အရပ္ျမင့္ျမင့္ အသားျဖဴျဖဴ လူရည္သန္႔ လူငယ္တစ္ေယာက္ ဟိုတယ္ထဲကိုဝင္လာတယ္။ ေကာင္တာေရွ႕ေရာက္ေတာ့ ဟိုတယ္ပိုင္ရွင္သူေဌးကိုေမးတယ္ …

လူငယ္ – အခန္းနံပါတ္ ၃၉ အားလား
သူေဌး – အားပါတယ္ဗ်
လူငယ္ – ကၽြန္ေတာ္ယူလို႔ရမလား
သူေဌး – ရတာေပါ့ဗ်
လူငယ္ – ဟုတ္ကဲ့ ေက်းဇူးပါ

လူငယ္က အခန္းထဲမဝင္ခင္ အနက္ေရာင္ ဓါးတစ္ေခ်ာင္းရယ္၊ အပ္ခ်ည္ အျဖဴေရာင္ ၁၃ လက္မ အရွည္ရယ္၊ ၁၆ က်ပ္သား အေလးခ်ိန္ရွိတဲ့ လိေမၼာ္သီးရယ္ ရႏိုင္မလားလို႔ သူေဌးကိုေမးတယ္။

သူေဌးကလဲ ရႏိုင္ပါတယ္လို႔ သေဘာတူလိုက္တယ္။ ဒီပစၥည္းေတြနဲ႔ ပတ္သက္လို႔ သူအနဲငယ္ အံၾသသြားၿပီး စိတ္ရႈပ္သြား တာေတာ့ အမွန္ပဲ။ လူငယ္ကို ေမးစရာေတြရွိလာတယ္။

လူငယ္ကအခန္းကိုသြားတဲ့လမ္းတစ္ေလွ်ာက္ ဘာစကားတစ္ခြန္းမွမဟဘူး။ ဒီေတာ့ သူေဌးက ေမးဖို႔ အခြင့္မသာဘူး။ အဲသည္အခ်ိန္မွာပဲ အခန္းနံပါတ္ ၃၉ ကိုေရာက္ေတာ့ လူငယ္က အခန္းထဲဝင္သြားတယ္။ သူကေတာ့ေမးခြန္းေတြ မေမးလိုက္ရပဲ က်န္ေနခဲ့တယ္။

ညသန္းေခါင္ယံအခ်ိန္ေလာက္ ေရာက္ေတာ့ လူငယ္ရဲ႕အခန္းထဲကေန ေတာနက္ႀကီးထဲကလိုပဲ သားရဲတိရိစၧာန္ သံေတြ ၾကားရတယ္ ထိုင္ခံုစားပြဲေတြပစ္ေပါက္သံေတြ ကုတင္ ပြတ္ဆြဲသံေတြ ေအာ္ဟစ္ညည္းညဴသံေတြ ၾကားရတယ္။

အဲသည္ည သူေဌးအိပ္မေပ်ာ္ေတာ့ဘူး။ သူ႔ေခါင္းထဲ အေတြးေတြဝင္လာတယ္။ အဲ့သည္ အံၾသစရာ ေကာင္းတဲ့အသံေတြ က ဘယ္ကလာတာ ျဖစ္ႏိုင္မလဲေပါ့။

မနက္ခင္းေရာက္ေတာ့ လူငယ္က အခန္းလာအပ္တယ္။ ေသာ့ရတာနဲ႔ သူေဌးက အခန္းကို သိခ်င္ေဇာနဲ႔ အေျပးသြားၾကည့္ တယ္။

အခန္းထဲမွာ အရာအားလံုးအေကာင္းတိုင္းပဲ။ ပံုမွန္မဟုတ္တာ တစ္ခုမွမေတြ႕ဘူး။ ဓါးအနက္ေရာင္ ရယ္၊ ၁၆ က်ပ္သား ရွိတဲ့ လိေမၼာ္သီးတစ္လံုးရယ္ စားပြဲေပၚမွာရွိတယ္။ ၁၃ လက္မ ရွည္တဲ့ အပ္ခ်ည္ေတာင္ ပံုစံမပ်က္ဘူး အားလံုးအေကာင္း တိုင္းပဲ။

ေကာင္တာမွာ လူငယ္က ပိုက္ဆံရွင္းတယ္။ ဟိုတယ္ ဝန္ထမ္းမွတ္ခ်က္မွာ အရမ္းအဆင္ေျပေၾကာင္း မွတ္ခ်က္ေပးတယ္။ ျပံဳးၿပီးေတာ့ ကားေပၚတက္သြားတယ္။

သူေဌးက ေခၽြးေတြပ်ံေနၿပီ ဒါေပမယ့္ ညက သူဘာၾကားခဲ့တယ္ဆိုတာကိုေတာ့ ဝန္ထမ္းေတြကို မေျပာျပပဲ ထားလိုက္တယ္။ သူ ညက အသံေတြ တကယ္ၾကားခဲ့တာလား သူ႔ကိုယ္သူ ေဝခြဲမရ အေတြးေတြပြားၿပီး က်န္ခဲ့တယ္။

တစ္ႏွစ္တိတိၾကာၿပီးတဲ့အခ်ိန္မွာ လူငယ္က ဟိုတယ္ကို ျပန္ေရာက္လာတယ္။ သူေဌး စိတ္ထဲမွာ ဗေဟဠိ ျဖစ္ေနတယ္။

လူငယ္က မႏွစ္ကလိုပဲ အခန္းနံပါတ္ ၃၉၊ အနက္ေရာင္ ဓါးတစ္ေခ်ာင္း၊ အပ္ခ်ည္ အျဖဴေရာင္ ၁၃ လက္မ အရွည္၊ ၁၆ က်ပ္သား အေလးခ်ိန္ရွိတဲ့ လိေမၼာ္သီး၊ ဒါေတြပဲ မွာတယ္

ဒီတစ္ခါေတာ့ သူေဌးက မေနႏိုင္ေတာ့ဘူး။ ဒီအခန္းထဲမွာ ဘာေတြျဖစ္လဲဆိုတာ အမွန္တရားကိုသိဖို႔ အခ်ိန္ေတြကုန္ခံ မအိပ္ပဲ ေစာင့္ၾကည့္တယ္။

ညသန္းေခါင္ယံေရာက္လာၿပီ။ အခန္းထဲကေန အရင္လို ေတာ႐ိုင္းတိရိစၧာန္ အသံေတြ ၾကားရျပန္တယ္။ ပရိေဘာကခံုေတြ ပြတ္တိုက္ ၿပိဳလဲသံေတြ ျပန္ၾကားရျပန္တယ္ ဝ႐ုန္းသုန္းကားနဲ႔ ။ ဒီတစ္ခါ အရင္တစ္ေခါက္ကထက္ အသံပိုက်ယ္ေလာင္ လာတယ္ အဓိပၸါယ္ေဖာ္မရတဲ့ ညည္းတြားသံေတြပါ ၾကားလာရတယ္ မႏွစ္ကမၾကားဖူးတဲ့အသံမ်ိဳးေတြပါ ၾကားလာရတယ္။

မနက္မိုးလင္းလာေတာ့ လူငယ္ အခန္း ျပန္လာအပ္တယ္။ သူေဌးက ေသာ့ယူၿပီး အခန္းကို ခါတိုင္းလိုပဲ ျပန္သြားၾကည့္ တယ္ အခန္းထဲမွာ အရာအားလံုး ပံုမွန္အတိုင္းပဲ။ ဘာမွမထူးျခားဘူး။

ဒီတစ္ခါလဲ မႏွစ္ကလိုပဲ လူငယ္က ပိုက္ဆံရွင္းတယ္ ဝန္ထမ္းေတြကို မုန္႔ဖိုးပါေပးသြားတယ္။ အရင္လိုျပံဳးၿပီး ဟိုတယ္က ထြက္သြားျပန္တယ္။

သူေဌး အမွန္တရားကိုစတင္ရွာေဖြဖို႔ ႀကိဳးစားပါေတာ့တယ္။ သူယူခိုင္းတဲ့ ပစၥည္းေတြနဲ႔ ဆက္စပ္ႀကိဳးစားၾကည့္တယ္။ အနက္ေရာင္ဓါး အပ္ခ်ည္ ၁၃ လက္မ၊ ၁၆ က်ပ္သားရွိတဲ့ လိေမၼာ္သီး။ ဘာတစ္ခုမွဆက္စပ္လို႔မရဘူး။ ၿပီးေတာ့ အခန္းနံပါတ္ ၃၉ မွာမွ ဘာလို႔လဲ။ အေျဖထြက္မလာ……။

အဲ့သည္ေနာက္ေတာ့ သူေဌးဟာ မတ္လေရာက္ဖို႔အတြက္ တက္ႂကြစြာနဲ႔ ေစာင့္ေနတယ္။ မတ္လမွာ လူငယ္က ေရာက္လာတာကိုး။

သူေစာင့္စားတဲ့ေန႔ေရာက္လာတယ္။ မတ္လ ၁ ရက္ေန႔။ လူငယ္ေရာက္လာတယ္ အရင္လိုပဲ ၃၉ အခန္းကို လြတ္လား ေမးတယ္။ အဲ့သည္အခန္းကို ယူတယ္ ၿပီးရင္ အရင္လို ပဲ သူလိုတာေတြ ေတာင္းတယ္။

မႏွစ္ကအတိုင္းပဲ အားလံုးအတူတူပဲ တစ္ပံုစံတည္းပဲ။ တစ္ႏွစ္ထက္ တစ္ႏွစ္ အခန္းထဲက အသံေတြ ပိုပိုက်ယ္လာတာက လြဲလို႔ေပါ့။

မနက္ခင္းေရာက္ေတာ့ လူငယ္အခန္းလာအပ္တယ္။ သူေဌးက ေတာင္းေတာင္းပန္ပန္နဲ႔ လူငယ္ကို ေမးတယ္။ ဒီအခန္းထဲ မွာၾကားရတဲ့ အသံေတြရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကိုေပါ့။

အဲ့သည္မွာ လူငယ္က ျပန္ေျပာတယ္။

လူငယ္ – တကယ္လို႔ ကၽြန္ေတာ္ ဒီလွ်ိဳ႕ဝွက္ခ်က္ကို ေျပာျပခဲ့ရင္ ခင္ဗ်ားတျခား ဘယ္သူ႔ကိုမွ မေျပာျပဘူး။ ျပန္မရွင္းျပ ဘူးလို႔ ကတိေပးႏိုင္မလား။

သူေဌး – အင္း ကတိေပးတယ္ ဘယ္သူ႔ကိုမွ ျပန္မေျပာပါဘူး

လူငယ္ – က်ိန္ဆိုမလား

သူေဌး – က်ိန္ဆိုပါတယ္

ေနာက္ဆံုးေတာ့ လူငယ္က အဲ့သည္အခန္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္အမွန္ကို သူေဌးကို အေၾကာင္းစံု ဖြင့္ေျပာျပခဲ့လိုက္ေတာ့ တယ္။

ဒါေပမယ့္ သူေဌးဟာ စိတ္ရင္းမွန္ၿပီး ကတိတည္သူျဖစ္သည့္အေလ်ာက္။ သူသိခဲ့သမွ်အားလံုးကို ဘယ္သူ႔ကိုမွ ထပ္မေျပာ ျပေတာ့ပါဘူး။ အဲဒါေၾကာင့္ က်ေနာ္လဲ မသိပါဘူး။

သူေျပာျပတဲ့အခ်ိန္ က်ေနာ္ လာျပန္ေျပာျပပါ့မယ္၊ သြားလတ္အူးမယ္ သလား ..

ဖိုးသူေတာ္ (www.phothutaw.com)
Credit:သရဲမ

#Unicode Version# ျဖင့္ဖတ္ပါ ။

အရပ်မြင့်မြင့် အသားဖြူဖြူ လူရည်သန့် လူငယ်တစ်ယောက် ဟိုတယ်ထဲကိုဝင်လာတယ်။ ကောင်တာရှေ့ရောက်တော့ ဟိုတယ်ပိုင်ရှင်သူဌေးကိုမေးတယ် …

လူငယ် – အခန်းနံပါတ် ၃၉ အားလား
သူဌေး – အားပါတယ်ဗျ
လူငယ် – ကျွန်တော်ယူလို့ရမလား
သူဌေး – ရတာပေါ့ဗျ
လူငယ် – ဟုတ်ကဲ့ ကျေးဇူးပါ

လူငယ်က အခန်းထဲမဝင်ခင် အနက်ရောင် ဓါးတစ်ချောင်းရယ်၊ အပ်ချည် အဖြူရောင် ၁၃ လက်မ အရှည်ရယ်၊ ၁၆ ကျပ်သား အလေးချိန်ရှိတဲ့ လိမ္မော်သီးရယ် ရနိုင်မလားလို့ သူဌေးကိုမေးတယ်။

သူဌေးကလဲ ရနိုင်ပါတယ်လို့ သဘောတူလိုက်တယ်။ ဒီပစ္စည်းတွေနဲ့ ပတ်သက်လို့ သူအနဲငယ် အံသြသွားပြီး စိတ်ရှုပ်သွား တာတော့ အမှန်ပဲ။ လူငယ်ကို မေးစရာတွေရှိလာတယ်။

လူငယ်ကအခန်းကိုသွားတဲ့လမ်းတစ်လျှောက် ဘာစကားတစ်ခွန်းမှမဟဘူး။ ဒီတော့ သူဌေးက မေးဖို့ အခွင့်မသာဘူး။ အဲသည်အချိန်မှာပဲ အခန်းနံပါတ် ၃၉ ကိုရောက်တော့ လူငယ်က အခန်းထဲဝင်သွားတယ်။ သူကတော့မေးခွန်းတွေ မမေးလိုက်ရပဲ ကျန်နေခဲ့တယ်။

ညသန်းခေါင်ယံအချိန်လောက် ရောက်တော့ လူငယ်ရဲ့အခန်းထဲကနေ တောနက်ကြီးထဲကလိုပဲ သားရဲတိရိစ္ဆာန် သံတွေ ကြားရတယ် ထိုင်ခုံစားပွဲတွေပစ်ပေါက်သံတွေ ကုတင် ပွတ်ဆွဲသံတွေ အော်ဟစ်ညည်းညူသံတွေ ကြားရတယ်။

အဲသည်ည သူဌေးအိပ်မပျော်တော့ဘူး။ သူ့ခေါင်းထဲ အတွေးတွေဝင်လာတယ်။ အဲ့သည် အံသြစရာ ကောင်းတဲ့အသံတွေ က ဘယ်ကလာတာ ဖြစ်နိုင်မလဲပေါ့။

မနက်ခင်းရောက်တော့ လူငယ်က အခန်းလာအပ်တယ်။ သော့ရတာနဲ့ သူဌေးက အခန်းကို သိချင်ဇောနဲ့ အပြေးသွားကြည့် တယ်။

အခန်းထဲမှာ အရာအားလုံးအကောင်းတိုင်းပဲ။ ပုံမှန်မဟုတ်တာ တစ်ခုမှမတွေ့ဘူး။ ဓါးအနက်ရောင် ရယ်၊ ၁၆ ကျပ်သား ရှိတဲ့ လိမ္မော်သီးတစ်လုံးရယ် စားပွဲပေါ်မှာရှိတယ်။ ၁၃ လက်မ ရှည်တဲ့ အပ်ချည်တောင် ပုံစံမပျက်ဘူး အားလုံးအကောင်း တိုင်းပဲ။

ကောင်တာမှာ လူငယ်က ပိုက်ဆံရှင်းတယ်။ ဟိုတယ် ဝန်ထမ်းမှတ်ချက်မှာ အရမ်းအဆင်ပြေကြောင်း မှတ်ချက်ပေးတယ်။ ပြုံးပြီးတော့ ကားပေါ်တက်သွားတယ်။

သူဌေးက ချွေးတွေပျံနေပြီ ဒါပေမယ့် ညက သူဘာကြားခဲ့တယ်ဆိုတာကိုတော့ ဝန်ထမ်းတွေကို မပြောပြပဲ ထားလိုက်တယ်။ သူ ညက အသံတွေ တကယ်ကြားခဲ့တာလား သူ့ကိုယ်သူ ဝေခွဲမရ အတွေးတွေပွားပြီး ကျန်ခဲ့တယ်။

တစ်နှစ်တိတိကြာပြီးတဲ့အချိန်မှာ လူငယ်က ဟိုတယ်ကို ပြန်ရောက်လာတယ်။ သူဌေး စိတ်ထဲမှာ ဗဟေဠိ ဖြစ်နေတယ်။

လူငယ်က မနှစ်ကလိုပဲ အခန်းနံပါတ် ၃၉၊ အနက်ရောင် ဓါးတစ်ချောင်း၊ အပ်ချည် အဖြူရောင် ၁၃ လက်မ အရှည်၊ ၁၆ ကျပ်သား အလေးချိန်ရှိတဲ့ လိမ္မော်သီး၊ ဒါတွေပဲ မှာတယ်

ဒီတစ်ခါတော့ သူဌေးက မနေနိုင်တော့ဘူး။ ဒီအခန်းထဲမှာ ဘာတွေဖြစ်လဲဆိုတာ အမှန်တရားကိုသိဖို့ အချိန်တွေကုန်ခံ မအိပ်ပဲ စောင့်ကြည့်တယ်။

ညသန်းခေါင်ယံရောက်လာပြီ။ အခန်းထဲကနေ အရင်လို တောရိုင်းတိရိစ္ဆာန် အသံတွေ ကြားရပြန်တယ်။ ပရိဘောကခုံတွေ ပွတ်တိုက် ပြိုလဲသံတွေ ပြန်ကြားရပြန်တယ် ဝရုန်းသုန်းကားနဲ့ ။ ဒီတစ်ခါ အရင်တစ်ခေါက်ကထက် အသံပိုကျယ်လောင် လာတယ် အဓိပ္ပါယ်ဖော်မရတဲ့ ညည်းတွားသံတွေပါ ကြားလာရတယ် မနှစ်ကမကြားဖူးတဲ့အသံမျိုးတွေပါ ကြားလာရတယ်။

မနက်မိုးလင်းလာတော့ လူငယ် အခန်း ပြန်လာအပ်တယ်။ သူဌေးက သော့ယူပြီး အခန်းကို ခါတိုင်းလိုပဲ ပြန်သွားကြည့် တယ် အခန်းထဲမှာ အရာအားလုံး ပုံမှန်အတိုင်းပဲ။ ဘာမှမထူးခြားဘူး။

ဒီတစ်ခါလဲ မနှစ်ကလိုပဲ လူငယ်က ပိုက်ဆံရှင်းတယ် ဝန်ထမ်းတွေကို မုန့်ဖိုးပါပေးသွားတယ်။ အရင်လိုပြုံးပြီး ဟိုတယ်က ထွက်သွားပြန်တယ်။

သူဌေး အမှန်တရားကိုစတင်ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ သူယူခိုင်းတဲ့ ပစ္စည်းတွေနဲ့ ဆက်စပ်ကြိုးစားကြည့်တယ်။ အနက်ရောင်ဓါး အပ်ချည် ၁၃ လက်မ၊ ၁၆ ကျပ်သားရှိတဲ့ လိမ္မော်သီး။ ဘာတစ်ခုမှဆက်စပ်လို့မရဘူး။ ပြီးတော့ အခန်းနံပါတ် ၃၉ မှာမှ ဘာလို့လဲ။ အဖြေထွက်မလာ……။

အဲ့သည်နောက်တော့ သူဌေးဟာ မတ်လရောက်ဖို့အတွက် တက်ကြွစွာနဲ့ စောင့်နေတယ်။ မတ်လမှာ လူငယ်က ရောက်လာတာကိုး။

သူစောင့်စားတဲ့နေ့ရောက်လာတယ်။ မတ်လ ၁ ရက်နေ့။ လူငယ်ရောက်လာတယ် အရင်လိုပဲ ၃၉ အခန်းကို လွတ်လား မေးတယ်။ အဲ့သည်အခန်းကို ယူတယ် ပြီးရင် အရင်လို ပဲ သူလိုတာတွေ တောင်းတယ်။

မနှစ်ကအတိုင်းပဲ အားလုံးအတူတူပဲ တစ်ပုံစံတည်းပဲ။ တစ်နှစ်ထက် တစ်နှစ် အခန်းထဲက အသံတွေ ပိုပိုကျယ်လာတာက လွဲလို့ပေါ့။

မနက်ခင်းရောက်တော့ လူငယ်အခန်းလာအပ်တယ်။ သူဌေးက တောင်းတောင်းပန်ပန်နဲ့ လူငယ်ကို မေးတယ်။ ဒီအခန်းထဲ မှာကြားရတဲ့ အသံတွေရဲ့ လျှို့ဝှက်ချက်ကိုပေါ့။

အဲ့သည်မှာ လူငယ်က ပြန်ပြောတယ်။

လူငယ် – တကယ်လို့ ကျွန်တော် ဒီလျှို့ဝှက်ချက်ကို ပြောပြခဲ့ရင် ခင်ဗျားတခြား ဘယ်သူ့ကိုမှ မပြောပြဘူး။ ပြန်မရှင်းပြ ဘူးလို့ ကတိပေးနိုင်မလား။

သူဌေး – အင်း ကတိပေးတယ် ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး

လူငယ် – ကျိန်ဆိုမလား

သူဌေး – ကျိန်ဆိုပါတယ်

နောက်ဆုံးတော့ လူငယ်က အဲ့သည်အခန်းရဲ့ လျှို့ဝှက်ချက်အမှန်ကို သူဌေးကို အကြောင်းစုံ ဖွင့်ပြောပြခဲ့လိုက်တော့ တယ်။

ဒါပေမယ့် သူဌေးဟာ စိတ်ရင်းမှန်ပြီး ကတိတည်သူဖြစ်သည့်အလျောက်။ သူသိခဲ့သမျှအားလုံးကို ဘယ်သူ့ကိုမှ ထပ်မပြော ပြတော့ပါဘူး။ အဲဒါကြောင့် ကျနော်လဲ မသိပါဘူး။

သူပြောပြတဲ့အချိန် ကျနော် လာပြန်ပြောပြပါ့မယ်၊ သွားလတ်အူးမယ် သလား ..

ဖိုးသူတော် (www.phothutaw.com)
Credit:သရဲမ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top