တစ္ပတ္အတြင္း ပဲခူး ေဆး႐ံုႀကီးတြင္ အပူဒဏ္ေၾကာင့္ သတိလစ္ (Heat Stroke) လူနာ ၁၀ ဦး ေရာက္ရွိလာသည့္အနက္ ေလးဦးေသဆံုးခဲ့ေၾကာင္း ပဲခူးေဆး႐ံုအုပ္ႀကီး ေဒါက္တာရန္ႏုိင္ေမာင္က ေျပာသည္။

ဧၿပီ ၂၀ ရက္မွ ၂၆ ရက္ အထိ ပဲခူးျပည္သူ႔ေဆး႐ံုႀကီးသို႔ Heat Stroke လူနာ ၁၀ ဦး ေရာက္ရွိကာ ၎တုိ႔အနက္ ေလးဦး ေသဆံုးခဲ့သည္။

‘‘ေသဆံုးတဲ့လူေလးဦးမွာ သံုးဦးကေတာ့ ေဆး႐ံုတင္ၿပီးမွ ဆံုးတာ။ တစ္ဦးကေတာ့ ေသဆံုး ၿပီးမွ ေဆး႐ံုေရာက္လာတာပါ။ စုစုေပါင္း Heat Stroke လူနာ ၁၀ ဦးေပါ့။ အဲဒီမွာ ႏွစ္ဦးကေတာ့ ေဆး႐ံုက ဆင္းသြားပါၿပီ။ ေလးဦး ကေတာ့ လက္ရိွ ေဆး႐ံုတက္ေန ဆဲပါ’’ဟု ၎က ေျပာသည္။

ဧၿပီ ၂၂ ရက္က ရန္ကုန္ ေဆး႐ံုႀကီးတြင္ Heat Stroke ေၾကာင့္ အမ်ိဳးသားတစ္ဦး ေဆး႐ံု တက္ ကုသမႈခံယူေနေၾကာင္း ယင္းေဆး႐ံုႀကီး အပူပိုင္းႏွင့္ ကူး စက္ေရာဂါပညာဌာန ပါေမာကၡ/ ဌာနမွဴး ေဒါက္တာမိုးမိုးစမ္းက ဧၿပီ ၂၄ ရက္တြင္ ေျပာသည္။

ရန္ကုန္ၿမိဳ႕ရွိ ေဆးခန္းအခ်ိဳ႕ တြင္လည္း အပူဒဏ္ေၾကာင့္ လာ ေရာက္ျပသသူဦးေရ တစ္ေန႔လွ်င္ ၁၀ ဦးအထက္ရွိေနေၾကာင္း စံုစမ္းသိရွိရသည္။

‘‘တစ္ခါတေလက်ေတာ့ လည္း အေယာက္ ၂၀ နီးပါး ေလာက္ရွိတာေပါ့။ မူးတယ္၊ ေမာ တယ္၊ အပူခ်ိန္ေတြအရမ္းတက္ ၿပီးေတာ့ ေရာက္လာတယ္။ အဓိ ကအမ်ားဆံုးကေတာ့ ကေလး ေတြ၊ ၿပီးေတာ့ အသက္အရမ္းႀကီး တဲ့သူေတြ၊ ၿပီးေတာ့ ေနပူထဲထြက္ ၿပီး အလုပ္လုပ္ရတဲ့သူေတြမ်ား တယ္’’ဟု လိႈင္သာယာတြင္ ေဆး ခန္းဖြင့္လွစ္ထားသူ အေထြေထြ ေရာဂါကုဆရာဝန္ ေဒါက္တာ ရဲေနာင္က ေျပာသည္။

အပူေၾကာင့္ ျဖစ္ေပၚေသာ ေရာဂါမ်ားထဲတြင္ အျပင္းထန္ဆံုး ျဖစ္သည့္ Heat Stroke သည္ အသက္အႏၲရာယ္ထိခိုက္ႏိုင္ၿပီး ယင္းလကၡဏာမ်ားမွာ အေရျပားပူ၍ ေျခာက္ေသြ႕ျခင္း (သို႔မဟုတ္) ေခြၽးအလြန္အကြၽံထြက္ျခင္း၊ စိတ္႐ႈပ္ေထြးျခင္း၊ သတိလစ္ျခင္း၊ တက္ျခင္းႏွင့္ ခႏၶာကိုယ္အပူခ်ိန္ အလြန္အကြၽံျမင့္တက္ျခင္းတို႔ျဖစ္သည္။

ဧၿပီ ဒုတိယပတ္ကစတင္၍ က်န္းမာေရးႏွင့္ အားကစားဝန္ ႀကီးဌာနက အပူဒဏ္ကာကြယ္ ေရး ႏိႈးေဆာ္ခ်က္မ်ား ထုတ္ျပန္ ျခင္း၊ ေဆး႐ံုမ်ားသို႔ အပူဒဏ္ႏွင့္ ပတ္သက္၍ ကုသမႈလမ္းၫႊန္ ခ်က္ ျဖန္႔ေဝျခင္းမ်ားအျပင္ ေဆး ႐ံုမ်ား၌ အပူေၾကာင့္ ေရာက္ရွိလာ ပါက ကုသေပးရန္ လိုအပ္ေသာ ေဆးဝါးမ်ားႏွင့္ သင့္ေလ်ာ္ေသာ ေနရာထိုင္ခင္း ႀကိဳတင္ျပင္ဆင္ထားျခင္း ေဆာင္ရြက္ေနေၾကာင္း ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ ဒုတိယ ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသန္းထြန္းေအာင္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia
# Unicode Version # ျဖင့္ ဖတ္ပါ #


တစ်ပတ်အတွင်း ပဲခူး ဆေးရုံကြီးတွင် အပူဒဏ်ကြောင့် သတိလစ် (Heat Stroke) လူနာ ၁၀ ဦး ရောက်ရှိလာသည့်အနက် လေးဦးသေဆုံးခဲ့ကြောင်း ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်က ပြောသည်။

ဧပြီ ၂၀ ရက်မှ ၂၆ ရက် အထိ ပဲခူးပြည်သူ့ဆေးရုံကြီးသို့ Heat Stroke လူနာ ၁၀ ဦး ရောက်ရှိကာ ၎င်းတို့အနက် လေးဦး သေဆုံးခဲ့သည်။

‘‘သေဆုံးတဲ့လူလေးဦးမှာ သုံးဦးကတော့ ဆေးရုံတင်ပြီးမှ ဆုံးတာ။ တစ်ဦးကတော့ သေဆုံး ပြီးမှ ဆေးရုံရောက်လာတာပါ။ စုစုပေါင်း Heat Stroke လူနာ ၁၀ ဦးပေါ့။ အဲဒီမှာ နှစ်ဦးကတော့ ဆေးရုံက ဆင်းသွားပါပြီ။ လေးဦး ကတော့ လက်ရှိ ဆေးရုံတက်နေ ဆဲပါ’’ဟု ၎င်းက ပြောသည်။

ဧပြီ ၂၂ ရက်က ရန်ကုန် ဆေးရုံကြီးတွင် Heat Stroke ကြောင့် အမျိုးသားတစ်ဦး ဆေးရုံ တက် ကုသမှုခံယူနေကြောင်း ယင်းဆေးရုံကြီး အပူပိုင်းနှင့် ကူး စက်ရောဂါပညာဌာန ပါမောက္ခ/ ဌာနမှူး ဒေါက်တာမိုးမိုးစမ်းက ဧပြီ ၂၄ ရက်တွင် ပြောသည်။

ရန်ကုန်မြို့ရှိ ဆေးခန်းအချို့ တွင်လည်း အပူဒဏ်ကြောင့် လာ ရောက်ပြသသူဦးရေ တစ်နေ့လျှင် ၁၀ ဦးအထက်ရှိနေကြောင်း စုံစမ်းသိရှိရသည်။

‘‘တစ်ခါတလေကျတော့ လည်း အယောက် ၂၀ နီးပါး လောက်ရှိတာပေါ့။ မူးတယ်၊ မော တယ်၊ အပူချိန်တွေအရမ်းတက် ပြီးတော့ ရောက်လာတယ်။ အဓိ ကအများဆုံးကတော့ ကလေး တွေ၊ ပြီးတော့ အသက်အရမ်းကြီး တဲ့သူတွေ၊ ပြီးတော့ နေပူထဲထွက် ပြီး အလုပ်လုပ်ရတဲ့သူတွေများ တယ်’’ဟု လှိုင်သာယာတွင် ဆေး ခန်းဖွင့်လှစ်ထားသူ အထွေထွေ ရောဂါကုဆရာဝန် ဒေါက်တာ ရဲနောင်က ပြောသည်။

အပူကြောင့် ဖြစ်ပေါ်သော ရောဂါများထဲတွင် အပြင်းထန်ဆုံး ဖြစ်သည့် Heat Stroke သည် အသက်အန္တရာယ်ထိခိုက်နိုင်ပြီး ယင်းလက္ခဏာများမှာ အရေပြားပူ၍ ခြောက်သွေ့ခြင်း (သို့မဟုတ်) ချွေးအလွန်အကျွံထွက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်ခြင်း၊ တက်ခြင်းနှင့် ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်ခြင်းတို့ဖြစ်သည်။

ဧပြီ ဒုတိယပတ်ကစတင်၍ ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက အပူဒဏ်ကာကွယ် ရေး နှိုးဆော်ချက်များ ထုတ်ပြန် ခြင်း၊ ဆေးရုံများသို့ အပူဒဏ်နှင့် ပတ်သက်၍ ကုသမှုလမ်းညွှန် ချက် ဖြန့်ဝေခြင်းများအပြင် ဆေး ရုံများ၌ အပူကြောင့် ရောက်ရှိလာ ပါက ကုသပေးရန် လိုအပ်သော ဆေးဝါးများနှင့် သင့်လျော်သော နေရာထိုင်ခင်း ကြိုတင်ပြင်ဆင်ထားခြင်း ဆောင်ရွက်နေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top