ျမန္မာ့တပ္မေတာ္က ေရငုပ္သေဘၤာကိုမၾကာမီအခ်ိန္အတြင္းမွာပဲ ပိုင္ဆိုင္နိုင္ေတာ့မယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ဘီဘီစီကိုေျပာပါတယ္။ေရငုပ္သေဘၤာပိုင္ဆိုင္ဖို႔ဆိုတာက ဝယ္ရတာသိပ္မခက္ဘူး။ အေရးႀကီးတာက သူရဲ႕ အေျခခ်မယ့္ေနရာ ေတြ၊ သူနဲ႕ဆက္စပ္တဲ့အေထာက္အပံ့ပစၥည္းေတြ၊ အသုံးျပဳနိုင္ဖို႔ေလ့က်င္သင္ၾကားမႈေတြက ပိုအေရးႀကီးတယ္။ ကြၽန္ေတာ္တို႔ဆီမွာ ေရငုပ္သေဘၤာမွာသုံးနိုင္တဲ့ သင္တန္းၿပီးထားတဲ့သူေတြရွိေနပါၿပီလို႔ သူကဆို ပါတယ္။”သင္တန္းကာလက ၅ႏွစ္ကေန ၇ႏွစ္အတြင္းရွိတယ္။

ဒါကေရငုပ္သေဘၤာပိုင္ဆိုင္ဖို႔ ျပင္ဆင္တဲ့အခ်ိန္ထဲမွာ သင္တန္းကာလကိုထည့္တြက္တယ္။ သင္တန္းကာလက ေအာင္ျမင္ၿပီးၿပီျဖစ္ပါတယ္။ အဲဒီေတာ့ ဆယ္စုႏွစ္ တစ္ခုအတြင္းမွာ ပိုင္ဆိုင္နိုင္မယ္ဆိုတာက ဘယ္ေတာ့ဆိုတာကိုတြက္ၾကည့္လို႔ရပါတယ္” လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ဘီဘီစီကိုေျပာပါတယ္။

ဒါကလည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္ ႏွင့္ အဖြဲ႕ဝင္ေတြ ဧၿပီလ ၂၆ ရက္၊ ႐ုရွားနိုင္ငံ၊ စိန႔္ပီတာစဘတ္ၿမိဳ႕ ႐ုရွားေရတပ္စခန္းရဲ႕ အက္မာတိုင္စကီဗာဖီ သေဘၤာက်င္းမွာ ေရငုပ္သေဘၤာ ထုတ္လုပ္ေနမႈ အေျခအေနေတြနဲ႕ ေရငုပ္သေဘၤာေတြ ျပဳျပင္ထိန္းသိမ္းတဲ့ အေျခအေနေတြ ကိုသြားေရာက္ခဲ့ၾကည့္ရႈၿပီးေနာက္ပိုင္း ဘီဘီစီရဲ႕ေမးျမန္းမႈကို ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ျပန္လည္ေျဖၾကားျခင္းျဖစ္ပါတယ္။

ဝယ္ယူမယ္ဆိုရင္လည္း ႐ုရွား သို႔မဟုတ္ တ႐ုတ္နိုင္ငံကေန ဝယ္ယူနိုင္တယ္လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ဘီဘီစီကိုေျပာပါတယ္။ ေလ့က်င့္သင္ၾကားမႈ ၿပီးေျမာက္ၿပီးျဖစ္တဲ့ ေရငုပ္သေဘၤာမွာ တာဝန္ထမ္းေဆာင္မယ့္ သူေတြကိုလည္း အဲဒီနိုင္ငံေတြကပဲ ေလ့က်င့္သင္ၾကားေပးတာလို႔ သူကဆိုပါတယ္။တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႐ုရွားေရတပ္စခန္းကိုသြားလည္ပတ္ၿပီး ေရငုပ္သေဘၤာ ဝယ္ယူဖို႔ စာခ်ဳပ္ခ်ဳပ္ဆိုတာ၊ သေဘာတူခဲ့တာ ေတြရွိ ခဲ့လားဆိုတဲ့အေပၚကိုေတာ့ ျပန္လည္ ေျဖၾကားေပးနိုင္ျခင္းမရွိဘူးလို႔ ဆိုပါတယ္။

ဝယ္ယူမယ္ဆိုရင္လည္း ႐ုရွားသို႔မဟုတ္တ႐ုတ္နိုင္ငံကေန ဝယ္ယူနိုင္တယ္လို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ဘီဘီစီကိုေျပာပါတယ္ေရာင္းခ်တဲ့နိုင္ငံေတြက သူတို႔ဆီက ဝယ္ယူမယ္ဆိုတဲ့ ကတိသေဘာတူညီခ်က္ရရွိမွသာ အသုံးျပဳနည္း၊ ထိန္းသိမ္းတဲ့နည္းပညာ၊ ေမာင္းႏွင္တာ စတာေတြကို ေလ့က်င့္သင္ၾကားေပးေလ့ရွိတယ္လို႔ နိုင္ငံေရးေလ့လာသူ ျဖစ္တဲ့ ဦးေမာင္ေမာင္စိုးက ေျပာပါတယ္။

ဒါေၾကာင့္လည္း ျမန္မာနဲ႕ ႐ုရွားသို႔မဟုတ္ တ႐ုတ္နိုင္ငံအၾကားမွာေတာ့ သေဘာတူညီခ်က္တစုံတရာရွိထားၿပီးၿပီလို႔ သူကယူဆထားပါတယ္။”ဝယ္မယ့္အမ်ိဳးအစားကို အသုံးျပဳနိုင္ဖို႔ ေမာင္း႐ုံတင္မကဘူး၊ ျပဳျပင္ထိန္းသိမ္းဖို႔ကိုပါ ေရာင္းမယ့္နိုင္ငံက ေလ့က်င့္ေပးရတာပါ။ တပ္မေတာ္ကိုခန႔္မွန္းရမယ္ဆိုရင္ေတာ့ ႐ုရွားကဝယ္ဖို႔မ်ားတယ္” လို႔ ဦးေမာင္ေမာင္ စိုးက ေျပာပါတယ္။ျမန္မာနိုင္ငံလို ကမ္းရိုးတန္း ရွည္လ်ားစြာ တည္ရွိေနတဲ့ နိုင္ငံတစ္နိုင္ငံ အေနနဲ႕ ေရငုပ္ သေဘၤာကို ပိုင္ဆိုင္သင့္တယ္လို႔ ေလ့လာသူေတြက သုံးသပ္ၾကပါတယ္။

ေဒသတြင္းနိုင္ငံေတြျဖစ္တဲ့ ဗီယက္နမ္၊ စင္ကာပူ၊ မေလးရွားနဲ႕ အင္ဒိုနီးရွားတို႔မွာလည္း ေရငုပ္သေဘၤာေတြ ပိုင္ဆိုင္ထားၾကသလို အိမ္နီးခ်င္း ထိုင္းနိုင္ငံကလည္း ေရငုပ္သေဘၤာ မွာယူထားၿပီး ျဖစ္တဲ့အျပင္ ၂၀၀၈ ခုႏွစ္က ႏွစ္နိုင္ငံအၾကား ေရပိုင္နက္အျငင္းပြားခဲ့ဖူးတဲ့ ဘဂၤလားေဒ့ရွ္နိုင္ငံကလည္း ၿပီးခဲ့တဲ့ ၂ႏွစ္ထဲမွာပဲ ေရငုပ္ သေဘၤာ ႏွစ္စီးကို ပိုင္ဆိုင္ထားၿပီးျဖစ္ပါတယ္။ေသနဂၤဗ်ဴဟာအဖြဲ႕ အမႈေဆာင္ဒါရိုက္တာ ဦးနိုင္ေဆြဦးကေတာ့ ျမန္မာနိုင္ငံကေရငုပ္သေဘၤာပိုင္ဆိုင္ဖို႔ နီးသည္ထပ္ပိုနီးလာေနတယ္လို႔ မွတ္ခ်က္ျပဳပါတယ္။ဒီလိုလက္နက္ေတြရွိတယ္ဆိုတာကလည္း အဟန႔္တခုေပါ့။

ျပည္ပကေနဝင္လာနိုင္တဲ့အေနအထားကို တားဆီးနိုင္မယ့္ အဟန႔္တခုေပါ့။ တဘက္နိုင္ငံက ေရငုပ္သေဘၤာေတြဝင္လာရင္ ျပန္ၿပီးေတာ့ စစ္ဆင္နိုင္စြမ္း စတာ ေတြေတာ့ ရွိလာနိုင္မယ္လို႔ သူကေျပာပါတယ္။”ျမန္မာနိုင္ငံအေနနဲ႕လည္း ေရငုပ္သေဘၤာဝယ္ယူတာက ေဒသတြင္း လက္နက္အင္အား အၿပိဳင္အဆိုင္ တပ္ဆင္တာလို႔ ေျပာလို႔မရဘူး၊ စီးပြားေရးအရ မတပ္ဆင္နိုင္ေပမယ့္ ေရငုပ္သေဘၤာ ပိုင္ဆိုင္ဖို႔သင့္တာေတာ့ ၾကာၿပီ” လို႔ ဦးနိုင္ေဆြဦးက သုံးသပ္ပါတယ္။

လက္ရွိမွာေတာ့ ျမန္မာေရတပ္က သေဘၤာဖ်က္ဒုံးက်ည္ေတြကို တပ္ဆင္ထားနိုင္တဲ့ ဖရီးဂိတ္စစ္သေဘၤာေတြ ျမန္မာျပည္တြင္းမွာပင္ ျပန္လည္ အဆင့္ျမႇင့္တပ္ဆင္နိုင္တဲ့အေနအထားကိုေရာက္ရွိေနၿပီးျဖစ္တယ္လို႔ သူကဆိုပါတယ္။တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က ႐ုရွားက ေရငုပ္သေဘၤာက်င္းကို သြားၾကည့္တဲ့ ခရီးမတိုင္မီ ၂၀၁၅ ခုႏွစ္ ဇူလိုင္လအတြင္းကလည္း အလားတူ အိႏၵိယနိုင္ငံ၊ ဂိုအာဆိပ္ကမ္းက အိႏၵိယ ေရတပ္သေဘၤာ တည္ေဆာက္ေရးလုပ္ငန္းအျပင္ ေရငုပ္သေဘၤာတပ္ဖြဲ႕ကိုလည္း သြားေရာက္ေလ့လာခဲ့ပါေသးတယ္။အဲဒီခရီးစဥ္ၿပီးေနာက္ပိုင္း လာမယ့္ ၄ ႏွစ္ေက်ာ္ ၅ ႏွစ္အတြင္း ေရငုပ္ သေဘၤာပိုင္ဆိုင္ေအာင္ လုပ္ေနတယ္ လို႔လည္း ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က ၂၀၁၅ ခုႏွစ္ စက္တင္ဘာတုန္း ကလုပ္တဲ့ သတင္းစာရွင္းလင္းပြဲတစ္ခုမွာ ေျပာထားပါတယ္။

ေရငုပ္ သေဘၤာပိုင္ဆိုင္ေအာင္ လုပ္ေနတယ္ လို႔လည္း ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က ၂၀၁၅ ခုႏွစ္ စက္တင္ဘာတုန္းကေျပာထားပါတယ္ေရငုပ္သေဘၤာေတြမွာ န်ဴကလီးယားစြမ္းအင္သုံးနဲ႕ ဒီဇယ္-လွ်ပ္စစ္စြမ္းအင္သုံး ေရငုပ္သေဘၤာဆိုၿပီး ႏွစ္မ်ိဳးႏွစ္စားရွိပါတယ္။ ျမန္မာနိုင္ငံနဲ႕ ကိုက္ညီတာကေတာ့ ဒီဇယ္-လွ်ပ္စစ္စြမ္းအင္သုံးေရငုပ္သေဘၤာ ေတြသာ ျဖစ္ပါတယ္။ အဲဒီေရငုပ္သေဘၤာေတြ ေဈးႏႈန္းကလည္း အေမရိကန္ေဒၚလာ သန္း ၂၀၀ ကေန ၆၀၀ ေက်ာ္အထိရွိပါတယ္။ န်ဴကလီးယားစြမ္းအင္သုံး ေရငုပ္သေဘၤာေတြ ေဈးႏႈန္းကေတာ့ အေမရိကန္ေဒၚလာ ၂.၅ ဘီလီယံကေန ၄.၅ ဘီလီယံအထိတန္ဖိုးရွိပါတယ္။

ေရတပ္ေတြကို ျမစ္ေခ်ာင္းေတြနဲ႕ဆက္စပ္ေနတဲ့ ကုန္းတြင္းပိုင္းေရျပင္မွာလႈပ္ရွားနိုင္တဲ့ အဆင့္ကို Brown၊ ပင္လယ္ ေရျပာနဲ႕ ကုန္းတြင္း ပင္လယ္ေရညို ပိုင္းႏွစ္ခုဆက္စပ္ေနတဲ့ေနရာမွာ စစ္ဆင္ေရးေတြကို ေဆာင္႐ြက္ နိုင္တဲ့ အဆင့္ကို Green နဲ႕ ပင္လယ္၊ သမုဒၵရာႏွစ္ခုကို ျဖတ္ေက်ာ္လႈပ္ရွားနိုင္တဲ့ အဆင့္ကို Blue water Navy ဆိုၿပီးေယဘူယ်အားျဖင့္ သုံးမ်ိဳးသတ္မွတ္ေလ့ရွိ ပါတယ္။ျမန္မာ့တပ္မေတာ္ေရက လက္ရွိမွာ Green water navy အဆင့္ကိုေရာက္ ရွိေနၿပီလို႔ တပ္မေတာ္က ကိုယ္တိုင္သတ္မွတ္ ထားပါတယ္။ ဒါေၾကာင့္ Blue water navy အဆင့္ကိုေရာက္ရွိေအာင္ျပင္ဆင္ ေနၿပီလို႔ လည္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က တပ္မေတာ္ေရစစ္ေရးေလ့က်င့္ေရးအခမ္းအနားေတြ မွာထည့္သြင္းေျပာၾကားေလ့ရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: BBC Burmese

#Unicode Version# ျဖင့္ဖတ္ပါ ။

မြန်မာ့တပ်မတော်က ရေငုပ်သင်္ဘောကိုမကြာမီအချိန်အတွင်းမှာပဲ ပိုင်ဆိုင်နိုင်တော့မယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။ရေငုပ်သင်္ဘောပိုင်ဆိုင်ဖို့ဆိုတာက ဝယ်ရတာသိပ်မခက်ဘူး။ အရေးကြီးတာက သူရဲ့ အခြေချမယ့်နေရာ တွေ၊ သူနဲ့ဆက်စပ်တဲ့အထောက်အပံ့ပစ္စည်းတွေ၊ အသုံးပြုနိုင်ဖို့လေ့ကျင်သင်ကြားမှုတွေက ပိုအရေးကြီးတယ်။ ကျွန်တော်တို့ဆီမှာ ရေငုပ်သင်္ဘောမှာသုံးနိုင်တဲ့ သင်တန်းပြီးထားတဲ့သူတွေရှိနေပါပြီလို့ သူကဆို ပါတယ်။”သင်တန်းကာလက ၅နှစ်ကနေ ၇နှစ်အတွင်းရှိတယ်။

ဒါကရေငုပ်သင်္ဘောပိုင်ဆိုင်ဖို့ ပြင်ဆင်တဲ့အချိန်ထဲမှာ သင်တန်းကာလကိုထည့်တွက်တယ်။ သင်တန်းကာလက အောင်မြင်ပြီးပြီဖြစ်ပါတယ်။ အဲဒီတော့ ဆယ်စုနှစ် တစ်ခုအတွင်းမှာ ပိုင်ဆိုင်နိုင်မယ်ဆိုတာက ဘယ်တော့ဆိုတာကိုတွက်ကြည့်လို့ရပါတယ်” လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

ဒါကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် အဖွဲ့ဝင်တွေ ဧပြီလ ၂၆ ရက်၊ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ ရုရှားရေတပ်စခန်းရဲ့ အက်မာတိုင်စကီဗာဖီ သင်္ဘောကျင်းမှာ ရေငုပ်သင်္ဘော ထုတ်လုပ်နေမှု အခြေအနေတွေနဲ့ ရေငုပ်သင်္ဘောတွေ ပြုပြင်ထိန်းသိမ်းတဲ့ အခြေအနေတွေ ကိုသွားရောက်ခဲ့ကြည့်ရှုပြီးနောက်ပိုင်း ဘီဘီစီရဲ့မေးမြန်းမှုကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားခြင်းဖြစ်ပါတယ်။

ဝယ်ယူမယ်ဆိုရင်လည်း ရုရှား သို့မဟုတ် တရုတ်နိုင်ငံကနေ ဝယ်ယူနိုင်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။ လေ့ကျင့်သင်ကြားမှု ပြီးမြောက်ပြီးဖြစ်တဲ့ ရေငုပ်သင်္ဘောမှာ တာဝန်ထမ်းဆောင်မယ့် သူတွေကိုလည်း အဲဒီနိုင်ငံတွေကပဲ လေ့ကျင့်သင်ကြားပေးတာလို့ သူကဆိုပါတယ်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုရှားရေတပ်စခန်းကိုသွားလည်ပတ်ပြီး ရေငုပ်သင်္ဘော ဝယ်ယူဖို့ စာချုပ်ချုပ်ဆိုတာ၊ သဘောတူခဲ့တာ တွေရှိ ခဲ့လားဆိုတဲ့အပေါ်ကိုတော့ ပြန်လည် ဖြေကြားပေးနိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

ဝယ်ယူမယ်ဆိုရင်လည်း ရုရှားသို့မဟုတ်တရုတ်နိုင်ငံကနေ ဝယ်ယူနိုင်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်ရောင်းချတဲ့နိုင်ငံတွေက သူတို့ဆီက ဝယ်ယူမယ်ဆိုတဲ့ ကတိသဘောတူညီချက်ရရှိမှသာ အသုံးပြုနည်း၊ ထိန်းသိမ်းတဲ့နည်းပညာ၊ မောင်းနှင်တာ စတာတွေကို လေ့ကျင့်သင်ကြားပေးလေ့ရှိတယ်လို့ နိုင်ငံရေးလေ့လာသူ ဖြစ်တဲ့ ဦးမောင်မောင်စိုးက ပြောပါတယ်။

ဒါကြောင့်လည်း မြန်မာနဲ့ ရုရှားသို့မဟုတ် တရုတ်နိုင်ငံအကြားမှာတော့ သဘောတူညီချက်တစုံတရာရှိထားပြီးပြီလို့ သူကယူဆထားပါတယ်။”ဝယ်မယ့်အမျိုးအစားကို အသုံးပြုနိုင်ဖို့ မောင်းရုံတင်မကဘူး၊ ပြုပြင်ထိန်းသိမ်းဖို့ကိုပါ ရောင်းမယ့်နိုင်ငံက လေ့ကျင့်ပေးရတာပါ။ တပ်မတော်ကိုခန့်မှန်းရမယ်ဆိုရင်တော့ ရုရှားကဝယ်ဖို့များတယ်” လို့ ဦးမောင်မောင် စိုးက ပြောပါတယ်။မြန်မာနိုင်ငံလို ကမ်းရိုးတန်း ရှည်လျားစွာ တည်ရှိနေတဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ ရေငုပ် သင်္ဘောကို ပိုင်ဆိုင်သင့်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့မှာလည်း ရေငုပ်သင်္ဘောတွေ ပိုင်ဆိုင်ထားကြသလို အိမ်နီးချင်း ထိုင်းနိုင်ငံကလည်း ရေငုပ်သင်္ဘော မှာယူထားပြီး ဖြစ်တဲ့အပြင် ၂၀၀၈ ခုနှစ်က နှစ်နိုင်ငံအကြား ရေပိုင်နက်အငြင်းပွားခဲ့ဖူးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ပြီးခဲ့တဲ့ ၂နှစ်ထဲမှာပဲ ရေငုပ် သင်္ဘော နှစ်စီးကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။သေနင်္ဂဗျူဟာအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးနိုင်ဆွေဦးကတော့ မြန်မာနိုင်ငံကရေငုပ်သင်္ဘောပိုင်ဆိုင်ဖို့ နီးသည်ထပ်ပိုနီးလာနေတယ်လို့ မှတ်ချက်ပြုပါတယ်။ဒီလိုလက်နက်တွေရှိတယ်ဆိုတာကလည်း အဟန့်တခုပေါ့။

ပြည်ပကနေဝင်လာနိုင်တဲ့အနေအထားကို တားဆီးနိုင်မယ့် အဟန့်တခုပေါ့။ တဘက်နိုင်ငံက ရေငုပ်သင်္ဘောတွေဝင်လာရင် ပြန်ပြီးတော့ စစ်ဆင်နိုင်စွမ်း စတာ တွေတော့ ရှိလာနိုင်မယ်လို့ သူကပြောပါတယ်။”မြန်မာနိုင်ငံအနေနဲ့လည်း ရေငုပ်သင်္ဘောဝယ်ယူတာက ဒေသတွင်း လက်နက်အင်အား အပြိုင်အဆိုင် တပ်ဆင်တာလို့ ပြောလို့မရဘူး၊ စီးပွားရေးအရ မတပ်ဆင်နိုင်ပေမယ့် ရေငုပ်သင်္ဘော ပိုင်ဆိုင်ဖို့သင့်တာတော့ ကြာပြီ” လို့ ဦးနိုင်ဆွေဦးက သုံးသပ်ပါတယ်။

လက်ရှိမှာတော့ မြန်မာရေတပ်က သင်္ဘောဖျက်ဒုံးကျည်တွေကို တပ်ဆင်ထားနိုင်တဲ့ ဖရီးဂိတ်စစ်သင်္ဘောတွေ မြန်မာပြည်တွင်းမှာပင် ပြန်လည် အဆင့်မြှင့်တပ်ဆင်နိုင်တဲ့အနေအထားကိုရောက်ရှိနေပြီးဖြစ်တယ်လို့ သူကဆိုပါတယ်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားက ရေငုပ်သင်္ဘောကျင်းကို သွားကြည့်တဲ့ ခရီးမတိုင်မီ ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းကလည်း အလားတူ အိန္ဒိယနိုင်ငံ၊ ဂိုအာဆိပ်ကမ်းက အိန္ဒိယ ရေတပ်သင်္ဘော တည်ဆောက်ရေးလုပ်ငန်းအပြင် ရေငုပ်သင်္ဘောတပ်ဖွဲ့ကိုလည်း သွားရောက်လေ့လာခဲ့ပါသေးတယ်။အဲဒီခရီးစဉ်ပြီးနောက်ပိုင်း လာမယ့် ၄ နှစ်ကျော် ၅ နှစ်အတွင်း ရေငုပ် သင်္ဘောပိုင်ဆိုင်အောင် လုပ်နေတယ် လို့လည်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၁၅ ခုနှစ် စက်တင်ဘာတုန်း ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောထားပါတယ်။

ရေငုပ် သင်္ဘောပိုင်ဆိုင်အောင် လုပ်နေတယ် လို့လည်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၁၅ ခုနှစ် စက်တင်ဘာတုန်းကပြောထားပါတယ်ရေငုပ်သင်္ဘောတွေမှာ နျူကလီးယားစွမ်းအင်သုံးနဲ့ ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံး ရေငုပ်သင်္ဘောဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။ မြန်မာနိုင်ငံနဲ့ ကိုက်ညီတာကတော့ ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံးရေငုပ်သင်္ဘော တွေသာ ဖြစ်ပါတယ်။ အဲဒီရေငုပ်သင်္ဘောတွေ ဈေးနှုန်းကလည်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကနေ ၆၀၀ ကျော်အထိရှိပါတယ်။ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံကနေ ၄.၅ ဘီလီယံအထိတန်ဖိုးရှိပါတယ်။

ရေတပ်တွေကို မြစ်ချောင်းတွေနဲ့ဆက်စပ်နေတဲ့ ကုန်းတွင်းပိုင်းရေပြင်မှာလှုပ်ရှားနိုင်တဲ့ အဆင့်ကို Brown၊ ပင်လယ် ရေပြာနဲ့ ကုန်းတွင်း ပင်လယ်ရေညို ပိုင်းနှစ်ခုဆက်စပ်နေတဲ့နေရာမှာ စစ်ဆင်ရေးတွေကို ဆောင်ရွက် နိုင်တဲ့ အဆင့်ကို Green နဲ့ ပင်လယ်၊ သမုဒ္ဒရာနှစ်ခုကို ဖြတ်ကျော်လှုပ်ရှားနိုင်တဲ့ အဆင့်ကို Blue water Navy ဆိုပြီးယေဘူယျအားဖြင့် သုံးမျိုးသတ်မှတ်လေ့ရှိ ပါတယ်။မြန်မာ့တပ်မတော်ရေက လက်ရှိမှာ Green water navy အဆင့်ကိုရောက် ရှိနေပြီလို့ တပ်မတော်က ကိုယ်တိုင်သတ်မှတ် ထားပါတယ်။ ဒါကြောင့် Blue water navy အဆင့်ကိုရောက်ရှိအောင်ပြင်ဆင် နေပြီလို့ လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်ရေစစ်ရေးလေ့ကျင့်ရေးအခမ်းအနားတွေ မှာထည့်သွင်းပြောကြားလေ့ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: BBC Burmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top