(၃)
(၁၀)
Credit:ဟွဏ်းဘီးလ်
#Unicode Version
(၁) ကျောက်ကပ် ထိခိုက်မှု ဒါမှမဟုတ် နာတာ ရှည်ကျောက် ကပ်ရောဂါဖြစ်နိုင်
ခြေက လွန်ခဲ့တဲ့ ၁၅နှစ်နဲ့ ယှဉ်ရင် နှစ် ဆမြင့်တက်နေပါတယ်။
(၂) ကျောက်ကပ်ဆေးပြီး အသက်ရှင် တဲ့ လူတွေက တစ်ကမ္ဘာလုံးမှာ တစ်သန်း ကျော်ရှိတယ်လို့ လတ်တလောမှာ ခန့် မှန်းထားပါတယ်။
(၃)
ဆီးချိုသွေးချိုရောဂါဟာ ကျောက် ကပ်ရောဂါဖြစ်စေတဲ့ အရေးကြီးတဲ့ အ
ကြောင်းရင်းဖြစ်ပြီး ဆီးချိုရောဂါဖြစ်နှုန်း ဟာ အနောက်နိုင်ငံနဲ့ ယှဉ်ရင်
အာရှမှာ ငါးဆ ပိုများပါတယ်။
(၄) သွေးတိုးရောဂါကလည်း ကျောက်
ကပ်ပျက်စီးစေတဲ့ အရေးကြီးတဲ့ အ ကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်။ ကမ္ဘာ
ကျောက်ကပ်ရောဂါဖြစ်နှုန်းက မြင့်တက်လာနေပါတယ်။ သွေးတိုးရောဂါကြောင့်
ကျောက်ကပ်ထိခိုက်နိုင်ခြေက အာရှမှာ လူဖြူတွေနဲ့ ယှဉ်ရင် နှစ်ဆပိုများပါတယ်။
(၅) ကျောက်ကပ်ပျက်စီးမှု ၆၆ ရာခိုင် နှုန်းနီးပါးဟာ သွေးတိုးရောဂါ ဒါမှမဟုတ် ဆီးချိုသွေးချိုရောဂါကြောင့် ဖြစ်တတ်ပါတယ်။
(၆) အိန္ဒိယမှာ နာတာရှည်ကျောက်ကပ် ရောဂါခံစားနေရသူဦးရေမှာ ၇ဒသမ၈၅ သန်းနီးပါး ရှိပါတယ်။
(၇) အမေရိကန်မှာ နာတာရှည်ကျောက် ကပ်ရောဂါဖြစ်သူဦးရေက ၁၁သန်းနဲ့ သန်း ၃၀ ကြားမှာ ရှိတယ်လို့ တွက်ချက် ခန့်မှန်းထားပါတယ်။
(၈) အမေရိကန်မှာ ကျောက်ကပ်အစား ထိုးကုသမှုခံယူတာကြောင့် ကုန်ကျစရိတ် က ၂၀၁၀မှာ အမေရိကန် ဒေါ်လာ ၂၈ ဘီလီယံ ရှိပါတယ်။
(၉) အိန္ဒိယမှာ ကျောက်ကပ်ရောဂါခံစား နေရသူ လူနာ ၉၀ ရာခိုင်နှုန်းဟာ ကုသ မှုအတွက် ကုန်ကျစရိတ်ကို မတတ်နိုင် ကြပါဘူး။
(၁၀)
ကျောက်ကပ်ပြတ်လပ်မှုဟာ ကမ္ဘာ လုံးဆိုင်ရာ ပြဿနာဖြစ်နေပြီး အာရှ
တိုင်းပြည်တွေမှာ အဆိုးဆုံးဖြစ်ပါတယ်။ ၂၀ဝ၇ အကုန်မှာ လေ့လာထားတဲ့ စစ်
တမ်းအရ အမေရိကန်မှာ ကျောက်ကပ် အစားထိုးဖို့ စောင့်ဆိုင်းနေသူ လူနာတွေ က
ခုနစ်သောင်းခွဲကျော်ရှိပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:ဟွဏ်းဘီးလ်
ကျောက်ကပ်ရောဂါအကြောင်း သတိပြုသင့်သည့် အချက်များ
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။