ဆင္းရဲတာ မေျကာက္ပါနဲ ့
သူမ်ားမ်က္ရည္ပါတဲ့ ထမင္းဟင္းကုိစားျပီး
အသက္ရွင္ရမွာကို ေျကာက္ပါ
ေအာက္က်ေပးရတာကုိ မရွက္ပါနဲ ့
ကုိယ္ရသင့္ရထုိက္တဲ့ အခြင့္အေရးေတြ
ကုိယ့္မာနေျကာင့္ လက္လြွတ္ေပးလုိက္ရတာကုိရွက္ပါ
အထီးက်န္ရမွာကုိ မေျကာက္ပါနဲ ့
စိတ္ဓာတ္ခ်င္းမတူ စရုိက္ခ်င္းမဆီေလ်ာ္တဲ့
သူနဲ ့တဘဝလုံး ဝဋ္ခံရမွာကုိ ေျကာက္ပါ
ကုိယ္ခ်စ္တဲ့သူေတြ ဆုံးရွဳံးရမွာကုိ မေျကာက္ပါနဲ ့
ကုိယ္မခ်စ္မနွစ္သက္ေသာသူေတြနဲ ့
တမုိးတည္း ေနရမွာကုိ ေျကာက္ပါ
ပကာသနဆုိတဲ့ ဟန္ေဆာင္မွဳေတြကုိ မမက္ေမာပါနဲ ့
ရုိးရွင္းေသာ ဘဝနဲ ့ေအးခ်မ္းတည္ျငိမ္တဲ ့
ဘဝကုိ မက္ေမာပါ
ျဖစ္ခ်င္တာေတြ ျဖစ္မလာေသးတာကုိ စိတ္မပ်က္ပါနဲ ့
ျဖစ္ေနတဲ့အရာေတြမွာ ေပ်ာ္ေအာင္မေနတတ္
လက္မခံတတ္တာကုိဘဲ ကုိယ့္ကုိယ္ကုိယ္ စိတ္ပ်က္ပါ
လူသားတုိင္းလုိလုိမွာ ကုိယ္ကုိင္စြဲထားတဲ့
ေပတံအရ major minor ဆုိတာရွိတယ္
major နဲ ့minor ကုိ ေနရာအထားအသုိမွားရင္
ျပႆနာရွိသလုိ major minor ေတြကပဲ
ဘဝတစ္ခုလုံးကုိ သက္ေရာက္မွဳျဖစ္လာတာ
အမွန္တရားပါပဲ
ေလးစားစြာျဖင့္
ဖိုးသူေတာ္ (www.phothutaw.com)
Credit: thutasone
#Unicode Version# ျဖင့္ဖတ္ပါ ။
ဆင်းရဲတာ မကြောက်ပါနဲ့
သူများမျက်ရည်ပါတဲ့ ထမင်းဟင်းကိုစားပြီး
အသက်ရှင်ရမှာကို ကြောက်ပါ
အောက်ကျပေးရတာကို မရှက်ပါနဲ့
ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ
ကိုယ့်မာနကြောင့် လက်လွှတ်ပေးလိုက်ရတာကိုရှက်ပါ
အထီးကျန်ရမှာကို မကြောက်ပါနဲ့
စိတ်ဓာတ်ချင်းမတူ စရိုက်ချင်းမဆီလျော်တဲ့
သူနဲ့တဘဝလုံး ဝဋ်ခံရမှာကို ကြောက်ပါ
ကိုယ်ချစ်တဲ့သူတွေ ဆုံးရှုံးရမှာကို မကြောက်ပါနဲ့
ကိုယ်မချစ်မနှစ်သက်သောသူတွေနဲ့
တမိုးတည်း နေရမှာကို ကြောက်ပါ
ပကာသနဆိုတဲ့ ဟန်ဆောင်မှုတွေကို မမက်မောပါနဲ့
ရိုးရှင်းသော ဘဝနဲ့အေးချမ်းတည်ငြိမ်တဲ့
ဘဝကို မက်မောပါ
ဖြစ်ချင်တာတွေ ဖြစ်မလာသေးတာကို စိတ်မပျက်ပါနဲ့
ဖြစ်နေတဲ့အရာတွေမှာ ပျော်အောင်မနေတတ်
လက်မခံတတ်တာကိုဘဲ ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်ပါ
လူသားတိုင်းလိုလိုမှာ ကိုယ်ကိုင်စွဲထားတဲ့
ပေတံအရ major minor ဆိုတာရှိတယ်
major နဲ့minor ကို နေရာအထားအသိုမှားရင်
ပြဿနာရှိသလို major minor တွေကပဲ
ဘဝတစ်ခုလုံးကို သက်ရောက်မှုဖြစ်လာတာ
အမှန်တရားပါပဲ
လေးစားစွာဖြင့်
ဖိုးသူတော် (www.phothutaw.com)
Credit: thutasone