၁၉၆၁ကြ်န္းဆြယ္ (မီတာ၂၀၀×၄ လြန္းပ်ံအလြတ္ကူး)

၁၉၆၁ကြ်န္းဆြယ္ (မီတာ၁၀၀×၄ လြန္းပ်ံေလးမ်ိဳးကူး)

၁၉၆၂အာ႐ွအိုလံပစ္ (မီတာ၄၀၀ အလြတ္ကူး)

၁၉၆၂အာ႐ွအိုလံပစ္ (မီတာ၁၅၀၀ အလြတ္ကူး)

၁၉၆၅ကြ်န္းဆြယ္ (မီတာ၁၅၀၀ အလြတ္ကူး)

၁၉၅၉ကြ်န္းဆြယ္ (မီတာ၁၀၀×၄ လြန္းပ်ံအလြတ္ကူး)

၁၉၆၅ကြ်န္းဆြယ္ (မီတာ၂၀၀ အလြတ္ကူး)

၁၉၆၅ကြ်န္းဆြယ္ (မီတာ၄၀၀ အလြတ္ကူး)

၁၉၆၁ကြ်န္းဆြယ္ (မီတာ၁၀၀ လိပ္ျပာကူး)

၁၉၆၂အာ႐ွအိုလံပစ္ (မီတာ၂၀၀ အလြတ္ကူး)

ရည္ညႊန္း – ေမာင္ရဲဝင္း (တစ္ေခတ္တစ္ခါက ျမန္မာ့အားကစား ့ လူရည္ခြ်န္မ်ား)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmar Sport History

#Unicode Version# ျဖင့္ဖတ္ပါ ။

ပိုင်ပွဲလာ ပရိတ်သတ်ထုသည် မျက်တောင်ခတ်ရမှန်း မသိအောင် ငေးစိုက်အာရုံပြုနေကြသည်။ ရေပြင်ဝယ် ရေလှိုင်းများ ဖွေးခနဲ ဖွေးခနဲ ထသွားသည်။ စိမ်းလဲ့လဲ့ရေပြင်၊ ပြာလဲ့လဲ့ရေပြင်အောက်ဝယ် အဖြူ ရောင်အစင်းများကို အထင်းသား မြင်နေရသည်။ မြန်မာအဖွဲ့ လူနည်းစု ကလေးမှာ ရင်တမမ ငေးစိုက်ကြည့်နေကြသည်။

ပွဲကြည့်ပရိတ်သတ်အဖို့ကား တကယ့်ပွဲကြီးပွဲကောင်းပင် ဖြစ်ပေတော့ သည်။ ယခင်တစ်ရက်က သူတို့သည် ပွဲကြီးပွဲကောင်းတစ်ရပ် ကြည့်ရှု ခဲ့ရပြီးဖြစ်သည်။ ယခုလည်း ထပ်မံကြည့်နေကြရပြန်ရာ သူတို့အဖို့ သည်းခြေကြိုက်ပွဲပင်တည်း။ တာလွှတ်သည်ကပင် သူတို့နှစ်ဦးသည် အပြိုင်ဖြစ်နေခဲ့သည်။ ရေလှိုင်းများ ဖွေးခနဲ ဖွေးခနဲ ထလာတိုင်း ခေါင်း ကို ငဲ့ကာ၊ စောင်းကာဖြင့် ရှေ့သို့ လွှားခနဲ လွှားခနဲ ရောက်နေကြသည်။ ၁၉၆၁ခုနှစ်၊ ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ ရေကူးပြိုင်ပွဲများ မြန်မာပြည်တွင် ပြုလုပ်ခဲ့စဉ်က မြန်မာ ရေကူးအဖွဲ့သည် ပြိုင်စံရှားအောင် ရွှေတံဆိပ်ဆုများ ရယူခဲ့ကြသည်။

မြန်မာတို့ နိုင်ငံအလိုက် ဆုတံဆိပ် အများဆုံးရကာ ဗိုလ်စွဲနိုင်အောင် မြန်မာရေကူးအဖွဲ့သည် ရွှေတံဆိပ်၊ ငွေတံဆိပ် အများဆုံး ရယူပေးခဲ့ ကြသည်။ ၁၉၆၅ခုနှစ်တွင် တတိယအကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲ ရေကူးပြိုင်ပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်၌ ပြုလုပ်ခဲ့ရာ ပွဲစဉ်အများအပြား ပြီးဆုံးသွားလေပြီ။ မြန်မာရေကူးအဖွဲ့သည် ရွှေတံဆိပ်တစ်ခုမျှ မရ သေးချေ။ မြန်မာရေကူးအဖွဲ့တွင် ရေကူးဘုရင် တင်မောင်နီတစ်ဦးသာ ငွေတံဆိပ် ရသေးသည်။ တင်မောင်နီသည် ပထမပွဲစဉ်၌ အကြိတ် အနယ် ယှဉ်ပြိုင်ရင်း သူတစ်ချိန်က ရွှေတံဆိပ်ရယူကာ စံချိန်တင်ထား သော ပွဲစဉ်တွင် ယခု ငွေတံဆိပ်သာရပြီး အရေးနိမ့်နေသည်။

၁၉၆၅ခုနှစ် တတိယကျွန်းဆွယ် ရေကူးပြိုင်ပွဲ ပြုလုပ်ရာ ကွာလာလမ်ပူ ရှိ ရေကူးကန်ဝယ် ရေကူးဝါသနာရှင် ပရိတ်သတ်ပြည့်လျှံနေလေသည်။ ရေကူးကန်ဝယ် နေ့စဉ်ရက်ဆက် ရွှေတံဆိပ်ရယူနေသူတို့မှာ စင်ကာပူ မှ ရေကူးမောင်မယ်များပင် ဖြစ်ကြသည်။ ရေကူးကန်ဝယ် ရွှေတံဆိပ် ဆုပေးရတိုင်း စင်ကာပူအမျိုးသားသီချင်းကိုသာ တီးမှုတ်နားဆင်နေရ ကာ စင်ကာပူအလံကိုသာ အမြဲအလေးပြုနေကြရသည်။ ၁၉၆၁ခုနှစ် က “ကမ္ဘာမကြေ” သီချင်းသံ တညံညံဖြစ်ကာ ပြည်ထောင်စုမြန်မာနိုင်ငံ အလံသည် ပြိုင်ပွဲဝင်နိုင်ငံများ၏ အစဉ်အလေးပြုခြင်းကို ခံခဲ့ရသော် လည်း ယခုမူ ပြည်ထောင်စုအလံကို အလယ်၌ လွှင့်မထူရသေး။ ကမ္ဘာမကြေသီချင်း တီးမှုတ်သံကို မကြားရသေးချေ။

နေပူရှိန်အောက်ဝယ် ပြာလဲ့လဲ့ရေပြင်သည် ရေလှိုင်းများ ဖွာထွက်လာ တိုင်း ငွေခြည်ဖျန်းလိုက်သကဲ့သို့ တဖိတ်ဖိတ် အရောင်တောက်လာ သည်။ ယခင်ရက်က မီတာ၄၀၀ အလွတ်ကူးပြိုင်ပွဲ ပြုလုပ်ခဲ့ရာ တင်မောင်နီသည် အကြိတ်အနယ် ယှဉ်ပြိုင်ရင်း ပွတ်ကာသီကာဖြင့် ရှုံးနိမ့်သွားရသည်။ ထိုပြိုင်ပွဲစဉ်၌ စင်ကာပူမှ တန်သွန်ဟန်း ရွှေတံဆိပ် ရကာ ဗိုလ်စွဲသွားသည်။ ယခုလည်း မီတာ၁၅၀၀အတွက် အလွတ်ကူး ပြိုင်ပွဲ၌ တင်မောင်နီနှင့် တန်သွန်ဟန်းတို့ ထိပ်တိုက်တွေ့ကြပြန်သည်။ အကြိတ်အနယ် ယှဉ်ပြိုင်နေကြလေပြီ။

ပရိတ်သတ်ထု၏ အာရုံသည် သူတို့နှစ်ဦးအပေါ်၌သာ ရောက်နေခဲ့လေ သည်။ ယခင်ရက်က သူတို့နှစ်ဦးသား အကြိတ်အနယ်ယှဉ်ပြိုင်ကာ အနိုင်ကြဲခဲ့ကြပုံကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြပြီးဖြစ်သည်။ ယခု လည်း ရေပြင်ပေါ်ဝယ် သူတို့နှစ်ဦးသာ ရှိနေသည်ဟု ထင်ရလောက် အောင် ကျန်လူများကို ဖြတ်ချန်ရစ်ကာ ထိပ်ဆုံး၌ နှစ်ဦးသား အကြိတ် အနယ် ယှဉ်ပြိုင်နေကြသည်။

တင်မောင်နီသည် ရှေ့ဆုံးမှ တောက်လျှောက်ဦးဆောင်ကာ ကူးနေ သည်။ ရေလှိုင်းများ ဖွားခနဲဖြစ်လာတိုင်း သူတို့သည် ရှေ့သို့ . . . ရှေ့ သို့သာ တစ်လျားချင်း ကူးခတ်ရောက်နေခဲ့ကြသည်။ တချီတချီ၌ တင်မောင်နီကို မြန်မာအဖွဲ့က အော်ဟစ်အားပေးသံများ ထွက်လာ သော်လည်း ဝိုးတိုးဝါးတားသာဖြစ်သည်။ စင်ကာပူတို့မှာ လူခံများဖြစ်၍ သူတို့၏ အားပေးသံများကသာ ပို၍ ညံနေလေသည်။ ပရိတ်သတ် သည် ရေပြင်ကို ငေးစိုက်ကြည့်လိုက်၊ အော်ဟစ်အားပေးလိုက်ဖြင့် အဖြေအတိအကျမထွက်သေးသော ပုစ္ဆာကို တွက်နေသကဲ့သို့ ဖြစ်နေ ကြသည်။

မီတာ၈၀၀ကျော်လာကြပေပြီ။ နှစ်ဦးစလုံး အကြိတ်အနယ် ယှဉ်ပြိုင်ရ ဆဲပင်ဖြစ်သည်။ အတိတ်က မြန်မာတို့ ရေထဲမှ ရယူခဲ့ကြသော ရွှေတံဆိပ်အတွက် ယခုပြိုင်ပွဲသည် နောက်ဆုံးမျှော်လင့်ချက်ပင် ဖြစ်တော့သည်။ ရေကူးသမားနှစ်ဦးစလုံးသည် မောရပန်းရမှန်းကို မသိကြသလိုပင် တစ်ဦးကို တစ်ဦးက ဖြတ်ချန်ထားနိုင်အောင်သာ အားစိုက်ပြီး သဲသဲမဲမဲ ကူးခတ်နေကြသည်။ မီတာ၁၀၀၀ကျော်လာ သောအခါ တင်မောင်နီသည် ရှေ့သို့ တစတစ တက်လာကာ ပိုကျော လာသည်။ တန်သွန်ဟန်းသည် အားကုန်ကူးကာ ဖိ၍ လိုက်သည်။ ရေလှိုင်းများ ကြက်ခွပ်သကဲ့သို့ပင်။ ရေလှိုင်းများသည် ပေါ်လိုက်၊ ကျန်ရစ်ပျက်ပြယ်သွားလိုက်ဖြင့် မီတာ၁၂၀၀သို့ ရောက်လာခဲ့သည်။

တင်မောင်နီမှာ ပိုသွက်လာသည်ဟု ထင်ရတော့သည်။ လက်တံသည် ရှေ့သို့ပို၍ ကူူးခတ်လာနိုင်သည်။ သူ၏ လှုပ်ရှားမှုမှာ အရှိန်ရလာသော မီးသင်္ဘောသည် အသော့ကလေး ခုတ်မောင်းသွားသကဲ့သို့ ဖြစ်နေ သည်။ သူသည် တန်သွန်ဟန်းကို တစတစ အပြတ်ဖြတ် ချန်ထားခဲ့ လေပြီ။ အဖြေအတိအကျမထွက်သေးသော ပုစ္ဆာသည် နောက်ဆုံး အဖြေထွက်လာရန် သေချာနေပေတော့သည်။ စင်ကာပူလူစုသည် သူတို့ အားတက်အောင်၊ လိုက်မီအောင် အပြီးသတ် အော်ဟစ်အားပေး နေကြသည်။

အသံမပွင့်တပွင့်သာ ထွက်ခဲ့သည့် လူနည်းစု မြန်မာအဖွဲ့၏ အသံမှာ အားပါးတရ ကျယ်လောင်မြည်ဟည်းလာတော့သည်။ တစ်ခုတည်း သော ရွှေတံဆိပ်၊ တိုင်းပြည်၏အလံ မားမားမတ်မတ် လွှင့်ထူနိုင်မှု၊ အမျိုးသားသီချင်းသံနားဆင်လိုမှု၊ ထိုထိုသော ဆန္ဒတို့သည် မြန်မာအဖွဲ့ ဝင် လူနည်းစုတို့၏ ရင်ဝယ် ဖြစ်ပေါ်နေခဲ့ကြသည်။ သို့ဖြစ်၍လည်း သူ တို့၏ အော်ဟစ်သံသည် ရင်ထဲမှလာသော အသံဖြစ်ပြီး ကျယ်လောင် မြည်ဟည်းခြင်းပင်ဖြစ်သည်။ မြန်မာအဖွဲ့ဝင်အချို့သည် ခြေထောက် ကြွကာ၊ ကြွကာဖြင့် မြန်မြန်ပန်းဝင်နိုင်အောင် ဆုတောင်းနေကြသည်။ တစတစနှင့် မီတာ၁၃၀၀ကျော်လာခဲ့ပြီ။

တင်မောင်နီသည် နှာတစ်ဖျား၊ ကိုယ်တစ်လုံးအသာမှ တစ်လျား၊ နှစ်လျား၊ သုံးလျားစသည်ဖြင့်ဖြတ်ကာ ထိပ်ဆုံးမှ ကူးခတ်နေတော့ သည်။ မီတာ၁၄၀၀ကျော်လာခဲ့လေပြီ။ တင်မောင်နီကား အရှိန်မပျက်။ သူ၏ နှုန်းထားအတိုင်း ကူးခတ်မြဲ ကူးလာသည်။ တန်ဟန်သွန်းက လည်း ပို၍ ကြိုးစားကာ အတင်းလိုက်သည်။ ပန်းဝင်ရန် မီတာ၅၀သာ လိုတော့၏။ ရေပြင်ပေါ်ဝယ် ရေလှိုင်းနှင့်အတူ သဏ္ဍာန်နှစ်ခုသည် တဝုန်းဝုန်းဖြင့် လှုပ်ရှားနေကြသည်။ ကုန်းပေါ်မှ အော်ဟစ်သံများကား ပို၍ပင် လျှံထွက်နေတော့သည်။

မြန်မာအဖွဲ့သည် ဝမ်းသာအားရ ခုန်ပေါက်နေချေပြီ။ ပန်းဝင်လာသူ တင်မောင်နီကို အားရပါးရ လက်ဆွဲနှုတ်ဆက်သူက ဆက်ကြသည်။ အော်ဟစ်သူက အော်နေသည်။ မီတာ၁၅၀၀အလွတ်ကူးပြိုင်ပွဲ၌ ပန်းဝင်ပြီးခဲ့လေပြီ။ ထိပ်ဆုံးမှ ကူးလာသူ တင်မောင်နီပင် ဗိုလ်စွဲကာ ရွှေတံဆိပ်ရသွားလေတော့သည်။ မြန်မာတို့အဖို့ တစ်ခုတည်းသော ရွှေတံဆိပ်ပင် ဖြစ်ပေတော့သည်။ တင်မောင်နီသည် သူယခင်ရက်က ပွတ်ကာသီကာဖြင့် ရှုံးခဲ့ရသော ရှုံးကြွေးကို ပြန်ဆပ်ကာ တိုင်းပြည်၏ ဂုဏ်ကို မြှင့်တင်ခဲ့လေသည်။ ပြည်ထောင်စုအလံသည် တိုင်ထိပ်သို့ တရွေ့ရွေ့ လွင့်တက်လာသည်။ “ကမ္ဘာမကြေ” တီးမှုတ်သံသည် ရေကူးကန်ပတ်ဝန်းကျင်၌ လွှမ်းမိုးလေတော့သည်။

“ရေလွှာသင်ဖြူး . . . ငါးပျံမြူးအံ့”

ဤကြွေးကျော်သံမှာ ရေကူးလောက၏ ကြွေးကြော်သံပင်ဖြစ်သည်။ မြန်မာ့အားကစားလောကဝယ် သူ့အမျိုးအစားနှင့်သူ တစ်ယောက်တော့ ထွန်းထွန်းပေါက်ပေါက် ရှိတတ်ပေသည်။ စစ်မဖြစ်မီက မြန်မာ့အလေး မလောကတွင် “ဇော်ဝိတ်” ၏ အမည်သည် လျှမ်းလျှမ်းတောက် ဖြစ်ခဲ့သည်။ မြန်မာ့ဘောလုံးလောကတွင် “ဗဟာဒူး” ၏ အမည်သည် လျှမ်းလျှမ်းတောက် ဖြစ်လာခဲ့သည်။ ထို့အတူပင် မြန်မာ့ရေကူး လောကဝယ် တင်မောင်နီသည် တစ်ခေတ်တစ်ယောက်ထွန်းဆိုရသော သူမျိုးပင်ဖြစ်သည်။ ပုဂံခေတ်က ညောင်ဦးဖီးသည် ရေကူးဗိုလ်အဖြစ် ကျော်ကြားခဲ့သည်။ ထိုခေတ်တွင် တင်မောင်နီသည် ရေလွှာပြင်၌ ပြိုင်စံရှား ညောင်ဦးဖီးလက်သစ်ဟု တင်စားချင်စရာဖြစ်သည်။

တင်မောင်နီ၏ အမည်သည် မြန်မာပြည်တွင်သာမက အာရှတလွှား၌ ကျော်ကြားပျံ့နှံ့ခဲ့လေသည်။ မြန်မာရေကူးသမားလောကတွင် အောင်မြင်မှုအရှိဆုံးမှာ တင်မောင်နီဖြစ်သည်။ မည်သည့်ရေကူးသမား မျှ တင်မောင်နီ၏ အောင်မြင်မှုမျိုးကို ယနေ့ထိ မရဖူးကြသေးချေ။ တင်မောင်နီသည် တက္ကသိုလ်ရေကူးချန်ပီယံ၊ အရှေ့တောင်အာရှ ရေကူးချန်ပီယံ၊ အာရှရေကူးချန်ပီယံ၊ နိုင်ငံတကာရေကူးချန်ပီယံစသည့် ရေလွှာပြင် အောင်လံတံခွန်များကို ဆက်တိုက်ရယူနိုင်ခဲ့သူဖြစ်သည်။

ရေပြင်နှင့် တင်မောင်နီသည် မကွဲမပြား တသားတည်းဖြစ်သည်ဟု ဆိုရ လောက်သည်။ ရေကို သူမစွန့်ခွာနိုင်ပါချေ။ သူ၏ သံယောဇဉ်နှောင် ကြိုးများကို ရေထဲ၌ ကျောက်ဆူးကြိုးချထားသကဲ့သို့ ရေပြင်၌သာ ရစ်ပတ်နှောင်ဖွဲ့ထားလေသည်။ သူ၏ လုပ်ငန်းသည်လည်း ရေနှင့် ပတ်သက်သော ရေတပ်လုပ်ငန်း၊ သူဝါသနာထုံသည်မှာလည်း ရေဝယ် လှုပ်ရှားရသည့် ရေကူးခြင်းပင် ဖြစ်ပေတော့သည်။

အနာဂတ်ရေကူးချန်ပီယံ တင်မောင်နီကို ၁၉၃၈ခုနှစ်၊ မေလ၅ရက်နေ့ တွင် ဗန်းမော်မြို့၌ ဦးထွန်းရင်၊ ဒေါ်စောတင်တို့က မွေးဖွားခဲ့သည်။ အရွယ်ရောက်သော် ဗဟိုအစိုးရအထက်တန်းကျောင်းတွင် ပညာသင် ကြားခဲ့သည်။ အသက်ငါးနှစ်၊ ခြောက်နှစ်ကပင် ရေကူးတတ်မြောက်ခဲ့ သည်။ ရေကူးခြင်းကို မိဘများကလည်း မပိတ်ပင်၊ မတားဆီးခဲ့ချေ။ သူတို့တွင် ညီအစ်ကိုမောင်နှမ ငါးယောက်ရှိရာ တင်မောင်နီသည် ဒုတိယအငယ်ဆုံးဖြစ်သည်။ သူ့အထက်တွင် အစ်ကိုတစ်ယောက်၊ အစ်မနှစ်ယောက်ရှိပြီး သူ့အောက်မှာ ညီမဖြစ်သည်။

ငယ်ရွယ်စဉ်ကပင် ရေမှာမွေ့သူဖြစ်သည့်အတိုင်း ရေမကူးရလျှင် မနေ နိုင်သူပင်ဖြစ်သည်။ ဧရာဝတီမြစ်ရေပြင်သည် တင်မောင်နီကို အမြဲ တစေ ကြိုဆိုနေခဲ့သည်။ မြစ်ဧရာသည် တင်မောင်နီကို ရေလောက၌ ယဉ်ပါးစေလေသည်။ တင်မောင်နီ၏ ဘဝတွင် ရေပြင်ကိုမှီ၍ ကျော်ကြားမှုများ၊ အောင်မြင်မှုများ တစထက်တစ ရလာလေသည်။ မြစ်ဧရာတလျှောက် လက်ပစ်ကူးခတ်ခဲ့သူ တင်မောင်နီအား နောင်တနေ့တွင် ကျော်ကြားလာမည့် ရေကူးသမားတစ်ယောက်ဖြစ်စေ ရန် ရေပြင်သည် သူ့အား ပြုစုပျိုးထောင်ခဲ့လေသည်။

နေ့စဉ်နှင့်အမျှဆိုသလို ရေကူးဝတ်မပျက်ခဲ့သော တင်မောင်နီသည် ၁၉၅၆ခုနှစ် ကိုးတန်းကျောင်းသားဘဝ၌ သီတင်းကျွတ် လှေပြိုင်ပွဲနှင့် အတူ ဗန်းမော်မြို့တွင် ပြုလုပ်သော ရေကူးပြိုင်ပွဲဝယ် စတင်ယှဉ်ပြိုင်ခဲ့ ရာ ပထမဆုတံဆိပ်ရခဲ့သည်။ ယခင်ကမူ ရေပြင်ဝယ် အပေါင်းအသင်း များနှင့်အတူ အပျော်ကူးခတ်ခဲ့သည်။ တစ်ယောက်တည်း အဖော်မပါ ဘဲလည်း မပျင်းမရိ ကူးခတ်ခဲ့သည်။ ယခုမူ ယှဉ်ပြိုင်ရခြင်းဆိုသော အဆင့်အမျိုးအစား၌ စတင်ပြိုင်ဆိုင်ရခြင်းပင်ဖြစ်သည်။ ပွဲဦးထွက် ယှဉ်ပြိုင်ရသော ပြိုင်ပွဲတွင်ပင် ရေသန္ဓေပါလာသူ တင်မောင်နီသည် အောင်ပွဲဆင်၍ သူ၏ ရေကူးဝါသနာဗီဇသည် ပိုမိုခိုင်မြဲ အားသန်လေ တော့သည်။

၁၉၅၇ခုနှစ်တွင် ဗန်းမော်အစိုးရအထက်တန်းကျောင်းမှ မက်ထရစ် (ခေါ်) တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည်။ ၁၉၅၈ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ပညာဆက်လက်သင်ကြားရန် သူရောက်လာခဲ့ သည်။ တက္ကသိုလ်ကျောင်းသားဘဝသို့ ပြောင်းလဲလာခဲ့သော်လည်း သူ၏ဝါသနာဗီဇသည် ပျောက်ကွယ်မသွားခဲ့ချေ။ သူသည် တစ်နေ့ သောအခါဝယ် မြန်မာ့ရေကူးချန်ပီယံသာမက နိုင်ငံတကာအဆင့်မီသူ အဖြစ်သို့ပါ ရောက်ရမည်ဟု စိတ်ထဲဝယ် စွဲမြဲကာ သန္နိဋ္ဌာန်ချထားသူ ဖြစ်သည်။ သူ၏ ယုံကြည်ချက်အတွက် သူသည် ပို၍ပို၍ ရေကူးလာ သည်။

တင်မောင်နီ တက္ကသိုလ်ရောက်ပြီးနောက် ပြောင်းလဲသည်မှာ ယခင်က ကဲ့သို့ မဟုတ်ဘဲ စနစ်တကျ ရေကူးနိုင်ခြင်းပင် ဖြစ်ပေတော့သည်။ ပင် ကိုအခြေခံ ပြည့်ဝသူဖြစ်သည့်အတိုင်း စနစ်တကျ ရေကူးနိုင်သောအခါ ဝယ် သူ၏ စွမ်းရည်သည် ပိုမိုပေါ်ထွက်လာတော့သည်။ ၁၉၅၈ခုနှစ် တွင် ရေကူးကလပ်ပေါင်းစုံ ရေကူးပြိုင်ပွဲပြုလုပ်ရာ တင်မောင်နီသည် တက္ကသိုလ်ကလပ်မှ စတင်ပါဝင် ယှဉ်ပြိုင်ခဲ့သည်။ ထိုနှစ်အမျိုးသား တံခွန်စိုက်ရေကူးပြိုင်ပွဲ၌မူ အချိန်နောက်ကျနေ၍ ပါဝင်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ချေ။ ထိုနှစ်ကလပ်ပေါင်းစုံ ကလပ်အလိုက်ပြိုင်ပွဲတွင် တင်မောင်နီ သည် ပြိုင်သမျှ ဗိုလ်စွဲကာ တက္ကသိုလ်ကလပ်၌လည်း ဗိုလ်စွဲခဲ့သည်။

တင်မောင်နီသည် အလွတ်ရေကူးခြင်း၌ ပို၍သန်သူဖြစ်သည်။ သို့သော် လိပ်ပြာကူး၌လည်း ကျွမ်းကျင်သူဖြစ်သည်။ ရင်ပေါင်ကူးတွင်လည်း အဆင့်မီအောင် ကူးနိုင်ခဲ့သည်။ ၁၉၅၈ – ၅၉ ပတ်ဝန်းကျင်က နည်းမျိုး စုံ ကူးခတ်ခဲ့သည်။ ၁၉၆၀ပြည့်နှစ်နောက်ပိုင်းတွင် အလွတ်ကူးနည်း တစ်မျိုးသာ ကူးတော့သည်။ အထူးသဖြင့် တာဝေးရေကူးခြင်း၌ ပို၍ သန်သူဖြစ်သည်။ ၁၉၅၉ခုနှစ်၊ မြန်မာပြည်အမျိုးသားတံခွန်စိုက် ရေကူး ပြိုင်ပွဲတွင် စတင်ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀အလွတ်ကူး အားလုံး၌ ဗိုလ်စွဲခဲ့သည်။ သူပြိုင်သည့် ပြိုင်ပွဲအားလုံးတွင်ပင် ဗိုလ်စွဲခဲ့ သည်။

၁၉၅၉ခုနှစ်ကစ၍ တင်မောင်နီသည် မြန်မာပြည်ချန်ပီယံ ရေကူးသမား ဖြစ်လာခဲ့သည်။ ၁၉၅၉ခုနှစ်၊ ဒီဇင်ဘာလတွင် ပထမအကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်၌ ပြုလုပ်ခဲ့ရာ ရေကူးပြိုင်ပွဲများတွင် တင်မောင်နီ အစွမ်းပြနိုင်ခဲ့သည်။ ပထမကျွန်းဆွယ် ရေကူးပြိုင်ပွဲတွင် မြန်မာရေကူး အဖွဲ့သည် အောင်မြင်မှုများ ရခဲ့သည်။ တင်မောင်နီတစ်ဦးတည်း မီတာ ၁၀၀နှင့် ၂၀၀အလွတ်ကူးပွဲများ၌ ရွှေတံဆိပ်နှစ်ခု ဆွတ်ခူးရရှိခဲ့ပြီး မီတာ(၁၀၀ × ၄) လွန်းပျံအလွတ်ကူးပြိုင်ပွဲအတွက် ငွေတံဆိပ်လည်း ရခဲ့သည်။

ဗန်းမော်ရေကူးဗိုလ်ဘဝမှ တက္ကသိုလ်ရေကူးချန်ပီယံ၊ ထိုမှတဆင့် မြန်မာပြည်ချန်ပီယံ၊ သူ၏ အောင်မြင်မှုခရီးသည် အရှိန်ပြင်းစွာဖြင့် ရှေ့သို့လှမ်းတက်လာခဲ့ရာ အရှေ့တောင်အာရှကျွန်းဆွယ်ချန်ပီယံ ဖြစ်လာခဲ့သည်။ ၁၉၆၀ပြည့်နှစ် ရောမတွင် ၁၇ကြိမ်မြောက် ကမ္ဘာ့အိုလံပစ်အားကစားပြိုင်ပွဲ ပြုလုပ်ခဲ့ရာ တင်မောင်နီသည် ကမ္ဘာ့ အိုလံပစ် ရေကူးပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် သွားရောက်ခဲ့ရသည်။ ကမ္ဘာ နှင့်ချီ၍ ပြိုင်ရသော ရေကူးပြိုင်ပွဲတွင် ပထမအကြိမ် ပြိုင်ရပြီး ရာသီဥတု ကွာခြားလှသော ဥရောပမြေပေါ်ဝယ် စမ်းသပ်ပြိုင်ရခြင်းလည်းဖြစ် သည်။ ရောမကမ္ဘာ့အိုလံပစ်ရေကူးပြိုင်ပွဲတွင် သူအားသန်လှသော မီတာ၁၅၀၀အလွတ်ကူးဖြစ်သည့် တာဝေးပြိုင်ပွဲတစ်မျိုး၌သာ ပါဝင်ယှဉ် ပြိုင်ခဲ့လေသည်။ ထိုစဉ်က အမေရိကန်၊ ဂျပန်စသော ကမ္ဘာ့ထိပ်သီး နိုင်ငံများမှ ရေကူးချန်ပီယံအကျော်အမော်များ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ လူရွေးပွဲတွင် တင်မောင်နီသည် ပဉ္စမသာရ၍ အရေးနိမ့်ခဲ့ရသည်။

၁၉၆၁ခုနှစ်၊ မေလက အစ္စရေးနိုင်ငံ၊ တဲလ်အဲဗစ်မြို့တော်၌ နိုင်ငံတကာ အားကစားပြိဲုင်ပွဲပြုလုပ်ခဲ့ရာ ရေကူးပြိုင်ပွဲလည်း ပါဝင်သည်။ ထိုပြိုင်ပွဲ သို့ တင်မောင်နီသွားရောက်ယှဉ်ပြိုင်ခဲ့ရာ ရောမအိုလံပစ်၌ အရေးနိမ့်ခဲ့ရ မှုကို ချေဖျက်အောင်နိုင် ခဲ့လေသည်။ အမေရိကန်၊ ပြင်သစ်၊ ယူဂိုဆလပ်၊ သြစတြီးယားစသော နိုင်ငံများမှ ထိပ်သီးရေကူးချန်ပီယံ များ လာရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းပြိုင်ပွဲတွင် တင်မောင်နီသည် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်နှစ်ခုရကာ နိုင်ငံတကာရေကူးချန်ပီယံဖြစ် လာခဲ့လေသည်။

အစ္စရေးနိုင်ငံတကာရေကူးပြိုင်ပွဲ မီတာ၂၀၀အလွတ်ကူးပြိုင်ပွဲတွင် တင်မောင်နီသည် ၂မိနစ်၊ ၁၃ ဒဿမ ၆စက္ကန့်ဖြင့် ဒုတိယ ငွေတံဆိပ် ဆုရခဲ့သည်။ ရောမကမ္ဘာ့အိုလံပစ် မီတာ၂၀၀အလွတ်ကူးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သူ အမေရိကန်မှ ဂျက်ဖ်ဖာရဲလ်သည် အစ္စရေးပြိုင်ပွဲ၌ စတုတ္ထ သာရသွားသည်။ မီတာ၄၀၀အလွတ်ကူးပြိုင်ပွဲတွင်လည်း ၄မိနစ်၊ ၄၆ စက္ကန့်ဖြင့် တင်မောင်နီသည် ဒုတိယ ငွေတံဆိပ်ဆုရခဲ့သည်။ မီတာ ၁၅၀၀အလွတ်ကူးပြိုင်ပွဲတွင် တင်မောင်နီသည် ၁၉မိနစ်၊ ၂၇ ဒဿမ ၉ စက္ကန့်ဖြင့် ဗိုလ်စွဲကာ ရွှေတံဆိပ်ဆွတ်ခူးခဲ့သည်။ သူရည်မှန်းထားခဲ့ သော နိုင်ငံတကာရေကူးချန်ပီယံအဆင့်ကိုလည်း ရောက်ခဲ့လေသည်။

၁၉၆၁ခုနှစ်၊ ဒီဇင်ဘာတွင် ရန်ကုန်၌ ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲပြုလုပ်သည်။ ရေကူး ပြိုင်ပွဲ၌ မြန်မာရေကူးမောင်မယ်များသည် ရွှေတံဆိပ်အများဆုံး ဆွတ်ခူး ရရှိခဲ့လေသည်။ ထိုအထဲတွင် ရေကူး၌ တင်မောင်နီသည် ရွှေတံဆိပ် အများဆုံးရခဲ့ပြီး ကြေးတံဆိပ်ဆုလည်း ရယူခဲ့သေးသည်။ အမျိုးသား မီတာ၂၀၀အလွတ်ကူးပြိုင်ပွဲတွင် တင်မောင်နီသည် ၂မိနစ်၊ ၁၃ ဒဿမ ၉စက္ကန့်ဖြင့် ဗိုလ်စွဲသည်သာမက ကျွန်းဆွယ်စံချိန်သစ်ပါ တင်သွားခဲ့ သည်။ မီတာ၄၀၀အလွတ်ကူးပြိုင်ပွဲတွင် တင်မောင်နီပင် ရွှေတံဆိပ်ရ ကာ မီတာ၁၅၀၀ပြိုင်ပွဲ၌လည်း ၁၈မိနစ်၊ ၄၇ ဒဿမ ၁စက္ကန့်ဖြင့် တင်မောင်နီပင် ဗိုလ်စွဲရွှေတံဆိပ်ရခဲ့သည်။ သူ၏ စံချိန်မှာ ကျွန်းဆွယ် စံချိန်ဖြစ်သွားသည်။ မီတာ၁၀၀လိပ်ပြာကူးပြိုင်ပွဲတွင် တင်မောင်နီသည် တတိယ ကြေးတံဆိပ်ရရှိခဲ့ပြီး လက်ဆင့်ကမ်းပြိုင်ပွဲများ၌ မြန်မာအဖွဲ့ ရွှေတံဆိပ်များရရာ တင်မောင်နီပါဝင်ခဲ့လေသည်။

၁၉၆၂ခုနှစ်၊ သြဂုတ်လတွင် အင်ဒိုနီးရှားပြည်၊ ဂျကာတာမြို့တော်၌ စတုတ္ထအကြိမ်မြောက် အာရှအိုလံပစ်အားကစားပြိုင်ပွဲ၊ ရေကူးပြိုင်ပွဲ အတွက် ဂျပန်ရေကူးအဖွဲ့သည် စနစ်တကျပြင်ဆင်ထားခဲ့သည်။ ထို့အတူ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားရေကူးအဖွဲ့များသည်လည်း စနစ်တကျ ပြင်ဆင်ထားခဲ့ကြသည်။ ဂျပန်ရေကူးသမားများသည် ကမ္ဘာ့အဆင့်မီ သူများဖြစ်ပြီး ဖိလစ်ပိုင်တို့သည် အာရှထိပ်သီးအဆင့်၌ ရောက်နေသူများဖြစ်သည်။ ဂျကာတာအာရှအိုလံပစ် ရေကူးပြိုင်ပွဲ ပြုလုပ်နေစဉ် တင်မောင်နီသည် ဝမ်းလျှောနေခဲ့သည်။ ထိုသို့ အင်အား ကုန်ခန်းနေသည့်ကြားထဲမှ ယှဉ်ပြိုင်ခဲ့ရသော်လည်း သူ့ရည်မှန်းချက် အားခဲထားသော အာရှချန်ပီယံရွှေတံဆိပ်ဆုများကို ဇွဲ၊ လုံ့လပြည့်ဝမှုတို့ ကြောင့် ရယူနိုင်ခဲ့လေသည်။

ဂျကာတာအာရှအိုလံပစ် ရေကူးပြိုင်ပွဲများတွင် မီတာ၂၀၀ အလွတ်ကူးပွဲ ၌ တင်မောင်နီသည် တတိယကြေးတံဆိပ်ဆုရသွားသည်။ မီတာ၄၀၀ အလွတ်ကူးပြိုင်ပွဲတွင် ဂျပန်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့ကို အနိုင်ယူကာ ရွှေတံဆိပ်ရခဲ့လေသည်။ မီတာ၁၅၀၀ကူးပွဲတွင်လည်း ကမ္ဘာ့အဆင့်မီ ဂျပန်တို့ကို အနိုင်ယူကာ ရွှေတံဆိပ်ထပ်ဆင့်ရယူခဲ့ပြန်သည်။ တင်မောင်နီသည် ယခုကဲ့သို့ အောင်ပွဲဆင်လိုက်၍ ဂျပန်ရေကူးအဖွဲ့ အတွင်း၌ ပြဿနာများစွာဖြစ်သွားရသည်။ နောက်ဆုံးတွင် ဂျပန်တို့ သည် တင်မောင်နီ၏ စွမ်းရည်ကို ဝန်ခံချီးကျူးခဲ့ရလေသည်။ အာရှ ရေကူးလောကတွင် တင်မောင်နီ၏ အမည်သည် ပျံ့နှံ့ကျော်ကြားခဲ့လေ တော့သည်။

၁၉၆၄ခုနှစ်၊ အောက်တိုဘာလတွင် ၁၈ကြိမ်မြောက် ကမ္ဘာ့အိုလံပစ် အားကစားပြိုင်ပွဲကို ဂျပန်ပြည်၊ တိုကျိုမြို့တော်၌ ပြုလုပ်ခဲ့ရာ တင်မောင်နီ သွားရောက်ယှဉ်ပြိုင်ခဲ့သည်။ ရေကူးပြိုင်ပွဲအတွက် လေ့ကျင့်မှုအခက်အခဲရှိခြင်း၊ ရာသီဥတုအလွန်အမင်းအေးမြခြင်းတို့ ကြောင့် ဤတစ်ချီတွင် တင်မောင်နီ အရေးနိမ့်ခဲ့ရလေသည်။ တိုကျိုတွင် တင်မောင်မီသည် မီတာ၄၀၀နှင့် ၁၅၀၀ပြိုင်ပွဲများ၌ ပါဝင် ယှဉ်ပြိုင်ခဲ့သည်။ မီတာ၄၀၀ အလွတ်ကူးပွဲတွင် လူရွေးပွဲ၌ ၄မိနစ်၊ ၄၀ ဒဿမ ၉စက္ကန့်ဖြင့် ဆဋ္ဌမသာ ရခဲ့သည်။ အမေရိကန်၊ ကနေဒါ၊ အီတလီ၊ ဆိုဗီယက်၊ ကိုလံဘီယာတို့ကို ရှုံးပြီး ဟောင်ကောင်ထက် အသာရခဲ့သည်။ မီတာ၁၅၀၀ လူရွေးပွဲတွင် တင်မောင်နီသည် ၁၈မိနစ် ၉ ဒဿမ ၅စက္ကန့်ဖြင့် စတုတ္ထရခဲ့သည်။ အမေရိကန်၊ ဂျပန်၊ ကနေဒါ တို့ကို ရှုံးပြီး မြောက်ရိုဒီးရှား၊ ယူဂိုဆလားဗီးယား၊ ပီရူးတို့ကိုနိုင်ကာ အသာရခဲ့သည်။ တင်မောင်နီ၏ ယခုစံချိန်မှာ လွန်စွာပင် ကောင်းလှ ပေသည်။ သို့သော် တိုကျိုသို့မသွားမီ လေ့ကျင့်ရာ၌ ၁၇မိနစ်သာသာဖြင့် ကူးနိုင်ခဲ့ရာ တိုကျိုတွင် ရာသီဥတု ဆိုးဝါးမှုကြောင့် မူလရထားသော စံချိန်ကို ပြန်မရခဲ့ချေ။

၁၉၆၅ခုနှစ်၊ တတိယအကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲကို မလေးရှားပြည်၊ ကွာလာလမ်ပူ၌ ပြုလုပ်ခဲ့ရာ မြန်မာ ရေကူးအဖွဲ့သည် စင်ကာပူရေကူးအဖွဲ့ကို အရှုံးပေးခဲ့ရလေတော့သည်။ သို့သော်လည်း စင်ကာပူအဖွဲ့မှ ရွှေတံဆိပ်လေးခုရသွားသူ တန်သွန်ဟန်းကို တင်မောင်နီသည် အနိုင်ယူကာ မြန်မာအတွက် တစ်ခု တည်းသော ရွှေတံဆိပ်ရခဲ့သည်။ မီတာ၄၀၀ပြိုင်ပွဲတွင် တန်သွန်ဟန်း သည် ၄မိနစ်၊ ၃၃ ဒဿမ ၄စက္ကန့်ဖြင့် ဗိုလ်စွဲသွားပြီး တင်မောင်နီသည် ၄မိနစ်၊ ၃၃ဒဿမ ၇စက္ကန့်ဖြင့် ဒုတိယငွေတံဆိပ်သာ ရခဲ့သည်။ ယင်း ရှုံးကြွေးကို မီတာ၁၅၀၀ပြိုင်ပွဲ၌ အပြတ်အနိုင်ယူကာ ချေဖျက်ခဲ့သည်။ ထိုပြိုင်ပွဲတွင် ၁၈မိနစ်၊ ၁၇ ဒဿမ ၆စက္ကန့်ဖြင့် တင်မောင်နီ ဗိုလ်စွဲကာ တန်သွန်ဟန်းသည် ၁၈မိနစ်၊ ၅၄ ဒဿမ ၆စက္ကန့်ဖြင့် ဒုတိယရသွား သည်။ တင်မောင်နီစံချိန်သည် ကျွန်းဆွယ်စံချိန်သစ် ပင်ဖြစ်ခဲ့သည်။

၁၉၆၅ခုနှစ် တတိယကျွန်းဆွယ်ပြိုင်ပွဲပြီးသည်နှင့် ရေကူးသမားအဖြစ် ရေကူးချန်ပီယံဘဝတို့မှ တင်မောင်နီ အနားယူသွားလေတော့သည်။ ၁၉၆၁ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဥပစာသိပ္ပံ အထက်တန်းမှထွက်ပြီး ရေတပ်သို့ဝင်ကာ တပ်မတော်တာဝန်ကို ထမ်းရွက်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ရေတပ်တွင် ဒုဗိုလ်အဖြစ် ခန့်အပ်ခံရပြီးနောက် ဗိုလ်အဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။ တင်မောင်နီကို ရေကူးအောင်မြင်မှုများရ အောင် ဖန်တီးပေးခဲ့သူများအနက် အဓိကမှာ ဆစ်ဒနီသွင်နှင့် ဂျပန် နည်းပြဆရာ မတ်ဆုဒါတို့ဖြစ်ကြသည်။ သူတို့နှစ်ဦး၏ စနစ်တကျ သင်ကြားပြသ ပြုစုပျိုးထောင် ပေးမှုကြောင့် အရည်အသွေးအခြေခံရှိပြီး ဖြစ်သော တင်မောင်နီသည် ပို၍ အရောင်ထွက်ကာ အစွမ်းပြနိုင်ခဲ့သည်။

တစ်ချိန်တစ်ခါက ရေလွှာပြင်ဝယ် အောင်ပွဲများ ထပ်ဆင့်ရယူခဲ့သော တင်မောင်နီသည် သာမန်လေ့ကျင့်မှုအဖြစ်သာ ရေပြင်၌ ကူးခတ်ခဲ့နေ ပေတော့သည်။ ရေပြင်နှင့် တင်မောင်နီတို့သည် အစဉ်အမြဲဒွန်တွဲနေ သကဲ့သို့ သူ၏ အောင်မြင်မှုများသည်လည်း ရေပြင်ဝယ် တဖွေးဖွေး တောက်ပကျန်ရစ်လေမည်သာဖြစ်တော့သည်။

(တင်မောင်နီသည် ၁၉၇၄ခုနှစ်၊ ဧပြီ၂ရက် အသက်(၃၅)နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။)

“တင်မောင်နီရရှိခဲ့သော အောင်မြင်မှုများ”

၁၉၅၉ကျွန်းဆွယ် (မီတာ၁၀၀ အလွတ်ကူး)

၁၉၅၉ကျွန်းဆွယ် (မီတာ၂၀၀ အလွတ်ကူး)

၁၉၆၁ကျွန်းဆွယ် (မီတာ၂၀၀ အလွတ်ကူး)

၁၉၆၁ကျွန်းဆွယ် (မီတာ၄၀၀ အလွတ်ကူး)

၁၉၆၁ကျွန်းဆွယ် (မီတာ၁၅၀၀ အလွတ်ကူး)

၁၉၆၁ကျွန်းဆွယ် (မီတာ၂၀၀×၄ လွန်းပျံအလွတ်ကူး)

၁၉၆၁ကျွန်းဆွယ် (မီတာ၁၀၀×၄ လွန်းပျံလေးမျိုးကူး)

၁၉၆၂အာရှအိုလံပစ် (မီတာ၄၀၀ အလွတ်ကူး)

၁၉၆၂အာရှအိုလံပစ် (မီတာ၁၅၀၀ အလွတ်ကူး)

၁၉၆၅ကျွန်းဆွယ် (မီတာ၁၅၀၀ အလွတ်ကူး)

၁၉၅၉ကျွန်းဆွယ် (မီတာ၁၀၀×၄ လွန်းပျံအလွတ်ကူး)

၁၉၆၅ကျွန်းဆွယ် (မီတာ၂၀၀ အလွတ်ကူး)

၁၉၆၅ကျွန်းဆွယ် (မီတာ၄၀၀ အလွတ်ကူး)

၁၉၆၁ကျွန်းဆွယ် (မီတာ၁၀၀ လိပ်ပြာကူး)

၁၉၆၂အာရှအိုလံပစ် (မီတာ၂၀၀ အလွတ်ကူး)

ရည်ညွှန်း – မောင်ရဲဝင်း (တစ်ခေတ်တစ်ခါက မြန်မာ့အားကစား့ လူရည်ချွန်များ)

ဖိုးသူတော် (www.phothutaw.com)
Credit:Myanmar Sport History
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top