မုိးဦးကာလေရာက္လာေပမယ့္လည္း အယ္လ္နီညိဳရဲ႕ အရွိန္ေၾကာင့္ ျမန္မာႏုိင္ငံ ရာသီဥတု ဆက္လက္ ပူျပင္းဦးမယ္လုိ႔ မုိးေလ၀သႏွင့္ဇလေဗဒညႊန္ၾကားမႈ ဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေက်ာ္မုိးဦးက Duwun ကုိေျပာပါတယ္။

မုတ္သံုေလဟာ ေမလ ၁၈ ရက္ကေန ၂၃ ရက္အတြင္း ျမန္မာႏုိင္ငံေတာင္ပိုင္းေဒသေတြကို အရင္ဆံုး၀င္ေရာက္မွာျဖစ္ၿပီး ေမလ ၂၄ ရက္ကေန ၂၈ ရက္အတြင္း ျမန္မာႏုိင္ငံ ျမစ္၀ကၽြန္းေပၚေဒသကုိ ၀င္ေရာက္မွာလည္းျဖစ္ပါတယ္။

"ဒီႏွစ္ကေတာ့ မုိးဦးကာလမွာ မုိးရြာတာနည္းမယ္။ မုိးလယ္နဲ႔ မုိးေႏွာင္းမွာေတာ့ မုတ္သံုေလအားေကာင္းမွာ ျဖစ္လုိ႔ မုိးနည္းနည္းပုိေကာင္းမယ္။ အယ္လ္နီညိဳရဲ႕ သက္ေရာက္မႈက စက္တင္ဘာလေလာက္အထိ ရွိေနဦးမွာ ျဖစ္လုိ႔ မုိးဦးမွာေတာ့ မုိးနည္းနည္းညံ့ႏုိင္တယ္။ မုတ္သံုေလမ၀င္ခင္ထိေတာ့ ပူဦးမွာပါ” လုိ႔ ဦးေက်ာ္မုိးဦးက ဆုိပါတယ္။

ေမလ ၂၉ ရက္ကေန ဇြန္လ ၃ ရက္အထိ ျမန္မာႏုိင္ငံအလယ္ပိုင္းေဒသကုိ ၀င္ေရာက္ၿပီး ျမန္မာတစ္နုိင္ငံလံုးကိုေတာ့ ဇြန္လ ၃ ရက္ကေန ၈ ရက္အတြင္း၀င္ေရာက္မယ္လုိ႔ မုိးေလ၀သႏွင့္ဇလေဗဒညႊန္ၾကားမႈ ဦးစီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ယခုႏွစ္ မုတ္သံုေလ၀င္ေရာက္မႈဟာ အရင္ႏွစ္ေတြကထက္ ၀င္ေရာက္မႈ အနည္းငယ္ေနာက္က်ေနၿပီး မုတ္သံုေလ၀င္ၿပီးရင္ေတာ့ ရာသီဥတု အပူခ်ိန္ ေလ်ာ့က်သြားမယ္လုိ႔ မုိးဇလညြန္ၾကားေရးမွဴးခ်ဳပ္ ဦးေက်ာ္မုိးဦးက ဆုိပါတယ္။

ေမလအတြင္းမွာ ဘဂၤလားပင္လယ္ေအာ္မွာ ေလဖိအားနည္းရပ္၀န္း (၂) ႀကိမ္ျဖစ္ေပၚႏုိင္ၿပီး တစ္ႀကိမ္မွာ ပုိမုိအားေကာင္းတဲ့ မုန္တုိင္းငယ္တစ္ခု ၀င္ေေရာက္လာႏုိင္တာေၾကာင့္ သတိျပဳဖုိ႔လိုအပ္တယ္လုိ႔သိရပါတယ္။

ေမလ ပထမပတ္ ၁၀ ရက္အတြင္းမွာ စစ္ကုိင္းတုိင္းအထက္၊ တနသာၤရီတုိင္း၊ ကခ်င္၊ ခ်င္း၊ရခိုင္၊ ကရင္နဲ႔ မြန္ျပည္နယ္တုိ႔မွာ မုိးပိုရြာႏုိင္ၿပီး စစ္ကိုင္းတုိင္းေအာက္၊ မႏၱေလး၊မေကြး၊ပဲခူး၊ရန္ကုန္၊ဧရာ၀တီတုိင္း၊ ရွမ္းနဲ႔ ကယားျပည္နယ္တို႔မွာ ပံုမွန္ရြာသြန္းႏိုင္ပါတယ္။

အပူခ်ိန္ေတြအေနနဲ႔ကေတာ့စစ္ကိုင္းတိုင္းေအာက္၊ မေကြး၊ မႏၲေလးနဲ႔ ပဲခူးတိုင္းတို႔မွာ ေမလ ပုံမွန္အပူခ်ိန္ (၁.၅)ဒီဂရီစင္တီဂရိတ္နဲ႔ အထက္ ပိုႏိုင္ၿပီး၊ စစ္ကိုင္းတိုင္းအထက္၊ ရန္ကုန္၊ ဧရာဝတီ၊ တနသၤာ

ရီ၊ ကခ်င္၊ ရွမ္း၊ခ်င္း၊ရခိုင္၊ကယား၊ ကရင္နဲ႔ မြန္ျပည္နယ္ တို႔မွာ ေမလရဲ႕ ပုံမွန္အပူခ်ိန္ခန္႔သာ ရွိႏိုင္တယ္ဆုိၿပီး မုိးဇလဌာနက ေၾကညာထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


မိုးဦးကာလရောက်လာပေမယ့်လည်း အယ်လ်နီညိုရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံ ရာသီဥတု ဆက်လက် ပူပြင်းဦးမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကိုပြောပါတယ်။

မုတ်သုံလေဟာ မေလ ၁၈ ရက်ကနေ ၂၃ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကို အရင်ဆုံးဝင်ရောက်မှာဖြစ်ပြီး မေလ ၂၄ ရက်ကနေ ၂၈ ရက်အတွင်း မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်မှာလည်းဖြစ်ပါတယ်။

"ဒီနှစ်ကတော့ မိုးဦးကာလမှာ မိုးရွာတာနည်းမယ်။ မိုးလယ်နဲ့ မိုးနှောင်းမှာတော့ မုတ်သုံလေအားကောင်းမှာ ဖြစ်လို့ မိုးနည်းနည်းပိုကောင်းမယ်။ အယ်လ်နီညိုရဲ့ သက်ရောက်မှုက စက်တင်ဘာလလောက်အထိ ရှိနေဦးမှာ ဖြစ်လို့ မိုးဦးမှာတော့ မိုးနည်းနည်းညံ့နိုင်တယ်။ မုတ်သုံလေမဝင်ခင်ထိတော့ ပူဦးမှာပါ” လို့ ဦးကျော်မိုးဦးက ဆိုပါတယ်။

မေလ ၂၉ ရက်ကနေ ဇွန်လ ၃ ရက်အထိ မြန်မာနိုင်ငံအလယ်ပိုင်းဒေသကို ဝင်ရောက်ပြီး မြန်မာတစ်နိုင်ငံလုံးကိုတော့ ဇွန်လ ၃ ရက်ကနေ ၈ ရက်အတွင်းဝင်ရောက်မယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ယခုနှစ် မုတ်သုံလေဝင်ရောက်မှုဟာ အရင်နှစ်တွေကထက် ဝင်ရောက်မှု အနည်းငယ်နောက်ကျနေပြီး မုတ်သုံလေဝင်ပြီးရင်တော့ ရာသီဥတု အပူချိန် လျော့ကျသွားမယ်လို့ မိုးဇလညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဆိုပါတယ်။

မေလအတွင်းမှာ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း (၂) ကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်မှာ ပိုမိုအားကောင်းတဲ့ မုန်တိုင်းငယ်တစ်ခု ဝင်ေရောက်လာနိုင်တာကြောင့် သတိပြုဖို့လိုအပ်တယ်လို့သိရပါတယ်။

မေလ ပထမပတ် ၁၀ ရက်အတွင်းမှာ စစ်ကိုင်းတိုင်းအထက်၊ တနသာၤရီတိုင်း၊ ကချင်၊ ချင်း၊ရခိုင်၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ မိုးပိုရွာနိုင်ပြီး စစ်ကိုင်းတိုင်းအောက်၊ မန္တလေး၊မကွေး၊ပဲခူး၊ရန်ကုန်၊ဧရာဝတီတိုင်း၊ ရှမ်းနဲ့ ကယားပြည်နယ်တို့မှာ ပုံမှန်ရွာသွန်းနိုင်ပါတယ်။

အပူချိန်တွေအနေနဲ့ကတော့စစ်ကိုင်းတိုင်းအောက်၊ မကွေး၊ မန္တလေးနဲ့ ပဲခူးတိုင်းတို့မှာ မေလ ပုံမှန်အပူချိန် (၁.၅)ဒီဂရီစင်တီဂရိတ်နဲ့ အထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းအထက်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာ

ရီ၊ ကချင်၊ ရှမ်း၊ချင်း၊ရခိုင်၊ကယား၊ ကရင်နဲ့ မွန်ပြည်နယ် တို့မှာ မေလရဲ့ ပုံမှန်အပူချိန်ခန့်သာ ရှိနိုင်တယ်ဆိုပြီး မိုးဇလဌာနက ကြေညာထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top