ႀကီးရင္မွီ ငယ္ရင္ခ်ီဆိုတဲ့ စကားေလးအတိုင္း ကိုယ့္ထက္ အသက္ႀကီးတဲ့ သူနဲ႔ခ်စ္သူျဖစ္ရင္ ကိုယ္က အားကိုးႏိုင္တယ္။ ဆိုးခ်င္သလိုဆိုးႏိုင္မယ္။ ခြၽဲလို႔ရတယ္။ တစ္ခါတေလ ကိုယ္က သူ႔ကိုဆရာေတာင္ လုပ္လို႔ရပါေသးတယ္။

ဒါေပမဲ့ ဦးနဲ႔ကေလးစုံတြဲတိုင္းေတာ့ ဒီလိုျဖစ္ခ်င္မွျဖစ္မွာပါ။ ေသခ်ာတာကေတာ့ ဦးအ႐ြယ္ေတြက ကိုယ့္ထက္ဗဟုသုတမ်ားမယ္။ မလုပ္သင့္တာကို မလုပ္ဖို႔ သူတို႔က ဆုံးမႏိုင္ပါတယ္။

ဒါေၾကာင့္ ဒီတစ္ေခါက္ေတာ့ MyStyle Myanmar ပရိတ္သတ္ေတြအတြက္ ကိုယ့္ထက္အသက္ႀကီးတဲ့ ဦး နဲ႔ခ်စ္သူျဖစ္ရျခင္း ေကာင္းက်ိဳးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ သင့္မွာ ကိုယ္ပိုင္ပုံျပင္ေျပာဆရာ ပိုင္ဆိုင္သြားပါၿပီ

ပုံျပင္ေျပာဆရာလို႔ ဘာလို႔ေျပာရတာလဲဆိုေတာ့ သူက သင့္ကို သူ႔ဘဝမွာႀကဳံခဲ့တဲ့အရာေတြကို စီကာပတ္ကုံးေျပာႏိုင္လို႔ပါ။ သူရခဲ့တဲ့သင္ခန္းစာေတြ သူသိခဲ့တဲ့လူေတြအေၾကာင္း စတာေတြကို ေျပာျပတဲ့အတြက္ သင့္မွာ ပုံျပင္ေျပာေပးမယ့္လူ ပိုင္ဆိုင္သြားပါၿပီ။ သူက သူ႔ဗဟုသုတေတြကို ေျပာသလို သင္ေျပာသမွ်ကိုလည္း အခ်ိန္ယူၿပီး နားေထာင္ေပးမွာပါ။ သင့္အတြက္ သူ႔အခ်စ္က ဘယ္ေလာက္ႀကီးမားတဲ့အေၾကာင္း စကားလွလွေလးေတြနဲ႔ ေျပာမွာေတာ့ အေသအခ်ာပါပဲ။

၂။ မုန႔္စားတဲ့အခ်ိန္ သူတစ္ဝက္ရွင္း ကိုယ္တစ္ဝက္ရွင္းေတြ ကင္းေဝးသြားပါၿပီ

အသက္ႀကီးတဲ့သူဆိုေတာ့ အေတြ႕အႀကဳံကေတာ့ ကိုယ့္ထက္ပိုရွိေနပါၿပီ။ မိန္းကေလးတစ္ေယာက္နဲ႔ ေရေရရာရာမတြဲဖူးရင္ေတာင္ သူၾကားဖူးသိဖူးတာေတြနဲ႔တင္ပဲ သင့္အထာကို သူသိေနမွာပါ။ လူႀကီးလူေကာင္းပီပီ သင္စားသမွ် သူရွင္းေပးမွာပါ။

၃။ သင့္အေပၚေကာင္းတဲ့လူနဲ႔ ေတြ႕ေနၿပီဆိုတာေသခ်ာသေလာက္ပါပဲ

ဒီအေၾကာင္းအရာမွာေတာ့ ခြၽင္းခ်က္ရွိပါတယ္။ ဦးဆိုေပမယ့္ သင့္ကို တကယ္ခ်စ္တဲ့သူလည္း ျဖစ္ရပါမယ္။ မဟုတ္ရင္ေတာ့ သင္ပဲ အညာမိေနမွာပါ။ အခ်စ္စစ္ဆိုရင္ေတာ့ သင့္ကို သူ႔ဘဝရဲ႕ဘုရင္မတစ္ပါးလို ဆက္ဆံမွာပါ။

၄။ ဦးေတြက ခ်စ္တယ္ဆိုတဲ့စကားကို ပုံစံအမ်ိဳးမ်ိဳးနဲ႔ေျပာျပတတ္ၾကတယ္

ဦးနဲ႔ ခ်စ္မိရင္ေတာ့ မ်က္ႏွာက်က္နဲ႔ ဝင္မတိုက္မိေအာင္သာ သတိထားၾကပါေတာ့။ သူတို႔က သင့္ကို အလွဆုံး ခ်စ္စရာအေကာင္းဆုံးလို႔ ခ်ီးက်ဴးတာမ်ားေတာ့ သင္ေျမာက္သြားပါလိမ့္မယ္။ သင့္အတြက္ ခ်စ္စရာ Message ေလးေတြပို႔တတ္ၾကတယ္။ သင့္အလုပ္ကို ပန္းေတြပို႔ေပးတတ္တယ္။ အခ်စ္ခံလူတန္းစားျဖစ္ေနမွာေတာ့အမွန္ပါပဲ။

၅။ သင္က သူ႔အတြက္ျပည့္စုံသူပါ

သင့္ထက္ အသက္ႀကီးေတာ့ သင္မတိုင္ခင္ မိန္းကေလးတစ္ေယာက္ေယာက္နဲ႔ေတာ့ ခ်စ္ႀကိဳက္ဖူးမွာ အေသအခ်ာပါပဲ။ ဒီအ႐ြယ္အမ်ားစုက ဦးေႏွာက္ကိုပိုဦးစားေပးတတ္ၾကပါတယ္။ ဘယ္ဟာကို ဘယ္လိုအဆင္ေျပေအာင္လုပ္ရမလဲ။ ဘာကိုေရွာင္ရမလဲ သူတို႔သိပါတယ္။ သင့္ကို သူေ႐ြးခ်ယ္ခဲ့တာကလည္း သင္က သူ႔မ်က္လုံးထဲမွာ ျပည့္စုံလြန္းေနလို႔ပါ။

၆။ သူနဲ႔ဆို စီးပြားေရးကိစၥေတြလည္း ေဆြးေႏြးႏိုင္တယ္

ကိုယ့္ထက္အသက္ငယ္တဲ့သူဆိုရင္ေတာ့ စီးပြားေရးကိစၥ လူမႈေရးကိစၥေတြကို ႏွံ႔ႏွံ႔စပ္စပ္သိႏိုင္မွာမဟုတ္ပါဘူူး။ ဘယ္ဟာလုပ္ရင္ ေအာင္ျမင္ႏိုင္လဲ။ ဘာကိုေတာ့ မလုပ္သင့္ဘူးလဲဆိုတဲ့အေၾကာင္းေတြကို ဦးေတြက စိတ္ရွည္ရွည္ေျပာျပမွာပါ။

၇။ သူ႔ေၾကာင့္ပဲ သင္က ပိုေတာ္တဲ့သူျဖစ္လာပါတယ္

သူက သင့္အတြက္ Supporter ေကာင္းတစ္ေယာက္မို႔ သင္လုပ္ခ်င္တဲ့အရာေတြကိုလည္း သူကူညီေပးႏိုင္ပါတယ္။ သင္ဟင္းမခ်က္တတ္ရင္ေတာင္ သူက ခ်က္ေပးမွာပါ။ သင္ဟာ အရမ္းခ်စ္ခံရတဲ့အတြက္ အရင္ကထက္ပိုေပ်ာ္႐ႊင္လာမယ္။ ကိုယ့္ထက္အသက္ႀကီးတဲ့ ခ်စ္သူရဲ႕ ပံ့ပိုးမႈ ဗဟုသုတရတဲ့စကားေတြေၾကာင့္ သင္ဟာ ပိုေတာ္တဲ့သူျဖစ္လာမွာအမွန္ပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mmcelesmedia
# Unicode Version # ျဖင့္ ဖတ္ပါ #


ကြီးရင်မှီ ငယ်ရင်ချီဆိုတဲ့ စကားလေးအတိုင်း ကိုယ့်ထက် အသက်ကြီးတဲ့ သူနဲ့ချစ်သူဖြစ်ရင် ကိုယ်က အားကိုးနိုင်တယ်။ ဆိုးချင်သလိုဆိုးနိုင်မယ်။ ချွဲလို့ရတယ်။ တစ်ခါတလေ ကိုယ်က သူ့ကိုဆရာတောင် လုပ်လို့ရပါသေးတယ်။

ဒါပေမဲ့ ဦးနဲ့ကလေးစုံတွဲတိုင်းတော့ ဒီလိုဖြစ်ချင်မှဖြစ်မှာပါ။ သေချာတာကတော့ ဦးအရွယ်တွေက ကိုယ့်ထက်ဗဟုသုတများမယ်။ မလုပ်သင့်တာကို မလုပ်ဖို့ သူတို့က ဆုံးမနိုင်ပါတယ်။

ဒါကြောင့် ဒီတစ်ခေါက်တော့ MyStyle Myanmar ပရိတ်သတ်တွေအတွက် ကိုယ့်ထက်အသက်ကြီးတဲ့ ဦး နဲ့ချစ်သူဖြစ်ရခြင်း ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သင့်မှာ ကိုယ်ပိုင်ပုံပြင်ပြောဆရာ ပိုင်ဆိုင်သွားပါပြီ

ပုံပြင်ပြောဆရာလို့ ဘာလို့ပြောရတာလဲဆိုတော့ သူက သင့်ကို သူ့ဘဝမှာကြုံခဲ့တဲ့အရာတွေကို စီကာပတ်ကုံးပြောနိုင်လို့ပါ။ သူရခဲ့တဲ့သင်ခန်းစာတွေ သူသိခဲ့တဲ့လူတွေအကြောင်း စတာတွေကို ပြောပြတဲ့အတွက် သင့်မှာ ပုံပြင်ပြောပေးမယ့်လူ ပိုင်ဆိုင်သွားပါပြီ။ သူက သူ့ဗဟုသုတတွေကို ပြောသလို သင်ပြောသမျှကိုလည်း အချိန်ယူပြီး နားထောင်ပေးမှာပါ။ သင့်အတွက် သူ့အချစ်က ဘယ်လောက်ကြီးမားတဲ့အကြောင်း စကားလှလှလေးတွေနဲ့ ပြောမှာတော့ အသေအချာပါပဲ။

၂။ မုန့်စားတဲ့အချိန် သူတစ်ဝက်ရှင်း ကိုယ်တစ်ဝက်ရှင်းတွေ ကင်းဝေးသွားပါပြီ

အသက်ကြီးတဲ့သူဆိုတော့ အတွေ့အကြုံကတော့ ကိုယ့်ထက်ပိုရှိနေပါပြီ။ မိန်းကလေးတစ်ယောက်နဲ့ ရေရေရာရာမတွဲဖူးရင်တောင် သူကြားဖူးသိဖူးတာတွေနဲ့တင်ပဲ သင့်အထာကို သူသိနေမှာပါ။ လူကြီးလူကောင်းပီပီ သင်စားသမျှ သူရှင်းပေးမှာပါ။

၃။ သင့်အပေါ်ကောင်းတဲ့လူနဲ့ တွေ့နေပြီဆိုတာသေချာသလောက်ပါပဲ

ဒီအကြောင်းအရာမှာတော့ ချွင်းချက်ရှိပါတယ်။ ဦးဆိုပေမယ့် သင့်ကို တကယ်ချစ်တဲ့သူလည်း ဖြစ်ရပါမယ်။ မဟုတ်ရင်တော့ သင်ပဲ အညာမိနေမှာပါ။ အချစ်စစ်ဆိုရင်တော့ သင့်ကို သူ့ဘဝရဲ့ဘုရင်မတစ်ပါးလို ဆက်ဆံမှာပါ။

၄။ ဦးတွေက ချစ်တယ်ဆိုတဲ့စကားကို ပုံစံအမျိုးမျိုးနဲ့ပြောပြတတ်ကြတယ်

ဦးနဲ့ ချစ်မိရင်တော့ မျက်နှာကျက်နဲ့ ဝင်မတိုက်မိအောင်သာ သတိထားကြပါတော့။ သူတို့က သင့်ကို အလှဆုံး ချစ်စရာအကောင်းဆုံးလို့ ချီးကျူးတာများတော့ သင်မြောက်သွားပါလိမ့်မယ်။ သင့်အတွက် ချစ်စရာ Message လေးတွေပို့တတ်ကြတယ်။ သင့်အလုပ်ကို ပန်းတွေပို့ပေးတတ်တယ်။ အချစ်ခံလူတန်းစားဖြစ်နေမှာတော့အမှန်ပါပဲ။

၅။ သင်က သူ့အတွက်ပြည့်စုံသူပါ

သင့်ထက် အသက်ကြီးတော့ သင်မတိုင်ခင် မိန်းကလေးတစ်ယောက်ယောက်နဲ့တော့ ချစ်ကြိုက်ဖူးမှာ အသေအချာပါပဲ။ ဒီအရွယ်အများစုက ဦးနှောက်ကိုပိုဦးစားပေးတတ်ကြပါတယ်။ ဘယ်ဟာကို ဘယ်လိုအဆင်ပြေအောင်လုပ်ရမလဲ။ ဘာကိုရှောင်ရမလဲ သူတို့သိပါတယ်။ သင့်ကို သူရွေးချယ်ခဲ့တာကလည်း သင်က သူ့မျက်လုံးထဲမှာ ပြည့်စုံလွန်းနေလို့ပါ။

၆။ သူနဲ့ဆို စီးပွားရေးကိစ္စတွေလည်း ဆွေးနွေးနိုင်တယ်

ကိုယ့်ထက်အသက်ငယ်တဲ့သူဆိုရင်တော့ စီးပွားရေးကိစ္စ လူမှုရေးကိစ္စတွေကို နှံ့နှံ့စပ်စပ်သိနိုင်မှာမဟုတ်ပါဘူူး။ ဘယ်ဟာလုပ်ရင် အောင်မြင်နိုင်လဲ။ ဘာကိုတော့ မလုပ်သင့်ဘူးလဲဆိုတဲ့အကြောင်းတွေကို ဦးတွေက စိတ်ရှည်ရှည်ပြောပြမှာပါ။

၇။ သူ့ကြောင့်ပဲ သင်က ပိုတော်တဲ့သူဖြစ်လာပါတယ်

သူက သင့်အတွက် Supporter ကောင်းတစ်ယောက်မို့ သင်လုပ်ချင်တဲ့အရာတွေကိုလည်း သူကူညီပေးနိုင်ပါတယ်။ သင်ဟင်းမချက်တတ်ရင်တောင် သူက ချက်ပေးမှာပါ။ သင်ဟာ အရမ်းချစ်ခံရတဲ့အတွက် အရင်ကထက်ပိုပျော်ရွှင်လာမယ်။ ကိုယ့်ထက်အသက်ကြီးတဲ့ ချစ်သူရဲ့ ပံ့ပိုးမှု ဗဟုသုတရတဲ့စကားတွေကြောင့် သင်ဟာ ပိုတော်တဲ့သူဖြစ်လာမှာအမှန်ပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit:mmcelesmedia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top