


#Unicode Version#
တောင်ငူမြို့တွင် မေလ ၅ ရက် နံနက် ၈ နာရီ ၃၀ အချိန်မှာ တွေ့ရှိခဲ့သည့် အမှတ် ၂ ရဲစခန်းရှေ့ မူးယစ်အမှုဖြင့် သိမ်းဆည်းထားသော ကားအတွင်းမှ သေဆုးံနေသော တောင်ငူမြို့ I စိန်ပန်းမြိုင် ရပ်ကွက် နေ I မအိဖြူဝင်း ( ၅ ) နှစ် I (ဘ) ဦးအေးသိန်း( ကွယ်လွန်) I မယမင်းစိုး (၆) နှစ် I( ဘ) ဦးဝင်းနိုင် တို့၏ အဝတ်အစားမဲ့ ဘော်ဒီ( body) အား ဓာတ်ပုံမှတ်တမ်း တွေ့ရှိပြီး အဝတ်အစားများ ချွတ်၍ အဓမ္မပြုထားသည်လော့ဟု သံသယရှိ၍ စုံစမ်းကြည့်ရာ မူလသေဆုးံနေစဉ်တွင် အဝတ်အစားများရှိပြီး တာဝန်ရှိသူတစ်ဦးမှ တာဝန်အရ ပဏာမ စစ်ဆေးရန် အလို့ငှာ သေဆုးံသူများ၏ အဝတ်အစားများအားချွတ်ပြီး စစ်ဆေးခဲ့သည်ဟု မူလ ကနဦး တွေ့ရှိသူ၏ ဓာတ်ပုံ မှတ်တမ်းများအရ နှင့် အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးထံမှ သိခဲ့ရပါတယ်။

သေဆုးံသူ ၂ ဦးအနက် တစ်ဦးတွင် စအိုမှ အူထွက်ကျနေချင်းနှင့် ဓမ္မတာ အတိုင်းသေဆုးံခြင်း ဟုတ်မဟုတ်အား ကျွမ်းကျင် ပညာရှင်မှ တပါး သမန်အားဖြင့်သိရှိ မှတ်ချက်ပေးနိုင်ခြင်းမရှိဟု သုးံသပ်မိပါသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:နေလင်းအောင် ( တောင်ငူ) 7.5.2019
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top