20% အထိDiscount ပေးမည့် (ကမ္ဘာအေး ကျောက်မျက်ရှေ့ ) Grand Wireless ကွန်ဒိုအရောင်းပြပွဲ
×
















#Unicode Version# ဖြင့်ဖတ်ပါ ။

ဖွားသက်ရှည်နှင့်ဖိုးသက်ရှည်မောင်နှမ(၇)ဦး

ယနေ့ခေတ်မှာသက်တမ်းစေ့(သို့)သက်တမ်းကျော်လွန်ပြီးသက်ရှည်ကျန်းမာစွာနေထိုင်နိုင်သူများရှားပါးလာပါတယ်။သို့သော်ရှမ်းပြည်နယ်တောင်ကြီးမြို့နယ်မှာမွေးဖွားခဲ့တဲ့ မောင်နှမ(၇)ဦးကတော့ဒီထူးခြားတဲ့ဆုလဒ်နဲ့ပြည့်စုံပြီး……

ယနေ့အချိန်အထိ မောင်နှမအားလုံးကျန်းကျန်းမာမာနဲ့သက်ရှိထင်ရှားရှိနေကြပါတယ်။လေးဦးကတော့မွေးရပ်ဇာတိဖြစ်တဲ့တောင်ကြီးမြို့မှာနေထိုင်ပြီး ကျန်သုံးဦးကတော့ ရန်ကုန်မြို့မှာနေထိုင်ကြပါတယ်။

သူတို့ထဲမှာအကြီးဆုံးအဖွားခင်ကအသက်(၁၀၂)နှစ်ရှိပြီးအငယ်ဆုံးဖြစ်တဲ့အဖွားထွေးကတော့အသက်(၈၃)နှစ်ရှိပြီလို့ဆိုပါတယ်။မွေးချင်းခုနှစ်ဦးမှာအလတ်ကသားယောင်္ကျားလေးဖြစ်ပြီးသူကတော့အသက်(၉၁)နှစ်ရှိပြီဖြစ်တဲ့အဖိုးသိန်းဖြစ်ပါတယ်။

သူတို့အားလုံးရဲ့ သက်ရှည်ကျန်းမာခြင်းရဲ့လျှို့ဝှက်ချက်တွေကဘာတွေဖြစ်မလဲ။မောင်နှမအားလုံး မာန်မာနကင်းပြီးအေးဆေးစွာနေထိုင်တတ်ကြပါတယ်။ ကြီးသူကို ငယ်သူကရိုသေလေးစားစွာဆက်ဆံပြီး အသားထက်အသီးအနှံကိုပိုကြိုက်နှစ်သက်ကြပါတယ်။

မောင်နှမ အားလုံး နေ့စဉ်ဝိပဿနာတရား လေးကြိမ်ထိုင်ခြင်း၊ ဥပုသ်နေ့တိုင်း သီလဆောက်တည်ခြင်း၊ ညစဉ်၇နာရီမှာပုံမှန် အိမ်ယာဝင်ပြီး မနက်စောစော ၄ နာရီမှာထပြီး ဘုရားရှိခိုးခြင်းတို့ကိုပြုလုပ်ကြတယ်လို့ဆိုပါတယ်။

The longest living siblings

Rare are those who live longer than their lifespan in good health nowadays. However, seven siblings born and bred in Taunggyi, Shan State are said to be blessed with longevity and good health for their old age.

They’re still alive and kicking. Four of them live in their native Taunggyi and the rest in Yangon.

The eldest one is Aphwar (Grandma) Khin aged 102, the youngest one is Aphwar Htwe aged 83 and Apho (Grandpa) Thein is 91, the only son and the middle one among the siblings.

What is the secret of them living long in good health?

They are all humble and live simple and peaceful lives. The younger pay respect to the elder. They prefer vegetables to meat.

They make it a point to practice Vipassana meditation for four times in a day and keep precepts on every Sabbath day.

They go to bed at 7 pm daily and are up at 4 am and pay homage to Buddha without fail.

ဖိုးသူတော် (www.phothutaw.com)
Credit:maharmedianews
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top