










Credit:santhitsa
# Unicode Version # ဖြင့် ဖတ်ပါ #

ကမ္ဘာ တွင် အ ကျော် ကြား ဆုံး အ ဟော အ ပြော နှင့် လူမှု ဆက်ဆံရေး ပါရဂူကြီး – ဒေးလ် ကာနက်ဂျီ (DALE CARNEGIE ) ၏ ပြုံး ခြင်း ၏ တန်ဖိုး တရား ( ၉-ချက် )” ကို အ နှစ် ချုပ် ဖော် ပြ ပေး ထား ပါ တယ် ။

ပြုံးခြင်း ဆို တာ မိမိ အတွက် ( အားဖြစ်သလို ) ၊ တဖက်သူ အတွက် လည်း ( ချစ်ခင်နှစ်သက်မှု ) ကို ဖြစ်စေ ပါ လိမ့် မယ် ။

( ၁ ) ပြုံးခြင်းသည် မောပန်း နေ သူ ကို အ မောပြေ စေ နိုင် ပါ တယ် ။ စိတ်အားငယ်သူကို စိတ်အား တက် စေ ပါ တယ် ။ ဝမ်းနည်းသူ ကို ဝမ်းသာ ကျေနပ် မှု တွေ ကို ဖန် တီး ပေး ပါ တယ် ။ လူတိုင်း ရဲ့ ဒုက္ခ တရား ကို လည်း အပြုံး မှ ကုစား ပေး ပါ တယ် ။

( ၂ ) ပြုံးခြင်း သည် ဘာမျှ မပင်ပန်းပါဘူး ။ လူတိုင်း တက်နိုင်စွမ်း ရှိ တဲ့ ကိစ္စ ဖြစ် ပါတယ် ။ ပြုံးခြင်းသည် အလွန် မှ အကျိုး ရှိမှု ဖြစ် ပါ တယ် ။ လက်တွေ့ စမ်းသပ် သုံးကြည့် ပါ ။

( ၃ ) ပြုံးသော သူ တွင် ဘာမျှ လျော့ မသွား ဘဲ နှင့် အပြုံး ခံ ရ သော သူ တွင် ပျော်ရွှင်ကျေနပ်မှု များစွာ ရလိုက် ခြင်း ပါ ။ ပြုံးခြင်း ကြောင့် နှစ်ဦး နှစ်ဖက် အဆင်ပြေ မှု ကို ပိုမိုဖန်တီး ပေး စေ နိုင် ပါ တယ် ။

( ၄ ) ပြုံးခြင်းသည် အိမ်တွင်းရေး အတွက် ချမ်းသာ သုခ ကို ပေး၏။ အလုပ်ခွင် အတွင်းမှာ မျက်နှာ ပွင့်လန်း စေ ပါ တယ် ။ မိတ်ဆွေ အချင်းချင်း၏ လူမှုရေးအတွက် အထိမ်း အမှတ် သ င်္ကေတ ဖြစ် ပါ တယ် ။

( ၅ ) ပြုံးခြင်း သည် လျှပ် တစ် ပြက် ခန့် ကြာ သော် လည်း – ထို အပြုံးပုံရိပ် သည် တခြားသူ အတွက် မ မေ့နိုင် လောက် အောင် အမှတ်တရ အဖြစ် ဖန်တီး ပေး စေ နိုင် ပါ တယ် ။

( ၆ ) ပြုံးခြင်းနှင့် ကင်း ၍ နေနိုင် လောက် အောင် ချမ်းသာ ကြွယ်ဝ သူ ဟူ ၍ မရှိ သလို ၊ ထို ပြုံးခြင်း ၏ အကျိုးကို မခံစား နိုင် လောက် အောင် ဆင်းရဲသူ ဟူ၍ လည်း မရှိ နိုင် ပါဘူး ။ ဆင်းရဲ ချမ်းသာ မ ရွေး အပြုံး ဆောင် နိုင် ပါ တယ် ။

( ၇ ) ပြုံးခြင်း ကို ပေးသူက ကြည်ဖြူ စွာ မပေး ရင် လည်း – ရသူမှာ အကျိုး မရှိ စေ ပါဘူး ။ ဝယ်၍ သော် ၎င်း မရနိုင်ပါ ၊ တခြားထံမှ ချေးငှား၍ သော် ၎င်း မရနိုင်တဲ့ အရာ ပင်ဖြစ် ပါ တယ် ။ ကိုယ်တိုင် ပျော်ရွှင် ဖန်တီး ရ တဲ့ အရာ ဖြစ် ပါ တယ် ။

( ၈ ) မပြုံးနိုင် လောက် အောင် ပင် ပန်း နေ သူ ဆိုတာ မရှိ သလို ၊ ပြုံးခြင်း ကို အလို ရှိ သော သူ မ ရှိ နိုင် ပါ ။ ပြုံး ခြင်း ဆိုတာ လူတိုင်း တောင့် နေ တဲ့ အရာပင် ဖြစ် ပါ တယ် ။ ဘဝ မှာ ထို အပြုံးကို စာ ဖတ် ရင်း ပြုံးပြီး ခံစား ကြည့် နိုင် ပါ တယ် ။

( ၉ ) လူတွေ ချစ်ခင် နှစ်သက် ဖို့ အပြုံး နဲ့ စတင်ပါ ။ သင့်ကို လူကြိုက် များ လို လျှင် ပြုံးနည်း ကို စတင် လုပ်ဆောင် လိုက် ပါ ။ စကားပြောဆိုမှု တိုင်း မှာ အပြုံး ဆောင် ပါ က အောင်မြင် လာ မှာ ပါ ။ ယခုပဲ စတင်အသုံးပြုကြည့်ပါ (ပြုံးလိုက်ပါ)

ဖိုးသူတော် (www.phothutaw.com)
Credit:santhitsa
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top