မူဆယ္ဝင္တာနဲ့ ကုန္ကားတန္းျကီး မဆံုးေအာင္ျမင္ရပါတယ္.. အဲဒါဘာလုပ္ျကတာလဲ လို့ေမးေတာ့ ဟိုဘက္ကမ္း သြားေရာင္းဖို့တဲ့။ ဒီဘက္မွာ ေခၚ ေရာင္းလို့မရဘူးလား ကိုယ္က ကုန္ပစၥည္း ပိုင္ရွင္ပဲ ဆိုေတာ့ မရဘူး တရုတ္ေတြ မလာ ဘူးတဲ့။ ေငြ လက္ထဲ ကိုင္ထားသူမ်ား အသာစီးယူေနတယ္လို့ျမင္တယ္. ကုန္သြယ္ေရးနဲ့ စီးပြားကူးသန္း ဝန္ျကီးဌါနမ်ား ဘယ္လိုေတြစီမံခန့္ခြဲ ျကပါလိမ့္လို့ အေတြးဝင္လာတယ္။

ေနာက္ ဟိုဘက္ကမ္းဝင္ရန္ လူဝင္ဂိတ္ေတြသြားေတာ့ အသိေတြက တူညီစြာေျပာျကတယ္. တန္းစီရတာ ၃ ၄ နာရီျကာ တယ္တဲ့။ မေရာက္ခင္ေတာ့ ဘာလို့ပါလိမ့္လို့ လြန္ခဲ့တဲ့ အနွစ္ ၂၀ တုန္းက လာတုန္းက သိပ္လြယ္ကူ အဆင္ေျပခဲ့တာ သတိရမိ. ဒါနဲ့ ေရာက္ေတာ့ တကယ္ပါပဲ လူတန္းျကီး အားလံုးျမန္မာအလုပ္သမားေတြ ျကပ္ညပ္ေနတာ တရုတ္လူဝင္မႈ နဲ့ ရဲေတြ စီးျပီး ေဟာက္ေနတာလဲ ျမင္ရတယ္.. တရုတ္နိုင္ငံသားဦးစားေပး ေပၚတင္ လူတန္းစားခြဲျခားမႈ ပါေတြ့ရတယ္။

ျမန္မာအလုပ္သမားေတြျကည့္ေတာ့ အားလံုး မ်က္နွာ ညိႈးငယ္စြာနဲ့ ကုပ္ေခ်ာင္းေခ်ာင္းေတြ ျဖစ္ေနျကတယ္.. ယံုျကည္မႈ နဲ့ ရဲရင့္မႈ ေတြ ေပ်ာက္ဆံုးေနျကတယ္. တရုတ္ရဲ ရိုင္းပ်စြာေျပာသမ်ွ ခံေနျကတာ ျမင္ရတယ္. ဒီလိုလူတန္းမ်ိဳး ထိုင္း ေလဆိပ္ အဝင္ မေလးရွားေလဆပ္အဝင္ အခု မူဆယ္ျကယ္ေဂါင္အဝင္ေတြမွာ တထပ္တည္း ျမင္ေတြ့ရတယ္ , စိတ္မေကာင္းပါ.. ျမန္မာရဲနဲ့ လဝက အရာရွိေတြ အကာအကြယ္ေပးမႈ လိုအပ္တယ္ျမင္ပါတယ္။

ပိုဆိုးတာက ကိုယ့္ဘက္ျခမ္းျပန္အဝင္မွာ လည္း အဲဒီလိုျဖစ္ေနတာ ျမန္မာဘက္က လဝက က လံုးဝမစစ္တာ တရုတ္ေတြ ကို ဦးစားေပးေနတာ လူ့အဆင့္အတန္းခြဲ ေနတာ ေပၚေပၚတင္တင္ပါပဲ.. ေရြွလီထဲ ေရာက္ေတာ့ ျမင္ရျပန္ျပီ ေတြ့ေတြ့သမ်ွ ျမန္မာ အလုပ္သမားေတြ လမ္းစည္ပင္သန့္ရွင္းေရးကအစ ျမန္မာ ဘယ္ေစ်းဆိုင္သြားသြား ဗမာလိုေျပာရံုပဲ အဲေလာက္ အထိ မ်ားတယ္.. တရုတ္ေတြအားလံုးက ခိုင္းေစတဲ့ အလုပ္ရွင္ေတြ.. အဲေလာက္မ်ားေတာ့ သြားလည္တဲ့ သူေတြ သူတို့ဆီ လာတဲ့ ဧည့္သည္ေတြကို မေလးစားေတာ့ပါ.. အမူအရာ စကားေျပာ ရိုင္းျကပါတယ္။

မူဆယ္က ကုန္ကားေပၚက ယာဥ္ေမာင္းေတြရဲ့မ်က္နွာ လူဝင္ဂိတ္ေတြက လူတန္းျကီးရဲ့ မ်က္နွာေတြ ေရြွလီထဲက ျမန္မာ အလုပ္သမားေတြရဲ့မ ်က္နွာေတြ အားလံုးတူညီေနတာကို ေတြ့ရတယ္. အဲဒါကေတာ့ ရဲဝံ့တဲ့ မိမိကိုယ္မိမိယံုျကည္ျခင္း ေပ်ာက္ဆံုး ေနျခင္းပဲ။ အုပ္ခ်ဳပ္ေရးကလူေတြနဲ့ နိုင္ငံေရးနယ္ပယ္က လူေတြ အဓိက လုပ္ေဆာင္ရမဲ့ အရာေတြလို့ ျမင္ပါ တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: M Kawn La

#Unicode Version# ျဖင့္ဖတ္ပါ ။

မူဆယ်ဝင်တာနဲ့ ကုန်ကားတန်းကြီး မဆုံးအောင်မြင်ရပါတယ်.. အဲဒါဘာလုပ်ကြတာလဲ လို့မေးတော့ ဟိုဘက်ကမ်း သွားရောင်းဖို့တဲ့။ ဒီဘက်မှာ ခေါ် ရောင်းလို့မရဘူးလား ကိုယ်က ကုန်ပစ္စည်း ပိုင်ရှင်ပဲ ဆိုတော့ မရဘူး တရုတ်တွေ မလာ ဘူးတဲ့။ ငွေ လက်ထဲ ကိုင်ထားသူများ အသာစီးယူနေတယ်လို့မြင်တယ်. ကုန်သွယ်ရေးနဲ့ စီးပွားကူးသန်း ဝန်ကြီးဌါနများ ဘယ်လိုတွေစီမံခန့်ခွဲ ကြပါလိမ့်လို့ အတွေးဝင်လာတယ်။

နောက် ဟိုဘက်ကမ်းဝင်ရန် လူဝင်ဂိတ်တွေသွားတော့ အသိတွေက တူညီစွာပြောကြတယ်. တန်းစီရတာ ၃ ၄ နာရီကြာ တယ်တဲ့။ မရောက်ခင်တော့ ဘာလို့ပါလိမ့်လို့ လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက လာတုန်းက သိပ်လွယ်ကူ အဆင်ပြေခဲ့တာ သတိရမိ. ဒါနဲ့ ရောက်တော့ တကယ်ပါပဲ လူတန်းကြီး အားလုံးမြန်မာအလုပ်သမားတွေ ကြပ်ညပ်နေတာ တရုတ်လူဝင်မှု နဲ့ ရဲတွေ စီးပြီး ဟောက်နေတာလဲ မြင်ရတယ်.. တရုတ်နိုင်ငံသားဦးစားပေး ပေါ်တင် လူတန်းစားခွဲခြားမှု ပါတွေ့ရတယ်။

မြန်မာအလုပ်သမားတွေကြည့်တော့ အားလုံး မျက်နှာ ညှိုးငယ်စွာနဲ့ ကုပ်ချောင်းချောင်းတွေ ဖြစ်နေကြတယ်.. ယုံကြည်မှု နဲ့ ရဲရင့်မှု တွေ ပျောက်ဆုံးနေကြတယ်. တရုတ်ရဲ ရိုင်းပျစွာပြောသမျှ ခံနေကြတာ မြင်ရတယ်. ဒီလိုလူတန်းမျိုး ထိုင်း လေဆိပ် အဝင် မလေးရှားလေဆပ်အဝင် အခု မူဆယ်ကြယ်ဂေါင်အဝင်တွေမှာ တထပ်တည်း မြင်တွေ့ရတယ် , စိတ်မကောင်းပါ.. မြန်မာရဲနဲ့ လဝက အရာရှိတွေ အကာအကွယ်ပေးမှု လိုအပ်တယ်မြင်ပါတယ်။

ပိုဆိုးတာက ကိုယ့်ဘက်ခြမ်းပြန်အဝင်မှာ လည်း အဲဒီလိုဖြစ်နေတာ မြန်မာဘက်က လဝက က လုံးဝမစစ်တာ တရုတ်တွေ ကို ဦးစားပေးနေတာ လူ့အဆင့်အတန်းခွဲ နေတာ ပေါ်ပေါ်တင်တင်ပါပဲ.. ရွှေလီထဲ ရောက်တော့ မြင်ရပြန်ပြီ တွေ့တွေ့သမျှ မြန်မာ အလုပ်သမားတွေ လမ်းစည်ပင်သန့်ရှင်းရေးကအစ မြန်မာ ဘယ်ဈေးဆိုင်သွားသွား ဗမာလိုပြောရုံပဲ အဲလောက် အထိ များတယ်.. တရုတ်တွေအားလုံးက ခိုင်းစေတဲ့ အလုပ်ရှင်တွေ.. အဲလောက်များတော့ သွားလည်တဲ့ သူတွေ သူတို့ဆီ လာတဲ့ ဧည့်သည်တွေကို မလေးစားတော့ပါ.. အမူအရာ စကားပြော ရိုင်းကြပါတယ်။

မူဆယ်က ကုန်ကားပေါ်က ယာဉ်မောင်းတွေရဲ့မျက်နှာ လူဝင်ဂိတ်တွေက လူတန်းကြီးရဲ့ မျက်နှာတွေ ရွှေလီထဲက မြန်မာ အလုပ်သမားတွေရဲ့မ ျက်နှာတွေ အားလုံးတူညီနေတာကို တွေ့ရတယ်. အဲဒါကတော့ ရဲဝံ့တဲ့ မိမိကိုယ်မိမိယုံကြည်ခြင်း ပျောက်ဆုံး နေခြင်းပဲ။ အုပ်ချုပ်ရေးကလူတွေနဲ့ နိုင်ငံရေးနယ်ပယ်က လူတွေ အဓိက လုပ်ဆောင်ရမဲ့ အရာတွေလို့ မြင်ပါ တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: M Kawn La
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top