ငါးေၿခာက္ အုန္းႏိူ႔နွပ္ကို ရန္ကုန္မွာ တစ္ခါမွ မစားဖူးပါဘူး။ စစ္ကိုင္းမွာေနတဲ႔ အေဖ႔ဘက္က အဖြားတို႔ဆီမွာ အလွဴလုပ္ တံုးက စားဖူးတာပါ။ အဲသည္တံုးက အဘြားက ေလာဘၾကီးၿပီး ဟင္းေတြစံုေနေအာင္ ခ်က္ေတာ႔ ဟင္းေတြ အလွဴမွာ မကုန္ႏိူင္ဘူး။ အလွဴၿပီးသည္႕တိုင္ အိမ္မွာ စားေနရေသးတာ မွတ္မိတယ္။ အဲဒီ ငါးေၿခာက္ခ်က္ကို အလွဴမွာတံုးက မစားရပဲ အိမ္က်မွ စားရတာ။ အဲဒီကတည္းက ေတာ္ေတာ္ၾကိဳက္လို႔ စိတ္ထဲမွာ မွတ္မိေနတာ။

အညာအလွဴဆိုလို႔ မဆြိတီ ဆရာမဘ၀က အေမဘက္က အဘြားလွဴတဲ႔ အညာအလွဴလဲ ေရာက္ခဲ႔ဖူးတယ္။ ရြာအလွဴေပါ႔။ အေမတို႔ရြာက မလိွဳင္ၿမိဳ႕ကေန တစ္မိုင္ေက်ာ္ေလာက္ေ၀းတဲ႔ အင္မတန္ေခါင္တဲ႔ ရြာေလးပါ။ လွ်ပ္စစ္မီးမရွိ၊ ဘာမရွိနဲ႔ ခုခ်ိန္ ထိ မတိုးတက္ေသးပါဘူး။

အညာအလွဴဆိုတာ ရန္ကုန္အလွဴလို ရပ္ကြက္ထဲ ရွိတဲ႔ ၄-၅ ၁၀အိမ္ေလာက္နဲ႔ မၿပီးပါဘူး။ ကိုယ္႔ရြာက လူကုန္အၿပင္ ရြာနီးခ်ဳပ္စပ္ ရြာေတြအကုန္က ရြာလံုးကြ်တ္လာၾကတာဆိုေတာ႔ ထမင္းေတြ၊ ဟင္းေတြ အမ်ားၾကီး ခ်က္ရတယ္။ ဆန္ ဘယ္ႏွစ္တင္း၊ ၀က္ ဘယ္ႏွစ္ေကာင္ဆို အဲလိုေၿပာၾကတာ။

အဘြားလွဴတံုးကေတာ႔ ၀က္သား၊ ၾကက္သား မတတ္ႏိူင္လို႔ ငါးေၿခာက္ေၾကာ္၊ ပဲတီခ်ဥ္သုတ္၊ ဗူးသီးဟင္းခ်ိဳ နဲ႔လွဴတာ။ အဲဒါ ရြာနီးခ်ဳပ္စပ္က လာစားၾကတာမ်ား၊ လူကမၿပတ္ဘူး။ အဖဲြ႔လိုက္ တန္းစီၿပီး တိုးတိုးၾကိတ္ၾကိတ္ စားၾကတာ။ တစ္ခ်ိဳ႔ ရြာသူေတြ ဖိနပ္ေတာင္မပါဘူး။ အဲဒီငါးေၿခာက္ေၾကာ္နဲ႔ ထမင္းကို ၃-၄မိုင္ေလာက္ကေန လမ္းေလွ်ာက္ၿပီး လာစားၾကတာဗ်ာ။ ဘယ္ရြာ အလွည္႔ေရာက္ပါၿပီဆို ေလာ္ၾကီးနဲ႔ ေအာ္ရေသးတာ။

ငါးေၿခာက္ေၾကာ္တို႔ ဘာတို႔ဆိုတာ အလွဴမတိုင္မီ ၂ပတ္ -၃ပတ္ေလာက္ အလိုကတည္းက ေၾကာ္ၿပီး ေၿမၾကီးထဲ စဥ္႔အိုးေတြနဲ႔ တြင္းတူးၿမွဳတ္ထားရတာ။ အဲဒီေတာ႔ ငါးေၿခာက္ေၾကာ္တို႔၊ ငါးေၿခာက္ႏွပ္တို႔ဆိုတာ ၾကက္သား၊ ၀က္သား မတတ္ႏိူင္သူေတြ အတြက္ေပါ႔ဗ်ာ။ ဒါကၾကံဳလို႔ ေၿပာၿပတာပါ။

မဆြိတီတို႔လဲ ရန္ကုန္ၿပန္ထားတာ မၾကာေသးေတာ႔ အိမ္မွာ အေမတို႔ ေပးလိုက္တဲ႔ ငါးေၿခာက္ေတြ ေပါေနတာနဲ႔ အညာအလွဴခ်က္ ငါးေၿခာက္နဲ႔ အုန္းႏိူ႔ ႏွပ္မယ္ စိတ္ကူးရတယ္။ အိမ္ကၾကီးေတာ္က သူတို႔အလွဴမွာခ်က္ဖူးတယ္ဆိုၿပီး ခ်က္နည္းေလးေၿပာၿပပါတယ္။ ခ်က္ရတာလဲ ဘာမွ ေထြေထြထူးထူးမရွိ အင္မတန္လြယ္ကူပါတယ္။

ငါးေၿခာက္ အုန္းႏိူ႔နွပ္ကို အမ်ားအားၿဖင္႔ေတာ႔ ဆီငါးေရာင္ေၿခာက္နဲ႔ ခ်က္ပါတယ္တဲ႔။ ဆီငါးေရာင္ေၿခာက္ေတြကို အငန္ေပ်ာက္ေအာင္ ၂ရက္ေလာက္ ဖဲြပက္ထားရပါတယ္။ ဖဲြေတြကေန ဆားရည္ေတြ၊ အငန္ရည္ေတြ စုတ္ေအာင္ေပါ႔။ အိမ္မွာေတာ႔ ငါးရံ႕ေၿခာက္ပဲရွိလို႔ ငါးရံ႕ေၿခာက္နဲ႔ပဲ ခ်က္လိုက္ပါတယ္။

ငါးရံ႕ေၿခာက္ ၂ၿပားေလာက္ကို အသားေၿမာင္းေတြခ်ည္းေရြး လက္မေလာက္ အတံုးေလးေတြ တံုးထားပါတယ္။ အလွဴ ဆိုရင္ေတာ႔ ဒီ႔ထက္ၾကီးၾကီး တံုးပါတယ္တဲ႔။ ငါးေၿခာက္ကို ဆႏြင္းေလးနဲ႔နယ္၊ ေရမ်ားမ်ားနဲ႔ အငံေရေတြေပ်ာက္ေအာင္ ၅မိနစ္ေလာက္ၿပဳတ္ၿပီး အရည္ေတြကို စစ္ခ်ပါတယ္။ အငံပိုေလ်ာ႔ခ်င္ရင္ ၂ခါေလာက္ၿပဳတ္ၿပီး ေရစစ္ပါ။ (အဲဒီ အရည္ေတြ ကို အလဟသ မၿဖစ္ေအာင္ သီးစံုခ်ဥ္ရည္တို႔ ဘာတို႔ထဲ ထည္႔ခ်က္ေပါ႕ေနာ္)

ၾကက္သြန္နီ အလံုးၾကီး ၃-၄လံုးေလာက္ကို ပါးပါးလွီး၊ ၾကက္သြန္ၿဖဴ ဥၾကီးၾကီးတစ္ဥကို ေထာင္းၿပီး ဆီ စားပဲြဇြန္း ၈ဇြန္းေလာက္နဲ႔ ဆီသတ္ပါတယ္။ ၾကက္သြန္နီကို ၾကြပ္တဲ႔ အထိေၾကာ္ၿပၤီး ဆီသတ္ရပါမယ္။ ငါးေၿခာက္ထည္႔ခါနီး ဟင္းအေရာင္လွေအာင္ အေရာင္တင္မွဳန္႕ စားပဲြဇြန္း တစ္၀က္ေလာက္ထည္႔ပါတယ္။

ငါးေၿခာက္ထည္႔ၿပီးေမႊးေနေအာင္ ေမႊေပးပါတယ္။

ၿပီးေတာ႔ေရထည္႔၊ အုန္းႏိူ႕တစ္ထုတ္ထည္႔ၿပီး ႏွပ္ထားလို႔ရပါၿပီ။ မီးေအးေအးနဲ႕ အဖံုးပိတ္ၿပီး ႏွပ္လို႕ေကာင္းေအာင္ အိုးေစာက္နက္နက္ထဲ ေၿပာင္းထည္႔ၿပီးမွ ႏွပ္ပါတယ္။ ဟင္းအႏွစ္ကို အရသာရွိေအာင္၊ သၾကားတစ္ဇြန္းခန္႔နဲ႔ ဟင္းခတ္မွဳန္႔ သင္႔ရံုထည္႔ပါတယ္။

အုန္းႏိူ႔ cream တစ္ထုတ္လံုးထည္႔ပါတယ္။

ငါးေၿခာက္ေတြ ႏူးၿပီး အိလာေအာင္ ေရကုန္တဲ႔အထိ အဖံုးပိတ္ၿပီး တစ္နာရီေလာက္ ႏွပ္ရပါတယ္။

အုန္းႏို႔ေတြ ငါးေၿခာက္ထဲ စိမ္႔၀င္ၿပီး အင္မတန္မွ စားေကာင္းေသာ အုန္းႏိူ႔ငါးေၿခာက္ႏွပ္ရပါၿပီ။ ဆီၿပန္ရင္ ခ်လို႔ရပါၿပီ။ ဆီၿပန္ခါနီး မတူးေအာင္ ေမႊေပးရပါတယ္။

အဆီနဲ႔ အႏွစ္ကိုက ထမင္းနဲ႔ နယ္စားရင္ ေမႊးၿပီး အရသာရွိလွပါတယ္။

မဆြိတီကေတာ႔ ေသြးတိုးမရွိေတာ႔ ငါးေၿခာက္အုန္းႏိူ႔စားလို႔ ဘာမွမၿဖစ္ေပမဲ႔ ေသြးတိုးတတ္သူမ်ားနဲ႔ မသင္႔ေတာ္ပါေၾကာင္း သတိေပးလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:auntysweet

#Unicode Version# ျဖင့္ဖတ္ပါ ။

ငါးခြောက် အုန်းနိူ့နှပ်ကို ရန်ကုန်မှာ တစ်ခါမှ မစားဖူးပါဘူး။ စစ်ကိုင်းမှာနေတဲ့ အဖေ့ဘက်က အဖွားတို့ဆီမှာ အလှူလုပ် တုံးက စားဖူးတာပါ။ အဲသည်တုံးက အဘွားက လောဘကြီးပြီး ဟင်းတွေစုံနေအောင် ချက်တော့ ဟင်းတွေ အလှူမှာ မကုန်နိူင်ဘူး။ အလှူပြီးသည့်တိုင် အိမ်မှာ စားနေရသေးတာ မှတ်မိတယ်။ အဲဒီ ငါးခြောက်ချက်ကို အလှူမှာတုံးက မစားရပဲ အိမ်ကျမှ စားရတာ။ အဲဒီကတည်းက တော်တော်ကြိုက်လို့ စိတ်ထဲမှာ မှတ်မိနေတာ။

အညာအလှူဆိုလို့ မဆွိတီ ဆရာမဘဝက အမေဘက်က အဘွားလှူတဲ့ အညာအလှူလဲ ရောက်ခဲ့ဖူးတယ်။ ရွာအလှူပေါ့။ အမေတို့ရွာက မလှိုင်မြို့ကနေ တစ်မိုင်ကျော်လောက်ဝေးတဲ့ အင်မတန်ခေါင်တဲ့ ရွာလေးပါ။ လျှပ်စစ်မီးမရှိ၊ ဘာမရှိနဲ့ ခုချိန် ထိ မတိုးတက်သေးပါဘူး။

အညာအလှူဆိုတာ ရန်ကုန်အလှူလို ရပ်ကွက်ထဲ ရှိတဲ့ ၄-၅ ၁၀အိမ်လောက်နဲ့ မပြီးပါဘူး။ ကိုယ့်ရွာက လူကုန်အပြင် ရွာနီးချုပ်စပ် ရွာတွေအကုန်က ရွာလုံးကျွတ်လာကြတာဆိုတော့ ထမင်းတွေ၊ ဟင်းတွေ အများကြီး ချက်ရတယ်။ ဆန် ဘယ်နှစ်တင်း၊ ဝက် ဘယ်နှစ်ကောင်ဆို အဲလိုပြောကြတာ။

အဘွားလှူတုံးကတော့ ဝက်သား၊ ကြက်သား မတတ်နိူင်လို့ ငါးခြောက်ကြော်၊ ပဲတီချဉ်သုတ်၊ ဗူးသီးဟင်းချို နဲ့လှူတာ။ အဲဒါ ရွာနီးချုပ်စပ်က လာစားကြတာများ၊ လူကမပြတ်ဘူး။ အဖွဲ့လိုက် တန်းစီပြီး တိုးတိုးကြိတ်ကြိတ် စားကြတာ။ တစ်ချို့ ရွာသူတွေ ဖိနပ်တောင်မပါဘူး။ အဲဒီငါးခြောက်ကြော်နဲ့ ထမင်းကို ၃-၄မိုင်လောက်ကနေ လမ်းလျှောက်ပြီး လာစားကြတာဗျာ။ ဘယ်ရွာ အလှည့်ရောက်ပါပြီဆို လော်ကြီးနဲ့ အော်ရသေးတာ။

ငါးခြောက်ကြော်တို့ ဘာတို့ဆိုတာ အလှူမတိုင်မီ ၂ပတ် -၃ပတ်လောက် အလိုကတည်းက ကြော်ပြီး မြေကြီးထဲ စဉ့်အိုးတွေနဲ့ တွင်းတူးမြှုတ်ထားရတာ။ အဲဒီတော့ ငါးခြောက်ကြော်တို့၊ ငါးခြောက်နှပ်တို့ဆိုတာ ကြက်သား၊ ဝက်သား မတတ်နိူင်သူတွေ အတွက်ပေါ့ဗျာ။ ဒါကကြုံလို့ ပြောပြတာပါ။

မဆွိတီတို့လဲ ရန်ကုန်ပြန်ထားတာ မကြာသေးတော့ အိမ်မှာ အမေတို့ ပေးလိုက်တဲ့ ငါးခြောက်တွေ ပေါနေတာနဲ့ အညာအလှူချက် ငါးခြောက်နဲ့ အုန်းနိူ့ နှပ်မယ် စိတ်ကူးရတယ်။ အိမ်ကကြီးတော်က သူတို့အလှူမှာချက်ဖူးတယ်ဆိုပြီး ချက်နည်းလေးပြောပြပါတယ်။ ချက်ရတာလဲ ဘာမှ ထွေထွေထူးထူးမရှိ အင်မတန်လွယ်ကူပါတယ်။

ငါးခြောက် အုန်းနိူ့နှပ်ကို အများအားဖြင့်တော့ ဆီငါးရောင်ခြောက်နဲ့ ချက်ပါတယ်တဲ့။ ဆီငါးရောင်ခြောက်တွေကို အငန်ပျောက်အောင် ၂ရက်လောက် ဖွဲပက်ထားရပါတယ်။ ဖွဲတွေကနေ ဆားရည်တွေ၊ အငန်ရည်တွေ စုတ်အောင်ပေါ့။ အိမ်မှာတော့ ငါးရံ့ခြောက်ပဲရှိလို့ ငါးရံ့ခြောက်နဲ့ပဲ ချက်လိုက်ပါတယ်။

ငါးရံ့ခြောက် ၂ပြားလောက်ကို အသားမြောင်းတွေချည်းရွေး လက်မလောက် အတုံးလေးတွေ တုံးထားပါတယ်။ အလှူ ဆိုရင်တော့ ဒီ့ထက်ကြီးကြီး တုံးပါတယ်တဲ့။ ငါးခြောက်ကို ဆနွင်းလေးနဲ့နယ်၊ ရေများများနဲ့ အငံရေတွေပျောက်အောင် ၅မိနစ်လောက်ပြုတ်ပြီး အရည်တွေကို စစ်ချပါတယ်။ အငံပိုလျော့ချင်ရင် ၂ခါလောက်ပြုတ်ပြီး ရေစစ်ပါ။ (အဲဒီ အရည်တွေ ကို အလဟသ မဖြစ်အောင် သီးစုံချဉ်ရည်တို့ ဘာတို့ထဲ ထည့်ချက်ပေါ့နော်)

ကြက်သွန်နီ အလုံးကြီး ၃-၄လုံးလောက်ကို ပါးပါးလှီး၊ ကြက်သွန်ဖြူ ဥကြီးကြီးတစ်ဥကို ထောင်းပြီး ဆီ စားပွဲဇွန်း ၈ဇွန်းလောက်နဲ့ ဆီသတ်ပါတယ်။ ကြက်သွန်နီကို ကြွပ်တဲ့ အထိကြော်ြင်္ပီး ဆီသတ်ရပါမယ်။ ငါးခြောက်ထည့်ခါနီး ဟင်းအရောင်လှအောင် အရောင်တင်မှုန့် စားပွဲဇွန်း တစ်ဝက်လောက်ထည့်ပါတယ်။

ငါးခြောက်ထည့်ပြီးမွှေးနေအောင် မွှေပေးပါတယ်။

ပြီးတော့ရေထည့်၊ အုန်းနိူ့တစ်ထုတ်ထည့်ပြီး နှပ်ထားလို့ရပါပြီ။ မီးအေးအေးနဲ့ အဖုံးပိတ်ပြီး နှပ်လို့ကောင်းအောင် အိုးစောက်နက်နက်ထဲ ပြောင်းထည့်ပြီးမှ နှပ်ပါတယ်။ ဟင်းအနှစ်ကို အရသာရှိအောင်၊ သကြားတစ်ဇွန်းခန့်နဲ့ ဟင်းခတ်မှုန့် သင့်ရုံထည့်ပါတယ်။

အုန်းနိူ့ cream တစ်ထုတ်လုံးထည့်ပါတယ်။

ငါးခြောက်တွေ နူးပြီး အိလာအောင် ရေကုန်တဲ့အထိ အဖုံးပိတ်ပြီး တစ်နာရီလောက် နှပ်ရပါတယ်။

အုန်းနို့တွေ ငါးခြောက်ထဲ စိမ့်ဝင်ပြီး အင်မတန်မှ စားကောင်းသော အုန်းနိူ့ငါးခြောက်နှပ်ရပါပြီ။ ဆီပြန်ရင် ချလို့ရပါပြီ။ ဆီပြန်ခါနီး မတူးအောင် မွှေပေးရပါတယ်။

အဆီနဲ့ အနှစ်ကိုက ထမင်းနဲ့ နယ်စားရင် မွှေးပြီး အရသာရှိလှပါတယ်။

မဆွိတီကတော့ သွေးတိုးမရှိတော့ ငါးခြောက်အုန်းနိူ့စားလို့ ဘာမှမဖြစ်ပေမဲ့ သွေးတိုးတတ်သူများနဲ့ မသင့်တော်ပါကြောင်း သတိပေးလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:auntysweet
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top