ေျခေထာက္မွာရွိတဲ့ ေသြးေၾကာမွ်င္ေတြဟာ ႏွလုံး၊ ဦးေႏွာက္၊ ေက်ာ႐ိုးမ စတဲ့ ခႏၶာကိုယ္ရဲ႕ အေရးႀကီးတဲ့ အဂၤါ အစိတ္အပိုင္းေတြနဲ႔ ဆက္စပ္ေနတာေၾကာင့္ ေျခေထာက္ေတြရဲ႕ ပုံမွန္ မဟုတ္တဲ့ အေျခအေနတခုကေန က်န္းမာေရး အႏၲရာယ္ေတြကို သိရွိႏိုင္ပါတယ္။

(၁) ေျခဖ်ား ေအးစက္ျခင္း

ရာသီဥတုေအးလို႔ မဟုတ္ဘဲ ေျခဖ်ားေတြ မၾကာခဏ ဆိုသလို ေအးစက္ေနတတ္တယ္ဆိုရင္ေတာ့ ဒါဟာ ေသြးအားနည္းျခင္း လကၡဏာျဖစ္သလို ခႏၶာကိုယ္တြင္း ေသြးလည္ပတ္မႈ မေကာင္းျခင္းနဲ႔ ဆီးခ်ိဳ၊ ေသြးခ်ိဳ စတဲ့ ေရာဂါေတြရဲ႕ ေရွ႕ေျပးလကၡဏာ တရပ္လည္း ျဖစ္ပါတယ္။

(၂) ေျခေထာက္ေရာင္ရမ္းျခင္း

နာက်င္မႈ မရွိဘဲ ေျခေထာက္ေတြ ေရာင္ရမ္းေနျခင္းဟာ ခႏၶာကိုယ္တြင္းမွာ အရည္ေတြမ်ားၿပီး ေျခေထာက္မွာ လာစုေနတဲ့အခါမ်ိဳးမွာ ျဖစ္ေပၚတတ္ပါတယ္။ ဒီလကၡဏာဟာ ဆိုရင္ေတာ့ အသည္း၊ ေက်ာက္ကပ္နဲ႔ ႏွလုံးစတဲ့ ကိုယ္တြင္းအဂၤါေတြမွာ က်န္းမာေရးျပႆနာ ရွိေနၿပီဆိုတာကို ၫႊန္ျပေနသလို ကိုယ္တြင္းေသြးလွည့္ပတ္မႈ မေကာင္းတဲ့အခါမ်ိဳးမွာလည္း ျဖစ္ေပၚတတ္ပါတယ္။

(၃) ေျခေထာက္ထုံက်င္ျခင္း

ေျခဖေနာင့္နဲ႔ ေျခဖဝါးတဝိုက္ဟာ ဘာနာက်င္မႈမွ မခံစားရဘဲ ထုံက်င္က်င္ျဖစ္ေနရျခင္းဟာ ဆီးခ်ိဳေရာဂါေဝဒနာရွင္ေတြမွာ အမ်ားအားျဖင့္ ျဖစ္ေပၚေလ့ ရွိၿပီး အာ႐ုံေၾကာက်န္းမာေရး ျပႆနာရွိသူေတြမွာ ျဖစ္ေပၚတတ္ပါတယ္။ ဦးေႏွာက္ေသြးခဲၿပီး ေလျဖတ္ႏိုင္ေျခရွိေၾကာင္း သတိေပးတဲ့ က်န္းမာေရး လကၡဏာတခုလည္း ျဖစ္ပါတယ္။

(၄) ေျခေထာက္ႂကြက္တက္ျခင္း

မၾကာခဏဆိုသလို ေျခေထာက္ႂကြက္တက္ျခင္းဟာ ေသြးလည္ပတ္မ ႈစနစ္မွာ ျပႆနာရွိေနၿပီ ဆိုတာကို သတိေပးေနတာျဖစ္ၿပီး ေဒါက္ဖိနပ္ ၾကာရွည္စြာ စီးသူေတြနဲ႔ ေလ့က်င့္ခန္းလုပ္ၿပီး အေၾကာမေလွ်ာ့တဲ့အခါမ်ိဳးမွာလည္း ျဖစ္ေပၚတတ္ပါတယ္။

(၅) ေျခသည္းအေရာင္ ေျပာင္းျခင္း

အသည္းက်န္းမာေရး ျပႆနာရွိသူေတြမွာ ေျခသည္းဝါက်င့္က်င့္ ျဖစ္ေပၚတတ္ၿပီး သိုင္း႐ြိက္ဂလင္း က်န္းမာေရး မေကာင္းသူေတြနဲ႔ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ က်န္းမာေရးျပႆနာ ရွိသူေတြမွာလည္း ဒီလကၡဏာမ်ိဳး ျဖစ္ေပၚတတ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:irrawaddy
# Unicode Version # ျဖင့္ ဖတ္ပါ #


ခြေထောက်မှာရှိတဲ့ သွေးကြောမျှင်တွေဟာ နှလုံး၊ ဦးနှောက်၊ ကျောရိုးမ စတဲ့ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အင်္ဂါ အစိတ်အပိုင်းတွေနဲ့ ဆက်စပ်နေတာကြောင့် ခြေထောက်တွေရဲ့ ပုံမှန် မဟုတ်တဲ့ အခြေအနေတခုကနေ ကျန်းမာရေး အန္တရာယ်တွေကို သိရှိနိုင်ပါတယ်။

(၁) ခြေဖျား အေးစက်ခြင်း

ရာသီဥတုအေးလို့ မဟုတ်ဘဲ ခြေဖျားတွေ မကြာခဏ ဆိုသလို အေးစက်နေတတ်တယ်ဆိုရင်တော့ ဒါဟာ သွေးအားနည်းခြင်း လက္ခဏာဖြစ်သလို ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှု မကောင်းခြင်းနဲ့ ဆီးချို၊ သွေးချို စတဲ့ ရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာ တရပ်လည်း ဖြစ်ပါတယ်။

(၂) ခြေထောက်ရောင်ရမ်းခြင်း

နာကျင်မှု မရှိဘဲ ခြေထောက်တွေ ရောင်ရမ်းနေခြင်းဟာ ခန္ဓာကိုယ်တွင်းမှာ အရည်တွေများပြီး ခြေထောက်မှာ လာစုနေတဲ့အခါမျိုးမှာ ဖြစ်ပေါ်တတ်ပါတယ်။ ဒီလက္ခဏာဟာ ဆိုရင်တော့ အသည်း၊ ကျောက်ကပ်နဲ့ နှလုံးစတဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ ကျန်းမာရေးပြဿနာ ရှိနေပြီဆိုတာကို ညွှန်ပြနေသလို ကိုယ်တွင်းသွေးလှည့်ပတ်မှု မကောင်းတဲ့အခါမျိုးမှာလည်း ဖြစ်ပေါ်တတ်ပါတယ်။

(၃) ခြေထောက်ထုံကျင်ခြင်း

ခြေဖနောင့်နဲ့ ခြေဖဝါးတဝိုက်ဟာ ဘာနာကျင်မှုမှ မခံစားရဘဲ ထုံကျင်ကျင်ဖြစ်နေရခြင်းဟာ ဆီးချိုရောဂါဝေဒနာရှင်တွေမှာ အများအားဖြင့် ဖြစ်ပေါ်လေ့ ရှိပြီး အာရုံကြောကျန်းမာရေး ပြဿနာရှိသူတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ ဦးနှောက်သွေးခဲပြီး လေဖြတ်နိုင်ခြေရှိကြောင်း သတိပေးတဲ့ ကျန်းမာရေး လက္ခဏာတခုလည်း ဖြစ်ပါတယ်။

(၄) ခြေထောက်ကြွက်တက်ခြင်း

မကြာခဏဆိုသလို ခြေထောက်ကြွက်တက်ခြင်းဟာ သွေးလည်ပတ်မ ှုစနစ်မှာ ပြဿနာရှိနေပြီ ဆိုတာကို သတိပေးနေတာဖြစ်ပြီး ဒေါက်ဖိနပ် ကြာရှည်စွာ စီးသူတွေနဲ့ လေ့ကျင့်ခန်းလုပ်ပြီး အကြောမလျှော့တဲ့အခါမျိုးမှာလည်း ဖြစ်ပေါ်တတ်ပါတယ်။

(၅) ခြေသည်းအရောင် ပြောင်းခြင်း

အသည်းကျန်းမာရေး ပြဿနာရှိသူတွေမှာ ခြေသည်းဝါကျင့်ကျင့် ဖြစ်ပေါ်တတ်ပြီး သိုင်းရွိက်ဂလင်း ကျန်းမာရေး မကောင်းသူတွေနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာ ရှိသူတွေမှာလည်း ဒီလက္ခဏာမျိုး ဖြစ်ပေါ်တတ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top