20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

လြန္ခ့ဲတ့ဲ အနွစ္နွစ္ဆယ္ေက်ာ္ေလာက္က ကိုသာလွ န႔ဲ မလွပို တို႔ဇနီးေမာင္နွံဟာ ခေနာင္႐ြာေလးမွာ လယ္လုပ္၊ကိုင္းလုပ္ န႔ဲ ေပ်ာ္ေပ်ာ္႐ြင္႐ြင္ေနထိုင္ခ့ဲၾကတယ္။ ကံၾကမၼာ ကဖန္လာေတာ့ သူတို႔လင္မယာၾကားကို မတင္ေ႐ႊ ဆိုတ႔ဲ မိန္းမ တစ္ေယာက္ ဝင္ေရာက္လာရာကစလို႔ ေပ်ာ္႐ြင္ခ့ဲတ့ဲ သူတို႔ဘဝ ကတစ္ေျဖးေျဖး န႔ဲ ယိုင္န႔ဲ ခ့ဲရပါတယ္။

ကိုသာလွ န႔ဲ မတင္ေ႐ႊက ႐ြာထဲမွာ ဘာလိုလို န႔ဲ သတင္းထြက္ေနတာ မလွပို သိေနခ႔ဲ ပါတယ္။ ဒါေပမယ့္ သူတို႔လင္မယား အခ်င္းမမ်ားခ်င္တာန႔ဲ မသိခ်င္ေယာင္ေဆာင္ေနခ႔ဲပါတယ္။ တစ္ကယ္ဆိုရင္ ကိုသာလွက လူရိုးလူေအးတစ္ေယာက္ပါ။ ဘယ္လို ပဲေျပာၾကေျပာၾက မလွပို ကိုသာလွကို အျပစ္မတင္မိဘူး။ ဒါေပမယ့္ မတင္ေ႐ႊ ကိုေတာ့ ရင္ထဲကႀကိတ္ၿပီး အရမ္းမုန္းေနပါတယ္။

တစ္ေန႔ေတာ့ ကိုသာလွ က မတင္ေ႐ႊကို အိမ္ေပၚေခၚလာပါတယ္။ ” လွပိုေရ ငါ့ကိုခြင့္လႊတ္ပါဟာ မေခၚမျဖစ္လို႔ သူ႔ကို ေခၚလာခ့ဲရတယ္ ငါသူ႔ကိုမယူရင္ ျပႆနာ တက္ေတာ့မွာမို႔လို႔ပါ။ ငါ့ကိုနားလည္ေပးပါဟာ ” သူတို႔နွစ္ေယာက္ကို ေတြေတြႀကီး စိုက္ၾကည့္ေနေပမယ့္ အျမင္ေတြက ဝိုးတစ္ဝါး ပါ။ ဘာစကားမွလည္းျပန္မေျပာမိပါဘူး။

အ့ဲဒီ အခ်ိန္ကစလို႔ မလွပို ဘယ္သူန႔ဲမွစကားမေျပာေတာ့ပါဘူး။ အစားလည္း ေကာင္းေကာင္းမစားန႔ဲ တစ္ေျဖးေျဖး က်န္းမာေရး ထိခိုက္လာပါတယ္။ ဒီလိုေနရင္းန႔ဲ သိပ္မၾကာပါဘူး မလွပို ေသဆံုးသြားခ့ဲပါတယ္။ တစ္လေလာက္ၾကာေတာ့ မတင္ေ႐ႊ ကုိယ္ဝန္ရ လာပါတယ္္။ မလွပို ကသူတို႔န႔ဲလာေနမယ္လို႔အိမ္မက္ေပးတ့ဲအတြက္ မလွပိုဝင္စားတ့ဲ ကေလးလို႔ မေမြးခင္ကတည္းက ယံုၾကည္ခ့ဲၾကပါတယ္။

ကိုးလလြယ္ဆယ္လဖြား တ့ဲအခ်ိန္ေရာက္ေတာ့ မလွေ႐ႊ သား ေယာက်္ားေလး ေမြးဖြားခ့ဲပါတယ္။ ျဖဴျဖဴ ေဖြးေဖြးန႔ဲ အရမ္း ခ်စ္စရာေကာင္းပါတယ္။ ေမြးကတည္းက မတင္ေ႐ႊရ႕ဲ နို႔ကိုသိပ္မစို႔ဘူးတ့ဲ။ဘယ္သူမွမရွိလို႔ သိပ္ဆာလြန္းတ့ဲ အခ်ိန္ အတင္းတိုက္မွနည္းနည္းပဲစို႔သတ့ဲ။ ႐ြာထဲက ခေလးအေမေတြဆီလွည့္ၿပီးနို႔တိုက္ရသတ့ဲ။

ဒီလိုန႔ဲ စကားေျပာတတ္စ အ႐ြယ္ေရာက္လာၿပီဆိုကတည္းက သူမတင္ေ႐ႊ ကိုေျပာတ့ဲစကားက “နင့္ကိုငါမုန္းတယ္ ငါနင့္ကို သတ္မယ္”ဆိုတာခ်ည္းပါပဲ။ သား န႔ဲ အေမ ရယ္လို႔ တစ္ခ်က္ကေလးမွ မ်က္နွာခ်င္းဆိုင္လို႔မရဘူး။ မတင္ေ႐ႊ ကေတာ့ သူ႔သားေလးဆိုေတာ့ ေဗြမယူပါဘူး။ အခ်ိန္ေတြၾကာလာရင္းန႔ဲ ဒီလို လူသတ္မႈျဖစ္မယ့္ေန႔ ကိုေရာက္လာပါၿပီ။

သူ႔အသက္လည္း ၂၀ ဝန္းက်င္ေလာက္ရွိလာပါၿပီ။ အ့ဲဒီေန႔က အိမ္မွာဘယ္သူမွ ရွိမေနပါဘူး။ သူအိမ္ေပၚတက္လာေတာ့ အခန္းထဲမွာ မတင္ေ႐ႊတစ္ေယာက္တည္း အိပ္ေပ်ာ္ေနတာကိုေတြ႕တယ္။ ဒီတစ္ခါေတာ့ ဒီမိန္းမ ကို ရေအာင္သတ္ေတာ့ မယ္လို႔စိတ္ရိုင္းေတြဝင္ၿပီး စားပြဲခံုေအာက္မွာ အသင့္ေတြ႕ရတ႕ဲ တူ န႔ဲ သံ ေတြကိုယူၿပီး အိပ္ေပ်ာ္ေနတ႔ဲ မတင္ေ႐ႊ ရဲ႕ ေခါင္းထဲကို ရိုက္သြင္းေနတာ ဘယ္နွစ္ခ်က္မွန္းကိုမသိေတာ့ပါဘူး။

ဝူးဝူးဝါးဝါး န႔ဲေအာ္သံေတြေၾကာင့္ ႐ြာထဲကလူေတြ ေရာက္လာၾကေတာ့မွ မျမင္ရက္စရာ ထိတ္လန္႔ေသြးပ်က္စရာ ျမင္ကြင္းကို ေတြ႕ၾကရပါေတာ့တယ္။ မိဘ ကို မိဘလို႔ သေဘာမထားနိုင္ေတာ့တ့ဲ အတိတ္ဘဝက ရန္ၿငိဳးေတြက အရမ္းကိုေၾကာက္စရာေကာင္းပါတယ္။ ဘာပဲျဖစ္ခ့ဲျဖစ္ခ့ဲ အေမ ကို သတ္ တ့ဲသား ငရဲလား ရမွာေတာ့ အေသအခ်ာပါပဲ။

တစ္ဆင့္ေျပာစကားမ်ားအာ းဇာတ္လမ္းသဖြယ္ ျပန္လည္ေဖာ္ျပေပးရသည့္အတြက္ အမွား အလြဲ မ်ားရွိခ့ဲ ပါက သည္းခံခြင့္လႊတ္ ေပးေစခ်င္ပါသည္

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmar TZ blogspot

#Unicode Version# ျဖင့္ဖတ္ပါ ။

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်လောက်က ကိုသာလှ နဲ့ မလှပို တို့ဇနီးမောင်နှံဟာ ခနောင်ရွာလေးမှာ လယ်လုပ်၊ကိုင်းလုပ် နဲ့ ပျော်ပျော်ရွင်ရွင်နေထိုင်ခဲ့ကြတယ်။ ကံကြမ္မာ ကဖန်လာတော့ သူတို့လင်မယာကြားကို မတင်ရွှေ ဆိုတဲ့ မိန်းမ တစ်ယောက် ဝင်ရောက်လာရာကစလို့ ပျော်ရွင်ခဲ့တဲ့ သူတို့ဘဝ ကတစ်ဖြေးဖြေး နဲ့ ယိုင်နဲ့ ခဲ့ရပါတယ်။

ကိုသာလှ နဲ့ မတင်ရွှေက ရွာထဲမှာ ဘာလိုလို နဲ့ သတင်းထွက်နေတာ မလှပို သိနေခဲ့ ပါတယ်။ ဒါပေမယ့် သူတို့လင်မယား အချင်းမများချင်တာနဲ့ မသိချင်ယောင်ဆောင်နေခဲ့ပါတယ်။ တစ်ကယ်ဆိုရင် ကိုသာလှက လူရိုးလူအေးတစ်ယောက်ပါ။ ဘယ်လို ပဲပြောကြပြောကြ မလှပို ကိုသာလှကို အပြစ်မတင်မိဘူး။ ဒါပေမယ့် မတင်ရွှေ ကိုတော့ ရင်ထဲကကြိတ်ပြီး အရမ်းမုန်းနေပါတယ်။

တစ်နေ့တော့ ကိုသာလှ က မတင်ရွှေကို အိမ်ပေါ်ခေါ်လာပါတယ်။ ” လှပိုရေ ငါ့ကိုခွင့်လွှတ်ပါဟာ မခေါ်မဖြစ်လို့ သူ့ကို ခေါ်လာခဲ့ရတယ် ငါသူ့ကိုမယူရင် ပြဿနာ တက်တော့မှာမို့လို့ပါ။ ငါ့ကိုနားလည်ပေးပါဟာ ” သူတို့နှစ်ယောက်ကို တွေတွေကြီး စိုက်ကြည့်နေပေမယ့် အမြင်တွေက ဝိုးတစ်ဝါး ပါ။ ဘာစကားမှလည်းပြန်မပြောမိပါဘူး။

အဲ့ဒီ အချိန်ကစလို့ မလှပို ဘယ်သူနဲ့မှစကားမပြောတော့ပါဘူး။ အစားလည်း ကောင်းကောင်းမစားနဲ့ တစ်ဖြေးဖြေး ကျန်းမာရေး ထိခိုက်လာပါတယ်။ ဒီလိုနေရင်းနဲ့ သိပ်မကြာပါဘူး မလှပို သေဆုံးသွားခဲ့ပါတယ်။ တစ်လလောက်ကြာတော့ မတင်ရွှေ ကိုယ်ဝန်ရ လာပါတယ်။ မလှပို ကသူတို့နဲ့လာနေမယ်လို့အိမ်မက်ပေးတဲ့အတွက် မလှပိုဝင်စားတဲ့ ကလေးလို့ မမွေးခင်ကတည်းက ယုံကြည်ခဲ့ကြပါတယ်။

ကိုးလလွယ်ဆယ်လဖွား တဲ့အချိန်ရောက်တော့ မလှရွှေ သား ယောကျ်ားလေး မွေးဖွားခဲ့ပါတယ်။ ဖြူဖြူ ဖွေးဖွေးနဲ့ အရမ်း ချစ်စရာကောင်းပါတယ်။ မွေးကတည်းက မတင်ရွှေရဲ့ နို့ကိုသိပ်မစို့ဘူးတဲ့။ဘယ်သူမှမရှိလို့ သိပ်ဆာလွန်းတဲ့ အချိန် အတင်းတိုက်မှနည်းနည်းပဲစို့သတဲ့။ ရွာထဲက ခလေးအမေတွေဆီလှည့်ပြီးနို့တိုက်ရသတဲ့။

ဒီလိုနဲ့ စကားပြောတတ်စ အရွယ်ရောက်လာပြီဆိုကတည်းက သူမတင်ရွှေ ကိုပြောတဲ့စကားက “နင့်ကိုငါမုန်းတယ် ငါနင့်ကို သတ်မယ်”ဆိုတာချည်းပါပဲ။ သား နဲ့ အမေ ရယ်လို့ တစ်ချက်ကလေးမှ မျက်နှာချင်းဆိုင်လို့မရဘူး။ မတင်ရွှေ ကတော့ သူ့သားလေးဆိုတော့ ဗွေမယူပါဘူး။ အချိန်တွေကြာလာရင်းနဲ့ ဒီလို လူသတ်မှုဖြစ်မယ့်နေ့ ကိုရောက်လာပါပြီ။

သူ့အသက်လည်း ၂၀ ဝန်းကျင်လောက်ရှိလာပါပြီ။ အဲ့ဒီနေ့က အိမ်မှာဘယ်သူမှ ရှိမနေပါဘူး။ သူအိမ်ပေါ်တက်လာတော့ အခန်းထဲမှာ မတင်ရွှေတစ်ယောက်တည်း အိပ်ပျော်နေတာကိုတွေ့တယ်။ ဒီတစ်ခါတော့ ဒီမိန်းမ ကို ရအောင်သတ်တော့ မယ်လို့စိတ်ရိုင်းတွေဝင်ပြီး စားပွဲခုံအောက်မှာ အသင့်တွေ့ရတဲ့ တူ နဲ့ သံ တွေကိုယူပြီး အိပ်ပျော်နေတဲ့ မတင်ရွှေ ရဲ့ ခေါင်းထဲကို ရိုက်သွင်းနေတာ ဘယ်နှစ်ချက်မှန်းကိုမသိတော့ပါဘူး။

ဝူးဝူးဝါးဝါး နဲ့အော်သံတွေကြောင့် ရွာထဲကလူတွေ ရောက်လာကြတော့မှ မမြင်ရက်စရာ ထိတ်လန့်သွေးပျက်စရာ မြင်ကွင်းကို တွေ့ကြရပါတော့တယ်။ မိဘ ကို မိဘလို့ သဘောမထားနိုင်တော့တဲ့ အတိတ်ဘဝက ရန်ငြိုးတွေက အရမ်းကိုကြောက်စရာကောင်းပါတယ်။ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ အမေ ကို သတ် တဲ့သား ငရဲလား ရမှာတော့ အသေအချာပါပဲ။

တစ်ဆင့်ပြောစကားများအာ းဇာတ်လမ်းသဖွယ် ပြန်လည်ဖော်ပြပေးရသည့်အတွက် အမှား အလွဲ များရှိခဲ့ ပါက သည်းခံခွင့်လွှတ် ပေးစေချင်ပါသည်

ဖိုးသူတော် (www.phothutaw.com)
Credit:Myanmar TZ blogspot
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top