အိမ္မွာ ကေလး ရွိလွ်င္ အေရးေပၚ အသက္ကယ္ နည္းကို သိထား၊ ေလ့က်င့္ ထားလွ်င္ ေကာင္းသည္။ အေရးေပၚ လူနာတင္ကား မလာခင္၊ ေဆးရံု မေရာက္ခင္ အသက္ ကယ္နည္း သံုးႏိုင္သည္။

အ႐ုပ္ႏွင့္ ၃ – ၄ ခါ က်င့္ထားၿပီး ပံုမွန္ ျပန္ေလ့က်င့္လွ်င္ လိုအပ္သည့္ အခါ ကိုယ့္ကေလး သူမ်ားကေလးကို ကယ္တင္ ႏိုင္ပါသည္။

ကေလး ႐ုတ္တရက္ သတိလစ္လွ်င္

ပံု (၁) ကေလး ပါးစပ္ထဲ အစာ၊ ေသြး၊ အန္ဖတ္ ရွိမိရွိ ၾကည့္ပါ။ ရွိလွ်င္ လက္သန္းသံုး၍ အသက္ရႉ လမ္းေၾကာင္းပြင့္ရန္ အျမန္ ဖယ္ထုတ္ပါ။ ကေလးကို ေက်ာတြင္ လွဲခ်ေသာ ပံုစံထားပါ။

ပံု (၂) ကေလး အသက္ရႉမရႉ သိရန္ ႏွာဝတြင္ သင့္ပါးကို ေလတိုး မတိုး စစ္ပါ။ ရင္ဘတ္ လႈပ္ရွားမႈ ရွိမရွိၾကည့္ပါ။

ပံု (၃) ကေလး အသက္ရႉလွ်င္ ကေလးကို ပံုျပထားသည့္ အေနအထားႏွင့္ အေရးေပၚဌာနသို႔ ေခၚသြားပါ။ လမ္းတေလ်ာက္ ကေလး အသက္ရႉ မရႉ ပံုမွန္စစ္သြားပါ။

အဆင့္ (၄) ကေလး အသက္ မရႉလွ်င္ အနားမွ လူကို အေရးေပၚ လူနာတင္ကား ေခၚခိုင္းပါ။ ကိုယ္ပိုင္ကားက ပိုျမန္လွ်င္ ေမာင္းမည့္သူကို ေအာ္ေခၚပါ။

ပံု (၅) တခ်ိန္တည္းတြင္ အသက္ကယ္ဖို႔ စတင္ပါ။ လက္ေခ်ာင္း ၂ ေခ်ာင္း သံုး၍ ကေလး ရင္ဘတ္အလယ္တြင္ ရင္အံု အနက္ ၃ပံု ၁ ပံု ဝင္ေအာင္ ၁၈ စကၠန္႔ အတြင္း အခ်က္ ၃၀ ဖိပါ။ (တမိနစ္ အႀကိမ္ ၁၀၀ ႏႈန္း)

ပံု (၆) အခ်က္ ၃၀ ဖိၿပီးလွ်င္ ကေလး ေခါင္းကို အေနာက္သို႔ အနည္းငယ္ ေစာင္းေပးပါ။ ေမးေစ့ကို မပါ။ အသက္တခ်က္ ရႉသြင္းၿပီး ထိုေလကို ကေလးပါးစပ္ႏွင့္ ႏွာေခါင္းကို ငံု၍ ျဖည္းၫွင္း ျငင္သာစြာ မႈတ္ထည့္ေပး လိုက္ပါ။ ကေလး ရင္ဘတ္ ျမင့္တက္ လာလွ်င္ သင္ထည့္ေပးေသာ ေလက ကေလး အဆုတ္ထဲ ေရာက္ရွိေၾကာင္းျပသည္။ ေနာက္တႀကိမ္ ထပ္မႈတ္ေပးပါ။

ပံု (၇) အေရးေပၚဌာနသို႔ မေရာက္မခ်င္း နာရီဝက္ ၾကာေအာင္ ရင္ဘတ္ အခ်က္ ၃၀ ဖိၿပီး ေလ ၂ ခ်က္ မႈတ္ထည့္ျခင္းကို တလွည့္စီ ဆက္တိုက္ လုပ္သြားပါ။ လမ္းတြင္ ကေလး သတိျပန္လည္လွ်င္ (သို႔) အသက္ျပန္ရႉလွ်င္ ရပ္ပါ။

သင္ဖိေသာ လက္ ၂ ေခ်ာင္းက ကေလး ႏွလံုးကို ဖိ၍ ဦးေႏွာက္ထဲ ေသြးပို႔ေပးမည္။ သင္ေပးေသာ ေလမွ ေအာက္စီဂ်င္ကို ကေလး ရေနမည္။ ေသြးႏွင့္ ေအာက္စီဂ်င္ ယာယီျဖည့္ေပးျခင္းျဖင့္ ကေလး အသက္ရွင္ေအာင္ ကူညီသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ေနေနမိုးေဆြ – Child Health Myanmar Page , naynaymoeswe
Reference and Pictures- credits to Raising Children Net

#Unicode Version#
အိမ်မှာ ကလေး ရှိလျှင် အရေးပေါ် အသက်ကယ် နည်းကို သိထား၊ လေ့ကျင့် ထားလျှင် ကောင်းသည်။ အရေးပေါ် လူနာတင်ကား မလာခင်၊ ဆေးရုံ မရောက်ခင် အသက် ကယ်နည်း သုံးနိုင်သည်။

အရုပ်နှင့် ၃ – ၄ ခါ ကျင့်ထားပြီး ပုံမှန် ပြန်လေ့ကျင့်လျှင် လိုအပ်သည့် အခါ ကိုယ့်ကလေး သူများကလေးကို ကယ်တင် နိုင်ပါသည်။

ကလေး ရုတ်တရက် သတိလစ်လျှင်

ပုံ (၁) ကလေး ပါးစပ်ထဲ အစာ၊ သွေး၊ အန်ဖတ် ရှိမိရှိ ကြည့်ပါ။ ရှိလျှင် လက်သန်းသုံး၍ အသက်ရှူ လမ်းကြောင်းပွင့်ရန် အမြန် ဖယ်ထုတ်ပါ။ ကလေးကို ကျောတွင် လှဲချသော ပုံစံထားပါ။

ပုံ (၂) ကလေး အသက်ရှူမရှူ သိရန် နှာဝတွင် သင့်ပါးကို လေတိုး မတိုး စစ်ပါ။ ရင်ဘတ် လှုပ်ရှားမှု ရှိမရှိကြည့်ပါ။

ပုံ (၃) ကလေး အသက်ရှူလျှင် ကလေးကို ပုံပြထားသည့် အနေအထားနှင့် အရေးပေါ်ဌာနသို့ ခေါ်သွားပါ။ လမ်းတလျောက် ကလေး အသက်ရှူ မရှူ ပုံမှန်စစ်သွားပါ။

အဆင့် (၄) ကလေး အသက် မရှူလျှင် အနားမှ လူကို အရေးပေါ် လူနာတင်ကား ခေါ်ခိုင်းပါ။ ကိုယ်ပိုင်ကားက ပိုမြန်လျှင် မောင်းမည့်သူကို အော်ခေါ်ပါ။

ပုံ (၅) တချိန်တည်းတွင် အသက်ကယ်ဖို့ စတင်ပါ။ လက်ချောင်း ၂ ချောင်း သုံး၍ ကလေး ရင်ဘတ်အလယ်တွင် ရင်အုံ အနက် ၃ပုံ ၁ ပုံ ဝင်အောင် ၁၈ စက္ကန့် အတွင်း အချက် ၃၀ ဖိပါ။ (တမိနစ် အကြိမ် ၁၀၀ နှုန်း)

ပုံ (၆) အချက် ၃၀ ဖိပြီးလျှင် ကလေး ခေါင်းကို အနောက်သို့ အနည်းငယ် စောင်းပေးပါ။ မေးစေ့ကို မပါ။ အသက်တချက် ရှူသွင်းပြီး ထိုလေကို ကလေးပါးစပ်နှင့် နှာခေါင်းကို ငုံ၍ ဖြည်းညှင်း ငြင်သာစွာ မှုတ်ထည့်ပေး လိုက်ပါ။ ကလေး ရင်ဘတ် မြင့်တက် လာလျှင် သင်ထည့်ပေးသော လေက ကလေး အဆုတ်ထဲ ရောက်ရှိကြောင်းပြသည်။ နောက်တကြိမ် ထပ်မှုတ်ပေးပါ။

ပုံ (၇) အရေးပေါ်ဌာနသို့ မရောက်မချင်း နာရီဝက် ကြာအောင် ရင်ဘတ် အချက် ၃၀ ဖိပြီး လေ ၂ ချက် မှုတ်ထည့်ခြင်းကို တလှည့်စီ ဆက်တိုက် လုပ်သွားပါ။ လမ်းတွင် ကလေး သတိပြန်လည်လျှင် (သို့) အသက်ပြန်ရှူလျှင် ရပ်ပါ။

သင်ဖိသော လက် ၂ ချောင်းက ကလေး နှလုံးကို ဖိ၍ ဦးနှောက်ထဲ သွေးပို့ပေးမည်။ သင်ပေးသော လေမှ အောက်စီဂျင်ကို ကလေး ရနေမည်။ သွေးနှင့် အောက်စီဂျင် ယာယီဖြည့်ပေးခြင်းဖြင့် ကလေး အသက်ရှင်အောင် ကူညီသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:နေနေမိုးဆွေ – Child Health Myanmar Page , naynaymoeswe
Reference and Pictures- credits to Raising Children Net


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top