ဧရာဝတီတုိင္း၊ ဖ်ာပုံၿမိဳ႕တြင္ ေမြးကင္းစ ၆ ရက္သား ကေလးတဦးကုိ မိခင္ခင္ျဖစ္သူက ေဆးကုသစရိတ္မရွိလို႔ စြန္႔ပစ္ခဲ့ေၾကာင္း သိရပါတယ္။

ေမလ ၁၈ ရက္ မြန္းလြဲပုိင္းမွာ (၅) လမ္းနဲ႔ ဘုရင့္ေနာင္လမ္းထိပ္ရွိ ညပုိင္းမွထြက္တဲ့ ေခါက္ဆြဲေၾကာ္ဆုိင္ ဆုိင္ခုံေဘး ၾကမ္းျပင္မွာ ေမြးကင္းစ ကေလးငယ္တဦး လာေရာက္စြန္႔ပစ္ထားေၾကာင္း ေတြ႔ရွိလို႔ ဖ်ာပုံၿမိဳ႕မ ရဲစခန္းကို ဖုန္းနဲ႔ဆက္သြယ္ အေၾကာင္းၾကားခဲ့တယ္လို႔ ဖ်ာပုံၿမိဳ႕၊ အမွတ္(၉)ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးေဇာ္ႏုိင္က ေျပာပါတယ္။

ဖ်ာပုံရဲစခန္းတာ၀န္ရွိသူေတြ၊ လူမႈဝန္ထမ္း ဦးစီးဌာန၊ ဖ်ာပုံၿမိဳ႕နယ္ ရင္ခြင္မဲ့ကေလးငယ္ေလ်ာ့ခ်ေရးႏွင့္ ကာကြယ္ေစာင့္ေရွာက္ေရး အသင္းတုိ႔မွ တာဝန္ရွိသူေတြနဲ႔အတူ သြားေရာက္ၾကည့္႐ႈခဲ့ရာ ကေလးငယ္မွာ ဝဲဘက္မ်က္လုံးမပါ၊ ႏွာေခါင္းေပၚမွာ အသားပုိ ကြမ္းသီးလုံးခန္႔ပါရွိၿပီး အသက္ရွင္ေနေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့တာပါ။

ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ဖ်ာပုံၿမိဳ႕ ကုတင္(၂၀၀)ျပည္သူ႔ေဆး႐ုံႀကီးသုိ႔ ကေလးစြန္႔ပစ္သူအား သြားေရာက္စုံစမ္းရာ ဖ်ာပုံၿမိဳ႕နယ္၊ သလိပ္ႀကီးေက်းရြာအုပ္စု၊ ဖုိးစြာေက်းရြာေန မဝင္းပပ ျဖစ္ၿပီး ကေလးေမြးဖြားၿပီး ေမ ၁၈ ရက္ေန႔ မနက္ ၁၁ နာရီအခ်ိန္ေလာက္ ေဆး႐ုံမွ ဆင္းသြားေၾကာင္း သိရွိခဲ့လုိ႔ ဖုိးစြာေက်းရာကို သြားေရာက္ စုံစမ္းေမးျမန္ရာမွာ မိခင္ျဖစ္သူက ေဆးကုသစရိတ္မရွိလို႔ ကေလးကို စြန္႔ပစ္ခဲ့ေၾကာင္း ေျပာျပခဲ့တယ္လုိ႔ ဆုိပါတယ္။

ဖ်ာပံုၿမိဳ႕မရဲစခန္းက ေမြးကင္းစကေလးငယ္အား စြန္႔ပစ္ရန္ ႀကံစည္မႈနဲ႔ မဝင္းပပကို အမႈဖြင့္အေရးယူဖို႔ စစ္ေဆးေနတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #

ဧရာဝတီတိုင်း၊ ဖျာပုံမြို့တွင် မွေးကင်းစ ၆ ရက်သား ကလေးတဦးကို မိခင်ခင်ဖြစ်သူက ဆေးကုသစရိတ်မရှိလို့ စွန့်ပစ်ခဲ့ကြောင်း သိရပါတယ်။

မေလ ၁၈ ရက် မွန်းလွဲပိုင်းမှာ (၅) လမ်းနဲ့ ဘုရင့်နောင်လမ်းထိပ်ရှိ ညပိုင်းမှထွက်တဲ့ ခေါက်ဆွဲကြော်ဆိုင် ဆိုင်ခုံဘေး ကြမ်းပြင်မှာ မွေးကင်းစ ကလေးငယ်တဦး လာရောက်စွန့်ပစ်ထားကြောင်း တွေ့ရှိလို့ ဖျာပုံမြို့မ ရဲစခန်းကို ဖုန်းနဲ့ဆက်သွယ် အကြောင်းကြားခဲ့တယ်လို့ ဖျာပုံမြို့၊ အမှတ်(၉)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်က ပြောပါတယ်။

ဖျာပုံရဲစခန်းတာဝန်ရှိသူတွေ၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ဖျာပုံမြို့နယ် ရင်ခွင်မဲ့ကလေးငယ်လျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းတို့မှ တာဝန်ရှိသူတွေနဲ့အတူ သွားရောက်ကြည့်ရှုခဲ့ရာ ကလေးငယ်မှာ ဝဲဘက်မျက်လုံးမပါ၊ နှာခေါင်းပေါ်မှာ အသားပို ကွမ်းသီးလုံးခန့်ပါရှိပြီး အသက်ရှင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖျာပုံမြို့ ကုတင်(၂၀၀)ပြည်သူ့ဆေးရုံကြီးသို့ ကလေးစွန့်ပစ်သူအား သွားရောက်စုံစမ်းရာ ဖျာပုံမြို့နယ်၊ သလိပ်ကြီးကျေးရွာအုပ်စု၊ ဖိုးစွာကျေးရွာနေ မဝင်းပပ ဖြစ်ပြီး ကလေးမွေးဖွားပြီး မေ ၁၈ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက် ဆေးရုံမှ ဆင်းသွားကြောင်း သိရှိခဲ့လို့ ဖိုးစွာကျေးရာကို သွားရောက် စုံစမ်းမေးမြန်ရာမှာ မိခင်ဖြစ်သူက ဆေးကုသစရိတ်မရှိလို့ ကလေးကို စွန့်ပစ်ခဲ့ကြောင်း ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

ဖျာပုံမြို့မရဲစခန်းက မွေးကင်းစကလေးငယ်အား စွန့်ပစ်ရန် ကြံစည်မှုနဲ့ မဝင်းပပကို အမှုဖွင့်အရေးယူဖို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top