အျမန္လမ္းတြင္ လမ္းအလုပ္သမားမ်ားအား ေရဘူးေပးရန္ ကား ႐ုတ္တရက္ ရပ္တန႔္လိုက္စဥ္ ေနာက္မွပါလာေသာ ခရီးသည္တင္ယာဥ္မွ အရွိန္မထိန္းႏိုင္ဘဲ ဝင္တိုက္မႈ ျဖစ္ပြားခဲ့ၿပီး လူ ၁၀ ဦး ဒဏ္ရာ ရရွိခဲ့သည္။

ေမ ၁၄ ရက္ေန႔ နံနက္ ၁၁ နာရီခန႔္က ရန္ကုန္-ေနျပည္ေတာ္ အျမန္လမ္းမႀကီး မိုင္တိုင္အမွတ္ (၁၈၁/၃-၄) ၾကားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ျဖစ္စဥ္မွာ ရန္ကုန္မွ ေနျပည္ေတာ္ဘက္သို႔ သာေကတၿမိဳ႕နယ္၊ (၂၉) ရပ္ကြက္ေန ကိုသက္ႏိုင္ဦး(၄၁)ႏွစ္ ေမာင္းႏွင္ၿပီး ေနျပည္ေတာ္ေန မေအးျမသက္(၃၂)ႏွစ္ႏွင့္ ေဒၚေထြးေထြးဝင္း (၅၂)ႏွစ္တို႔(၂)ဦး လိုက္ပါလာေသာ 1I ×××× LANDCRUISER ယာဥ္သည္ လမ္းအလုပ္သမားမ်ားအား ေရဘူးေပးရန္အတြက္ လမ္းယာဘက္ျခမ္းတြင္ ႐ုတ္တရက္ ရပ္တန႔္ လိုက္စဥ္ မတၱရာၿမိဳ႕နယ္၊ ရတနာဘုမၼိ႐ြာေန ဝဏၰေက်ာ္(၃၅)ႏွစ္ေမာင္းႏွင္ၿပီး ခရီးသည္(၄၄)ဦး လိုက္ပါလာေသာ 4I/××××YUTONG ခရီးသည္တင္ယာဥ္မွ အရွိန္မထိန္းႏိုင္ဘဲ ဝင္ေရာက္တိုက္မိခဲ့သည္။

တိုက္မိမႈေၾကာင့္ YUTONG ယာဥ္ေပၚမွ စလင္းၿမိဳ႕နယ္ေန ဦးမွတ္တင္ပါ ၇ ဦးႏွင့္ LANDCRUISER ယာဥ္ေပၚမွ သက္ႏိုင္ဦးပါ (၃)ဦးတို႔တြင္ ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ေမ ၁၅ ရက္ညပိုင္းတြင္ ရဲဇာနည္မွ ထုတ္ျပန္သည္။

လက္ရွိတြင္ သာဂရအျမန္လမ္းမႀကီးရဲစခန္း ယာဥ္(ပ)၁၇/ ၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၃၈/၃၃၇ ျဖင့္ အေရးယူထားေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Mizzima

#Unicode Version#
အမြန်လမ်းတွင် လမ်းအလုပ်သမားများအား ရေဘူးပေးရန် ကား ရုတ်တရက် ရပ်တန့်လိုက်စဉ် နောက်မှပါလာသော ခရီးသည်တင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦး ဒဏ်ရာ ရရှိခဲ့သည်။

မေ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်က ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၈၁/၃-၄) ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ရန်ကုန်မှ နေပြည်တော်ဘက်သို့ သာကေတမြို့နယ်၊ (၂၉) ရပ်ကွက်နေ ကိုသက်နိုင်ဦး(၄၁)နှစ် မောင်းနှင်ပြီး နေပြည်တော်နေ မအေးမြသက်(၃၂)နှစ်နှင့် ဒေါ်ထွေးထွေးဝင်း (၅၂)နှစ်တို့(၂)ဦး လိုက်ပါလာသော 1I ×××× LANDCRUISER ယာဉ်သည် လမ်းအလုပ်သမားများအား ရေဘူးပေးရန်အတွက် လမ်းယာဘက်ခြမ်းတွင် ရုတ်တရက် ရပ်တန့် လိုက်စဉ် မတ္တရာမြို့နယ်၊ ရတနာဘုမ္မိရွာနေ ဝဏ္ဏကျော်(၃၅)နှစ်မောင်းနှင်ပြီး ခရီးသည်(၄၄)ဦး လိုက်ပါလာသော 4I/××××YUTONG ခရီးသည်တင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိခဲ့သည်။

တိုက်မိမှုကြောင့် YUTONG ယာဉ်ပေါ်မှ စလင်းမြို့နယ်နေ ဦးမှတ်တင်ပါ ၇ ဦးနှင့် LANDCRUISER ယာဉ်ပေါ်မှ သက်နိုင်ဦးပါ (၃)ဦးတို့တွင် ဒဏ်ရာများရရှိခဲ့ကြောင်း မေ ၁၅ ရက်ညပိုင်းတွင် ရဲဇာနည်မှ ထုတ်ပြန်သည်။

လက်ရှိတွင် သာဂရအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၁၇/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Mizzima


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top