ညဘက္ Battle ေလး ဆိုင္လိုက္၊ Chatting ေလးဝင္လိုက္၊ ေဖ့စ္ဘုတ္ေလး ပြတ္လိုက္နဲ႔ ညဥ့္နက္ေနက်မလား။ သူမ်ားေတြ တေရးႏိုးတဲ့အခ်ိန္လည္း ဇီးကြက္ေလးေတြက ေအးေဆးပဲ။ အြန္လိုင္းေလးတက္ေနတုန္း။ ဒါေပမယ့္ အိပ္ေရးပ်က္တာကေန ျဖစ္လာနုိင္တဲ့ ဆိုးက်ိဳးေတြကို မေတြးမိဘူးမလား။

အိပ္ခ်ိန္မလံုေလာက္တဲ့အခါ ခႏၶာကိုယ္ရဲ႔လုပ္ေဆာင္ခ်က္ေတြ တစ္ခုခ်င္းစီမွာ သက္ေရာက္မႈရွိနုိင္ပါတယ္။ ညက အိပ္ေရးပ်က္ထားရင္ ေနာက္ေန႔ တစ္ေန႔လံုး စိတ္မၾကည္၊ အဆင္မေျပေတာ့ဘူးဆုိတာ သိထားျပီးသားျဖစ္မွာပါ။ ဒါတင္မကေသးဘဲ မွတ္ဥာဏ္မွာေရာ၊ က်န္းမာေရး၊ ရုပ္အသြင္အျပင္နဲ႔ ကိုယ့္ရဲ႕အရည္အခ်င္းစြမ္းေဆာင္ရည္ေတြမွာပါ ထိခိုက္ဆံုးရံႈးမႈေတြ ျဖစ္လာနုိင္တယ္ဆိုတာေရာ သင္သိပါသလား။

ညညအိပ္ခ်ိန္နည္းမယ္၊ ဆက္တိုက္အိပ္ေရးပ်က္ေနမယ္ဆိုရင္ –

(၁) ဥာဏ္က ထံုထိုင္းလာနိုင္တယ္

အိပ္ေရးပ်က္ရင္ ေတြးေခၚနို္င္စြမ္း၊ သင္ယူေလ့လာနိုင္စြမ္းတို႔လို ဥာဏ္စြမ္းရည္နဲ႔ပတ္သက္တဲ့ လုပ္ေဆာင္ခ်က္ေတြအားနည္းလာျပီး ဦးေႏွာက္ဖြံ႔ျဖိဳးမႈကိုထိခိုက္ေစတယ္။

(၂) စိတ္က်ေရာဂါ ျဖစ္လာနုုိင္တယ္

ညအိပ္မေပ်ာ္ျခင္းက စိတ္က်ေရာဂါနဲ႔ဆက္ႏႊယ္ေနပါတယ္တဲ့။ အိပ္ေရးပ်က္ထားရင္ လူက ဘာမွလုပ္ခ်င္ကိုင္ခ်င္စိတ္မရွိ၊ ေလးတိေလးကန္ထိုင္းမိႈင္းမယ္၊ စိတ္ဆတ္မယ္၊ စိတ္ညစ္ညဴးေနမယ္။ ဘာမွအလုပ္မျဖစ္ေတာ့ စိတ္ဓာတ္က်တဲ့အေတြးေတြဝင္လာနုိင္တယ္။

(၃) ရုပ္ပိုရင့္ေစတယ္

အအိပ္မမွန္ရင္ အသားအေရညစ္ျပီး အေရးအေၾကာင္းေတြ၊ မ်က္ကြင္းညိဳတာေတြ ျဖစ္ေစနုိင္တယ္ေလ။ အိပ္ေရးမဝတဲ့အခါ ခႏၶာကိုယ္က cortisol ေဟာ္မုန္းေတြပိုထြက္လာျပီး အသားအေရေခ်ာေမြ႔ေစဖို႔၊ တင္းရင္းေစဖို႔ထိန္းသိမ္းေပးတဲ့ skin collagen ေတြကို ပ်က္စီးေစပါတယ္။ ရလဒ္ကေတာ့ အသားမလွေတာ့ဘူး၊ မစိုျပည္ေတာ့ဘူး၊ ရုပ္ပိုရင့္လာနုိင္တယ္။

(၄) ေနာက္ပိုင္းမွာ က်န္းမာေရးျပႆနာတစ္ခုခုျဖစ္လာနုိင္တယ္

ေနာက္ဆက္တြဲျပႆနာအေနနဲ႔ ႏွလံုးေရာဂါ၊ ေသြးတိုး၊ အဝလြန္ျခင္း စတဲ့ ေရာဂါဆိုးေတြ ျဖစ္လာနိုင္တဲ့အႏၱရာယ္ရွိတယ္။

(၅) ပိုဝလာနို္င္တယ္

အိပ္ေရးပ်က္ရင္ ပိုဆာတယ္၊ အစာစားခ်င္စိတ္ပိုျဖစ္လာနိုင္တယ္တဲ့။ အဆီမ်ား၊ အခ်ိဳမ်ားျပီး က်န္းမာေရးနဲ႔မညီတာေတြကိုမွ ပိုစားခ်င္တတ္တာျဖစ္လို႔ အဝလြန္ျခင္းကို ဦးတည္လာနုိင္တယ္။ အိပ္ေရးမဝတဲ့အခါ Leptin ေဟာ္မုန္း ပမာဏကိုေလ်ာ့ေစျပီး ဆာေလာင္မႈကိုႏိႈးဆြတဲ့ Ghrelin ပမာဏကိုတိုးေစလို႔ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #


ညဘက် Battle လေး ဆိုင်လိုက်၊ Chatting လေးဝင်လိုက်၊ ဖေ့စ်ဘုတ်လေး ပွတ်လိုက်နဲ့ ညဉ့်နက်နေကျမလား။ သူများတွေ တရေးနိုးတဲ့အချိန်လည်း ဇီးကွက်လေးတွေက အေးဆေးပဲ။ အွန်လိုင်းလေးတက်နေတုန်း။ ဒါပေမယ့် အိပ်ရေးပျက်တာကနေ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို မတွေးမိဘူးမလား။

အိပ်ချိန်မလုံလောက်တဲ့အခါ ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေ တစ်ခုချင်းစီမှာ သက်ရောက်မှုရှိနိုင်ပါတယ်။ ညက အိပ်ရေးပျက်ထားရင် နောက်နေ့ တစ်နေ့လုံး စိတ်မကြည်၊ အဆင်မပြေတော့ဘူးဆိုတာ သိထားပြီးသားဖြစ်မှာပါ။ ဒါတင်မကသေးဘဲ မှတ်ဉာဏ်မှာရော၊ ကျန်းမာရေး၊ ရုပ်အသွင်အပြင်နဲ့ ကိုယ့်ရဲ့အရည်အချင်းစွမ်းဆောင်ရည်တွေမှာပါ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်ဆိုတာရော သင်သိပါသလား။

ညညအိပ်ချိန်နည်းမယ်၊ ဆက်တိုက်အိပ်ရေးပျက်နေမယ်ဆိုရင် –

(၁) ဉာဏ်က ထုံထိုင်းလာနိုင်တယ်

အိပ်ရေးပျက်ရင် တွေးခေါ်နိုင်စွမ်း၊ သင်ယူလေ့လာနိုင်စွမ်းတို့လို ဉာဏ်စွမ်းရည်နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေအားနည်းလာပြီး ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေတယ်။

(၂) စိတ်ကျရောဂါ ဖြစ်လာနိုင်တယ်

ညအိပ်မပျော်ခြင်းက စိတ်ကျရောဂါနဲ့ဆက်နွှယ်နေပါတယ်တဲ့။ အိပ်ရေးပျက်ထားရင် လူက ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိ၊ လေးတိလေးကန်ထိုင်းမှိုင်းမယ်၊ စိတ်ဆတ်မယ်၊ စိတ်ညစ်ညူးနေမယ်။ ဘာမှအလုပ်မဖြစ်တော့ စိတ်ဓာတ်ကျတဲ့အတွေးတွေဝင်လာနိုင်တယ်။

(၃) ရုပ်ပိုရင့်စေတယ်

အအိပ်မမှန်ရင် အသားအရေညစ်ပြီး အရေးအကြောင်းတွေ၊ မျက်ကွင်းညိုတာတွေ ဖြစ်စေနိုင်တယ်လေ။ အိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်က cortisol ဟော်မုန်းတွေပိုထွက်လာပြီး အသားအရေချောမွေ့စေဖို့၊ တင်းရင်းစေဖို့ထိန်းသိမ်းပေးတဲ့ skin collagen တွေကို ပျက်စီးစေပါတယ်။ ရလဒ်ကတော့ အသားမလှတော့ဘူး၊ မစိုပြည်တော့ဘူး၊ ရုပ်ပိုရင့်လာနိုင်တယ်။

(၄) နောက်ပိုင်းမှာ ကျန်းမာရေးပြဿနာတစ်ခုခုဖြစ်လာနိုင်တယ်

နောက်ဆက်တွဲပြဿနာအနေနဲ့ နှလုံးရောဂါ၊ သွေးတိုး၊ အဝလွန်ခြင်း စတဲ့ ရောဂါဆိုးတွေ ဖြစ်လာနိုင်တဲ့အန္တရာယ်ရှိတယ်။

(၅) ပိုဝလာနိုင်တယ်

အိပ်ရေးပျက်ရင် ပိုဆာတယ်၊ အစာစားချင်စိတ်ပိုဖြစ်လာနိုင်တယ်တဲ့။ အဆီများ၊ အချိုများပြီး ကျန်းမာရေးနဲ့မညီတာတွေကိုမှ ပိုစားချင်တတ်တာဖြစ်လို့ အဝလွန်ခြင်းကို ဦးတည်လာနိုင်တယ်။ အိပ်ရေးမဝတဲ့အခါ Leptin ဟော်မုန်း ပမာဏကိုလျော့စေပြီး ဆာလောင်မှုကိုနှိုးဆွတဲ့ Ghrelin ပမာဏကိုတိုးစေလို့ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top