နုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ သည္ ေက်ာက္ဆည္ၿမိဳ႕သို႔သြားမည္ျဖစ္ရာ ၿမိဳ႕တြင္းပလက္ေဖာင္းမ်ား ၊ တံတားမ်ား ေဆးသုတ္ျခင္း ၊ အမႈိက္သိမ္းျခင္းမ်ား ေဆာင္ရြက္ေနေၾကာင္း ေဒသခံမ်ားထံမွသိရသည္။

“ခါတိုင္းမလုပ္ဘူး။ ခုမွလုပ္တယ္။ ညကမိုးရြာေနတာကို မိုးရြာထဲမွာကိုခ်ေနတာ“ဟု ေက်ာက္ဆည္ၿမိဳ႕ခံတစ္ဦးကေျပာျပသည္။

ေဒၚေအာင္ဆန္းစုၾကည္သည္ ၁၇ ရက္ေန႔တြင္ေက်ာက္ဆည္ၿမိဳ႕သို႔ေရာက္ရွိၿပီး ဘယ္လင္းစက္ရံုဖြင့္ပြဲတက္ေရာက္မည္ျဖစ္ေၾကာင္းသိရသည္။

လူထုေတြ႕ဆံုပြဲလုပ္မည္ဟူေသာသတင္းမၾကားမိေသးေၾကာင္း ေက်ာက္ဆည္ၿမိဳ႕ေဒသခံက ေျပာျပသည္။

သို႔ေသာ္ တိုင္စာလက္ခံဌာန ကိုေက်ာက္ဆည္တရားရံုးအနီးတစ္ေနရာတြင္ ထားရွိေပးမည္ျဖစ္ေၾကာင္းသိရသည္။

တို္င္စာႏွင့္ပတ္သက္၍ အမ်ားဆံုးေျမယာမႈမ်ားျဖစ္ဖို႔မ်ားေၾကာင္း ေက်ာက္ဆည္ၿမိဳ႕ေန တက္ၾကြလႈပ္ရွားသူ တစ္ဦး ျဖစ္ေသာ ဦးစိုးသီဟက ေျပာသည္။

အကယ္၍ လူထုေတြ႕ဆံုပြဲလုပ္ျဖစ္ပါက သစ္ေမွာင္ခိုဖမ္းဆီးမႈမ်ားျပဳလုပ္လ်က္ရွိၿပီး နယ္ေျပာင္းမိန္႔က်ေသာေၾကာင့္ႏႈတ္ထြက္စာတင္ထားသည့္ ရဲတပ္သား ၂ဦးကိစၥလည္းတင္ျပမည္ျဖစ္ေၾကာင္း ၎ကဆိုသည္။

အဆုိပါရဲတပ္သား ၂ဦးလည္းမနက္ျဖန္ေက်ာက္ဆည္ၿမိဳ႕သို႔ေရာက္မည္ျဖစ္ေၾကာင္း၊ ၎ကိစၥကိုုတင္ျပခြင့္မရပါက လည္း တို္င္စာေပးပို႔မည္ျဖစ္ေၾကာင္း ဦးစီုးသီဟကဆိုသည္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:tawthu
Photo- ဦးစိုးသီဟ – သတင္းတမန္

#Unicode Version#
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ကျောက်ဆည်မြို့သို့သွားမည်ဖြစ်ရာ မြို့တွင်းပလက်ဖောင်းများ ၊ တံတားများ ဆေးသုတ်ခြင်း ၊ အမှိုက်သိမ်းခြင်းများ ဆောင်ရွက်နေကြောင်း ဒေသခံများထံမှသိရသည်။

“ခါတိုင်းမလုပ်ဘူး။ ခုမှလုပ်တယ်။ ညကမိုးရွာနေတာကို မိုးရွာထဲမှာကိုချနေတာ“ဟု ကျောက်ဆည်မြို့ခံတစ်ဦးကပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၇ ရက်နေ့တွင်ကျောက်ဆည်မြို့သို့ရောက်ရှိပြီး ဘယ်လင်းစက်ရုံဖွင့်ပွဲတက်ရောက်မည်ဖြစ်ကြောင်းသိရသည်။

လူထုတွေ့ဆုံပွဲလုပ်မည်ဟူသောသတင်းမကြားမိသေးကြောင်း ကျောက်ဆည်မြို့ဒေသခံက ပြောပြသည်။

သို့သော် တိုင်စာလက်ခံဌာန ကိုကျောက်ဆည်တရားရုံးအနီးတစ်နေရာတွင် ထားရှိပေးမည်ဖြစ်ကြောင်းသိရသည်။

တိုင်စာနှင့်ပတ်သက်၍ အများဆုံးမြေယာမှုများဖြစ်ဖို့များကြောင်း ကျောက်ဆည်မြို့နေ တက်ကြွလှုပ်ရှားသူ တစ်ဦး ဖြစ်သော ဦးစိုးသီဟက ပြောသည်။

အကယ်၍ လူထုတွေ့ဆုံပွဲလုပ်ဖြစ်ပါက သစ်မှောင်ခိုဖမ်းဆီးမှုများပြုလုပ်လျက်ရှိပြီး နယ်ပြောင်းမိန့်ကျသောကြောင့်နှုတ်ထွက်စာတင်ထားသည့် ရဲတပ်သား ၂ဦးကိစ္စလည်းတင်ပြမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါရဲတပ်သား ၂ဦးလည်းမနက်ဖြန်ကျောက်ဆည်မြို့သို့ရောက်မည်ဖြစ်ကြောင်း၊ ၎င်းကိစ္စကိုတင်ပြခွင့်မရပါက လည်း တိုင်စာပေးပို့မည်ဖြစ်ကြောင်း ဦးစီုးသီဟကဆိုသည်။
ဖိုးသူတော်(www.phothutaw.com)
Credit:tawthu
Photo- ဦးစိုးသီဟ – သတင်းတမန်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top