အင္းဝေခတ္ နန္းမေတာ္မယ္ႏု ကိုးကြယ္တဲ့ ဆရာေတာ္ ဦးဗုဓ္ဆီကုိ စစ္ကုိင္းက ကုိရင္ေလးတစ္ပါး လာပါတယ္။ ဘုရား႐ွိခိုးတယ္။ သင့္ေလ်ာ္တဲ့ေနရာမွာ ထိုင္တယ္။ ဆရာေတာ္ဦးဗုဓ္က လံုးဝ မၾကည့္ဘူး။ သူ႔စာသူ ဖတ္ေနတာ၊ လံုးဝ ဂ႐ုမျပဳဘူး။
ၾကာလာေတာ့ ကုိရင္ေလးက ေျပာတယ္ ” ျမတ္စြာဘုရားကုိ သတိရလိုက္တာ”….တဲ့။ ဆရာေတာ္ဥိီးဗုဓ္ နည္းနည္းတြန္႔သြားတယ္။ ဂ႐ုမျပဳလို႔ မျဖစ္ေတာ့ဘူး။ ျမတ္စြာဘုရားဆိုတဲ့အသံကုိ ၾကားလိုက္တာကုိး။ ကုိရင္က ဆက္ေျပာတယ္… “ျမတ္စြာဘုရားကုိ သတိရလိုက္တာ အာဝါသိကဝတ္ကုိ မသိတဲ့ေက်ာင္းတိုက္ကုိ ေရာက္တဲ့အခါ အာဂႏၲဳေတြ အေနရခက္တယ္လို႔ မိန္႔ေတာ္မူခဲ့တာ မွန္လိုက္တာ….”တဲ့။
ဘုရားေဒသနာအတိုင္း ေက်ာင္းေနရဟန္းဝတ္ ေျပာတာကုိ ဆရာေတာ္ဗုဓ္ၾကားေတာ့… ျပာျပာသလဲ “ထိုင္ပါကုိရင္ ထိုင္ပါခု ငါေမးပါတယ္ကြာ ကိုရင့္ ဘြဲ႔အမည္က ဘယ္လိုေခၚလဲ ဘာကိစၥနဲ႔ ႂကြလာသလဲ” ေပါ့.. ျဖစ္ေရာ။ ကုိရင္ကေလွ်ာက္တယ္ “အ႐ွင္ဘုရားက ဝိနည္း၊ သုတၱန္၊ အဘိဓမၼာေတြကုိ အာဂုံရြတ္ဆိုရင္ ႏွစ္သက္တယ္ေျပာလို႔ စာလာျပန္တာပါဘုရား”လို႔ ေလွ်ာက္ေတာ့ “ႂကြပါကိုရင္” ဆိုၿပီး ခ်က္ခ်င္းပဲ ေနရာထိုင္ခင္း ကိုယ္တိုင္ က်က်နန ခင္းေပးၿပီး အဲဒီအခင္းေပၚမွာ ကိုရင္ကို ထိုင္ခိုင္းပါတယ္။
ကုိရင္က ဓမၼစၾကာတရားကုိ ျပန္ပါတယ္။ တရားဆံုးေတာ့ ဆရာေတာ္ၾကီးက “သာဓု သာဓု သာဓု” ဆိုၿပီး သာဓု သုံးၾကိမ္ ေခၚဆိုပါတယ္။ ၿပီးေတာ့ သကၤန္းတစ္စံုကို ႐ို႐ိုေသေသ ကပ္လႉပါတယ္။ သကၤန္းလႉတာ သာမန္ကိစၥ ထားေတာ့…။ သကၤန္းလႉျပီး ဆရာေတာ္ဗုဓ္ေျပာတဲ့စကားက နမူနာထား အတုယူစရာေကာင္းတဲ့ ရာဇဝင္တြင္က်န္ရစ္တဲ့ စကားျဖစ္ေစခဲ့ပါတယ္။
႐ွင္ဘုရင္၊ အမတ္ၾကီး၊ မဟာဒါန္ဝန္တို႔အေပၚ တင္းတင္းမာမာ ျပတ္ျပတ္ေတာင္းေတာင္း ေျပာဆိုခဲ့တဲ့ ဆရာေတာ္က… ကုိရင္ေလးအေပၚ အႏူးအညႊတ္ေတာင္းပန္ၿပီး ေျပာလိုက္တဲ့စကားက “ေနာက္မ်ား ဝိနည္းေတာ္နဲ႔ မညီတာမ်ားေတြ႔ရင္ တပည့္ေတာ္ကုိ ဆံုးမပါဘုရား”တဲ့။ သူေတာ္ေကာင္းတို႔ စကားဟာ ၾကားရသူ နားဝမွာေအးျမေစၿပီိး ၾကက္သီးထေလာက္ ပါေပတယ္….။
သူေတာ္ေကာင္းတို႔ ႏွလံုးသားဟာ မာေၾကာသင့္တဲ့ေနရာမွာ သံမဏိလို မာေၾကာၿပီး ေပ်ာ့ေျပာင္းသင့္တဲ့ေနရာမွာလည္း မာန္မာနမရွိ ေဖာ့ဖေယာင္းလို ေပ်ာ့ေျပာင္း ႏူးညံ့လြန္းသည္မွာ အသည္းခိုက္တမွ် ဦးတိုက္ ပူေဇာ္ထိုက္ပါေပစြတကား….။
ဖိုးသူေတာ္(www.phothutaw.com)
Credit: A Shin Ar Sarra
#Unicode Version#
အင်းဝခေတ် နန်းမတော်မယ်နု ကိုးကွယ်တဲ့ ဆရာတော် ဦးဗုဓ်ဆီကို စစ်ကိုင်းက ကိုရင်လေးတစ်ပါး လာပါတယ်။ ဘုရားရှိခိုးတယ်။ သင့်လျော်တဲ့နေရာမှာ ထိုင်တယ်။ ဆရာတော်ဦးဗုဓ်က လုံးဝ မကြည့်ဘူး။ သူ့စာသူ ဖတ်နေတာ၊ လုံးဝ ဂရုမပြုဘူး။
ကြာလာတော့ ကိုရင်လေးက ပြောတယ် ” မြတ်စွာဘုရားကို သတိရလိုက်တာ”….တဲ့။ ဆရာတော်ဦးဗုဓ် နည်းနည်းတွန့်သွားတယ်။ ဂရုမပြုလို့ မဖြစ်တော့ဘူး။ မြတ်စွာဘုရားဆိုတဲ့အသံကို ကြားလိုက်တာကိုး။ ကိုရင်က ဆက်ပြောတယ်… “မြတ်စွာဘုရားကို သတိရလိုက်တာ အာဝါသိကဝတ်ကို မသိတဲ့ကျောင်းတိုက်ကို ရောက်တဲ့အခါ အာဂန္တုတွေ အနေရခက်တယ်လို့ မိန့်တော်မူခဲ့တာ မှန်လိုက်တာ….”တဲ့။
ဘုရားဒေသနာအတိုင်း ကျောင်းနေရဟန်းဝတ် ပြောတာကို ဆရာတော်ဗုဓ်ကြားတော့… ပြာပြာသလဲ “ထိုင်ပါကိုရင် ထိုင်ပါခု ငါမေးပါတယ်ကွာ ကိုရင့် ဘွဲ့အမည်က ဘယ်လိုခေါ်လဲ ဘာကိစ္စနဲ့ ကြွလာသလဲ” ပေါ့.. ဖြစ်ရော။ ကိုရင်ကလျှောက်တယ် “အရှင်ဘုရားက ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာတွေကို အာဂုံရွတ်ဆိုရင် နှစ်သက်တယ်ပြောလို့ စာလာပြန်တာပါဘုရား”လို့ လျှောက်တော့ “ကြွပါကိုရင်” ဆိုပြီး ချက်ချင်းပဲ နေရာထိုင်ခင်း ကိုယ်တိုင် ကျကျနန ခင်းပေးပြီး အဲဒီအခင်းပေါ်မှာ ကိုရင်ကို ထိုင်ခိုင်းပါတယ်။
ကိုရင်က ဓမ္မစကြာတရားကို ပြန်ပါတယ်။ တရားဆုံးတော့ ဆရာတော်ကြီးက “သာဓု သာဓု သာဓု” ဆိုပြီး သာဓု သုံးကြိမ် ခေါ်ဆိုပါတယ်။ ပြီးတော့ သင်္ကန်းတစ်စုံကို ရိုရိုသေသေ ကပ်လှူပါတယ်။ သင်္ကန်းလှူတာ သာမန်ကိစ္စ ထားတော့…။ သင်္ကန်းလှူပြီး ဆရာတော်ဗုဓ်ပြောတဲ့စကားက နမူနာထား အတုယူစရာကောင်းတဲ့ ရာဇဝင်တွင်ကျန်ရစ်တဲ့ စကားဖြစ်စေခဲ့ပါတယ်။
ရှင်ဘုရင်၊ အမတ်ကြီး၊ မဟာဒါန်ဝန်တို့အပေါ် တင်းတင်းမာမာ ပြတ်ပြတ်တောင်းတောင်း ပြောဆိုခဲ့တဲ့ ဆရာတော်က… ကိုရင်လေးအပေါ် အနူးအညွှတ်တောင်းပန်ပြီး ပြောလိုက်တဲ့စကားက “နောက်များ ဝိနည်းတော်နဲ့ မညီတာများတွေ့ရင် တပည့်တော်ကို ဆုံးမပါဘုရား”တဲ့။ သူတော်ကောင်းတို့ စကားဟာ ကြားရသူ နားဝမှာအေးမြစေပြီး ကြက်သီးထလောက် ပါပေတယ်….။
သူတော်ကောင်းတို့ နှလုံးသားဟာ မာကြောသင့်တဲ့နေရာမှာ သံမဏိလို မာကြောပြီး ပျော့ပြောင်းသင့်တဲ့နေရာမှာလည်း မာန်မာနမရှိ ဖော့ဖယောင်းလို ပျော့ပြောင်း နူးညံ့လွန်းသည်မှာ အသည်းခိုက်တမျှ ဦးတိုက် ပူဇော်ထိုက်ပါပေစွတကား….။
ဖိုးသူတော်(www.phothutaw.com)
Credit: A Shin Ar Sarra