ကခ်င္ျပည္နယ္၊ မိုးညႇင္းၿမိဳ႕နယ္၊ နန္႔ပုတ္ေက်းရြာအနီးမွာရိွတဲ့ ၿမိဳ႕ေ႐ွာင္လမ္းမွာ ေမ ၂ ရက္ေန႔ ညေနပိုင္းက ေမာ္ေတာ္ယာဥ္ (၁၇)စီးနဲ႔ တရားမဝင္တင္ေဆာင္လာတဲ့ ေက်ာက္စိမ္းအ႐ိုင္းတံုး(၁၀၀)၊ တန္ခ်ိန္(၂၈၈)တန္ကို သိမ္းဆည္းရမိခဲ႔ျပီး ေမ(၅)ရက္မွာေတာ့ အမႈဖြင့္အေရးယူဖို႔ စီစဥ္ေနတယ္လို႔ မိုးညႇင္းၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

အဲဒီသိမ္းဆည္းရမိတဲ့ ေက်ာက္စိမ္းအ႐ိုင္းတံုးေတြနဲ႔ပတ္သက္ၿပီး စစ္ေဆးေမးျမန္းတဲ့အခါမွာ မိုးညႇင္းၿမိဳ႕နယ္၊ နန္႔ပုတ္ ေက်းရြာေန ဦးဘသိန္း(ခ)ရန္ဖာရိမ္ဆီကေန ဟိုပင္ၿမိဳ႕၊ ၿမိဳ႕မေျမာက္ရပ္ကြက္မွာေနတဲ့ ဦးေအာင္ေက်ာ္မိုးက ျမန္မာေငြ က်ပ္သိန္းေလးရာနဲ႔ ဝယ္ယူခဲ့တာျဖစ္တယ္လို႔ ေပၚေပါက္ခဲ့ပါတယ္။

ဒါ့အျပင္ အဲဒီေက်ာက္စိမ္းအရုိင္းတုံးေတြကို ဖားကန္႔ၿမိဳ႕နယ္၊ ဆိုင္းဂ်ာဘြန္ေက်းရြာေန ေဒၚေပ်ာ္ေမ(ခ)ႏိုင္ႏိုင္စိုးကို သယ္ေဆာင္ခ တစ္တန္ကို ေငြက်ပ္(၈၀၀၀၀၀)ႏႈန္းနဲ႔ ေနျပည္ေတာ္ကို ပို႔ေဆာင္ဖို႔ ငွားရမ္းခဲ့တာျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ပါတယ္။

ေဒၚေပ်ာ္ေမ(ခ)ႏိုင္ႏိုင္စိုးနဲ႔ ဦးေအာင္ေက်ာ္မိုးတို႔ ႏွစ္ဦးက အဲဒီေက်ာက္စိမ္းအ႐ိုင္းတံုးေတြကို ေနျပည္ေတာ္ကို ပို႔ဖို႔အတြက္ မိုးညႇင္းၿမိဳ႕နယ္၊ နမၼခ်ီေမွာ္က ထြက္တဲ့ေက်ာက္ဆိုၿပီး နမၼခ်ီေမွာ္ေက်ာက္မ်က္တူးေဖာ္ေရးကုမၸဏီက ကိုယ္စားလွယ္ ဦးယိန္းေဘာမ္ရဲ႕ အမည္ခံကာ မိုးညႇင္းၿမိဳ႕ ေက်ာက္မ်က္တူးေဖာ္ေရးဌာနက တာဝန္ရွိသူေတြနဲ႔ ဟိုပင္ျမိဳ႕မွာ ေက်ာက္ေတြကို တစ္တန္ကို ေငြက်ပ္သံုးသိန္းခြဲနဲ႔ ရာျဖတ္တာေတြလည္း ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ တရားမဝင္ေက်ာက္စိမ္းအ႐ိုင္းတံုး သယ္ေဆာင္ရာမွာ ပါဝင္ပတ္သက္ေနသူေတြကို မိုးညႇင္းၿမိဳ႕မရဲစခန္းက ေက်ာက္မ်က္ဥပေဒပုဒ္မ ၅၁(က)/၄၈(ခ)နဲ႔ အမႈဖြင့္အေရးယူႏိုင္ဖို႔ စီစဥ္ေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဝင္းႏိုင္(ကခ်င္ေျမ)

#Unicode Version#  ျဖင့္ဖတ္ပါ ။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်ပုတ်ကျေးရွာအနီးမှာရှိတဲ့ မြို့ရှောင်လမ်းမှာ မေ ၂ ရက်နေ့ ညနေပိုင်းက မော်တော်ယာဉ် (၁၇)စီးနဲ့ တရားမဝင်တင်ဆောင်လာတဲ့ ကျောက်စိမ်းအရိုင်းတုံး(၁၀၀)၊ တန်ချိန်(၂၈၈)တန်ကို သိမ်းဆည်းရမိခဲ့ပြီး မေ(၅)ရက်မှာတော့ အမှုဖွင့်အရေးယူဖို့ စီစဉ်နေတယ်လို့ မိုးညှင်းမြို့မရဲစခန်းကနေ သိရပါတယ်။

အဲဒီသိမ်းဆည်းရမိတဲ့ ကျောက်စိမ်းအရိုင်းတုံးတွေနဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းတဲ့အခါမှာ မိုးညှင်းမြို့နယ်၊ နန့်ပုတ် ကျေးရွာနေ ဦးဘသိန်း(ခ)ရန်ဖာရိမ်ဆီကနေ ဟိုပင်မြို့၊ မြို့မမြောက်ရပ်ကွက်မှာနေတဲ့ ဦးအောင်ကျော်မိုးက မြန်မာငွေ ကျပ်သိန်းလေးရာနဲ့ ဝယ်ယူခဲ့တာဖြစ်တယ်လို့ ပေါ်ပေါက်ခဲ့ပါတယ်။

ဒါ့အပြင် အဲဒီကျောက်စိမ်းအရိုင်းတုံးတွေကို ဖားကန့်မြို့နယ်၊ ဆိုင်းဂျာဘွန်ကျေးရွာနေ ဒေါ်ပျော်မေ(ခ)နိုင်နိုင်စိုးကို သယ်ဆောင်ခ တစ်တန်ကို ငွေကျပ်(၈၀၀၀၀၀)နှုန်းနဲ့ နေပြည်တော်ကို ပို့ဆောင်ဖို့ ငှားရမ်းခဲ့တာဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ဒေါ်ပျော်မေ(ခ)နိုင်နိုင်စိုးနဲ့ ဦးအောင်ကျော်မိုးတို့ နှစ်ဦးက အဲဒီကျောက်စိမ်းအရိုင်းတုံးတွေကို နေပြည်တော်ကို ပို့ဖို့အတွက် မိုးညှင်းမြို့နယ်၊ နမ္မချီမှော်က ထွက်တဲ့ကျောက်ဆိုပြီး နမ္မချီမှော်ကျောက်မျက်တူးဖော်ရေးကုမ္ပဏီက ကိုယ်စားလှယ် ဦးယိန်းဘောမ်ရဲ့ အမည်ခံကာ မိုးညှင်းမြို့ ကျောက်မျက်တူးဖော်ရေးဌာနက တာဝန်ရှိသူတွေနဲ့ ဟိုပင်မြို့မှာ ကျောက်တွေကို တစ်တန်ကို ငွေကျပ်သုံးသိန်းခွဲနဲ့ ရာဖြတ်တာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် တရားမဝင်ကျောက်စိမ်းအရိုင်းတုံး သယ်ဆောင်ရာမှာ ပါဝင်ပတ်သက်နေသူတွေကို မိုးညှင်းမြို့မရဲစခန်းက ကျောက်မျက်ဥပဒေပုဒ်မ ၅၁(က)/၄၈(ခ)နဲ့ အမှုဖွင့်အရေးယူနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဝင်းနိုင်(ကချင်မြေ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top