အေနာက္ေတာင္မုတ္သံုေလသည္ ျမန္မာႏုိင္ငံ ေတာင္ပိုင္းေဒသမ်ားသို႔ ယမန္ေန႔က စတင္၀င္ေရာက္လာ ၿပီး ျမစ္၀ကြၽန္းေပၚေဒသမ်ားသို႔ ဆက္လက္၀င္ေရာက္ေန ေၾကာင္း မိုးေလ၀သပညာရွင္ ေဒါက္တာထြန္းလြင္က ေျပာသည္။

ယခုႏွစ္ မိုးရာသီတြင္ အေနာက္ေတာင္မုတ္သံုေလ၀င္ ေရာက္မႈ ၁၅ ရက္ခန္႔ေနာက္က်ခဲ့ၿပီး တနသၤာရီတုိင္းေဒသ ႀကီး၊ မြန္ျပည္နယ္ပါ၀င္ေသာ ျမန္မာႏုိင္ငံေတာင္ပိုင္းေဒသ မ်ားသို႔ ေမလ ၂၀ ရက္မွသာ ၀င္ေရာက္ခဲ့သည္။

‘‘မုတ္သံုက က်န္ေဒသေတြကို ရက္ပိုင္းအတြင္း ဆက္ တုိက္ဆက္တုိက္ ၀င္ပါလိမ့္မယ္’’ ဟု ေဒါက္တာထြန္းလြင္က ေျပာသည္။

အေနာက္ေတာင္မုတ္သံုေလသည္ ျမန္မာႏုိင္ငံေတာင္ ပိုင္းေဒသသို႔၀င္ေရာက္ၿပီးေနာက္ ျမစ္၀ကြၽန္းေပၚ၊ အလယ္ပိုင္းေဒ သမ်ားသို႔ ခပ္ျမန္ျမန္၀င္ေရာက္ ႏုိင္ၿပီး ေမလကုန္ဇြန္လဆန္းတြင္ အထက္ပိုင္းေဒသမ်ားသို႔ ၀င္ ေရာက္ႏုိင္ေၾကာင္း ၎ကဆို သည္။

အေနာက္ေတာင္မုတ္သံု ေလ၀င္ေရာက္ရာလမ္းေၾကာင္း တစ္ေလွ်ာက္ မိုးႀကိဳးပစ္ျခင္း၊ ေလျပင္းက်ျခင္းတုိ႔ ျဖစ္ေပၚႏုိင္ ေသာ မိုးတိမ္ေတာင္အႏၲရာယ္ ကို သတိျပဳရန္လိုအပ္ေနသည္။ ျမန္မာႏုိင္ငံေတာင္ပိုင္းေဒသႏွင့္ ျမစ္၀ကြၽန္းေပၚေဒသမ်ားျဖစ္ ေသာပဲခူး၊ ဧရာ၀တီ၊ ရန္ကုန္၊ တနသၤာရီတိုင္းေဒသႀကီး၊ မြန္၊ ကရင္ႏွင့္ ကယားျပည္နယ္တြင္ မိုးတိမ္ေတာင္အႏၲရာယ္ကို သတိ ျပဳေနထိုင္ရန္ ေဒါက္တာထြန္း လြင္က သတိေပးထားသည္။ အ ထက္ပါေဒသမ်ားအျပင္ ကခ်င္ ျပည္နယ္၌ ေနရာကြက္၍ မိုး ေကာင္းႏုိင္ေၾကာင္း​ ၎ကသတိ ေပးသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:yomalan
# Unicode Version # ျဖင့္ ဖတ္ပါ #

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ ယမန်နေ့က စတင်ဝင်ရောက်လာ ပြီး မြစ်ဝကျွန်းပေါ်ဒေသများသို့ ဆက်လက်ဝင်ရောက်နေ ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

ယခုနှစ် မိုးရာသီတွင် အနောက်တောင်မုတ်သုံလေဝင် ရောက်မှု ၁၅ ရက်ခန့်နောက်ကျခဲ့ပြီး တနင်္သာရီတိုင်းဒေသ ကြီး၊ မွန်ပြည်နယ်ပါဝင်သော မြန်မာနိုင်ငံတောင်ပိုင်းဒေသ များသို့ မေလ ၂၀ ရက်မှသာ ဝင်ရောက်ခဲ့သည်။

‘‘မုတ်သုံက ကျန်ဒေသတွေကို ရက်ပိုင်းအတွင်း ဆက် တိုက်ဆက်တိုက် ဝင်ပါလိမ့်မယ်’’ ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံတောင် ပိုင်းဒေသသို့ဝင်ရောက်ပြီးနောက် မြစ်ဝကျွန်းပေါ်၊ အလယ်ပိုင်းဒေ သများသို့ ခပ်မြန်မြန်ဝင်ရောက် နိုင်ပြီး မေလကုန်ဇွန်လဆန်းတွင် အထက်ပိုင်းဒေသများသို့ ဝင် ရောက်နိုင်ကြောင်း ၎င်းကဆို သည်။

အနောက်တောင်မုတ်သုံ လေဝင်ရောက်ရာလမ်းကြောင်း တစ်လျှောက် မိုးကြိုးပစ်ခြင်း၊ လေပြင်းကျခြင်းတို့ ဖြစ်ပေါ်နိုင် သော မိုးတိမ်တောင်အန္တရာယ် ကို သတိပြုရန်လိုအပ်နေသည်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသနှင့် မြစ်ဝကျွန်းပေါ်ဒေသများဖြစ် သောပဲခူး၊ ဧရာဝတီ၊ ရန်ကုန်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်၊ ကရင်နှင့် ကယားပြည်နယ်တွင် မိုးတိမ်တောင်အန္တရာယ်ကို သတိ ပြုနေထိုင်ရန် ဒေါက်တာထွန်း လွင်က သတိပေးထားသည်။ အ ထက်ပါဒေသများအပြင် ကချင် ပြည်နယ်၌ နေရာကွက်၍ မိုး ကောင်းနိုင်ကြောင်း ၎င်းကသတိ ပေးသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:yomalan
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top