၁။ နေရောင်မထိတာ
၂။ မနက်စာမစားတာ
၎။ အအိပ်မက်တာ
#Unicode Version# ဖြင့်ဖတ်ပါ ။
ဝိတ်တက်တတ်တဲ့သူတွေဆိုသည်မှာလည်း ဘာလုပ်လုပ်ကိုဝိတ်ကတက်နေတာပါပဲ။ ရေသောက်တိုင်းလည်းတက်၊ အသက်ရှူလည်းတက်၊ မျက်လုံးဖွင့်ထားလည်းတက်၊ မျက်စိမှိတ်ထားလည်း တက်နေတော့တာပါပဲ။
အကြောင်းမရှိဘဲ တက်နေတာတော့မဟုတ်ပါဘူး။ သူ့မှာလည်းသူ့အကြောင်းနဲ့သူတက်ရတာမို့ ဘာကြောင့်ဆိုတာ ဆက်ကြည့်လိုက်ကြရအောင်ပါ။
၁။ နေရောင်မထိတာ
ကျွန်မတို့ခန္တာကိုယ်ရဲ့ BMI (Body mass index) ဟာ နေရောင်နဲ့ထိတွေ့ပေးဖို့လိုပါတယ်။ မနက်နိုးနိုးလာချင်းနေရောင်မထိပေးဘဲ အမှောင်ခန်းထဲမှာပဲ ဆက်မှိန်းနေတာကြောင့် သင်ဝိတ်တွေတက်လာရတာပါ။ သိပ္ပံပညာရှင်တွေရဲ့အဆိုအရ လူတစ်ယောက်ဟာ မနက်နိုးပြီးပြီးချင်း နေရောင်နဲ့ မိနစ် (၂၀-၃၀) ကြားလောက်တွေထိပေးသင့်တယ်လို့ဆိုပါတယ်။ ဒါမှလည်း BMI အလုပ်လုပ်ပုံကမှန်ကန်လာမှာပါ။
၂။ မနက်စာမစားတာ
တစ်နေ့တာကိုဖြတ်သန်းဖို့အရေးကြီးဆုံးက မနက်စာပါ။ မနက်စာမစားဘဲနေလိုက်ခြင်းက တစ်နေ့လုံးဗိုက်ဆာနေစေပြီး ဘာစားစားမတင်းတိမ်ဘဲ ဖြစ်နေတတ်ပါတယ်။ မနက်စာသာစားထားမယ်ဆိုရင်တော့ တခြားနေ့လယ်စာနဲ့ ညစာတွေကိုလည်း တော်ရုံလောက်နဲ့ တင်းတိမ်နိုင်သွားပါတယ်။ မနက်ပိုင်းမှာ အမျှင်ဓာတ်ပါတာတွေနဲ့ ပရိုတင်းဓာတ်များများပါတာတွေကို ပိုစားပေးသင့်ပါတယ်။
၃။ ကော်ဖီသောက်သုံးမှုပမာဏ
မနက်ခင်းမှာ သောက်သုံးသင့်တဲ့ရေပမာဏကို လုံလုံလောက်လောက်မသောက်ဘဲ ကော်ဖီတွေချည်းလှိမ့်သောက်နေမယ်ဆိုရင်တော့ သေချာပေါက်သင်ဝိတ်တက်လာပါလိမ့်မယ်။
၄။ အအိပ်မက်တာ
အလွယ်ရောက်ပြီးတဲ့သူတစ်ယောက်ဟာ ပုံမှန်အိပ်ချိန် (၁၀) နာရီထက်ပိုမအိပ်သင့်ပါဘူး။ သာမန်ထက်အိပ်ချိန်ပိုများခြင်းက သင့်ရဲ့အစားစာချင်စိတ်ကိုလည်း မြင့်တက်လာစေနိုင်ပါတယ်။ ဒါကြောင့် အအိပ်သိပ်မမက်ကြပါနဲ့ ပျိုမေတို့ရေ။
ဖိုးသူတော် (www.phothutaw.com)
Credit:mystylemyanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top