မနက္ ငါးနာရီဆိုရင္ ဖုန္းက နာရီရဲ႕ အခ်က္ေပးသံေၾကာင့္ ကၽြန္မ ႏိုးပါၿပိီ ။ အိမ္ ေနာက္ေဖးခန္း၀င္ ေရေႏြးတည္ မ်က္ႏွာ သစ္ၿပီးရင္ ျမတ္စြာဘုရားကို အာရံုဆြမ္းကပ္ပါတယ္ ။ အာရံုဆြမ္း ကပ္ခ်ိန္က မနက္ ငါးနာရီခြဲ ျဖစ္ရမွာဆိုေတာ့ ခပ္ျမန္ျမန္ ၿပိီးေအာင္ ေကာ္ဖိီနဲ႔ မုန္႔ပဲ ကပ္ျဖစ္တယ္ ။ ပဌာန္းက်မ္းကို မနက္ ေစာေစာရြတ္ရတာ ကၽြန္မအတြက္ ပိုအဆင္ ေျပတယ္။ တစ္အိမ္လံုးလည္း အိပ္ေနၾကေတာ့ တိတ္တိတ္ဆိတ္ဆိတ္နဲ႔ အာရံုက ပိုၿငိမ္လို႔ပါ … ။

ပဌာန္းက်မ္းရြတ္တာ တစ္ႏွစ္ေလာက္ၾကာလာတဲ့ အခ်ိန္မွာ …ပဌာန္းက်မ္းရြတ္ေနတဲ့ အခ်ိန္ဆို အိမ္ေျမာင္အသံကို ၾကားရ ၿပိီ။ တကၽြတ္ ကြ်တ္ ကၽြတ္ နဲ႔ေအာ္ေနတဲ့ အသံက ခါတိုင္းျကားေနက် အသံလိုမ်ိဳး မဟုတ္ဘူး ။ အိမ္အျပင္ဘက္ ကေန ေအာ္ေနတဲ့ အိမ္ေျမာင္အသံက တစ္မ်ိဳးပဲ ။ ပဌာန္းရြတ္ေနရင္း ခနၶာ ကိုယ္က ပူေႏြးလာတယ္ ။ တျဖည္းျဖည္းနဲ႔ အပူရွိန္က ျမင့္ လာတယ္ ။ ေခၽြြးေတြပါ စို႔လာတယ္ ။ ႏွဖူးမွာ ေခၽြးသ္ီးေလးေတြ ထလာတယ္ ။ ၀ရန္ဒါမွာရွိတဲ့ တံခါးကို ဖြင့္ထားရဲ႕ သားနဲ႔ ပူအိုက္လာတာ တစိတ္ေတာ့ ထူးဆန္းလြန္းတယ္ ။

အနံတစ္ခု ရလာတယ္ ရႊံ႕ပုပ္လို အနံမ်ိဳး တစ္ခ်က္ရလာလိုက္၊ ျပန္ေပ်ာက္သြားလိုက္နဲ႔ ျဖစ္ေနတာပါ ။ အေနာက္မွာ တစ္ခုခုမ်ား ရွိေနမလားဆိုၿပီး တစ္ခ်က္ လွည့္ၾကည့္မိတယ္ ဘယ္သူမွ ရွိမေနဘူး ။ အဲ့ဒါနဲ႔ ပဌာန္းကို ဆက္ရြတ္တယ္ ေမတၱာပို႔၊ အမၽွေ၀ တဲ့အခ်ိန္က်ေတာ့ မ်က္လံုးကို ပိတ္ရၿပိီ ( ေမတၱာပို႔ အမၽွေ၀ မယ္ဆိုရင္ မ်က္လံုးပိတ္ၿပီး အာရံုနဲ႔ ေ၀တာ အေကာင္းဆံုးပါ ။)

အမၽွေ၀ေတာ့ စိတ္အာရံုထဲမွာေပၚလာတယ္ ေယာက်ာ္းတစ္ေယာက္ ေလးေဒါင့္က်တဲ့ ခနၶာကိုယ္ႀကီီးနဲ႔ ၊ အသားေရာင္က မီိးေသြးလို မည္းတူးေနတာ ၊ သူ႔ကိုယ္ေပၚမွာ အေမႊးပိစိေလးေတြ အမ်ားႀကိီးပဲ ခပ္လြယ္လြယ္ေျပာရရင္ ေမ်ာက္၀ံလိုပံုစံမ်ိဳး
ေပါ့။ သူ႔မ်က္ႏွာက္ိုေတာ့ သဲသဲကြဲကြဲမျမင္ရဘူး ။ အမွ်ေ၀ေတာ့ သူက သာဓုေခါ ္တယ္ ။ သာဓုေခၚသံကို မၾကားရေပမယ့္ ကၽြန္မစိတ္ထဲေတာ့ သူ သာဓုေခၚတယ္ဆိုတာ သိေနတယ္ ။ အမၽွေ၀ အၿပိီးမွာေတာ့ ေစာေစာကလို ပူအိုက္မေနပဲ ေအးလာတဲ့ ခံစား ခ်က္ကို ျပန္ရတယ္ ။ အဲ့ဒီီအခ်ိိ္န္မွာပဲ စုပ္ထိုးသံကို ျကားလိုက္ ရျပန္ပါတယ္ ။ ဒိီီတစ္ခါ အိမ္ေျမာင္ စုပ္ထိုးတဲ့ အသံက ပိုက်ယ္တယ္ ။

ကၽြန္မ အိမ္ေျမာင္ေတြကိုပါ ေမတၱာပို႔ အမၽွေပးျဖစ္တယ္ ။ အိမ္ေျမာင္က မနက္ ငါးနာရီဆိုတာနဲ႔ စုပ္ထိုးၿပိီ။ ဖုန္းက နာရီကို ၾကည့္ေနစရာ မလိုဘူး အိပ္ေနရင္း အိမ္ေျမာင္စုပ္ထိုး သံၾကားရ ၿပိီဆိုရင္ ေသခ်ာတယ္ ငါးနာရီထိုးၿပိီ ။ ေန႔စဥ္ရက္ဆက္ ဆိုေတာ့ အိမ္ေျမာင္နဲ႔ ကၽြန္မ အသားက်လာတယ္လို႔ဆိုရမယ္ ။ သူ႔ စုပ္ထိုး သံက စကားေျပာေနသလိုပဲ ။ အိမ္ေျမာင္ေတြ ရဲ႕ မ်က္လံုးဟာ စ်ာန္ကြက္ ၊ ကသိုဏ္းကြက္ပါတဲ့ မ်က္လံုး ရွင္ေတြဆိုေတာ့ နတ္ ေတြ ၿပိတၱာေတြကို ျမင္ႏိုင္စြမ္းရွိတယ္ ။ လူေတြနဲ႔ နတ္ေတြကို ၾကားခံ အဆက္သြယ္ျပဳေပးႏိုင္တယ္လို႔ မဟာၿမိဳင္ဆရာေတာ္ဘုရားက မိန္႔ဖူးတယ္ … ။

ပဌာန္းရြတ္ေနရင္း အိမ္ေျမာင္စုပ္ထိုးသံၾကားၿပိီဆိုရင္ တစ္ခုခုရွိေနတတ္လို႔ပါ ။ အိမ္ေျမာင္ေတြရဲ႕ စုပ္ထိုးသံ ေနရာကို လိုက္ၿပိီး သိႏိုင္တာ ရွိတယ္ ။ တန္ခိုးပါ၀ါရွိတဲ့ နတ္ေတြရွိေနတယ္ဆိုရင္ ဘုရားေက်ာင္းေဆာင္နားကေန စုပ္ထိုးပါတယ္။ အသံက သာမန္ထက္ပိုက်ယ္တယ္ ။ ဘုရားခန္းရဲ႕ တျခားေနရာကဆိုရင္ တန္ခိုးအသင့္တင့္ရွိတဲ့ နတ္ၿပိတၱာ ၊ အိမ္အတြင္း ခန္း ေနာက္ေဖးခန္းက အသံၾကားရရင္ သာမန္ ၿပိတၱာ ၊ အိမ္အျပင္ ဒါမွမဟုတ္ ၀ရန္ဒါကေန စုပ္ထိုးရင္ အေ၀းက လာၾက တဲ့ ၿပိတၱာ ေတြေပါ့ အဲ့ဒီီလိုမ်ိဳး ခြဲျခားသိႏိုင္တယ္ ။

ပဌာန္းရြတ္ေနရင္း ၾကက္သီးထတယ္ ၊ ေခါင္းႀကိမ္းတယ္ ၊ ေက်ာပူတာေတြ ၊ ေခြ်းထြက္ေနတာေတြ ခံစားေနရတယ္ဆုိရင္ ေသခ်ာတယ္ ကိုယ့္အနားမွာ တစ္ခုခု ရွိေနလို႔ပါ ။ အဲ့ဒီီလိုေျပာလို႔ ဘာမွ ေၾကာက္စရာ မလိုပါဘူး ။ ရွိေနတတ္တဲ့ သူေတြဟာ ကိုယ့္ရဲ႕ ယခုဘ၀ ၊ အရင္ဘ၀ေတြက ေဆြမ်ိဳးရင္းေတြပါပဲ .. ။

ပဌာန္းမရြတ္ပဲ သာမန္ အခ်ိန္ေတြမွာ စုပ္ထိုးတယ္ဆိုရင္ေတာ့ သတိေပးတာမ်ိဳး ဒါမွမဟုတ္ အိမ္ေျမာင္ သဘာ၀ စုပ္ထိုး တာမ်ိဳးပါ ။ အိမ္ေျမာင္ စုပ္ထိုးတိုင္းေတာ့ တစ္ခုခု ရွိေနတာမ်ိဳး မဟုတ္ပါဘူး ။ တစ္ခုရွိတာက လူနာရွိတဲ့ အိမ္မွာ ေတာ့ အိမ္ရဲ႕ ေဘးပတ္ပတ္လည္ကေန အိမ္ေျမာင္ေတြ အဆက္မျပတ္ စုပ္ထိုး သံေတြ ၾကားရၿပိီဆိုရင္ေတာ့ အဲ့ဒီိအိမ္မွာ နာေရး ျဖစ္ပါလိမ့္မယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေနျခည္ (တားေရာ့ )

#Unicode Version# ျဖင့္ဖတ္ပါ ။

မနက် ငါးနာရီဆိုရင် ဖုန်းက နာရီရဲ့ အချက်ပေးသံကြောင့် ကျွန်မ နိုးပါပြီ ။ အိမ်နောက်ဖေးခန်းဝင် ရေနွေးတည် မျက်နှာ သစ်ပြီးရင် မြတ်စွာဘုရားကို အာရုံဆွမ်းကပ်ပါတယ် ။ အာရုံဆွမ်း ကပ်ချိန်က မနက် ငါးနာရီခွဲ ဖြစ်ရမှာဆိုတော့ ခပ်မြန်မြန် ပြီးအောင် ကော်ဖီနဲ့ မုန့်ပဲ ကပ်ဖြစ်တယ် ။ ပဌာန်းကျမ်းကို မနက် စောစောရွတ်ရတာ ကျွန်မအတွက် ပိုအဆင် ပြေတယ်။ တစ်အိမ်လုံးလည်း အိပ်နေကြတော့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အာရုံက ပိုငြိမ်လို့ပါ … ။

ပဌာန်းကျမ်းရွတ်တာ တစ်နှစ်လောက်ကြာလာတဲ့ အချိန်မှာ …ပဌာန်းကျမ်းရွတ်နေတဲ့ အချိန်ဆို အိမ်မြောင်အသံကို ကြားရ ပြီ။ တကျွတ် ကျွတ် ကျွတ် နဲ့အော်နေတဲ့ အသံက ခါတိုင်းကြားနေကျ အသံလိုမျိုး မဟုတ်ဘူး ။ အိမ်အပြင်ဘက် ကနေ အော်နေတဲ့ အိမ်မြောင်အသံက တစ်မျိုးပဲ ။ ပဌာန်းရွတ်နေရင်း ခန္ဓာ ကိုယ်က ပူနွေးလာတယ် ။ တဖြည်းဖြည်းနဲ့ အပူရှိန်က မြင့် လာတယ် ။ ချွေွးတွေပါ စို့လာတယ် ။ နှဖူးမှာ ချွေးသ်ီးလေးတွေ ထလာတယ် ။ ဝရန်ဒါမှာရှိတဲ့ တံခါးကို ဖွင့်ထားရဲ့ သားနဲ့ ပူအိုက်လာတာ တစိတ်တော့ ထူးဆန်းလွန်းတယ် ။

အနံတစ်ခု ရလာတယ် ရွှံ့ပုပ်လို အနံမျိုး တစ်ချက်ရလာလိုက်၊ ပြန်ပျောက်သွားလိုက်နဲ့ ဖြစ်နေတာပါ ။ အနောက်မှာ တစ်ခုခုများ ရှိနေမလားဆိုပြီး တစ်ချက် လှည့်ကြည့်မိတယ် ဘယ်သူမှ ရှိမနေဘူး ။ အဲ့ဒါနဲ့ ပဌာန်းကို ဆက်ရွတ်တယ် မေတ္တာပို့၊ အမျှေ၀ တဲ့အချိန်ကျတော့ မျက်လုံးကို ပိတ်ရပြီ ( မေတ္တာပို့ အမျှေ၀ မယ်ဆိုရင် မျက်လုံးပိတ်ပြီး အာရုံနဲ့ ဝေတာ အကောင်းဆုံးပါ ။)

အမျှဝေတော့ စိတ်အာရုံထဲမှာပေါ်လာတယ် ယောကျာ်းတစ်ယောက် လေးဒေါင့်ကျတဲ့ ခန္ဓာကိုယ်ကြီးနဲ့ ၊ အသားရောင်က မီးသွေးလို မည်းတူးနေတာ ၊ သူ့ကိုယ်ပေါ်မှာ အမွှေးပိစိလေးတွေ အများကြီးပဲ ခပ်လွယ်လွယ်ပြောရရင် မျောက်ဝံလိုပုံစံမျိုး
ပေါ့။ သူ့မျက်နှာကိုတော့ သဲသဲကွဲကွဲမမြင်ရဘူး ။ အမျှဝေတော့ သူက သာဓုခေါ ်တယ် ။ သာဓုခေါ်သံကို မကြားရပေမယ့် ကျွန်မစိတ်ထဲတော့ သူ သာဓုခေါ်တယ်ဆိုတာ သိနေတယ် ။ အမျှေ၀ အပြီးမှာတော့ စောစောကလို ပူအိုက်မနေပဲ အေးလာတဲ့ ခံစား ချက်ကို ပြန်ရတယ် ။ အဲ့ဒီအချိန်မှာပဲ စုပ်ထိုးသံကို ကြားလိုက် ရပြန်ပါတယ် ။ ဒီတစ်ခါ အိမ်မြောင် စုပ်ထိုးတဲ့ အသံက ပိုကျယ်တယ် ။

ကျွန်မ အိမ်မြောင်တွေကိုပါ မေတ္တာပို့ အမျှပေးဖြစ်တယ် ။ အိမ်မြောင်က မနက် ငါးနာရီဆိုတာနဲ့ စုပ်ထိုးပြီ။ ဖုန်းက နာရီကို ကြည့်နေစရာ မလိုဘူး အိပ်နေရင်း အိမ်မြောင်စုပ်ထိုး သံကြားရ ပြီဆိုရင် သေချာတယ် ငါးနာရီထိုးပြီ ။ နေ့စဉ်ရက်ဆက် ဆိုတော့ အိမ်မြောင်နဲ့ ကျွန်မ အသားကျလာတယ်လို့ဆိုရမယ် ။ သူ့ စုပ်ထိုး သံက စကားပြောနေသလိုပဲ ။ အိမ်မြောင်တွေ ရဲ့ မျက်လုံးဟာ ဈာန်ကွက် ၊ ကသိုဏ်းကွက်ပါတဲ့ မျက်လုံး ရှင်တွေဆိုတော့ နတ် တွေ ပြိတ္တာတွေကို မြင်နိုင်စွမ်းရှိတယ် ။ လူတွေနဲ့ နတ်တွေကို ကြားခံ အဆက်သွယ်ပြုပေးနိုင်တယ်လို့ မဟာမြိုင်ဆရာတော်ဘုရားက မိန့်ဖူးတယ် … ။

ပဌာန်းရွတ်နေရင်း အိမ်မြောင်စုပ်ထိုးသံကြားပြီဆိုရင် တစ်ခုခုရှိနေတတ်လို့ပါ ။ အိမ်မြောင်တွေရဲ့ စုပ်ထိုးသံ နေရာကို လိုက်ပြီး သိနိုင်တာ ရှိတယ် ။ တန်ခိုးပါဝါရှိတဲ့ နတ်တွေရှိနေတယ်ဆိုရင် ဘုရားကျောင်းဆောင်နားကနေ စုပ်ထိုးပါတယ်။ အသံက သာမန်ထက်ပိုကျယ်တယ် ။ ဘုရားခန်းရဲ့ တခြားနေရာကဆိုရင် တန်ခိုးအသင့်တင့်ရှိတဲ့ နတ်ပြိတ္တာ ၊ အိမ်အတွင်း ခန်း နောက်ဖေးခန်းက အသံကြားရရင် သာမန် ပြိတ္တာ ၊ အိမ်အပြင် ဒါမှမဟုတ် ဝရန်ဒါကနေ စုပ်ထိုးရင် အဝေးက လာကြ တဲ့ ပြိတ္တာ တွေပေါ့ အဲ့ဒီလိုမျိုး ခွဲခြားသိနိုင်တယ် ။

ပဌာန်းရွတ်နေရင်း ကြက်သီးထတယ် ၊ ခေါင်းကြိမ်းတယ် ၊ ကျောပူတာတွေ ၊ ချွေးထွက်နေတာတွေ ခံစားနေရတယ်ဆိုရင် သေချာတယ် ကိုယ့်အနားမှာ တစ်ခုခု ရှိနေလို့ပါ ။ အဲ့ဒီလိုပြောလို့ ဘာမှ ကြောက်စရာ မလိုပါဘူး ။ ရှိနေတတ်တဲ့ သူတွေဟာ ကိုယ့်ရဲ့ ယခုဘ၀ ၊ အရင်ဘဝတွေက ဆွေမျိုးရင်းတွေပါပဲ .. ။

ပဌာန်းမရွတ်ပဲ သာမန် အချိန်တွေမှာ စုပ်ထိုးတယ်ဆိုရင်တော့ သတိပေးတာမျိုး ဒါမှမဟုတ် အိမ်မြောင် သဘာ၀ စုပ်ထိုး တာမျိုးပါ ။ အိမ်မြောင် စုပ်ထိုးတိုင်းတော့ တစ်ခုခု ရှိနေတာမျိုး မဟုတ်ပါဘူး ။ တစ်ခုရှိတာက လူနာရှိတဲ့ အိမ်မှာ တော့ အိမ်ရဲ့ ဘေးပတ်ပတ်လည်ကနေ အိမ်မြောင်တွေ အဆက်မပြတ် စုပ်ထိုး သံတွေ ကြားရပြီဆိုရင်တော့ အဲ့ဒီအိမ်မှာ နာရေး ဖြစ်ပါလိမ့်မယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit:နေခြည် (တားရော့ )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top