ဂ်ပန္ႏို္ု္င္ငံရဲ႕ နာမည္ၾကီး တိုယိုတာကားကုမၸဏီဟာ ျမန္မာႏိုင္ငံ သီလ၀ါစက္မႈဇုန္မွာ စက္ရုံလာတည္ဖု႔ိ စီစဥ္ေနတယ္လုိ႔ ေမလ(၂၆)ရက္ေန႔ the japan news သတင္းစာမ်က္ႏွာမွာေဖာ္ျပထားပါတယ္။

အဲဒီလို သီလ၀ါဆိပ္ကမ္းမွာ တုိယိုတာကုမၸဏီက စက္ရုံလာတည္မယ္ဆိုတဲ့ တရား၀င္ေၾကညာခ်က္ဟာ အခုလမကုန္ခင္မွာ ထြက္ေပၚလာဖို႔ရွိျပီး၊ စက္ရုံေဆာက္လုပ္ေရးလုပ္ငန္းေတြကိုလည္း အခုႏွစ္အတြင္းမွာပဲ စတင္ေဆာင္ရြက္သြားဖုိ႔ ရွိတယ္လို႔ သတင္းမွာ ေရးသားထားပါတယ္။

ၿမန္မာႏိုင္ငံမွာ ၂၀၁၈ခုႏွစ္အတြင္းက ေမာ္ေတာ္ကားသစ္ အစင္းေရ (၁၇၅၀၀)သာေရာင္းခ်ခဲ့ရတယ္ဆိုေပမယ့္၊ ဒီအေရအတြက္ဟာ (၂၀၁၇)ခုႏွစ္မွာ ေရာင္းခ်ရတဲ့ ကားအေရအတြက္ထက္ ႏွစ္ဆေက်ာ္ပိုမုိမ်ားျပားလာတာျဖစ္ပါတယ္။ လက္ရွိအခ်ိန္အခါမွာ တိုယိုတာကုမၸဏီဟာ ျမန္မာႏုိင္ငံကို တစ္ႏွစ္ကို ကားအစီးေရ (၂)ေထာင္ေလာက္တင္ပို္႔ေနျပီး၊ ျမန္မာႏို္င္ငံရဲ႕ ကားေစ်းကြက္အလားအလာဟာ တိုးတက္ေကာင္းမြန္လာဖို႔ ရွိတယ္လုိ႔ တိုယိုတာကုမၸဏီက ရႈျမင္ေနပါတယ္။

လက္ရွိအခ်ိန္အခါမွာ ဆူဇူကီးေမာ္ေတာ္ကားကုမၸဏီဟာ ျမန္မာႏိုင္ငံမွာ စက္ရုံလာဖြင့္တဲ့ ဂ်ပန္ကားကုမၸဏီတစ္ခုျဖစ္ျပီး၊ စက္ရုံႏွစ္ရုံတည္ေဆာက္ထားကာ ျမန္မာႏိုင္ငံမွာပဲ ဆူဇူကီးကားေတြကို တပ္ဆင္ေရာင္းခ်ေပးေနျပီျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ စက္ရုံလာတည္ဖုိ႔ တိုိယိုတာ ကားကုမၸဏီရဲ႕ ဆုံးျဖတ္ခ်က္ဟာ ျမန္မာအစိုးရက ျပည္ပရင္းႏွီးျမႇုဳပ္နွံသူေတြ ျမန္မာႏိုင္ငံကို လာေရာက္ဖုိ႔ စြဲေဆာင္ခဲ့တဲ့ ၾကိဳးပမ္းမႈေတြေၾကာင့္ျဖစ္ျပီး၊ တိုယိုတာကားကုမၸဏီကလည္း ျမန္မာႏိုင္္ငံရဲ႕ ေရွ႕အနာဂတ္စီးပြားေရးတိုးတက္မႈအလားအလာဟာ အားေကာင္းလာဖို႔ ရွိတယ္လုိ႔ ေမွ်ာ္လင့္ထားတယ္လုိ႔သိရပါတယ္။

လက္ရွိ ျမန္မာႏိုင္္ငံမွာ ျပည္ပကေန လာေရာက္ရင္းႏွွီးျမႇုဳပ္ႏွံေနၾကတဲ့ အထင္ကရ ကားကုမၸဏီေတြဟာ ဆူဇူကီး၊နစ္ဆန္း၊ဟြန္ဒိုင္း၊ ဖို႔ဒ္တို႔ျဖစ္ၾကျပီး အျခားကုမၸဏီေတြလည္း ရွိေသးတယ္လို႔ သတင္းမွာ ေရးသားထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:One News Myanmar

#Unicode Version# ျဖင့္ဖတ္ပါ ။

ဂျပန်နိုု်င်ငံရဲ့ နာမည်ကြီး တိုယိုတာကားကုမ္ပဏီဟာ မြန်မာနိုင်ငံ သီလဝါစက်မှုဇုန်မှာ စက်ရုံလာတည်ဖု့ိ စီစဉ်နေတယ်လို့ မေလ(၂၆)ရက်နေ့ the japan news သတင်းစာမျက်နှာမှာဖော်ပြထားပါတယ်။

အဲဒီလို သီလဝါဆိပ်ကမ်းမှာ တိုယိုတာကုမ္ပဏီက စက်ရုံလာတည်မယ်ဆိုတဲ့ တရားဝင်ကြေညာချက်ဟာ အခုလမကုန်ခင်မှာ ထွက်ပေါ်လာဖို့ရှိပြီး၊ စက်ရုံဆောက်လုပ်ရေးလုပ်ငန်းတွေကိုလည်း အခုနှစ်အတွင်းမှာပဲ စတင်ဆောင်ရွက်သွားဖို့ ရှိတယ်လို့ သတင်းမှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၈ခုနှစ်အတွင်းက မော်တော်ကားသစ် အစင်းရေ (၁၇၅၀၀)သာရောင်းချခဲ့ရတယ်ဆိုပေမယ့်၊ ဒီအရေအတွက်ဟာ (၂၀၁၇)ခုနှစ်မှာ ရောင်းချရတဲ့ ကားအရေအတွက်ထက် နှစ်ဆကျော်ပိုမိုများပြားလာတာဖြစ်ပါတယ်။ လက်ရှိအချိန်အခါမှာ တိုယိုတာကုမ္ပဏီဟာ မြန်မာနိုင်ငံကို တစ်နှစ်ကို ကားအစီးရေ (၂)ထောင်လောက်တင်ပို့်နေပြီး၊ မြန်မာနိုင်ငံရဲ့ ကားဈေးကွက်အလားအလာဟာ တိုးတက်ကောင်းမွန်လာဖို့ ရှိတယ်လို့ တိုယိုတာကုမ္ပဏီက ရှုမြင်နေပါတယ်။

လက်ရှိအချိန်အခါမှာ ဆူဇူကီးမော်တော်ကားကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ စက်ရုံလာဖွင့်တဲ့ ဂျပန်ကားကုမ္ပဏီတစ်ခုဖြစ်ပြီး၊ စက်ရုံနှစ်ရုံတည်ဆောက်ထားကာ မြန်မာနိုင်ငံမှာပဲ ဆူဇူကီးကားတွေကို တပ်ဆင်ရောင်းချပေးနေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စက်ရုံလာတည်ဖို့ တိုယိုတာ ကားကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာအစိုးရက ပြည်ပရင်းနှီးမြှုုပ်နှံသူတွေ မြန်မာနိုင်ငံကို လာရောက်ဖို့ စွဲဆောင်ခဲ့တဲ့ ကြိုးပမ်းမှုတွေကြောင့်ဖြစ်ပြီး၊ တိုယိုတာကားကုမ္ပဏီကလည်း မြန်မာနိုင်ငံရဲ့ ရှေ့အနာဂတ်စီးပွားရေးတိုးတက်မှုအလားအလာဟာ အားကောင်းလာဖို့ ရှိတယ်လို့ မျှော်လင့်ထားတယ်လို့သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ပြည်ပကနေ လာရောက်ရင်းနှီးမြှုုပ်နှံနေကြတဲ့ အထင်ကရ ကားကုမ္ပဏီတွေဟာ ဆူဇူကီး၊နစ်ဆန်း၊ဟွန်ဒိုင်း၊ ဖို့ဒ်တို့ဖြစ်ကြပြီး အခြားကုမ္ပဏီတွေလည်း ရှိသေးတယ်လို့ သတင်းမှာ ရေးသားထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:One News Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top